Monday, November 23, 2015

ဗုဒ္ဓမြတ်စွယ်တော် ယနေ့မြို့တွင်း သို့လှည့်လည်အပူဇော်ခံပွဲ အစီစဉ်များ

Leave a Comment

ဗုဒ္ဓမြတ်စွယ်တော် ယနေ့မြို့တွင်း သို့လှည့်လည်အပူဇော်ခံပွဲ အစီစဉ်များ

တန်ဆောင်မုန်းလဆန်း ၁၃ ရက် နေ့နံနက်(နိုဝင်ဘာ ၂၄ ရက် ယနေ့)
၆ နာရီအချိန်မှစတင်ကာ ရွှေဆံတော်စေတီမြတ်ကြီး မြောက်ဘက်မုဒ်မှ မင်္ဂလာစည်တော်ယိမ်း နှင့် ကရဝိတ်ဖောင်တော်ဖြင့် မြတ်စွယ်တော်အား ပင့်ဆောင်ကာ ယခုခေတ္တရာမြို့သစ်သို့ ဒေသစာရီ ကြွချီလျှက်ရှိနေသည်။

ထိုနေရာမှ အပူဇော်ခံပြီး နေ့လည် ၁၂ နာရီတွင် ပြည်မြို့အတွင်းသို့ သမဂ္ဂယုဝလှေလှော်ယိမ်း၊တရုတ်အမျိုးသားများယိမ်း နှင့် ပြည်မြို့ပေါ်ရပ်ကွက်ယိမ်းများဖြင့် ဗိုလ်ချုပ်လမ်းမကြီး မှပြန်လည်ကာ စွယ်တော်မြတ်အား မြို့အတွင်းရှိ စွယ်တော်မြတ်ကြိုဆိုဖူးမျှော်ရေးနေရာများသို့ လှည့်လည် အပူဇော်ခံသွားမည်။

ယနေ့ နိုဝင်ဘာ ၂၄ရက်နေ့ ည ၆နာရီတွင် ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ မြတ်စွယ်တော် ဂန္ဓကုဠီတိုက်တွင် အများပြည်သူဖူးမျှော်နိုင်ရန် ပြန်လည်ပင့်ဆောင်သွားမည်။

ပြည်မြို့ပေါ်ရပ်ကွက်ယိမ်းများ နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ နိုဝင်ဘာ ၂၄ ရက်(ယနေ့)အထိ မြောက်ဘက်မုဒ်ဝ(နာရီစဉ်အနီး)တွင် အလှည့်ကျဦးခိုက်ပူဇော် ကန်တော့ကြမည်။

မြတ်စွယ်တော်အား နိုဝင်ဘာ ၂၈ ရက်နေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ညတွင် အခမ်းအနားများဖြင့် ပင့်ဆောင်၍ မူလကြေးစေတီအတွင်း ပြန်လည်ပင့်ဆောင်ပိတ်သိမ်းသွားဖြစ်ပါကြောင်း လေးစားစွာရေးသားရပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page