Tuesday, November 24, 2015

ပြည်မြို့မြတ်စွယ်တော် နှစ်စဉ်အရောင်ပြောင်းရာ ယခုနှစ်တွင် တိုင်းပြည်ကောင်းစားပြီးအေးချမ်းမည့်နမိတ်အရောင်များပေါ်ထွက်ဟုဆို

Leave a Comment

ပြည်မြို့မြတ်စွယ်တော် နှစ်စဉ်အရောင်ပြောင်းရာ ယခုနှစ်တွင် တိုင်းပြည်ကောင်းစားပြီးအေးချမ်းမည့်နမိတ်အရောင်များပေါ်ထွက်ဟုဆို



ပြည်၊နိုဝင်ဘာ၊၂၄



ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင် ပြည်မြို့ရှိ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓမြတ်စွယ်တော်အား ကရ၀ိတ်ဖောင်တော်မြတ်ဖြင့် ပင့်ဆောင်ကာ ပြည်မြို့တွင်း မြို့ပေါ်ဆယ်ရပ်ကွက်အတွင်းသို့ဒေသစာရီအပှုဇော်အဖူးမျှော်ခံမှုအား နိုဝင်ဘာ ၂၄ ရက် နံနက် ၆ နာရီအချိန်မှစတင်ကာ ဒေသစာရီကြွချီလျှက်ရှိပြီး တစ်နှစ်တစ်ကြိမ်အရောင်ပြောင်းသည့် မြတ်စွယ်တော်သည် ယခုနှစ်မှာ နံ့သာရောင်ဖျော့ဖျော့ဖြစ်နေခြင်းကြောင့် တိုင်းပြည်ကောင်းစားပြီးအေးချမ်းမည့်နမိတ်များပေါ်ထွန်းမည်ဖြစ်ကြောင်းသိရသည်။ ထိုမြတ်စွယ်တော်မြို့တွင်းလှည်လည်အပှုဇော်ခံရာတွင် စည်တော်ယိမ်း၊သမဂ္ဂယုဝ လှေလှော်ယိမ်း၊တရုတ်အမျိုးသားများယိမ်း နှင့် မြို့ပေါ်ရပ်ကွက်ယိမ်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်အပှုဇော်ခံခဲ့ကြောင်းသိရသည်။



“ဘုရားကြီးမှာထူးခြားချက်တွေအများကြီးရှိတယ်။စေတီတော်မှာတင်လှူထားတဲ့ထီးတော်က နှစ်ဆင့် ပွဲတော်က ဗုဒ္ဓပှုဇနိယပွဲတော်နဲ့မြတ်စွယ်တော်ဖွင့်ပွဲကျင်းပတယ်။သီဟိုရ်နိုင်ငံကနေရှေးတုန်းကလှေနဲ့ရေကြောင်းလမ်းအတိုင်းပင့်ဆောင်ခဲ့လို့ရှေးအစဉ်လာတိုင်း မင်းညီမင်းသားစုံလျှင်စွာနဲ့ အခုလည်းကရ၀ိတ်ဖောင်တော်ကို လှေတော်နှစ်စင်းနဲ့ရွှေကြိုးငွေကြိုးသွယ်တန်းပြီးရှေ့ကနေစွဲပြီး ပင့်ဆောင်တယ်။ရွှေဆံတော်စေတီကို မြတ်စွာဘုရားဗျာဒိတ်ပေးပြီး ကုန်သည်ညီနောင်တို့ကတည်ထားခဲ့တဲ့ဘုရားပါ။စွယ်တော်မြတ်ဟာ နှစ်စဉ်အရောင်ပြောင်းတယ်။အခုနှစ်ဆိုရင် စွယ်တော်ရဲ့အရောင်ဟာ နံ့သာရောင်ဖျော့ဖျော့လေးဖြစ်တဲ့အတွက်ကြောင့် ရှေးလူကြီးပြောစကားအရ အတိတ်နမိတ်နဲ့ဆိုလျှင် တိုင်းပြည်ကောင်းစားမယ်။တိုင်းပြည်အေးချမ်းမယ်ဆိုတဲ့အတိတ်နမိတ်ကောက်ပါတယ်။” ဟု ပြည်မြို့ဒေသခံ ဘူးစိမ်းကြီးလက်ဘက်ခြောက်တိုက်မှ ဦးသန်းထွန်းဦး ကပြောသည်။



ပြည်မြို့လေးဆူးဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပှုဇနိယပွဲတော် နှင့် မြတ်စွယ်တော်အပှုဇော်ခံပွဲနှစ်ခုအားတစ်ပြိုင်ထဲနှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့ညနေပိုင်းတွင် ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း နှင့် အဖွဲ့၊ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ အရာရှိကြီးများ၊ဂေါပကအဖွဲ့ဝင်များ တို့မှ ဗုဒ္ဓမြတ်စွယ်တော်အား မှုလထားရှိသည့် ကြေးစေတီတော်အတွင်းမှ အခမ်းအနားများဖြင့် ပင့်ဆောင်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် လက်င်္ယျာရစ် သုံးပတ်လှည့်လည်ပှုဇော်ခဲ့ပြီး ထိုစွယ်တော်မြတ်အား မြတ်စွယ်တော် ဂန္ဓကုဋီတိုက်အတွင်း အများပြည်သူဖူးမျှော်နိုင်ရန် ပလ္လင်တော်ပေါ်သို့ပင့်ဆောင် အပှုဇော်ခံ ဖွင့်လစ်ထားရှိခဲ့ကြောင်းသိရသည်။



“အခုလအတွင်း ဘုရားကို နိုင်ငံခြားသားဧည့်သည် သုံးရာကျော်လာရောက်တယ်။မြတ်စွယ်တော်ဖွင့်လှစ်အပှုဇော်ခံပွဲနဲ့ဗုဒ္ဓပှုဇနိယပွဲနှစ်ခုတွဲပြီး ဆယ်ရက်တိုင်တိုင် ပွဲတော်ကျင်းပပါတယ်။ရပ်ကွက်ယိမ်းတွေအားလုံး တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရွှေဆံတော်ဘုရားကြီးမြောက်ဘက်မုဒ်မှာ အလှည့်ကျလာရောက်ပှုဇော်ဦးခိုက်ကန်တော့ကြပါတယ်။ သီဟိုဠ်ကျွန်း(ယခု-သီရိလင်္ကာ) ကန္ဒီမြို့မှာ ဂေါတမမြတ်စွာဘုရား လက်ဝဲအောက်စွယ်တော်မြတ်အစစ်နဲ့အတူတူ ရက်ပေါင်း ၄၀ ကိန်းဝပ်ထားခဲ့ပြီး မြန်မာ့မြေပေါ်ကိုပထမဆုံး ရောက်ရှိခဲ့တဲ့စွယ်တော်တစ်ဆူပါ။ ပြည်မြို့ ပွင့်လှသိမ်ကုန်းဆရာတော် ဦးနာရဒ ဦးဆောင်ပင့်ခဲ့လို့အခုလိုဖူးမျှော်ခွင့်ရခဲ့တာပါ။နှစ်စဉ်စွယ်တော်အရောင်ပြောင်းတယ်။အခုနှစ်က မြတ်စွယ်တော် ၁၁၆ နှစ်ပြည့်ပွဲဖြစ်ပါတယ်။အခုနှစ် ဗုဒ္ဓပှုဇနိယပွဲတော်နဲ့မြတ်စွယ်တော်မြို့တွင်းပအှုဇော်ခံပွဲပြီးရင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူသွားမှာပါ။”ဟု ဂေါပကအဖွဲဝင် ဦးချစ်လှ ကပြောသည်။



အဆိုပါဗုဒ္ဓမြတ်စွယ်တော်အား နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့ တွင် ရွှေဆံတော်ဘုရားကြီးရင်ပြင်တော်ပေါ်တွင်လှည့်လည်အပှုဇော်ခံလျှက်ရှိရာ သုံးနှစ်တွင် တစ်ကြိမ် ပြည်မြို့အတွင်းသို့ အပှုဇော်ခံအဖူးမျှော်ခံထွက်လျှက်ရှိပြီး ကြောင်းသိရသည်။ ထိုစွယ်တော်မြတ်အား ယခုနှစ် တန်ဆောင်မုန်းလဆန်း၁၃ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ကာ ပြည်မြို့တွင်းသို့ လှည့်လည်အပှုဇော်ခံလျှက်ရှိပြီး ထိုနေ့ ညနေ ၆နာရီခန့်အထိလှည့်လည်သွားမှာဖြစ်ပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ မြတ်စွယ်တော် ဂန္ဓကုဋီတိုက်အတွင်းပြန်လည်အပှုဇော်ခံထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။



ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓမြတ်စွယ်တော်မှာ သီရိလင်္ကာနိုင်ငံ သီဟိုရ်ကျွန်းမှ ဗုဒ္ဓမြတ်စွယ်တော်အစစ်နှင့်ထပ်တူကိန်းဝပ်ပွားယူတော်မှုခဲ့တာဖြစ်ပြီး မြန်မာ့မြေပေါ်သို့ ဦးစွာပထမဆုံးရောက်ရှိသည့် စွယ်တော်မြတ်တစ်ဆူတစ်ဖြစ်ကြောင်းသိရသည်။ယခုနှစ် တွင် ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ် ဗုဒ္ဓပှုဇနိယပွဲတော် နှင့် မြတ်စွယ်တော်မြို့တွင်းလှည့်လည်အပှုဇော်ခံပွဲတော်တွင် ယခင်နှစ်များနှင့်မတူအောင် ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရပြီး ဗုဒ္ဓမြတ်စွယ်တော်အား တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ ည ၉ နာရီအချိန်တွင် မြတ်စွယ်တော်တိုက်အတွင်းရှိ မှုလထားရှိသော ကြေးစေတီအတွင်းသို့ အခမ်းအနားများဖြင့် ပြန်လည်ပင့်ဆောင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေး သတင်းစာ

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page