Monday, July 20, 2015

ဗိုလ်ချုပ် ကြေးရုပ် ခေါင်းဖြုတ် သူကို ဒေသခံ များက ၀ိုင်းဝန်း ဖမ်းဆီး

Leave a Comment


ဇူလိုင်လ ၂၀-ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ဧရာဝတီတိုင်း ဒေသကြီး ကြံခင်း မြို့နယ်တွင် ဗိုလ်ချုပ် ကြေးရုပ် ခေါင်းဖြုတ် သူကို ဒေသခံ များက ၀ိုင်းဝန်း ဖမ်းဆီး ခဲ့ကြောင်း သတင်း ရရှိသည်။
လ်ချုပ် ဦးခေါင်း တပ်ဖြုတ် သူမှာ ဟိုင်းကြီးမြို့နယ်မှ ကြံခင်းမြို့နယ်သို့ အလုပ် ကိစ္စနှင့် လာရောက်သူ ဖြစ်ပြီး ဗိုလ်ချုပ် ဦးခေါင်းကို ဖြုတ်ယူ ပြီးနောက် ဦးခေါင်းနှင့် အတူ အောက်သို့ ပြုတ်ကျ ခဲ့သဖြင့် ဒေသခံ များက ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်ဟု ကြံခင်းမြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

‘‘ဖြစ်တဲ့ အချိန်က မနက် ၆ နာခွဲကျော် လောက်မှာ လုပ်တာ။ မလုပ်ခင် ဗိုလ်ချုပ် အရုပ်ကို ဖက်ပြီး ငိုနေ သေးတယ်။ ပြီးတော့ မနေ့က ထားထားတဲ့ ပန်းခြင်း တွေကို အရင် ဖျက်စီး သေးတယ်။ ပြီးတော့ ဗိုလ်ချုပ် အရုပ်ပေါ် တက်ပြီး ခေါင်းကိုနဲ့ ချိုးပစ်တာ"ဟု အဆိုပါ ဒေသခံက ပြောသည်။

ပြစ်မှု ကျူးလွန်သူ ကိုဖြိုး (ခ) ဖြိုးကျော်ဌေး အသက်(၂၇)နှစ်ကို ကြံခင်း ရဲစခန်းမှ ပြစ်မှု ပုဒ်မ (၁)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားပြီး အမှုကို ဆက်လက် စစ်ဆေး နေကြောင်း ကြံခင်း ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

7Day News Journal(မှကူးယူဖော်ပြသည်)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019



0 comments:

Post a Comment

Facebook Like Page