Monday, March 2, 2015

ခရီးလမ်းချောမွေ့ ရေးသည် အဓိကတာဝန်

Leave a Comment


ခရီးလမ်းချောမွေ့ ရေးသည် အဓိကတာဝန်
##############################

နေ့ စွဲ။ ။၃.၃.၂၀၁၅

ယနေ့ ရခိုင်ရိုးမကတ္တရာလမ်းမကြီးသည် အထူးကောင်းမွန် ချောမွေ့ ပြီးရန်ကုန်မှလေအိပ်ကားဖြင့် ညနေ (၂:၃၀)မှစတင်ထွက်ခွာ၍တောင်ကုတ် မြို့ သို့ ည (၂:၀၀)တွင်ဘေးအန္တရာယ်ကင်းရှင်းစွာရောက်ရှိနေပြီးဖြစ်ပါ သည်။

ယခင်ကရန်ကုန်မှလေအိတ်ဂျပန်ကားဖြင့်(၁၅)နာရီမောင်းနှင်ရသောခရီးကြမ်းကို ယခုအခါတွင်(၁၁:၃၀)ခန့် ဖြင့်မောင်းနှင်၍အချိန်(၃:၃၀)စော၍ရောက်ရှိနေပြီးဖြစ်ပါသည်။ခရီးသွားပြည်သူများအဖို့မိမိတို့၏မိသားစုများဖြင့်စော၍တွေ့ ရှိရခြင်း၊ ရုံးဝန်ထမ်းများအနေဖြင့်လုပ်ငန်းခွင်ရုံးချိန်အတွင်းစောလျင်စွာဆောင်ရွက်နိုင်ခြင်း၊ ကုန်သည်များအတွက်ဈေးဆိုင်များမဖွင့်ခင်ရောက်ရှိနေခြင်း ၊အရေးပေါ်ဆေးကုသရန်ရခိုင်မှ-ပြည် - ရန်ကုန်သို့ သွားသူများအသက်ကိုအချိန်မှီကယ်ဆယ်နိုင်ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မာန်အောင်ကျွန်းပေါက်ဖွားနေလသစ္စာ(Company)တွင်လေးနှစ်တာကာလတာဝန်ထမ်း ဆောင်နေသောAE နှင့်တွေ့ ဆုံရာတွင် ၄င်းတာဝန်မယူခင်ကာလ နေပူတောင်ခရီးလမ်းတွင် (၃)ပေအနက် (၂)ပေအနက်ချိုင့်ခွက်ကြီးများအများကြီှးရှိပြီးလိုရာခရီးမပေါက်ရောက်ဘဲကားများခရီးသည်များအသက်ဆုံး ရှုံးပျက်စီးခဲ့ရပါသည်။

ယခုအခါလမ်းဘေးဝဲယာတဖက်တချက် ၌တောရှင်းခြင်း၊ ချုံကွယ် မျက်ကွယ်များအားရှင်းလင်းထားခြင်းတောင်ကွေ့ များအားအမြင်ရှင်းလင်းအောင် (Back –Hoe) ဖြင့်ဖြတ်ထားခြင်းကွန်ကရစ် (Guard-Post) တိုင် များ၊ ကတ္တရာခွံ(Guard-Post)တိုင်များအစီအရီစိုက်ထူပေးခြင်း၊ ကျောက်ကြီးစီမြေကားများစနစ်တကျပြုလုပ် ထားရှိခြင်းသစ်သားမျောတိုင်ဖြင့်မြေကာများ ပြုလုပ်ထားရှိခြင်း၊ လမ်းညွှန်အမှတ်အသားများ၊သတိပေးဆိုင်း ဘုတ်များစိုက်ထူထားရှိခြင်းရေမြောင်းများစနစ်တကျပြုလုပ်ထားရှိခြင်း၊ ဆယ်ဘီးကားကြီးများရှောင်တိမ်းနိုင် ရန်အတွက်လမ်းချဲ့ ထားခြင်းကြောင့် ခရီးလမ်းချောမွေ့ စွာ အန္တရာယ်ကင်းစွာသာယာငြိမ့်ညောင်းစွာခရီးရောက်မှန်းမသိအိစက်ညက်ညောစွာဖြင့် ယခုအခါရောက်ရှိနိုင်ပြီဖြစ်ပါသည်။

သို့ပါ၍ယခုလို (Holiday) နွေရာသီတွင် ရခိုင်ရိုးမ၏ အလှအပများကိုခံစားရင်းငပလီသို့ အပန်းဖြေရန်သော် လည်းကောင်းမြောက်ဦး ၊ကျောက်တော်၊ရသေ့တောင်သို့ ဘုရားဖူးရန်သော်လည်းကောင်းမာန်အောင်ကျွန်းသူ ကျွန်းသားများရဲ့ ဖော်ရွေဆက်ဆံမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ကျွန်းပတ်လမ်းတွင် ကားဖြင့်သွား၍ သာယာမိန်းမော သောရှုခင်းအလှအပများအားဇိမ်ခံကြည့်ရှုရင်းလှချင်တိုင်းလှနေသောမိန်းမလှကျွန်းအားအလည်တခေါက် လာရောက် လည်ပတ်စေချင်ပါကြောင်းရခိုင်ပြည်နယ်မှ ဖိတ်ခေါ်လိုက်ရပါသည်။

ရခိုင်ပြည်နယ်သား 0931551175

တင်ဆက်- ပြည်သတင်းလူငယ် (ပြည်သတင်း) 09253311019


0 comments:

Post a Comment

Facebook Like Page