Saturday, June 20, 2015

နေအိမ်နှင့်စားသောက်ဆိုင်အား အထက်၏ညွန်ကြားချက်ဖြင့် မူးယစ်ဆေးဝါးဝင်ရောက် ရှာဖွေရာတွင် ရဲမေတစ်ဦးက ဘုရားခန်းထဲအထိရှုးဖိနပ်ဖြင့်ဝင်ရောက်ရှာဖွေဟု အိမ်ပိုင်ရှင်ကဆို ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

Leave a Comment


နေအိမ်နှင့်စားသောက်ဆိုင်အား အထက်၏ညွန်ကြားချက်ဖြင့် မူးယစ်ဆေးဝါးဝင်ရောက်
ရှာဖွေရာတွင် ရဲမေတစ်ဦးက ဘုရားခန်းထဲအထိရှုးဖိနပ်ဖြင့်ဝင်ရောက်ရှာဖွေဟု အိမ်ပိုင်ရှင်ကဆို
ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ အောင်လံမြို့ ၊အောင်လံ-ပြည် လမ်း စက်မူလယ်ယာအရှေ့ LUCKY FLOWER စားသောက်ဆိုင်နှင့်နေအိမ်အား ဇွန်လ(၁၄)ရက်နေ့ နေ့လည်(၁၂း၃၀)အချိန်ခန့်ကအောင်လံမြို့မ ရဲစခန်း မှ  အထက်၏ညွန်ကြားချက်ဖြင့်မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာတွင် ရဲတပ်ဖွဲ့ဝင်များကမင်းမဲ့စရိုက် ဆန်ဆန်ပြုလုပ်ခဲ့ကြောင်း ဝင်ရောက်ရှာဖွေခံရသူနေအိမ်ပိုင်ရှင်ကဆိုသည်။
“ဆိုင်ထဲကိုအောက်ကဘောင်းဘီအပြာ စပို့စ်ရှပ်အကျီင်္ဝတ်ထားတဲ့ စခန်းမှူးဝင်လာတယ်။ပြီးတော့နောက်က
ရဲမေတွေ အရပ်ဝတ်တွေ ယူနီဖေါင်းဝတ်တွေနဲ့ဆိုင်ထဲနဲ့အပြင်မှာ (၁၉)ယောက်လောက်ရောက်လာတယ်။
ဆိုင်ထဲကို ဝင်ပြီး စားသုံးသူတွေကို ဆိုင်မှာရှာဖွေစရာရှိတဲ့အတွက်ဆိုပြီး စခန်းမှူးက အပြင်ကိုမောင်း ထုတ် တယ်။စခန်းမှူးက မြို့နယ်မှူးဝရမ်းနဲ့ဆိုင်မှာရှာဖွေစရာရှိတယ်ဆိုပြီးပြတယ်။နောက်ရဲမေတွေက ဆိုင်က ကလေးမလေးတွေရဲ့ခန္ဓာကိုယ်ကိုရှာတယ်။ဆိုင်ကဝိတ်တာတွေကို စခန်းကရဲတွေကရှာတယ်’’ဟုနေအိမ်နှင့်
စားသောက်ဆိုင်ပိုင်ရှင် ကိုငွေထွန်းက ပြောသည်။

ကောင်တာနဲ့ကောင်တာဘေးမှာရှိတဲ့ဆိုက်ပျိုးရေးဆေးတွေ ၊သွေးတိုးကျကော်ဖီဆေးပါကင်တွေကို လက်ညိုးနဲ့ထိုးဖောက်ရှာဖွေကြောင်း၊အောက်တွေရှာပြီးတော့ နေအိမ်အပေါ်ထပ်ကိုတစ်ဖွဲ့၊ ဝင်ထမ်း အဆောင်ကိုတစ်ဖွဲ့ရှာဖွေကြကြောင်း၊ထို့နောက် နေအိပ်ခန်း၊ဘုရားခန်း၊ဧည့်ခန်း၊ရေချိုးခန်း အိမ်သာ၊
စတိုခန်းစသည့်နေရာတွေအားမွှေနှောက်ရှာဖွေကြောင်း ၄င်းဆိုင်ပိုင်ရှင်ကဆက်လက်ပြောသည်။

အောင်လံမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးခင်မောင်ဇော်အားဆက်သွယ်မေးမြန်းရာ စစ်ကြောရေးပြုလုပ်နေ
သဖြင့်အင်တာဗျူးဖြေရန်အချိန်မပေးနိုင်ကြောင်း ၊မေးချင်ရင်နောက်မှအချိန်တစ်ခုစောင့်၍မေးမြန်းရန်
ခွင့်တောင်းဟုပြောသည်။

တိုင်းကမနေ့ကဖမ်းမိတဲ့တစ်မှုမှာအမာခံသတင်းပေးဆိုတဲ့ကိစ္စကိုမြို့ကစိတ်ဝင်စားလို့မေးကြတယ်။
 သတင်းပေးတာကိုပြောနိုင်တဲ့သူက ရဲချူပ်ရယ်၊ပြည်ထဲရေးဝန်ကြီးရယ်၊သမ္မတရယ်ပဲရှိတယ်။
အခုဟာကတာဝန်အရ အထက်ကတာဝန်ပေးလို့တရားဝင် ရှာဖွေဝရမ်းဖြင့်ရှာတာ၊တိုင်လို့ရှာရှာ
ဘယ်လိုပဲရှာရှာ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ရမယ်၊ဘာကြောင့်ရှာတယ်၊ဘယ်သူက
သတင်းပေးလို့ရှာတယ်ဆိုတာပြောပိုင်ခွင့်မရှိဘူး၊ရှာပါဆိုလို့ဝရမ်းထုတ်ပေးလို့ရှာတာ။ကျွန်တော်ကပြန် တမ်းဝင်အရာရှိဖြစ်တဲ့အတွက်ကိုယ်တိုင်လုပ်စရာမလိုဘူး၊ဒါပေမဲ့အမှားအယွင်းရှိမှာဆိုးတဲ့အတွက်
ကျွန်တော်ကိုယ်တိုင်လိုက်လာတာပါလို့ စခန်းမှူးကဆိုင်ရှင် မဖြူဖြူဇော်တို့သွားတွေ့စဉ်ကပြောလိုက်
ကြောင်း၊အသံဖိုင်လဲ၎င်းတွင်ရှိကြောင်းပြောသည်။


ရဲတပ်ဖွဲ့အနေနဲ့တာဝန်အရလုပ်ရတယ်ဆိုတာနားလည်ပါကြောင်း။ဒါပေမဲ့ ကျွန်မတို့က စားသောက်ဆိုင်နဲ့
အိမ်ကိုရှာတဲ့အခါမှာရဲမေတစ်ယောက်ကဘုရားခန်းထဲအထိဖိနပ်စီးဝင်ကြောင်း။ဆိုင်ကမနေ့တနေ့ကမှဖွင့်
တဲ့ဆိုင်လဲ မဟုတ်ကြောင်း၊နံမည်ပျက်လဲမရှိဘူးဆိုတာ လာရှာတဲ့ရဲတွေ ဒီမြို့ကရဲတွေ အကုန်သိကြောင်း၊
သတင်းပေးတာပဲဖြစ်ဖြစ်၊တိုင်တာပဲဖြစ်ဖြစ်၊အခုဥပဒေနဲ့မလွတ်ကင်းတာတစ်ခုမှမတွေ့ရင်၊ တိုင်တဲ့သူဒါမှ 
မဟုတ် သတင်းပေးသူကို အမှုဖွင့်မယ်ပြောတော့လဲ တိုင်သူ သတင်းပေးသူကို ဖွင့်မပြောကြောင်း ၄င်းက ဆက်လက်ပြောသည်။


“ ရဲယူနီဖေါင်းဝတ်ရဲမေနှစ်ဦးနဲ့အရပ်ဝတ်ယောကျာ်းစိတ်ပေါက်နေတဲ့အမျိုးသမီးတစ်ဦး ကျွန်မတို့ အဆောင်ပေါ် တက်လာတယ်။ပြီးတော့အခန်းတွေထဲကိုဝင်စစ်တယ်။ကျွန်မတို့အိပ်ယာတွေထဲကို ရှုးဖိနပ်စီးထား တဲ့ရဲမေ တစ်ယောက်က ဖိနပ်စီးပြီးဝင် တယ်၊ကျွန်မတို့အဆောင်ဘုရားခန်းကိုလဲ အဲဒီရဲမေကဖိနပ်စီးပြီးဝင်စစ် တယ်။ 
အရပ် ဝတ်နဲ့တစ်ယောက်က ဟဲ့အဲဒါဘုရားခန်းလို့ပြောတာတောင် ကန်တော့ဆိုပြီး ဒီအတိုင်းပဲ ဆက်စစ်
ဆေးနေ တယ်၊သွေးတိုးကျ ကျန်းမာရေးဓါတ်စာဘူးခွံတွေကိုစစ်တယ်။လေးငါးခါလောက်ကိုစစ်တာပါ’’ဟု ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်တဲ့ မသန္တာကပြောသည်။

“အရပ်ဝတ်နဲ့လူတစ်ယောက် ကျွန်တော့်တစ်ကိုယ်လုံးကိုရှာတယ်၊ သူတို့ကိုလဲပြန်ရှာလို့ပြောတယ်၊ဆိုင်အတွင်း အပြင်ကိုလဲရှာကြတယ်။ကော်ဖီပါကင်ဘူးတွေအားလုံးကိုလဲ ဖောက်ပြီးရှာတယ်၊ကျွန်တော်တို့ကတော့ အပေါ် ထပ်မှာရှိတဲ့အခန်းအားလုံးကိုလိုက်ဖွင့်ပြတယ်၊ရဲမေတစ်ယောက်ကတော့ ခြေစွတ်နဲ့တက်လာ တယ်၊နောက် ပိန်ပိန်နဲ့ယူနီဖေါင်းဝတ်ရဲမေတစ်ယောက်ကတော့ ရှုးဖိနပ်နဲ့အိမ်အပေါ်ထပ် ဆိုင်ရှင်အိပ်ခန်းဘုရားခန်းပါ မကျန်
ဖိနပ်စီးပြီးလိုက်စစ်တယ်၊ဘာမှတော့တွေ့မသွားပါဘူး”ဟု စားသောက်ဆိုင် ဝိတ်တာ ကိုပိုင်သက်ကျော် ကပြော သည်။


”အားလုံးရှာဖွေပြီး ကျွန်တော့အိမ်မှာ ဘာမှမတွေ့တဲ့အတွက် နေအိမ်အပြင်ကိုထွက်ချိန်မှာ စက်ရုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထွန်းက ငါးလပိုင်းကုန်လောက်က မင်းတို့ဆိုင်ကကောင်မလေးတစ်ယောက်
ဆီက ဆေးပြားခုနှစ်ပြားရောင်းလိုက်တယ်လို့သတင်းကြားလို့ လာရှာကြောင်း အုပ်ချုပ်ရေးမှူးကပြောသွား
တယ်’’ဟုဆိုင်ရှင် ကိုငွေထွန်းကပြောသည်။

အောင်လံမြို့ စက်ရုံရပ်ကွက်အုပ်ချူပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ’’မြို့နယ်ရဲစခန်းကသတင်း အရ ရှာတယ်လို့ပဲသိတယ်။ကုမဏီကကိုယ်စလှယ်ရထားတာလို့သိရတဲ့ကော်ဖီမုန့်ပါကင်ဘူးတွေဖောက်တာ
 တွေ့ရတယ်။ဘုရားခန်းထဲကို ဖိနပ်နဲ့ဝင်တာကိုတော့မတွေ့ရဘူး၊တစ်ဦးကခြေစွတ်နဲ့တစ်ဦးကတော့အိမ်ပေါ် ကိုဖိနပ်စီး လာတာတော့တွေ့ရတယ်။အခန်းတွေကိုလဲရှာတာတွေ့တယ်။အဆောင်တွေဘက်ကိုရှာတာတော့
ဦး မပါဘူး၊ဦး အုပ်ချူပ်ရေးမှူးမလုပ်ခင်ထဲက ဒီဆိုင်ကနံမည်ပျက်မရှိပါဘူး၊မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့တစ်ခါ
မှအဖမ်းခံရတာမရှိပါဘူး၊အခြားဆိုင်တွေကိုလဲမရှာပါဘူး၊ဒီဆိုင်တစ်ဆိုင်ထဲကိုပဲ သတင်းအရရှာတယ်ဆိုပြီး
သိရတာ၊အဲဒါတောင်ဖုန်းဆက်ခေါ်ပြီးအဲဒီဆိုင်ရောက်မှသိရတာပါ’’ဟု စက်ရုံရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးမြင့်နိုင်ထွန်းကပြောသည်။

ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

0 comments:

Post a Comment

Facebook Like Page