Monday, August 3, 2015

Lucky Dragon Hotel မိသားစု ကမ်းနားလမ်း ပြည်မြို့ မှလှူဒါန်း သောအဝတ်အထည် ၃၀၀ခန့်အား ပြည်မြို့ရှိ ဂျာနယ်/သတင်းစာ မီဒီယာအဖွဲ့သားများက အလှူရှင်များ ကိုယ်စားတဆင့်ကယ်ဆယ်ရေး အရောက်နဲသော ငါးရွာအုပ်စု ရှမ်းစု ကျေးရွာနေ ရေဘေးသင့် ပြည်သူ များနှင့်အောင်ဆန်းပြည်သာယာနယ် မြေ ခရမ်းကုန်း ကယ်ဆယ်ရေးစခန်း သို့ သြဂုတ်(၃)ရက်နေ့ နံနက်တွင်သွား ရောက်လှူဒါန်းခဲ့ပါသည်။

Leave a Comment


Lucky Dragon Hotel မိသားစု
ကမ်းနားလမ်း ပြည်မြို့ မှလှူဒါန်း
သောအဝတ်အထည် ၃၀၀ခန့်အား
ပြည်မြို့ရှိ ဂျာနယ်/သတင်းစာ မီဒီယာအဖွဲ့သားများက အလှူရှင်များ
ကိုယ်စားတဆင့်ကယ်ဆယ်ရေး
အရောက်နဲသော ငါးရွာအုပ်စု ရှမ်းစု
ကျေးရွာနေ ရေဘေးသင့် ပြည်သူ
များနှင့်အောင်ဆန်းပြည်သာယာနယ်
မြေ ခရမ်းကုန်း ကယ်ဆယ်ရေးစခန်း
သို့ သြဂုတ်(၃)ရက်နေ့ နံနက်တွင်သွား
ရောက်လှူဒါန်းခဲ့ပါသည်။



ကိုလေး(ပြည်) (News Watch ဂျာနယ်) က၄င်း၏လူမှုကွန်ယက်စာမျက်နှာမှာယခုလိုထုတ်ဖော်ရေးသားခဲ့သည်။...




ဒီနေ့ ပြည်မြို့က Lucky Dragon Hotel က အဝတ်တွေ အထည် ၃၀၀ ကျော် ပြည်က
သတင်းထောက်တွေကတဆင့် လှူထားတာတွေ လိုက်လှူပေးရင်း စိတ်မကောင်းစရာတခုကြုံခဲ့ရတယ်။
ခရမ်းကုန်း ပြည်သာယာ ဒုက္ခသည် စခန်းကိုရောက်တော့ ၁၂ နာရီလောက်ရှိပြီ ထမင်းထုတ်ဝေမဲ့လူတွေ လာနိုးလာနိုး
စောင့်နေရင်း နောက်ဆုံး မလာတော့ဘူးဆိုတာ သိတော့မှ
ထင်းပြေးဝယ်၊ မီးသွေးပြေးဝယ်နဲ့ ချက်ဖို့ပြင်နေတဲ့ အိမ်ရှင်မတွေလည်း အလုပ်များနေတယ်။
ကျောင်းတတ်နေတဲ့ကလေးတချို့လည်း ကျောင်းကပြန်လာကြတဲ့အချိန်ပေါ့ ခုမှထချက်တော့ ကျောင်းချိန်ဘယ်မှီနိုင်မလဲ။
ကလေးတွေမျက်နှာမကောင်းဘူး အဲဒါနဲ့ ကိုကျော်သူစိုး Thura Soeအကူအညီလှမ်းတောင်းတော့ ထမင်းထုတ်တွေ
ချက်ခြင်းလာပို့ပေးသွားလို့ တော်သေးတယ်။
ထမင်းဝေတဲ့အဖွဲ့တွေကလည်းများတော့ တဖွဲ့နဲ့တဖွဲ့ အချိတ်အဆက်မမိကြဘူးထင်ပါတယ်။
ဘာတွေဖြစ်သလဲဆိုတော့ တချို့နေရာတွေမှာ ထမင်းထုတ်တွေ ပိုလျံနေတယ် တချို့နေရာတွေမှာ မလောက်ငှဘူး။
အဲဒီတော့ ဟိုစခန်းမှာတော့ ငါတို့တာဝန်ယူမယ် ဒီစခန်းမှာ ငါတို့တာဝန်ယူမယ်ဆိုရင် ပိုမကောင်းဘူးလား။
ကြားကတသီးပုဂ္ဂထမင်းအလှူအလှူရှင်တွေလဲ ကြုံရာစခန်မှာ သွားလှူတာမျိုးမလုပ်ပဲ တရက်လောက်ကြိုတင်
အကြောင်းကြားရင် ပိုကောင်းမယ်ထင်တယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားရင် ဒေသတွင်းက အလှူရှင်တွေလည်း
ရက်ရှည်ဆိုတော့ အီကုန်ပြီ ဒီလိုအခြေအနေမျိုးနဲ့ဆို ဒုက္ခသည် စခန်းတွေမှာ ၁၀ ရက်လောက်ထပ်နေရအုံးမယ်။
နောက်ထပ်ရက်ရှည်ဆက်ကူညီနိုင်ဖို့ အလေအလွင့်မရှိအောင် ကောင်းကောင်းမွန်မွန်လေး စုပေါင်းပြီး စီမံခန့်ခွဲကြရင်
ပိုကောင်းမယ်ဗျာ။....အဲဒီလိုလေးသူ၏ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ (face book)မှာရေးသားတင်ပြသွားပါတယ်။

ပြည်သတင်းလူငယ်..ရေးသားသည်။








0 comments:

Post a Comment

Facebook Like Page