Tuesday, March 17, 2015

ပုတီးကုန်းမြို့ မရဲစခန်းတွင်အမှုဖွင့်ထားသော ရွှေထည်ပစ္စည်း(၁၈၁)သိန်းကျော်ဖိုးနှင့် ငွေးသားများဖောက်ထွင်းခိုးယူခံရ မှုတွင် အမှုမှန်မပေါ်ပေါက်ရေးအွန်လိုင်းမှ နှောင့်ယှက်ခံနေရဟုဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပုတီးကုန်းမြို့ မရဲစခန်းတွင်အမှုဖွင့်ထားသော ရွှေထည်ပစ္စည်း(၁၈၁)သိန်းကျော်ဖိုးနှင့်
ငွေးသားများဖောက်ထွင်းခိုးယူခံရ မှုတွင် အမှုမှန်မပေါ်ပေါက်ရေးအွန်လိုင်းမှ နှောင့်ယှက်
ခံနေရဟုဆို
 ပြည့်သဲမောင်(ပြည်)09 4236 71883
ြ
ပဲခူတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့ နယ်ပုတီးကုန်းမြို့ မရဲစခန်းအပိုင် လောင်ကြီးကျေးရွာအုပ်စု
လောင်းကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူဦးအောင်ကျော်ဦးနေအိမ်၌ ရွှေထည်ပစ္စည်းများနှင့် 
ငွေသားများ ဖောင်ထွင်းခံရမှု နှင့်ပတ်သက်၍ အမှူမှန်မပေါ်ပေါက်ရေး အွန်လိုင်းမှဝင်ရောက်နှောင့်
ယှက်နေသည်ဟု တရာလိုများကဆို၏။ 

“လက်ရှိဖောက်ထွင်းမှုကို ပုတီးကုန်းရဲစခန်းမှ စခန်းမှူးနယ်ထိန်းခေါင်းဆောင်နှင့်နယ်မြေခံ
နယ်ထိန်း ဒုတပ်ကြပ် အောင်မျိုးကျော်တို့ က စုံစမ်းစစ်ဆေးဆောင်ရွက်နေပါတယ်။ကျွန်တော်တို့  ကာယကံရှင်မိသားစုအကြား အထင်လွဲမှားမှုများ ဖြစ်အောင် နယ်မြေပိုင်ရဲစခန်း၏ စုံစမ်းစစ်ဆေး
ရာတွင်  အနှောက်ယှက်ဖြစ်အောင် ပြုလုပ်နေတယ်’’ ဟု တရားလိုဖြစ်သူ ဦးအောင်ကျော်ဦးက
ပြောသည်။ 

ရွှေထည်းပစ္စည်းများနှင့်  ငွေသားများပြောက်ဆုံးမှုအား(၂၂.၁၂.၁၀၁၄) ရက်နေ့ တွင်
 ဦးအောင်ကျော်ဦးမှ တရားလိုလုပ်၍ ပုတီး ကုန်းမြို့မရဲစခန်းသို့  အမှုဖွင့် တိုင်တန်းခဲ့ ပြီး 
ပုတီးကုန်မြို့ မ ရဲစခန်းမှ (ပ)၂၅၅/၂၀၁၄ ပုဒ်မ(၃၈၀)ဖြင့်  အမှုဖွင့် ထားပြီး အမှုအား 
စခန်းမှူး ရဲအုပ်သိန်းနိုင်က လက်ခံစစ်ဆေးနေကြောင်းသိရသည်။

ပုတီးကုန်းမြို့ မရဲစခန်းအား စုံစမ်းရာ “ကျွန်တော်တို့ အနေနဲ့ ကတော့  အမှုနဲ့ ပတ်သက်ပြီး
ရဲလုပ်ထုံးလုပ်နည်းအရ ရီမန်ယူပြီးအိမ်ဖော်အကူမိန်းကလေးကိုခေါ်ယူစစ်ဆေးပါတယ်။
 ခေါ်ယူစစ်ဆေးတဲ့ နေရာမှာလည်း အမှုနဲ့ ပတ်သက်ပြီး တစ်စုံတရာသဲလွန်စမရတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ် ။ ဒီအမှုကလည်းတရားလို တိုင်တန်းခဲ့  သလိုပဲ ရွှေထည်ပစ္စည်နဲ့ 
 ငွေသားများ အမှန်တကယ်ပြောက်ဆုံးနေတာကို စစ်ဆေးတွေ့ ရှိရပါတယ် ။ ကျွန်တော်တို့  ရဲတပ်ဖွဲ့ အနေနဲ့ ကတော့  အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်
ရွက်သွားမှာ ဖြစ်တယ် ’’ ဟုနယ်မြေခံ နယ်ထိန်းတပ်ဖွဲ့ ဝင်က ပြောသည်။ 

တရားလိုဖြစ်သူ ဦအောင်ကျော်ဦးက ကျွန်တော်တို့မှာ အမှန်တကယ်ပျောက်တာကို ပျောက်
တယ်လို့  ရဲစခန်းမှာ အမှုဖွင့် ပြီး တိုင်ထားတာပါ ။ တကယ်လို့ သာကျွန်တော်တို့ ဘက်က လီဆယ်ပြီးတိုင်ခဲ့ရင် ကျွန်တော်တို့ လည်း ဥပဒေကပေးတဲ့  အပြစ်ကို ခံရမှာပါ ။ပုတီးကုန်း
အသင်းရန်ကုန် (Group) မှ ကုမုဒြာ မုဒြာအကောင့် ပိုင်ရှင်ကအမှူမှန်မပေါ်ပေါက်ရေး
စုံစမ်းစစ်ဆေးမှုများနှင့် ပါတ်သက်၍ဖောက်ထွင်းမှုတွင်ကျူးလွန်သွားသောတရာခံများ
နှင့်ပတ်သက်နေသည်အလားလမ်းကြောင်းလွဲမှားအောင် အကြိမ်ကြိမ်ရေသားနှောက်
ယှက်မှုများ ကြုံတွေ့ နေရကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့ သည်။

သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page