Sunday, March 15, 2015

သတင်းထောက်ငါးယောက်ပါDVDသတင်းထောက်ကြီးကိုမင်းညို၊News Watch ကသမ္ဘာရင့် သတင်းထောက် ကိုမင်းယွန်း ၊မြစ်မခသတင်းအေဂျင်စီကသီဟလွင်၊ပြည်သတင်းအွန်လိုင်းမီဒီယာက ပြည်သတင်းလူငယ် (ပြည်သတင်း)ကျွန်တော်ကတော့ The Voice Daily news Journalကအလုပ်သင်သတင်းထောက်လေးညမိုး(ပြည်)အားလုံးငါးယောက်

Leave a Comment
ရန်ကုန်ပြည်ကားလမ်းမပေါ် ကားလေးကလေးညှို့ မှပစ်လွှတ်လိုက်တဲ့ မြှားတစင်းလိုတရိပ်ရိပ်ပြေးလျက်ရှိနေစဉ်
ရွှီ… ရွှီ… ရွှီ
အချက်ပေးခရာသံများထွက်ပေါ်လာသည်။
ခရာသံများထွက်ပေါ်လာရာသို့ ကြည့်မိလိုက်တော့ ရဲအင်အားတစ်ရာဝန်းကျင်ခန့် သံဆူးကြိုးအထပ်ထပ်ကာရံထားသောရန်ကုန်-ပြည်ကားလမ်းမပေါ် အချိန်ကား ည ၁၀နာရီ၃၀ခန့် ……နေရာကမင်းလှသရက်တပင်တာဆုံအနီးကောင်းကြိုက်ထမင်းဆိုင်ရှေ့ 
ဟုတ်တယ် ဟုတ်တယ် ဒီကားနံပတ်ပဲအခုရပ် အခုရပ် လို့ ပြောလိုက်တဲ့စကားသံကြောင့်ကြည့်မိလိုက်တော့ ကျွန်တော့တို့ ရှေ့ကကားကိုတားလိုက်ခြင်းပင် ကျွန်တော်တို့ကားလည်းရောယောင်ပီးရပ်လိုက်မိသည်။မရပ်လို့ကလဲမရတော့ရှေ့တွင် ရန်ကုန်-ပြည် ကားလမ်းကြီးကိုအပြည့်ပိတ်ထားသည့် သံဆူးကြိုးပါ အကာအရံများ ။ကျွန်တော်တို့ ရှေ့ကကားကိုပြောသံကြားလိုက်ရသည် မင်းတို့ ရှေ့ဆက်သွားလို့ မရတော့ဘူးဟူသောအသံ ။အဲ့ဒီအချိန်မှာဘဲကားမောင်းသူဘက်အခြမ်းမှလူတယောက်ထွက်လာသည်ကိုတွေ့ လိုက်ရသည်။ မော်တော်ယာဉ်မောင်းမှ ကျွန်တော်တို့ ဘာလို့ ဆက်သွားလို့ မရတော့တာလဲဆိုအမေးစကားသံတခုထွက်လာသည်။ထိုအချိန်တွင်လုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းတဦးဆီမှ မင်းတို့ ကားနံပတ်ငါတို့ဆီကိုပို့ထားပြီးပြီမင်းတို့ ရှေ့ဆက်သွားလို့မရတော့ဘူးဒီကနေလှည့်ပြန်ချင်ပြန်ပါ ဆိုတဲ့ အပြောတချို့ ကိုကြားလိုက်ရသည်။ အဲ့ဒီအချိန်တွင် ကျွန်တော်တို့ သတင်းထောက်ငါးယောက်စီးလာသည့်ကားသည်လည်းရောယောင်၍အပိတ်ခံလိုက်ရပြီ။မရပ်လို့ကလဲမရတော့ ရှေ့ တွင် သံဆူးကြိုးကာရံထားသောအကာအရံအပြည့်က ရန်ကုန်ပြည် ကားလမ်းမကြီးအားကန့် လန့်ဖြတ်အနေအထားနှင့်နေရာယူထားပြီ။အရှေ့မှကားနှင့်လုံခြုံရေးတာဝန်ကျရဲဝန်ထမ်းတို့ အခြေအတင်စကားပြောနေကြသောစကားသံများမှာအတိုင်းသားကြားနေရသည်။မင်းတို့ ကားကိုအထက်ကပေးမသွားဖို့ အမိန့်ထုတ်လိုက်တယ် မင်းတို့ ရှေ့ဆက်သွားလို့ မရတော့ဘူး ပြန်ချင်ရင်တော့လှည့်ပြန်လို့ ရတယ် ဟူသောအသံကားမှသူများကလဲလုံးဝအလျော့မပေးကျတော်တို့ ကားမှာလက်နက်တစုံတရာမပါဘူးခင်ဗျားတို့ ကြိုက်သလိုစစ်ဆေးလို့ရတယ် စစ်ဆေးပြီးရင်တော့ ကျုပ်တို့ ကိုလမ်းဖွင့်ပေးပါ ရဲဝန်ထမ်းဘက်မှလဲလုံးဝဖွင့်မပေးနိုင်ဘူးအထက်အမိန့်အရတားနေတာ။တဖက်နဲ့တဖက် အခြေအနေကတဖြည်းဖြည်းတင်းလာပြီ။ကျွန်တော်တို့အဖွဲ့ကတော့တွေ့သမျှမှတ်တမ်းတင်နေပြီ သတင်းထောက်တွေလက်ထဲကကင်မရာဖလက်ရှ်ဂန်းတွေကတဖြတ်ဖြတ်ရိုက်လျက်။ဒါပေမယ့် ဘာတွေဆက်ဖြစ်မည်ကိုသိလိုသောသတင်းထောက်ဥာဉ်အရကိုယ့်ကိုကိုယ် သတင်းထောက်ပါဟု ဖွင့်ဟဝန်ခံခြင်းတော့မပြုသေးပါ။ကျွန်တော်တို့ကစုစုပေါင်းသတင်းထောက်ငါးယောက်ပါDVDသတင်းထောက်ကြီးကိုမင်းညို၊News Watch ကသမ္ဘာရင့် သတင်းထောက် ကိုမင်းယွန်း ၊မြစ်မခသတင်းအေဂျင်စီကသီဟလွင်၊ပြည်သတင်းအွန်လိုင်းမီဒီယာက ပြည်သတင်းလူငယ် (ပြည်သတင်း)ကျွန်တော်ကတော့ The Voice Daily news Journalကအလုပ်သင်သတင်းထောက်လေးညမိုး(ပြည်)အားလုံးငါးယောက်။ဒီလိုသွားဖြစ်အောင်မဖြစ် ဖြစ်အောင်တတ်ကြွနေသူတွေက News watch က ကိုမင်းယွန်းနဲ့ ပြည်သတင်းလူငယ်။စပြီးထွက်ဖိ့ပြောဖြစ်ကြတော့ သတင်းထောက်တွေလက်ထဲမှာလုံလောက်တဲ့ ခရီးစရိတ်မရှိ။ဒါကိုပြည်သတင်းကမဖြစ်ဖြစ်အောင်စီစဉ်တယ် သူ့ လက်မှာဝတ်လာတဲ့ လက်စွပ်ကိုငါးသောင်းနဲ့ရအောင်ပေါင်ပီး ကျွန်တော့ကိုကားငှားဖို့ပြောတော့ ကျွန်တော်လဲ ကိုယ့်လူရင်းတယောက်ကားကိုအနိုင်ကျင့်ပီးချက်ချင်းသွားဖို့ဖုန်းဆက်ပီးခေါ်လိုက်တယ်။ကျွန်တော်မင်းလှတာဆုံမှာပိတ်မိတဲ့အချိန် သူတို့သွားချင်တဲ့ ခရီးကိုဖြစ်အောင်စီစဉ်လိုက်လို့မှားများမှားသွားပြီလားဆိုပြီးအတွေးဝင်ခဲ့တယ်။ဒါပေမယ့် ပေါက်တဲ့နဖူးမထူးဘူးဆိုတဲ့အတွေးနဲ့ လက်ရှိဖြစ်နေတာတွေကိုမှတ်တမ်းတင်နေပြီ။အချိန်ကားတရွေ့ ရွေ့ ကုန်ဆုံးနေပြီ ကျွန်တော်တို့မှာထွက်ခွာခွင့်မရသေး။လမ်းတလျောက်အတားအဆီးတွေရှိနေတယ်ဆိုတဲ့သတင်းကို ကျွန်တော်တို့ ရှေ့ကဆိုင်ကယ်နဲ့ ထွက်ခွာသွားတဲ့The Lady news Journal ရဲ့ သတင်းထောက်ကြီးမောင်မဲ(ပြည်)က မက်ဆေ့ခ်ျနဲ့တမျိုး ဖုန်းဆက်ပြီးတော့တဖုံသတိတော့ပေးနေလေရဲ့ ။ကျွန်တော်တို့ ကလဲသတင်းထောက်တွေကိုတော့မတားလောက်ဘူးဆိုတဲ့အတွေးနဲ့ ကားကိုအရှိန်မလျော့ဘဲမောင်းလာခဲ့တယ်။အခုThe Lady news Journal ရဲ့သတင်းထောက်ကြီးသတိပေးနေတာအမှန်ဘဲဆိုတာသိလိုက်ရတယ်။တပေါင်းလရဲ့ ညကတဖြည်းဖြည်းအအေးဓါတ်တို့ စိမ့်ဝင်လာပြီ။သတင်းထောက်တယောက်မှအနွေးထည်ပါမလာ။ကျွန်တော်တို့ သတင်းထောက်တွေပိတ်မိနေပြီ။ဘာကြောင့် အဲ့ဒီလောက်ဒီကားကိုတားနေတာလဲလို့ သိချင်လို့ စုံစမ်းလိုက်တော့ ပင်မသပိတ်စစ်ကြောင်းကိုဝန်းရံဖို့သွားတဲ့ပြည်ကနိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေစီးလာတဲ့ကားဆိုသိလိုရတယ်။ကျွန်တော်တို့ သတင်းထောက်တွေအဖို့ကတော့  အချိုရှာသကာတွေ့ဆိုသလိုပေါ့ ကျွန်တော်တို့ အဖွဲ့ကလည်း လက်ပံတန်းကထွက်ခွာခွင့်မရတဲ့ပင်မသပိတ်စစ်ကြောင်းကိုသတင်းယူဖို့သွားတာ ဟိုတောင်မရောက်သေးဘူးဒီမှာတင်သတင်းတပုဒ်ကရနေပြီလေ။ရှေ့ကားကလူတွေကိုကြည့်လိုက်တော့ တဖက်နဲ့တဖက်အခြေအတင်ဖြစ်နေကြပြီ..လုံခြုံရေးယူထားတဲ့ရဲဝန်ထမ်းတွေကအလျော့မပေးသလို နိုင်ငံရေးလှုပ်ရှားသူများဘက်မှလဲနဲနဲလေးမှအလျော့မပေး။ကျုပ်တို့ ကားကိုပေးမသွားရင် တခြားဘယ်ကားမှပေးမသွားရဘူးဆိုပီးကားလမ်းမမှာငုတ်တုတ်ထိုင်နေသူကထိုင်နေကြပြီ။မောင်းလာတဲ့ကားရှေ့မှာပိတ်ရပ်လိုက်တဲ့နိုင်ငံရေးတတ်ကြွသူများကလဲရပ်နေကြပြီ။ရန်ကုန်-ပြည်ကားလမ်းကြီးမှာအချိန်အတော်ကြာအထိဘယ်ကားကိုမှ ပေးမသွား ။မြောက်မှတောင် ၊တောင်မှမြောက် ယာဉ်တန်းကြီးမှာမျက်စိတဆုံးပင်။အချိန်ကားတဖြည်းဖြည်းသက်ကြီးခေါင်းချချိန်သို့ ရောက်ခဲ့ပြီ။လုံခြုံရေးတာဝန်ယူထားသောရဲများမှာလည်းလုံးဝပေးမသွားပေ။သူတို့ တွေအခြေအတင်ဖြစ်နေတာနဲ့ ကျွန်တော်တို့ သတင်းထောက်တွေလည်းမထွက်ခွာရသေး ။ကျွန်တော်တို့ အော်ဒါငှားလာတဲ့ကားကတော့  ကြောက်လို့ လက်ပံတန်းအထိမပို့ နိုင်ဟုဆိုကာ ပြည်သို့ လှည့်ပြန်သွားပြီ ကျွန်တော်တို့ မှာရှေ့ ဆက်သွားဖို့ ရန်အခက် နောက်ဆုတ်ရန်အခက်နှင့် မည်သို့မည်ပုံ ဆုံးဖြတ်ရမည်ကိုမသိသေး။အချိန်ကားသက်ကြီးခေါင်းချချိန်သို့ရောက်ခဲ့ပြီ။တဖက်နဲ့တဖက်အခြေအတင်ဖြစ်နေချိန်တွင် ရဲများတားနေသည့်ကြားကဆိုင်ကယ်တစီးဝင်ရောက်လာခဲ့တယ်။ မေးကြည့်လိုက်တော့ DVBရဲ့ လက်ပံတန်းဌာနေသတင်းထောက် ကိုဥာဏ်ကြီးနဲ့ ကိုဝဏ .ရောက်ရောက်ချင်းဘဲမင်းလှတာဆုံမှာသတင်းထောက်တွေပိတ်မိနေတယ်ကြားလို့ ကျွန်တော်တို့ ထွက်လာခဲ့တာဆိုတဲ့စကားသံကိုကြားလိုက်ရသည်။သြော် သတင်းထောက်တွေ တော်တော်လဲစည်းလုံးလှပါလားဆိုတဲ့အတွေးကျွန်တော့ဆီမှာဝင်ခဲ့တယ်။သူတို့ ရောက်မလာခင် ကျွန်တော်တို့ သတင်းထောက်တွေရဲ့ သက်သေခံကဒ်နဲ့ နာမည် နေရပ်လိပ်စာတို့ ကိုရဲကမှတ်တမ်းတင်ပြီးနေပြီ။သူတို့ ရောက်လာချိန်မှတော့ ခင်ဗျားတို့ ပိတ်မိနေတယ်ကြားလို့ လိုက်လာတာဒီကတာဝန်ရှိသူကိုအင်တာဗျူးရမယ်ဆိုပြီးဒုရဲမှူးကြီးကျော်မင်းဟန်နဲ့ အင်တာဗျူးနေပြီ… ဒုရဲမှူးကြီးကျော်မင်းဟန်ကသတင်းထောက်တွေကိုပိတ်ထားတာမဟုတ်ပါဘူးသတင်းထောက်ဆိုတာလွှတ်တော်ထဲတောင်ဝင်နိုင်တာဘဲ ဆိုပြီးပြန်ဖြေတဲ့အသံကြားလိုက်ရတယ်။ပြန်လှည့်ကြည့်တော့ကျွန်တော်တို့ငှားလာတဲ့ကားဆရာက ကြောက်လို့ဆိုပြီးပြန်သွားပြီ။ကျွန်တော်တို့ အဲ့ဒီအချိန်ကစပြီးဘာလုပ်ရမှန်းမသိတော့လောက်အောင်ဖြစ်ခဲ့တယ်။နောက်ဆုံး ကျွန်တော်တို့ ပါလာတဲ့ လက်ပ်တော့တွေ ကင်မရာတွေကိုအားသွင်းလို့ ရအောင် ကောင်းကြိုက်ထမင်းဆိုင်မှာအအေးသောက်ရင်းအားသွင်းနေတုန်း
ပြည်မှရန်ကုန်သို့ အော်ဒါငှားလာသောအာရှ အိတ်စပတ် နှင့်တွေ့စဉ် ကားမှပါလာသောသူများအားတောင်းတောင်းပန်ပန်နှင့်လက်ပံတန်းသို့လိုက်ပါခွင့်ရရန် လူကြီးများကပြောဆိုခွင့်တောင်းပြီးခွင့်ပြုလိုက်တော့ကျွန်တော်တို့ သတင်းထောက်တွေ အလယ်လျောက်လမ်းမှာဖြစ်သလိုနဲ့ လက်ပံတန်းမြို့ သို့ ခရီးဆက်ဖြစ်ခဲ့ကြတယ်။ကျွန်းကလေးတာဆုံရောက်တော့ဆင်းနေပြီးအလင်းပေါက်ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်လေးမှာခနထိုင်ရင်းလက်ပံတန်းမြို့ ရဲ့ အခြေအနေကိုစနည်းနာမိရာဝယ် မြို့ထဲကိုဘယ်သူ့ မှပေးမဝင်ဘူးမနက်ကျမှဝင်လို့ရလိမ့်မယ်လို့ လက်ဘက်ရည်ဆိုင်ပိုင်ရှင်ကပြောပါတယ်။သွားပြီငါတို့ဒီညဘယ်မှာအိပ်ရမလဲဆိုပြီး အားလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးဒီအတိုင်းဆက်ထိုင်နေကြရတယ်။မြစ်မခသတင်းအေဂျင်စီကသီဟလွင်က အသက်အငယ်ဆုံး အိပ်ရေးအမက်ဆုံး ကျွန်းကလေးတာဆုံမှာတည်းခိုခန်းတခုရှိတယ်ကြားလို့သွားမေးတော့လူပြည့်နေပြီဆိုတော့အားလုံးစိတ်ဓါတ်ကျခေါင်းငိုက်စိုက်ချလျက် လက်ဖက်ရည်ဆိုင်သို့ပြန်အလာအဝေးပြေးကားများရပ်တဲ့ဇရပ်တခုကိုတွေ့တော့သီဟလွင်က ဒီဇရပ်မှာဘဲအိပ်မယ် လုပ်ပါလေရော ကျွန်တော့်မှာမနည်းတားလိုက်ရတယ် မလုပ်ပါနဲ့ကွာ ငါတို့မှာ ကင်မရာတွေရောလက်ပ်တော့တွေရော တော်ကြာပင်ပန်းပြီးအားလုံးအိပ်ပျော်သွားတဲ့အချိန် တယောက်ယောက်လာပြီးယူသွားရင်ဘာမှလုပ်လို့မရတော့ဘူးပြောခါမှမအိပ်ဖြစ်တော့ပါ၊The Lady news Journalရဲ့ သတင်းထောက်ကြီးမောင်မဲ(ပြည်)ရဲ့ ကောင်းမှုနဲ့ ကျွန်းကလေးတာဆုံမှာရှိတဲ့ နောက်ထပ်
တည်းခိုခန်းတခုကအခန်းနှစ်ခန်းမှာသတင်းထောက်(၆)ယောက် ဖြစ်သလိုအိပ်စက်ခဲ့ရတယ်။မနက်မိုးသောက်အလင်းရောက်ချိန်ဝယ်လက်ပံတန်းမြို့ သို့ ၂မိုင်အကွာဟုဆိုသောဆိုင်းဘုတ်အား မြင်ရသည်နှင့်တပြိုင်နက် လက်ပံတန်းမြို့တွင်းသို့ တတ်ကြွသောခြေလှမ်းများဖြင့်ခရီးဆက်ခဲ့ကြပါတယ်။
ဒုတိယပိုင်း (ဇာတ်သိမ်း)မျှော်
ညမိုး(ပြည်)
The Voice Daily
09252102982
တင်ဆက်....ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page