Thursday, April 23, 2015

နဝဒေးတံတားပေါ်မှခုန်ချပြီးမိမိကိုယ်ကိုသေကြောင်းကြံစည်သူ သေကံမရောက်သက်မပျောက်ခဲ့ ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

Leave a Comment

နဝဒေးတံတားပေါ်မှခုန်ချပြီးမိမိကိုယ်ကိုသေကြောင်းကြံစည်သူ
သေကံမရောက်သက်မပျောက်ခဲ့

ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အပိုင် ရွှေဘုံသာအုပ်စု ၊နဝဒေးတံတားပေါ်မှအမျိုးသားတစ်ဦးခုန်ချပြီးမိမိကိုယ်ကိုသေကြောင်းကြံ
စည်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပန်းတောင်မြို့နယ် ရွှေဘုံသာအုပ်စု နဝဒေးတံတားပေါ်မှအမျိုးသား
တစ်ဦး ဧပြီ(၂၂)ရက်နေ့ည(၇း၃၅)အချိန်ခန့်က ခုန်ချပြီးမိမိကိုယ်ကိုသေ ကြောင်း
ကြံစည်ကြောင်းသတင်းအရနဝဒေးတံတားရဲကင်းမှူးရဲအုပ်စံရွှေမြင့်နှင့်အဖွဲ့
သည်သွားရောက်စုံစမ်းရာ မောင်ဂျွန်(၂၆)နှစ်သန္တာ(၆)လမ်း၊မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးနေသူသည်နဝဒေးတံတား ရေလည်တိုင်အမှတ်(၄)နှင့်(၅)
ကြားမှ ဧရာဝတီမြစ်အတွင်းခုန်ချခဲ့သည်ဟုဆို၏။

ထိုသို့ ဧရာဝတီမြစ်အတွင်းခုန်ချရာတံတားအောက်တွင်ငါးဖမ်းပိုက်
ချနေသောကိုသက်ထွန်း၊ မညိုနှင့် မသင်းယုလှိုင် တို့မှမြင်တွေ့ရ၍ သွားရောက် ဆယ်ယူခဲ့ရာမောင်ဂျွန်တွင်ဝဲ၊ယာမျက်လုံးဖူးရောင်ဒဏ်ရာ၊
ဝဲလက်ပြင်အောက်ညိုမဲဒဏ်ရာ၊ရင်ဘတ်အောင့်ဒဏ်ရာများရရှိခဲ့ကြောင်း
ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့်မိမိကိုယ်ကိုသေကြောင်းကြံစည်သူ မောင်ဂျွန်အားအရေးယူပေး
ပါရန် နဝဒေးတံတား ရဲကင်းမှူး ရဲအုပ်စံရွှေမြင့်မှတရားလိုပြုလုပ်တိုင်တန်းခဲ့
သဖြင့် ပန်းတောင်းမြို့မရဲစခန်း(ပ)၆၆/၂၀၁၅ ပြစ်မှုပုဒ်မ၃၀၉အရအမှုရေး
ဖွင့်ထားရှိကာ အမှုအား ဒုရဲအုပ်မြဇော်အောင်မှလက်ခံစစ်ဆေးပြီး ဒဏ်ရာ
ရရှိသူ မောင်ဂျွန်မှာဆေး ကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။

သတင်း ပြည့်သဲမောင်(ပြည်) ၀၉ ၄၂၃၆၇၁၈၈၃

0 comments:

Post a Comment

Facebook Like Page