Friday, January 16, 2015

ပြည် ဈေးကြီးသွားရင် ခါးပိုက်နှိုက်သတိထားဆိုပြီး နာမည်ကြီးနေတဲ့အတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့လို့ ခါးပိုက်နှိုက်ထပ်မံမိဟုဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment


ပြည် ဈေးကြီးသွားရင် ခါးပိုက်နှိုက်သတိထားဆိုပြီး နာမည်ကြီးနေတဲ့အတွက်
ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့လို့ ခါးပိုက်နှိုက်ထပ်မံမိဟုဆို

ပြည့်သဲမောင်(ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မဈေးကြီး၊ (၃)ရုံ (၄)ရုံကြား
 အထည်တန်းတွင် ဇန်န၀ါရီလ (၁၆)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်ခန့်က
 ဈေးဝယ်လာသူ  မူလတန်းပြဆရာမ တစ်ဦး ခါးပိုက်နှိုက်ခံရကြောင်း သိရသည်။ 

" ကျွန်မကကျောင်းအတွက်  (၃)ရုံ (၄)ရုံကြားက အထည်ဆိုင်မှာအထည်ရွေးနေ
တုန်း ကျွန်မလွယ် ထားတဲ့ဟန်းဘက်အိတ် ပေါ့သွားလို့သတိထားမိတဲ့အခါ
ဟမ်းဘတ်အိတ်ထဲတွင် ထည့်ထားတဲ့ ပိုက်ဆံအိတ်ငယ် မရှိတော့တာသိရတယ်"
 ဟု ပိုက်ဆံအနှိုက်ခံရသူ မူလတန်းပြဆရာမ ဒေါ်ဆွေဆွေကပြောသည်။
ထိုသို့ပိုက်ဆံအိတ်အနှိုက်ခံရသဖြင့် ဈေးကြီးဈေးတာဝန်ခံရုံးသို့ သွားရောက်
တိုင်ကြားရန် အထည် ဆိုင်မှအကြံပေးသဖြင့် ဈေးကြီးတာဝန်ခံရုံးသို့ သွားရောက်
တိုင်ကြားရာ ဈေးကြီးတာဝန်ခံရုံးမှ ဈေးတာဝန်ခံ ဦးစိုးနိုင်ဝင်းနှင့် ဈေးအရာရှိ
 ဒုဦးစီး ဦးဖြိုးဝေအောင်၊ ဈေးကြီးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ က ခါးပိုက်နှိုက်သွား
သူကို လိုက်လံရှာဖွေဖမ်းဆီးပေးခဲ့သဖြင့် ခါးပိုက်နှိုက်ခံရသောငွေ (၁၀၈၄၄၀)
 ကို  ချက်ချင်း ပြန်လည်ရရှိခဲ့ကြောင်း ၄င်းကဆက်လက်ပြောခဲ့သည်။

ရဲကင်းတာဝန်ကျ ရဲတပ်သားအောင်ဇော်မင်းက ခါးပိုက်နှိုက်ခံရသူ လာရောက်
အကြောင်းကြား သည့်အချိန်တွင် ခါးပိုက်နှိုက်သွားသူ သွားလာတတ်သည့် ဘုရား၊
 ကားဂိတ်များကို သွားရောက် ရှာဖွေရာ ရွှေဘုန်းပွင့်ဘုရားပေါ်တွင်  ခါးပိုက်နှိုက်
သွားသူ မိန်းကလေးအား ပိုက်ဆံများရေတွက်နေ သည်ကို တွေ့ရသည့်အတွက်
မေးမြန်းပြီးဈေးကြီးတာဝန်ခံရုံးသို့ ခေါ်ဆောင်ကာထပ်မံစစ်ဆေး၍ ပေါ်ပေါက်
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်မြို့မဈေးတာဝန်ခံက " ပြည်ဈေးကြီးကိုသွားရင် ခါးပိုက်နှိုက်သတိထားဆိုပြီး
နာမည်ကြီးနေတဲ့အတွက် ကျွန်တော်တို့ဈေးတာဝန်ခံရုံးအဖွဲ့နှင့် ဈေးမိဈေးဖများ ရဲကင်းတာဝန်ကျရဲဝန်ထမ်းများနှင့် ပေါင်းပြီးကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေတဲ့
အတွက် အခုဆိုရင် ခါးပိုက်နှိုက်သူ ငါးဦး၊ ခြောက်ဦး လောက်ဖမ်းမိအရေးယူနိုင်ခဲ့
ပါပြီ။ဒါကြောင့် ပြည်သူလူထုကလည်း မိမိတို့တွင်ပါလာသော ငွေ၊လက်ဝတ်ရတနာ
များကိုသတိထားဂရုစိုက်ကြပါလို့ပြောချင်ပါတယ်"ဟု ဈေးတာဝန်ခံ ဦးစိုးနိုင်ဝင်း
ကပြောသည်။

ထို့ကြောင့် ခါးပိုက်နှိုက်သူ မသဲစုမြိုင် (၂၂)နှစ်၊ တောင်မင်းတဲရပ်ကွက်၊ သရက်မြို့နေသူ
အား အရေး ယူပေးပါရန် ဒေါ်ဆွေဆွေထွန်း မူလတန်းပြဆရာမ အမှတ် (၁)ရပ်ကွက်၊
 မိုးကောင်းကွက်သစ်၊ သဲကုန်းမြို့နေသူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပြည်(၁)ရဲစခန်း (ပ) ၁၁/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၉ (နှိုက်) ဖြင့် ဒုရဲအုပ်ခင်ဝင်းထွန်းက လက်ခံစစ်ဆေးလျှက်ရှိကြောင်း
 သိရသည်။


သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင် (ပြည်) ၀၉ ၄၂၃၆ ၇၁၈၈၃






0 comments:

Post a Comment

Facebook Like Page