Tuesday, November 24, 2015

ပြည်မြို့တွင် ဟိန္ဒူလူမျိုးတို့ ရေချိုးပွဲတော်ကျင်းပပြုလုပ် ယခင်နှစ်များထက်ပိုမိုစည်ကားလျှက်ရှိ

Leave a Comment

ပြည်မြို့တွင် ဟိန္ဒူလူမျိုးတို့ ရေချိုးပွဲတော်ကျင်းပပြုလုပ် ယခင်နှစ်များထက်ပိုမိုစည်ကားလျှက်ရှိ

ပြည်၊နိုဝင်ဘာ၊၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ကမ်းနားလမ်းရှိ သမိုင်းဝင် သျှရီရားမ်ဂျာနကီး ဘုရားကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဗုဒ္ဓဘာသာ ဟိန္ဒူလူမျိုးတို့၏ ရေချိုးပွဲတော်ကြီးကို ယခင်နှစ်များနှင့်မတူအောင်  နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၇ နာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။အဆိုပါရေချိုးပွဲတော်ကို မြန်မာနိုင်ငံအတွင်း တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြုလုပ်လျှက်ရှိပြီး နှစ်စဉ် ပထမအကြိမ်အား ဇန်န၀ါရီ ၁၄ ရက် သို့မဟုတ် ၁၅ ရက်တွင် မန္တလေးမြို့ မြစ်ကမ်းနား ဂေါဝင်ဆိပ်ရှိ ဘုရားကျောင်းတွင် ကျင်းပလေ့ရှိပြီး ဒုတိယအကြိမ်ရေချိုးပွဲတော်ကိုတော့ အဓိကထားပြီး ပြည်မြို့တွင် ရေချိုးပွဲတော်အား နှစ်စဉ်ကျင်းပလေ့ရှိကြောင်းသိရသည်။

ကာ(ရ်)သိ(က်)ပှု(ရ်)ဏိမာ(ခ) တန်ဆောင်မုန်းလပြည့်ပွဲတော်နေ့ နံနက်အာရုံဦးတွင် ဂင်္ဂါမြစ်ထဲရေဆင်းချိုးသည့်ပွဲတော်ကိုကျင်းပပြုလုပ်လေ့ရှိပြီး အိန္ဒိယနိုင်ငံ ဥတ္တရခဏ္ဍပြည်နယ် (Uttarakhand) ရှိ ဟရိဒ္ဓါ(ရ်) သို့မဟုတ် ဘုရားတံခါးပေါက်ဟု ခေါ်တွင်သည့် ဂင်္ဂေါတြိ မှအစပြု၍ ဆင်းသက်စီးဝင်လာသည့် ဂင်္ဂါမြစ်သည် မေခနှင့်မလိခမြစ်တို့၏ ပေါင်းဆုံရာ ဧရာဝတီမြစ်သဖွယ်စီးဆင်းလျှက်ရှိသောကြောင့် အင်္ဂါမြစ်နှင့်အလားတူသော ပြည်မြို့ မြစ်ကမ်းနားတွင် ရေချိုးမင်္ဂလာပြုသူများ၊အလှူဒါနပြုလုပ်သူများအားလုံးတို့သည် အထက်မြန်မာပြည် အောက်မြန်မာပြည်ရှိ ဗုဒ္ဓဘာသာ ဟိန္ဒူလူမျိုးတို့အဓိကအားသောကြောင့် ပြည်မြို့မြစ်ကမ်းနားတွင် အလွန်စည်ကားလျှက်ရှိကြောင်းသိရသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)

သတင်းအပြည့်အစုံဆက်လက်ဖတ်ရှု့ပါရန်...

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page