Thursday, July 23, 2015

သတ်လိုက်ရုံနဲ.ပြီးသလား သရ၀ဏ်(ပြည်)

Leave a Comment

သတ်လိုက်ရုံနဲ.ပြီးသလား
သရ၀ဏ်(ပြည်)
အချိန်ကား ၁၉၄၇ ဇူလိုင်လ ၁၉ရက်နေ. နံနက် ။ ယနေ. ထူးထူးခြားခြား ဦးအောင်ဆန်းတစ်ယောက် ရွေဖလားရောင်ဘန်ကောက်လုံချည် ၊ မန္တလေးပိုးတိုက်ပုံ တို.ဖြင်. ထူးထူးခြားခြား မြန်မာဆန်ဆန်ဝတ်ထားကာ အလွန်သပ်သပ်ရပ်ရပ်ခန်.ခန်.ငြားငြားဖြစ်နေသည် ။ ဘုရင်ခံ၏အမှုဆောင်ကောင်စီဒုဥက္ကဌအနေနှင်. ၀န်ကြီးအဖွဲ.ကိုဦးဆောင်ကာအစည်းအဝေးကျင်းပမည်ဖြစ်သောကြောင်.၀န်ကြီများကိုလေးစားသည်.အနေဖြင်.လည်းကောင်း ၊နိုင်ငံရေးလောကထဲမှ မိတ်ဆွေများကအတန်တန်တိုက်တွန်းကြတာကြောင်လည်းကောင်း သခင်အောင်ဆန်းသည် ခါတိုင်းဖြစ်သလိုဝတ်စားတတ်သော်လည်းထိုနေ.က မြန်မာဝတ်စုံပြည်.ဖြင်. သေသေသပ်သပ် ၀တ်ဆင်လာခြင်းဖြစ်သည် ။ ထိုနေ.သည်သူ.ဘ၀၏နောက်ဆုံးအသက်ရှင်နေထိုင်ရမည်.နေ.ဖြစ်သည်ဆိုသည်ကို ဗိုလ်ချုပ်အောင်ဆန်းသည် သိနေဘိသည်.အလား ထူးထူးခြားခြားဝတ်စားဆင်ရင်ကာ ၀န်ကြီးများရုံး ရှိ သူ.ရုံးခန်းနှင်.တဆက်တည်းဖြစ်သောအစည်းအဝေးခန်းမဆောင်ကြီးထဲသို.၀င်လာသည်.အခိုက်တွင်နံနက်ဆယ်နာရီထိုးပြီဖြစ်သည် ။ အစိုးရအဖွဲ.ထဲမှဝန်ကြီးများအားလုံးသည် အစည်းအဝေးခန်းထဲဝင်ကြိုတင်ရောက်ရှိနေရာယူပြီးနေပြီဖြစ်သည် ။ လက်ထောက်အတွင်းဝန်ဦးတင်အုန်း ၊ ရုံးအုပ်ကြီးဦးခ နှင်. ဗိုလ်ချုပ်၏အပါးတော်မြဲဗိုလ်ထွန်းလှတို.က ဗိုလ်ချုပ်အောင်ဆန်းနှင်. ၀န်ကြီးများ ရှေ.တွင် အစည်းအဝေးဆိုင်ရာမှတ်တမ်း၊စာရွက်စာတမ်း ၊ဖိုင်တွဲ စသည်များကို အသီးသီးချထားပေးလိုက်ပြီး အခန်းထဲမှထွက်သွားကြသည် ။ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အစည်းအဝေး စတင်သည် ။
ခြင်္သေ.သည်ထိုနေ.ထိုအခါကမကောင်းသောအမင်္ဂလာနိမိတ်ကိုမြန်မာပြည်အတွက်သယ်ဆောင်လာဟန်ရှိ၏ ။ လက်မောင်းတွင်အမှတ်၁၂တပ်မတော်ခြသေ.င်္တံဆိပ် စစ်ယူနီဖောင်းများတပ်ဆင်ထားသော လူတစုသည် ကားနှစ်စီးဖြင်. ၀န်ကြီးများရုံးဆီသို.ချည်းကပ်ရောက်ရှိလာ၏ ။ ကားတစီးထဲတွင် သုခ၊မောင်စိုး၊သက်နှင်း၊စိန်ကြီး နှင်.ရန်ကြီးအောင်ဟူသောလူငါးယောက်ပါသည် ။ထိုငါးယောက်ပါအဖွဲ.စီးနင်းလာသည်.ကားသည်သည် အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံး)ထဲသို.၀င်သွား၏ ။ နောက်ကားတစ်စီးတွင်လည်းခြင်္သေ.ရုပ်ပါသောစစ်ယူနီဖောင်းကိုပင်ဝတ်ဆင်ထားသော ဘညွန်.၊ခင်မောင်ရင် ၊မောင်နီ ၊ မှုံကြီးဟူသည်. လူလေးယောက် ပါလာကာ၊ထိုကားသည် အတွင်းဝန်များရုံးထဲအထိဝင်လိုက်မသွားပဲ ထိုရုံးအပြင်ဘက်လမ်းထောင်.တွင်ရပ်ကာနေရာယူထားလိုက်သည် ။ အတွင်းဝန်ရုံးထဲဝင်သွားသောကားပေါ်တွင် ဒရိုက်ဘာ ဖြစ်သူသုခက ဂျစ်ကားကိုစက်မရပ်ပဲရုံးအောက်မှစောင်.နေ၏ ။ ကျန်လေးဦးသည် အတွင်းဝန်များရုံးအပေါ်သို.ပြေးတက်သွားကြသည် ။ ထိုအချိန်တွင် အပြင်တွင်ရပ်စောင်.နေသော ဖို.ဒ်ကားပေါ်မှ ဘညွန်.ဆိုသူသည် သခင်နုကိုလုပ်ကြံရန် အတွင်းဝန်ရုံးထဲသို.၀င်လာခဲ.သည် ။ ဘညွန်.သည်လက်နက်မပါပဲခပ်တည်တည်လမ်းလျှောက်ဝင်လာခြင်းဖြစ်သည် ။ သူ.ရှေ.မှဝင်သွားနှင်.သောဂျစ်ကားပေါ်တွင် စတင်းဂန်း သေနတ်ကို အသင်.ချထားရာ ထိုသေနတ်ကိုယူပြီးမှ သခင်နုကိုသွားသတ်ရန်ဖြစ်သည် ။ သို.သော်ထိုနေ.ကသခင်နုသည် သေကံမရောက်သက်မပျောက်ချင်၍ အတွင်းဝန်ရုံးသို.ထိုအချိန်တွင်ရောက်မလာခဲ.ပေ ။ထို.ကြောင်.ဘညွန်.သည် သူ၏တာဝန်ကိုမဆောင်ရွက်နိုင်တော.ပဲ သခင်နုရုံးခန်းရှေ.မှလှည်.ပြန်လာခဲ.ပြီးဂျစ်ကားနာတွင်စောင်.နေလိုက်သည် ။ ရာသီဥတုကလည်းမိုးဖွဲဖွဲကျ၍ အထူးအုံးမှိုင်းနေသည် ။ ဗိုလ်ချုပ်အောင်ဆန်းတို.အစည်းအဝေးကျင်းပရာအခန်းထဲသို. သေနတ်သမားလေးယောက်သည် တံခါးပေါက်စောင်.ရုံးလုလင်မောင်သောင်းစိန်ကို တွန်းထိုးဖယ်ထုတ်ကာ အတင်းဖွင်.၀င်သွား၏ ။ ထို.နောက်ဘာမပြောညာမပြောနှင်. မြင်မြင်သမျှကိုစက်သေနတ်နှင်.တရစပ်ပစ်ခတ်တော.သည် ။ (ဂ)ပုံအစည်းအဝေးခန်းမကြီး၏ထိပ်ဆုံးစားပွဲတွင်ထိုင်နေသောဗိုလ်ချုပ်အောင်ဆန်းနှင်.လက်ယာဘက်မှဝန်ကြီးများကို သဲသဲမဲမဲ စုပြုံပစ်ခတ်ကြသောကြောင်. ဗဗိုလ်ချုပ်သည်လဲကျသွားကာဝန်ကြီးသခင်မြ ၊ ၀န်ကြီးဦးရာဇတ် ၊ ၀န်ကြီးဦးဘချို ၊ ၀န်ကြီးဦးဘ၀င်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို) ၊ ၀န်ကြီးမန်းဘခိုင်တိုးကျဆုံးသွားတော.သည် ။ ထိုသို.ရှိစဉ် လက်ဝဲဘက်စားပွဲများတွင်ထိုင်နေသောအတွင်းဝန်ဦးရွေဘော် နှင်.၀န်ကြီးပျော်ဘွယ်ဦးမြတို. ပြူတင်းပေါက်မှခုန်ကျော်ကာထွက်ပြေးလွတ်မြောက်သွားကြသည် ။ ၀န်ကြီး ဦးဗဂျမ်းကသူကိုယ်တိုင်ကြမ်းပြင်သို.၀ပ်ချလိုက်ရုံမက သူ.ဘေးမှဝန်ကြီးဦးအောင်ဇံဝေ ကိုပါလက်နှင်.ဆွဲချလိုက်သဖြင်. အသက်မသေပဲလွတ်မြောက်သွားသည် ။ သူတို.ဘေးမှဝန်ကြီးမိုင်းပွန်စော်ဘွားကြီးစပ်စံထွန်းမှာ မရှောင်သာပဲ အနီးကပ်အပစ်ခံရကာ အသက်ဆုံးရှုံးရရှာသည် ။ သေနတ်သမားလေးဦးသည် ခန်းမထဲမှပြန်အထွက်တွင် ၀န်ကြီးဦါ်ရာဇာတ်၏သက်တော်စောင်.ကိုထွေးနှင်.တည်.တည်.တိုးသဖြင်.ရန်ကြီးအောင်ဆိုသူက စတင်းဂန်းဖြင်.ပစ်ချလိုက်သည် ။ ထိုအချိန်တွင် နံနက် ၁၀နာရီ ၃၇ မိနစ်ရှိပေပြီ ။ ရုံးပေါ်မှပြေးဆင်းလာသူသေနတ်သမားလေးယောက်သည် အသင်.စောင်.နေသော ဂျစ်ကားပေါ်သို.တက်ကာသခင်နုကို မသတ်ဖြစ်သော ဘညွန်.ကိုပါတင်ခေါ်လျက်တရကြမ်းမောင်းထွက်ပြေးသွားလေသည် ။ဇာတ်သိမ်းသော် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် လူကိုးဦး အသက်ဆုံးရှုံးရလေသည် ။ လက်သည်တရားခံမှာကားဗိုလ်ချုပ်အောင်ဆန်းကိုကြိတ်မနာလိုဖြစ်နေသော ဂဋ္ဌုန်ဦးစောလက်ချက်ပေတည်း ။
ဂဋ္ဌုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းသုံးခုဖြင်.မုန်းနေ၏ ။ ပထမအကြောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကြီးလာမှုကိုမနာလိုခြင်းဖြစ်သည် ။ ဒုတိယကမ္ဘာစစ်မဖြစ်မီကမြန်မာ.နိုင်ငံရေးတွင် ဦးစောသည် အတော်အရေးပါသည်.အခန်းကဏ္ဍမှပါဝင်ခဲ.၏ ။ နန်းရင်းဝန်ရာထူးကိုပင်ဦးစောသည်ရခဲ.ဖူး၏ ။ လူထုထောက်ခံမှုလည်းအတော်အသင်.ရှိခဲ.ပြီး ၊ သူ.ကိုကြည်ညိုသူများလည်းမရှားပေ ။ သို.သော် ဘီအိုင်အေစစ်တပ်မြန်မာနိုင်ငံသို.ချီတက်လာချိန်မှစ၍ တနိုင်ငံလုံးသည် ဦးစောထက် အသက်များစွာငယ်သောဗိုလ်ချုပ်အောင်ဆန်းမှဗိုလ်ချုပ်အောင်ဆန်းဖြစ်ကာ သူ၏နိုင်ငံရေးအရေးပါမှုသည် နောက်ကောက်ကျခဲ.ရ၏ (ဗိုလ်ချုပ်အောင်ဆန်းသည်ဦးစောထက်ဆယ်နှစ်ခန်.ငယ်၏) ။မုန်းတီးမှု၏ဒုတိယအချက်မှာ ပုဂ္ဂိုလ်ရေးပါဝင်သည် ။တနေ.တွင် ဂဋ္ဌုန်ဦးစော ဂျစ်ကားစီးလာစဉ် လူတစ်စုကကားဖြင်.ယှဉ်လိုက်လာပြီးသေနတ်ဖြင်.ပစ်ခတ်လုပ်ကြံရာ ဦးစောမှာ ကံကောင်း၍မသေသော်လည်း မျက်စေ.တွင်ဒဏ်ရာရသဖြင်.ဆေးရုံတက်ကုလိုက်ရသေးသည် ။ ထိုအမှုတွင်လက်သည်တရားခံမှာ စာရေးဆရာရန်ကုန်ဗဆွေဖြစ်သော်လည်းဦးစောက ဗိုလ်ချုပ်အောင်ဆန်းလက်ချက်ဟုထင်နေသည် ။ ထို.ကြောင်.ဗိုလ်ချုပ်ကိုအငြိုးထားကာပြန်လည်လုပ်ကြံခြင်းဖြစ်သည် ။ နောက်ဆုံးအချက်မှာပို၍အရေးကြီးသည် ။ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်းမရှိတော.လျှင် ဘုရင်ခံဆာဟူးဘတ်ရန်.စ်သည် သူ.ကို ဗိုလ်ချုပ်အောင်ဆန်းနေရာကိုပေးလိမ်.မည်ဟုထင်မြင်နေသာ အာဏာရူးမှု ဖြစ်သည် ။ ထိုသို.ဖြစ်အောင်ဗြိတိသျှတို.က ဦးစောအား အရိပ်အမြွက်မျှော်လင်.ချက်ပေးခဲ.ဟန်ရှိ၏ ။တိုင်းပြည်ကထောက်ခံသောခေါင်းဆောင်တယောက်ကိုသတ်လိုက်လျှင် ငါတို.နေရာရနိုင်သည် ဟူသော ကောက်ကျစ်ယုတ်မာသည်.၀ါဒ ။လူတယောက်ကိုသတ်လိုက်လျှင် အရှိန်အဟုန်ဖြင်.စီးဆင်းနေသော လှုပ်ရှားမှုတခုကိုရပ်တန်.နိုင်ပြီဟုထင်သော လူမိုက်အားကိုးမူဝါဒ ဖြင်.တွက်ဆလုပ်ကြံခြင်းပင် ။ထို.ကြောင်.ဗိုလ်ချုပ်အောင်ဆန်းနေရာကိုဆက်ခံနိုင်မည်.အလားအလာရှိသူအားလုံးကို တခါတည်းရော၍လုပ်ကြံခဲ.ခြင်းဖြစ်သည် ။ သခင်နုပင်ကံကောင်း၍အသက်ရှင်ကျန်ခဲ.ခြင်းဖြစ်သည် ။ သို.သော်ဦးစောရည်မှန်းခဲ.သလို လူသတ်ခြင်းဖြင်.နိုင်ငံ.ခေါင်းဆောင်ဖြစ်ရမည်ဟူသောရည်မှန်းချက်သို.မရောက်ခဲ. ။ သူလည်းသူ.တပည်.မောင်နီ၊သုခ၊စိန်ကြီး၊ရန်ကြီးအောင်တို.နှင်.အတူ သေစားသေစေအပြစ်ပေးခံရသည် ။ သူရည်မှန်းသောနိုင်ငံရေးရာထူးကိုလည်းမရရှိခဲ.ပေ ။ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးသြဇာမှာကား ထိုလုပ်ကြံခံရသည်.နေ.မှစကာတရှိန်ထိုးကောင်းကင်ပေါ်သို.ထိုးတက်ခဲ.ကာ ဦးစော၏ဂုဏ်သတင်းမှာကား အဖတ်ဆယ်၍မရအောင်ကျဆင်းခဲ.လေသည် ။ ဤအဖြစ်မျိုးသည်ရှေးကလည်းရှိခဲ.ပါ၏ ။
သုပဏ္ဍကဂဋ္ဌုဏရာဇာဘွဲ.ခံဆရာစံကြောင်.မြန်မာတနိုင်ငံလုံးရှိ ဆင်းရဲသားနင်းပြားတောင်သူလယ်သမားများသူပုန်ထခြင်းဖြစ်သည်ဟုဆိုကာ ဆရာစံကိုနယ်ချဲ.ဗြိတိသျှအစိုးရသည် လက်ရဖမ်းဆီးကာ နယ်ချဲ.ဥပဒေအရ တရားစီရင်ဆုံးဖြတ်ပြီး ၁၉၃၁ နိုဝင်ဘာ ၂၈ တွင် ကြိုးပေးသေဒဏ်စီရင်ခဲ.ပါသည် ။တနည်းအားဖြင်. မြန်မာတနိုင်ငံလုံးတွင်ပျံ.နှံ.နေသည် ကိုလိုနီနယ်ချဲ.ဆန်းကျင်ရေးစိတ်ဓါတ်ကို ဆရာစံကိုသတ်ခြင်းဖြင်. ရိုက်ချိုးဖျက်ဆီးခြင်းဖြစ်သည် ။ သို.တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ဆရာစံသည် နယ်ချဲ.ဗြိတိသျှတို.ကို ဒူးထောက်အညံ.မခံရုံသာမက ကြိုးစင်ပေါ်သို.ရဲဝံ.စွာတက်သွားပြီး ဘ၀ဆက်တိုင်းအင်္ဂလိပ်ကိုနိုင်ရသောသူဖြစ်ရပါလို၏ ဟုပင်ဆုတောင်းသွားသေးသည် ။ဆရာစံကိုသတ်နိုင်သော်လည်း နယ်ချဲ.ဆန်.ကျင်ရေး အမျိုးသားလွတ်မြောက်ရေးစိတ်ဓါတ်များကိုနယ်ချဲ.တို.သည်မရပ်တန်.နိုင်ခဲ.ချေ ။နောင်အခါ နယ်ချဲ.တို.သည် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်ကို မြင်းစီးပုလိပ်များဖြင်.ရိုက်နှက်ကာ အသက်ဆုံးအောင်ပြုခဲ.သော်လည်း ကျောင်းသားများ၏ နယ်ချဲ.ဆန်.ကျင်ရေးစိတ်ဓါတ်မှာအားပျော.မသွားခဲ.ချေ ။ ဗိုလ်ကျေသေသော်လည်း ကျောင်းသားမျိုးဆက်သည် တဗိုလ်ကျတဗိုလ်တက်ဖြင်.ဆက်လက်ချီတက်ခဲ.ရာ လွတ်လပ်ရေးပန်းတိုင်သို.ပင်ရောက်ခဲ.လေသည် ။ မန္တလေးတွင်လည်းဗြိတိသျှအစိုးရလက်ချက်ဖြင်.အာဇာနည် ၁၇ ဦးကျဆုံးခဲ.ရသေးသည် ။ သို.သော်နယ်ချဲ.ဆန်.ကျင်ရေးစိတ်ဓါတ်သည် လျော.ကျမသွားပါချေ ။
လွပ်လပ်ပြီးမြန်မာနိုင်ငံတွင်လည်း လူကိုသတ်လျှင် ပြသနာကိုဖြေရှင်းပြီးဖြစ်မည်ဟူသောအယူအဆများမှာ အာဏာရှင်များထံတွင်အမြစ်တွယ်လျက်ရှိပါသေးသည် ။ဗိုလ်ချုပ်နေ၀င်းသည် ၀န်ကြီးချုပ်ဦးနုအစိုးရထံမှအာဏာသိမ်းယူကာ တိုင်းပြည်ကို စစ်အာဏာအောက်သို.သွတ်သွင်းလိုက်ခြင်းကို မည်သူတွေကလက်ခံထောက်ခံသည်ဖြစ်စေ မြန်မာတနိုင်ငံလုံးရှိကျောင်းသားများ (အထူးသဖြင်.တက္ကသိုလ်ကျောင်းသားများ) ကအမြဲတစေ ဆန်.ကျင်ကန်.ကွက်ရှုတ်ချခဲ.ကြသည် ။ စစ်အာဏာရှင်ဝါဒကိုတိုက်ဖျက်ရာတွင်ကျောင်းသားများသည် ခေတ်အဆက်ဆက်ရှေ.တန်းမှပါဝင်ခဲ.သည် ။ ထို.ကြောင်.ဗိုလ်နေ၀င်းနှင်.ဗိုလ်အောင်ကြီးတို.သည် ၁၉၆၂ ခု ဇူလိုင်လ ၇ ရက်နေ.တွင် ရန်ကုန်တက္ကသိုလ်ဝင်း ထဲရှိ ကျောင်းသားသမဂ္ဂအဆောက်အဦကို ကျောင်းသားများရှိလျက်နှင်.အရှင်လတ်လတ်ဒိုင်းနမိုက်ဖြင်.ဖောက်ခွဲဖျက်ဆီးပစ်ခဲ.လေသည် ။ ကျောင်းသားများကိုသတ်ရင်း ကျောင်းသားများစိတ်ဓါတ်ကိုအကြောက်တရားဖြင်.ရိုက်ချိုးပစ်ခြင်းဖြစ်သည် ။ ကျောင်းသားတို.သည် ဗိုလ်နေ၀င်းထင်သလိုကြောက်ရွံ.မသွားကြောင်းကို ဦးသန်.အရေးအခင်း ၊ မှိုင်းရာပြည်.အရေးတော်ပုံတွင် ရဲရဲတောက်ပြသကြပြန်သည် ။ ဤတကြိမ်တွင်လည်း စစ်အာဏာရှင် ဗိုလ်နေ၀င်းသည် လူသတ်ဝါဒကိုအသုံးပြုလျက်ဦးသန်.အရေးအခင်းကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးကာကြိုးပေးကွက်မျက်ခဲ.ပါသည် ။ ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးက ကြိုးစင်ပေါ်မှနောက်ဆုံးမာတမ်းခြွေရာတွင် “ မင်းတို. ငါ.ခန္စာကိုယ်ကိုသာသတ်လို.ရမယ် ၊ ငါ.ရဲ.ယုံကြည်ချက်နဲ.ရပ်တည်မှုကို ဘယ်တော.မှသတ်လို.ရမှာမဟုတ်ဘူး ။မင်းတို.စစ်ဖိနပ်အောက်မှာ ငါဘယ်တော.မှဒူးထောက်မှာမဟုတ်ဘူးကွ “ ဟုရဲရဲတောက်ဟစ်ကြွေးခဲ.သည် ။ လူကိုကားသတ်လို.ရပါ၏ ။စိတ်ဓါတ်နှင်.ယုံကြည်ချက်ကိုမတားနိုင်သဖြင်.ခွပ်ဒေါင်းစိတ်ဓါတ်သည် ၁၉၈၈ တွင်ပြန်ပေါ်လာကာ ဒီမိုကရေစီအရေးတော်ပုံကြောင်.ဗိုလ်နေ၀င်းအာဏာမှပြုတ်ကျသွားပါ၏ ။ဆလိုင်းတင်မောင်ဦးကိုသတ်လိုက်သော်လည်း ကျောင်းသားများ၏အာဏာရှင်ဆန်.ကျင်ရေးစိတ်ဓါတ်ကိုတော.သေအောင်မသတ်နိုင်ခဲ.ပါ။
ကမ္ဘာတွင်လည်း လူတယောက်ကိုသတ်လိုက်လျှင်နိုင်ပြီဟုတွေးကာတဇောက်ကန်းဆောင်ရွက်ခဲ.သောသာဓကများစွာရှိလေသည် ။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးခြောက်လခန်.အကြာ ၃၀.၁.၁၉၄၈ တွင်အိန္ဒိယ၏လွတ်လပ်ရေးခေါင်းဆောင်ကြီးမဟတ္တမဂန္ဒီ် သည် အကြမ်းမဖက်ရေးဝါဒကိုမယုံကြည်သော ဘာသာရေးအစွန်းရောက်ပုဂ္ဂိုလ် Nathuram Godes ဆိုသူသေနတ်ဖြင်.ပစ်ခတ်လုပ်ကြံခြင်းကိုခံရသည် ။သို.သော်အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုသည်မရပ်တန်. ။အကြမ်းမဖက်ရေး ( Non Violence ) ၀ါဒသည်မရပ်တန်. ။ အာဂျင်တီးနားတွင်မွေးသောကမ္ဘာ. တော်လှန်ရေးခေါင်းဆောင်ကြီးချေဂွေဗားရား အသက် ၃၉ နှစ်တွင် ဘိုလီးဗီးယားနိုင်ငံ၌ကွက်မျက်ခံရသည် ။ သို.သော်ချေဂွေဗားရားသည် မတရားအုပ်စိုးမှုကိုပုန်ကန်ထကြွသောသင်္ကေတအဖြစ်တကမ္ဘာလုံးအောက်မေ.တသကျန်ရစ်ခဲ.ရသည် ။ သူသေသွားသော်သော်လည်း မတရားမှုကိုဆန်.ကျင်သော ချေဂွေဗားရား၏ ဓါတ်ပုံသည်တကမ္ဘာလုံးတွင်ပျံနှံ.ခဲ.သည် ။ မြန်မာနိုင်ငံတွင်ပင် ချေ ၏ ရုပ်ပုံကိုဆေးမင်ကြောင်ထိုးထားသူသက်လတ်ပိုင်းအမျိုးသားများစွာကိုတွေ.နိုင်သည် ။ အမျိုးသမီးများပညာသင်ခွင်.ကိုအစ္စလာမ်ကမ္ဘာ၌တောင်းဆိုတိုက်ပွဲဝင်ခဲ.သော မာလာလာ၏ဦးခေါင်းကိုအစ္စလမ်းမစ်အစွန်းရောက်တို.ကသေနတ်ဖြင်.ပစ်ခတ်ခဲ.သည် ။သေကံမရောက်သဖြင်.မာလာလာမသေခဲ.။သို.သော်သူ၏ရဲရင်.မှုကြောင်. များစွာသောအဖိနှိပ်ခံအမျိုးသမီးတို.ယခုအခါပညာသင်ခွင်.ရကြလေပြီ ။ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသောယဉ်တန်းကို ၂၀၀၃ မေလက ဒီပဲယင်းမြို.နယ် ကျီရွာအနီး၌ ဒီမိုကရေစီကိုမလိုလားသော အာဏာရှင်အုပ်စုက လုပ်ကြံသတ်ဖြတ်ခဲ.သဖြင်.လူများစွာသေခဲ.ဖူးသည် ။ သို.သော်မြန်မာပြည်သူလူထု၏ စစ်အာဏာရှင်စနစ်အောက်မှရုန်းထွက်လိုစိတ်မှာ သတ်ဖြတ်၍မရကြောင်း ဒီမိုကရေစီဆန္ဒပြတောင်းဆိုမှုအပေါင်းကပြဆိုနေပါသည် ။ ဒီမိုကရေစီအစိုးရဟုခေါ်ဝေါ်သမုတ်သော ယခုခေတ်တွင်ပင် တောင်သူ ဒေါ်ခင်ဝင်းသေနတ်ဖြင်.ပစ်ခံရခြင်း ၊ အလွတ်တမ်းသတင်းထောက် ကိုပါကြီး သေနတ်ဖြင်.ပစ်သတ်ခံရခြင်းတို.ဖြင်. လယ်သမားအရေး ၊ သတင်းလွတ်လပ်ခွင်.အရေးတို.ကို သတ်ဖြတ်နှိမ်နှင်းသည်.၀ါဒကိုမြေစမ်းခရမ်းပျိုးကျင်.သုံးလာပါသည် ။
ယခုအခါ မြန်မာနိင်ငံမှအုပ်ချုပ်သူအာဏာပိုင်များသည် ဒီမိုကရေစီလှုပ်ရှားမှုများအရှိန်အဟုတ်ရပ်တန်.သွားအောင် ၊ ကျောင်းသားများ ကြောက်ရွံ.နောက်ဆုတ်သွားအောင် ၊ အလုပ်သမားများဆန္ဒမပြရဲအောင် ရက်ရက်စက်စက်အကြမ်းဖက်နှိပ်ကွပ်ဖမ်းဆီးမှုများမှုများကိုဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ.ပြီဖြစ်ပါသည် ။ လက်ပန်တန်းတွင်အကြမ်းဖက်နှိမ်နှင်.ခံခဲ.ရသော ကျောင်းသားများနှင်.၀န်းရံသူများမှာ ရဲတို.၏နံပါတ်တုတ်ဖြင်.အညှိုးတကြီး ရိုက်နှက်ခံရသောကြောင်.ထိုဒဏ်ရာများသည် နောင်တချိန်တွင်အသက်မသေနိုင်ဟုမည်သူမျှအာမခံနိုင်သည်မဟုတ်ပါ ။ အတွင်းကြေဒဏ်ရာများစွာ၇ှိနေနိုင်ပါသည် ။ ဦးနှောက်နှင်.အာရုံကြောထိခိုက်မှုများရှိလာနိုင်ပါသည် ။ သေသွားလျှင်ကြောက်သွားလိမ်.မည်ဟူသော မူဝါဒဖြင်.တမင်မသေသအောင်နိုင်ငံ.ရင်သွေးကျောင်းသားများကို သတ်ဖြတ်နေသလားမသိပါ ။ ဆက်လက်၍လည်းကျောင်းသားများကိုအညှိုးတကြီးလိုက်လံဖမ်းဆီးနေဆဲဖြစ်ပါသည် ။ လူတယောက်ကိုဖမ်းဆီးသတ်ဖြတ်လိုက်၍ ပြသနာပြေလည်သွားမည်ဆိုသည်မှာ ဆင်ခြင်တုံတရားမရှိသော လူမိုက်တို.၏လမ်းစဉ်သာဖြစ်သည် ။
ဗိုလ်ချုပ်အောင်ဆန်းနှင်.၀န်ကြီးများကိုသတ်လိုက်သောအခါတွင် ထိုသူများမှာ အာဇာနည်များဟုသတ်မှတ်ခံလိုက်ရသည်မှတပါးဦးစောသည် အနိုင်မရလိုက်ပါ ။
ဂဋ္ဌုန်ဆရာစံကို ကြိုးပေးကွက်မျက်လိုက်သော်လည်းဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံမှအရှုံးပေးထွက်ခွာခဲ.ရသည် ။
တက္ကသိုလ်ကျောင်းသားဆလိုင်းတင်မောင်ဦးကိုကြိုးပေးသတ်ဖြတ်ခဲ.သော အာဏာရှင် ဗိုလ်ချုပ်နေ၀င်းမှာ ကျောင်းသားတို.စတင်ခဲ.သော ရှစ်လေးလုံးအရေးတော်ပုံကြောင်.အာဏာမှပြုတ်ကျကာသိမ်ငယ်စွာကွယ်လွန်ခဲ.သည် ။
မဟတ္တမဂန္ဒီကိုသတ်လိုက်သောအခါ အကြမ်းမဖက်ရေးဝါဒမှာယိမ်းယိုင်မသွားခဲ.ပါ ။
ချေဂွေဗားရားကိုသတ်လိုက်သောအခါ တော်လှန်ရေးသမားများအတွက်ကမ္ဘာ.သူရဲကောင်းဖြစ်သွားပါသည် ။
စက်မှုတက္ကသိုလ်ကျောင်းသားဘုန်းမော်ကိုသတ်လိုက်သောအခါ
စာရေးဆရာမောင်သော်ကကိုသတ်လိုက်သောအခါ
ဒီပဲယင်းတွင် လူများစွာကိုသတ်လိုက်သောအခါ
သတင်းထောက်ကိုပါကြီးကိုသတ်လိုက်သောအခါ
တောင်သူဒေါ်ခင်ဝင်းကိုသတ်လိုက်သောအခါ
……………………………..
အညတရ သူရဲကောင်းများစွာကိုသတ်လိုက်သောအခါ
လူတယောက်ကိုသတ်လိုက်ရုံနှင်.ပြသနာများမှာဘယ်တော.မှပြေလည်သွားသည်မရှိပဲ သတ်သူထက်အသတ်ခံရသူကကြီးထွားသွားပြီး အသတ်ခံရသူများသာ သူရဲကောင်းဖြစ်သွားတတ်ကြောင်းသမိုင်းကမီးမောင်းထိုးပြနေပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၂၁.၇.၂၀၁၅
ကိုးကား
ဦးဗဆွေ(၀န်ကြီးချုပ်ဟောင်း) -တော်လှန်ရေး၏မြှုပ်ကွက်ရှုပ်ကွက်များ
သန်းဝင်းလှိုင် -ဂဋ္ဌုန်ဦးစော၏နောက်ဆုံးနေ.များ

0 comments:

Post a Comment

Facebook Like Page