Wednesday, March 4, 2015

လက်ပံတန်းမြို့မှ ပြည်သတင်းလူငယ်(ပြည်သ တင်း) တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။ 09253311019

Leave a Comment


ယခု နေ့လည် ၁း၄၇ မိနစ်ချိန်ခန့်မှာ ပိတ်ဆို့ခံ ဒီမိုကရေစီ
ပညာရေးပင်မ သပိတ်စစ်ကြောင်းအနီးနားဝန်းကျင်သို့
သံဆူးကြိုးများ တားဆီးရေးသံဆူးကြိုးများထပ်မံတိုး
ချဲ့ရောက်ရှိလာပါတယ် ယခုအခြေအနေက ဒေသခံပြည်
သူများ သပိတ်မှောက်ကျောင်းသား ကျောင်းသူများ
နှင့် ရဲတပ်ဖွဲ့တို့အကြားတည်ငြိမ်လျှက်ရှိနေပါတယ်...
သပိတ်မှောက် အစာငတ်ခံကျောင်းသား ကျောင်းသူများ
ထံသို့ ကျွန်းကလေးမြို့
အရှေ့ဘက်ကမ်း အိုးဖိုတန်းကျေးရွာမှ ရေအိုးများရွက်လာသော ပြည်သူများ
ရေလှူဒါန်းမူ့များ ထောက်ခံအားပေးမူ့များကို ယခု ၁း၅၄ မိနစ်
ခန့်တွင် လာရောက်လှူဒါန်းမူ့များရှိနေပါတယ်ခင်ဗျာ.....
လက်ပံတန်းမြို့မှ တိုက်ရိုက်တင်ဆက်ရေးသားပေးနေပါတယ်
ပြည်သတင်းလူငယ် (ပြည်သတင်း)
09253311019

ယနေ့ ၁၂း၄၅ မိနစ်ခန့် တွင်ပိတ်ဆို့ခြင်းခံနေရသော အစာငတ်
ခံဆန္ဒထုတ်ဖော် ဒီမိုကရေစီ ပညာရေးပင်မ သပိတ်စစ်ကြောင်း
အား ထောက်ခံသည့် လက်ပံတန်းဒေသခံတချို့မှ ၀ိုင်းဝန်း
ထောက်ခံမူ့များ ပြုလုပ်ခဲ့ရာ တာဝန်ရှိ ရဲများမှလာရောက်
တားဆီးပိတ်ပင်မူ့များကို ၁၀မိနစ် ဒေသခံထောက်ခံသူများ
နှင့် ရဲတပ်ဖွဲ့ကြား ညှိနိုင်းဖြေရှင်းမူ့များပြုလုပ်ခဲ့ပါတယ် ဒေ
သခံ ထောက်ခံသူပြည်သူတချို့မှာ ယခုဆက်လက်၍
ဒီမိုကရေစီ ပညာရေးပင်မသပိတ်စစ်ကြောင်း တောင်းဆို
ထားသော အချက်(၈)ချက်အား အပြည့်အ၀ထောက်ခံပါ
၏ ဟူသောစာသားပါ ဗီနိုင်းကိုကိုင်ဆောင် ထောက်ခံ
လျှက်ရှိရာ ဒေသခံပြည်သူ (၁၀၀)ခန့်ပါဝင်ဆင်နွဲလျှက်
ရှိရာ သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူ
များမှလည်း ယခုလိုဒေသခံတွေ ထောက်ခံမူ့ ရရှိတဲ့
အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ကျန်ပြည်သူ
များ၏အားပေးဝန်းရံထောက်ခံမူ့များလည်း လိုအပ်ပါ
ကြောင်း အပိတ်မိခံ နေရာမှ စပီကာများဖြင့် ပြောကြား
ခဲ့ပါတယ်။
လက်ပံတန်းမြို့မှ ပြည်သတင်းလူငယ်(ပြည်သ
တင်း) တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
09253311019

လက်ရှိကျောင်းသားများအား ကြေငြာချက်များထုတ်ပြန်
လျှက်ရှိရာ တစ်ဘက် ကျောင်းသားများမှာလည်း သပိတ်မှောက်
သီချင်းများ ကြွေးကြော်သံများဖြင့်အလှန်အလန် တုန့်ပြန်
လျှက်ရှိနေပါတယ် သတင်းထောက်အချို့မှာလည်း မီဒီ
ယာကဒ်များချိတ်ဆွဲပြီး ၀င်ခွင့်တောင်းပါသော်လည်း
တချို့သောသတင်းမီဒီယာတချို့မှာ ဌာနဆိုင်ရာအကြီး
အကဲများဖြင့်အပြန်အလည်ငြင်းခုန်ခဲ့ရပြီးတချို့သော မီဒီ
ယာများ ကျောင်းသားများရှိရာသို့ မရောက်ရှိခဲ့ပေ။
မနေ့က ညနေ ၆နာရီခန့် ပြည်မြို့မှ လက်ပံတန်း မှာ
ရောက်ရှိနေခဲ့သော ဒီမိုကရေစီ ပညာရေးပင်မသပိတ်စစ်
ကြောင်း ရှိရာသို့ ၀န်းရံလိုသောအနေဖြင့် နိုင်ငံရေး
တက်ကြွလူပ်ရှားသူများနှင့် ကျောင်းသားလူငယ်
တချို့အား မင်းလှ တာဆုံ ကောင်းကြိုက်ထမင်း
ဆိုင်အနီးမှာ ညက တစ်ညလုံး ထိုင်သပိတ်ဆန္ဒ
ပြခဲ့ကြပါတယ် အဆိုပါကြမှာပဲ ပြည်မြို့မှ ထွက်ခွာလာ
သော သတင်းထောက်(၅)ဦးစီးလာသော ကားကိုပါ
တားဆီးပိတ်ပင်မူများလည်းရှိနေခဲ့ပါသေးတယ်
အဆိုပါတားဆီးပိတ်ပင်မူများကျော်ဖြတ်ပြီးနောက်မှာ
လက်ပံတန်းမြို့သို့ရောက်ရှိခဲ့ရာမှာ ပြည်မြို့မှ သတင်း
မီဒီယာအချို့ ၀င်ခွင့်မရလျှက်ရှိကြောင်းသိရပါတယ်...
လက်ပံတန်းမြို့ မှ ပြည်သတင်းလူငယ်(ပြည်သတင်း)
တိုက်ရိုက် ရေးသားတင်ဆက်လျှက်ရှိပါတယ်..
09253311019

0 comments:

Post a Comment

Facebook Like Page