Wednesday, May 20, 2015

ပြည်မြို့မှာ၊ရွှေဆိုင်တစ်ဆိုင်က သိန်းသုံးသောင်းခန့်လိမ် ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ပေမဲ့၊ရဲစခန်းမှာအမှုလာဖွင့်သူကတယောက်ထဲပဲရှိနေပြီး၊လိမ်သူကတော့လွတ်မြောက်နေဆဲ ပြည်-မေ-၁၅

Leave a Comment

ပြည်မြို့မှာ၊ရွှေဆိုင်တစ်ဆိုင်က သိန်းသုံးသောင်းခန့်လိမ် ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ပေမဲ့၊ရဲစခန်းမှာအမှုလာဖွင့်သူကတယောက်ထဲပဲရှိနေပြီး၊လိမ်သူကတော့လွတ်မြောက်နေဆဲ
ပြည်-မေ-၁၅
ပဲခူးတိုင်း၊ပြည်မြို့၊ဆံတော်ရပ်ကွပ်၊ညောင်ဇင်တန်းလမ်းမှာရှိတဲ့ ပိုင်ရှင်၊ဦးဝင်းဋ္ဌေး၊ဒေါ်အေးအေးခိုင် ၊မြန်မာရွှေ၊ရွှေသန့်စင်လုပ်ငန်း။ ရွှေအပေါင်ခံခြင်း၊ငွေအပ်နှံမှုများလက်ခံခြင်း၊လုပ်ငန်းတွေကိုလွန်ခဲ့တဲ့(၁၀) နှစ်ခန့်လုပ်လာခဲ့ရာမှာ၊ပြီးခဲ့တဲ့ ဧပြီလဆန်း လောက်ကစပြီး ၊ဆိုင်ပိတ်ထွက်ပြေးသွားတာကြောင့် ၊ငွေအပ်ထားသူ၊ရွှေအပ်ထားသူ၊ရွှေထည်ပစ္စည်းလုပ်ခိုင်းထားသူ၊တွေ ရဲ့ငွေ သိန်း(၃၀၀၀၀)ခန့် ပါသွားခဲ့ကြပါတယ်။ ထိုအထဲမှ တစ်ဦးတစ်ယောက်ကပဲ၊ရဲစခန်းမှာ၊တိုင်ကြားထားခဲ့ကြောင်းသိရသည်။
“ ရဲစခန်းမှာတော့တိုင်ကြားထားတယ်၊အမှုတော့လက်ခံဖွင့်မပေးသေးဘူးလို့၊ရွှေ(၅၀)သားနဲ့ငွေ(၁၀၀၀၀)ကျပ်အလိမ်ခံရသူ” ဦးအောင်ကျော်လွင် (ရဲစခန်းမှာအမှုဖွင့်ထားသူ)(၊ရွှေလက်လှလမ်း၊ပြည်မြို့)မှပြောသည်။

“အိမ်ရောင်းပြီးပေးလိုက်တာ၊အရင်ကတော့တလျှောက်လုံး၊အတိုးမှန်မှန်ပေးနေတာ၊အခုမှလုပ်သွားတာရဲစခန်းမှာတော့ တိုင်မထားဘူးဟု “ ဒေါ်ထွားကြည်(ပြည်တော်သာရပ်ကွပ်)နေထိုင်သူမှပြောသည်။

“ လိမ်ခံရသူ(၅၀)ကျော်ရှိပြီး၊အများစုက၊ရဲစခန်းကိုမတိုင်ပေမဲ့၊အင်တာနက်ဖေ့ဘုတ်တွေမှာတော့၊လိမ်သွားသူ ရဲ့၊ဓါတ်ပုံတွေ နဲ့ ပျံနေခဲ့ကြပြီး၊အလိမ်ခံရသူတွေထဲမှာ၊ဋ္ဌာနဆိုင်ရာ အရာရှိကြီးကတော်အချို့လဲပါတယ်လို့၊ကိုအောင်ကျော်လွင်ထံကသိရပါတယ်။သူ့ကတော့၊ဧပြီလ(၂၈)ရက်နေ့ကရဲစခန်းမှာ၊တိုင်ထားခဲ့ပေမဲ့၊အခုထိတော့၊အမှုဖွင့်မပေးသေးဘူး၊တရားရုံးကိုလဲထပ်ပြီး၊ဦးတိုက်လျှောက်သွားမယ်လို့သိရပါတယ်ဟု “ ပြည်မြို့ တာဝန်ရှိသူ ရဲဝန်ထမ်းအရာရှိတဦးမှ ဖုန်းဖြင့်ပြန်လည်ဖြေကြားခဲ့သည်။
ပြည်သတင်းလူငယ်(ပြည်သတင်း) k3(pyay)

0 comments:

Post a Comment

Facebook Like Page