Tuesday, September 30, 2014

ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိုးပွင့်အဆင့်(၆)နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက် ပြည့်သဲမောင်(ပြည်)

Leave a Comment




ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ
မိုးပွင့်အဆင့်(၆)နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာနမှပြည်မြို့နယ်လွှစင်အုပ်စု အရှေ့ပုပ္ပါးရွာ ၊ဆီဆုံကုန်း ၊
န၀င်ကွက်သစ် ၊အေးမြသာယာ ၊အင်တောသာလယ်ဘဲ ၊လက်ပံလျို ၊လွှစင် ၊
သပြေခုံ စသည့် ကျေးရွာများသို့စက်တင်ဘာ(၂၅)ရက်နှင့်(၂၆)ရက်နေ့များ
တွင်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကျကြောင်း
သိရသည်။

ပြည်မြို့နယ် လ၀ကဦးစီးမှူးဦးဇော်ဇော်ဦး ၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးအေးစိုး
၊ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးကြည်စိုး ၊လ၀က ၀န်ထမ်းများဖြစ်ကျသော
ဒေါ်မော်လွင်ဦး ၊ဒေါ်ဥမ္မာလွင်၊ဦးရန်နိုင်အေး ၊ဦးဇင်မင်းထွန်း တို့မှဆောင်
ရွက်ပေးခဲ့ကျပြီး အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြာများကွင်းဆင်းဆောင်ရွက်
ပေးရာသို့ခရိုင်လ၀က ဦးစီးမှူးဦးကျော်မော်ထွန်း မှလိုက်လံကြည့်ရှု့စစ်ဆေး
ခဲ့သည်။

ထိုသို့မိုးပွင့်(၁)မှမိုးပွင့်(၆)အတွင်း ပြည်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့
အင်အားဝန်ကြီးဌာနကရုံးတွင်းနိုင်ငံရေးစိစစ်ရေးကတ်ပြား(၁၅၉၆)ဦး ကွင်းဆင်း
ဆောင်ရွက်ပေးသည့် နိုင်ငံရေးစိစစ်ရေးကတ်ပြား(၂၇၅၉)ဦးဆောင်ရွက်ပေးနိုင်ခဲ့
ပြီးစုစုပေါင်း(၉၁၃၈)ဦးအားနိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနိုင်ခဲ့ပါ
သည်။ဆက်လက်၍အောက်တိုဘာပထမအပတ် (၁၁)လပိုင်းတွင်ဝက်ထီးကန်တိုက်
နယ် ကျောသာအုပ်စု ကောက်ပုံကွင်းရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ လ၀ကရုံး
Read More...

Monday, September 29, 2014

“နှစ်(၅၀)ပြည့် ရွှေရတု ရဲတပ်ဖွဲ့နေ့အားသွေးလှူကာ ကြိုဆိုဂုဏ်ပြု “ မှုခင်းသတင်းထောက် - ပိုင်ထူး (ပြည်)

Leave a Comment



“နှစ်(၅၀)ပြည့် ရွှေရတု ရဲတပ်ဖွဲ့နေ့အားသွေးလှူကာ ကြိုဆိုဂုဏ်ပြု “
 မှုခင်းသတင်းထောက် - ပိုင်ထူး (ပြည်)
 ၂၀၁၄ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့
နှစ်(၅၀)ပြည့် ရွှေရတု နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်
ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သက်ခိုင် ဦးစီးသော ပြည်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊
ပြည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းများမှ တပ်ဖွဲ့ဝင်များ၊ ရဲအရာရှိ အရာခံ၊
အကြပ်တပ်သားများ စုစုပေါင်း (၇၁)ဦးတို့သည် ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ သွေး

လှူဘဏ်သို့ သွေးလှူဒါန်းကာ ကုသိုလ်ယူခဲ့ကြကြောင်းသိရသည်။
တကယ့်ဖြစ်ရပ်   မှုခင်းသတင်းထောက် - ပိုင်ထူး (ပြည်)

Read More...

“ပေါင်းတလည်မြို့၊ ကုန်းတန်းကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ၀ါကျွတ် သံဃာပ၀ါရဏာပွဲကျင်းပပြုလုပ်မည် “ပြည့်သဲမောင် (ပြည်)

Leave a Comment


“ပေါင်းတလည်မြို့၊ ကုန်းတန်းကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော
ဝါကျွတ် သံဃာပ၀ါရဏာပွဲကျင်းပပြုလုပ်မည် “

ပြည့်သဲမောင် (ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ကုန်းတန်းကျောင်းတိုက်
တွင်သက်တော်ရှည် ပဲခူးတိုင်းအနောက်ခြမ်း တိုင်းသြ၀ါဒစရိယဆရာတော်ကြီး 
ဘဒ္ဒန္တတိက္ခ သက်တော်(၉၆)နှစ်၊ ၀ါတော်(၇၆)၀ါရှိ ဆရာတော်ကြီး၏ အစဉ်အ
လာမပျက်(၁၀)နှစ်ကျော်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့သော ၀ါကျွတ် သံဃာပ၀ါ
ရဏာပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပေါင်းတလည်မြို့ရှိ သံဃာတော်များနှင့် ခွေးရဲရွာမအုပ်စု ဗြူးကုန်းအုပ်စုမှ သံ
ဃာတော်အပါး(၅၀)အား နှစ်စဉ်ကျင်းပပြုလုပ်သည့်အတိုင်း သီတင်းကျွတ်လ
ပြည့်နေ့(၈.၁၀.၂၀၁၄)ရက်နေ့တွင် သံဃာပ၀ါရဏာပွဲအား စဉ်ကားသိုက်မြိုက်
စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် ပေါင်းတလည်မြို့သူ မြို့သားများနှင့်ရပ်ဝေး
ရပ်နီးမှ အလှူရှင်များအားနိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်းကုန်းတန်း
ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ သိရပါသည်။

သတင်းနှင့်ဓါတ်ပုံ - ပြည့်သဲမောင် (ပြည်)



Read More...

ဖိုးသူတော်ဦးရွှေဝနှင့် လိုချင်လျှင်အနီးကလေး(ဇာတ်သိမ်း).....ခန့်ကျော်စွာ

Leave a Comment

ဖိုးသူတော်ဦးရွှေဝနှင့် လိုချင်လျှင်အနီးကလေး(ဇာတ်သိမ်း)
****************************************

ခန့်ကျော်စွာ


" အလွယ်ကူဆုံးနည်းလမ်းတွေရှိတာပေါ့ . .. လွယ်လွန်းလို့ ကိုယ့်လူဘက်က အထင်မသေးဖို့ဘဲ လိုပါလိ့မ်မယ်။  ပြီးတော့ ရိုးအီငြီးငွေ့မသွားဖို့ကတော့  ကိုယ်တိုင်ကြိုးစားရမှာပေါ့  ဗေဒင်ဆရာရဲ့ ဘယ်လိုမျိုး သဘောထားပြီး ကြိုးစား လေ့ကျင့်ရမလဲဆိုတော့ ထမင်းကို မရိုးနိုင်မအီနိုင် နေ့စဉ်ပုံမှန်စားနေရသလို စိတ်တန်ခိုးလေ့ကျင့်ခန်းကိုလည်း ပုံမှန်လေး လုပ်သွားရမှာ . . . ပြီးတော့ ထမင်းစားသလို တစ်နေ့တည်းတစ်နပ်တည်းနဲ့ တစ်နှစ်စာ တစ်သက်စာ စားမရသလိုပဲ . . . စိတ်တန်ခိုးလေ့ကျင့်ခန်းကိုလည်း လောဘမကြီးဘဲ မှန်မှန်လေးလုပ်ရမယ် . . အဲဒီတော့
နံပါတ် (၁) အချက်အနေနဲ့ ကျုပ်ပြောပြတဲ့ စိတ်တန်ခိုးကျင့်စဉ်ကို ကိုယ့်လူယုံကြည်ရမယ်။ လွယ်တယ်ဆိုပြီး အထင်မသေးရ ဘူး။
နံပါတ် (၂) အချက်အနေနဲ့ နေ့စဉ်ပုံမှန် လမ်းညွှန်ချက်အတိုင်း လေ့ကျင့်ရမယ်။ လောဘကြီးပြီး တောက်လျှောက် ဆက်တိုက်ကြီး အချိန်ပြည့်လုပ်လို့မရဘူး။ပုံမှန်လေးပဲ လုပ်သွားရမယ်။
နံပါတ် (၃) အချက်ကတော့ မယုံကြည်ရင် စိတ်မ၀င်စားရင် လုံးလုံးမလုပ်ပါနဲ့။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ တကယ်လေးလေးနက်နက် ယုံကြည်မှလုပ်ပါ။
ကဲဘယ်လိုလဲ ကိုယ့်လူ အဲဒီအချက်တွေ လိုက်နာမယ်ဆိုရင် . .  ကျုပ် " အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး စိတ်တန်ခိုးလေ့ကျင့်နည်း ပြောပြမယ်။  ဟုပြောလိုက်သောအခါ ကျွန်ုပ်က
စိတ်တန်ခိုးတို့ စွမ်းရည်တို့ကို ကျွန်တော်ယုံကြည်ပါတယ် . . .  ကျွန်တော်စိတ်တန်ခိုးကျင့်စဉ်တစ်ခုကို အမှန်တကယ်
ကျင့်လိုပါတယ်။ စကားပြောလောသွားလို့ လွယ်ကူတဲ့ကျင့်စဉ်လို့ ပြောလိုက်မိတာပါ။ အမှန်က ရိုးရှင်းတဲ့စိတ်တန်ခိုး ကျင့်စဉ်
ကို လမ်းညွှန်ပေးဖို့ တောင်းဆိုမိတာပါ . . . " ဟုပြောလိုက်ရလေတော့၏။
ထိုအခါ ဖိုးသူတော်ကြီးက ကျွန်ုပ်တို့အနီးသို့ တိုးဝှေ့တိုက်ခတ်သွားသော ဆောင်းရနံ့တို့ပျော်ဝင်နေသည့်  ညဦး
လေပြည်လေညှင်းတို့ကို တ၀ကြီးရှုရှိုက်လိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် ထွက်သက်လေကို မှုတ်ထုတ်လိုက်ရင်း  -
" ကျုပ်တို့အားလုံး အသက်ရှင်ဖို့ အသက်ရှုနေရတယ်ဆိုတာ ကိုယ့်လူလက်ခံပြီးသား နည်းလည်ပြီးသားကိစ္စပါ။ လူ တစ်ယောက်အတွက် အသက်ရှင်ဖို့ဆိုတာ နံပါတ်တစ်အရေးကြီးဆုံးကိစ္စပေါ့ . . . ။ ဘယ်လောက်တတ်ကျွမ်းတဲ့ ပညာရှင်ကြီး ဖြစ်ပါစေ . . . ဘယ်လောက်ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးဖြစ်ပါစေ  . . . အသက်ရှင်နေတုန်းပဲ  ပညာတွေ ချမ်းသာကြွယ်ဝ တာတွေ ပိုင်ဆိုင်နိုင်တာလေ သေပြီဆိုတာနဲ့ ဇာတ်လမ်းက ပြီးသွားပြီလေ . . . ဒါကြောင့် ' အသက်ရှင်ခြင်း' ဆိုတာ ရှင်ဘုရင် ကနေ နောက်ဆုံးသူတောင်းစားအထိ မက်မောရတဲ့ အရာပေါ့ကိုယ့်လူရဲ့ . . . ။
အဓိကကျုပ်ပြောချင်တာက ' အသက်ရှင်ခြင်း ' ဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံးကိစ္စ ဖြစ်တယ်ဆိုတာ ပြောချင်တာ။
အဲဒီတော့ အသက်ရှင်ဖို့အတွက် ကျုပ်တို့အားလုံး အသက်ရှုရတယ်လေ အသက်ရှုရတယ်။ ဟု လူတိုင်းလုပ်ဆောင် နေရသော အသက်ရှုခြင်းကိစ္စကို အကျယ်ချဲ့၍ပြောနေလေ၏။ ကျွန်ုပ်က ဦးခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်းဖြင့် ဖိုးသူတော်ကြီး ဆက်ပြောလာမည့် စကားကိုသာ စောင့်မျှော်နေမိ၏။
အသက်ရှင်ဖို့ အသက်ရှုတယ်ဆိုတာ ကျုပ်တို့အနီးပတ်ဝန်းကျင်မှာရှိတဲ့ လေထုကိုရှုလိုက်တာနော်။ အဲဒီတော့ ကျုပ်တို့ပတ်ဝန်းကျင်က လေထုထဲမှာ ကျုပ်တို့ရှင်သန်ဖို့ အသက်ဓါတ်တွေ ပျော်ဝင်နေတယ်။ ရှိနေတယ်ပေါ့ ဟုတ်လား သိပ္ပံ ပညာရှင်တွေကတော့ အောက်ဆီဂျင် ဓါတ်ငွေ့လေထဲမှာ ရှိနေတယ်လို့ ပြောကြာတာပေါ့။
အဓိကပြောချင်တာက ကျုပ်တို့အနီးမှာရှိတဲ့ မမြင်ရတဲ့ လေထုထဲမှာ ကျုပ်တို့အတွက် အဖိုးထိုက်တန်ဆုံး  ဖြစ်တဲ့ အသက်ဓါတ်တွေ ရှိနေတယ်ဆိုတာ ပြောချင်တာ . . . ။
ပြီးတော့ အဲဒီလေထုထဲမှာ ကျုပ်တို့အနီးမှာ အသက်ဓါတ်တင်ရှိတာလား ဆိုတော့ . . . မဟုတ်ဘူး ကိုယ့်လူရေ အရာ များစွာ ဓါတ်များစွာရှိနေတာ . . . ။
အနီးစပ်ဆုံး နားလည်နိုင်အောင် သက်သေသာဓကပြပါဆိုရင် ရေဒီယို၊ ရုပ်မြင်သံကြားတွေ အင်တာနက်တွေ လက်ကိုင်ဖုန်းတွေက အဲဒီလေထုထဲက ဖမ်းယူပြီးနာထောင်ရ ကြည့်ရတာမဟုတ်လား . . . ။ ဟု  ဖိုးသူတော်ကြီးရှည်လျာစွာ ပြောလိုက်ပြီးသောအခါ ကျွန်ုပ်က -
" ဟုတ်တယ် ဦးသူတော်ရဲ့ လေးလေးနက်နက် တွေးမယ် စဉ်းစားမယ်ဆိုရင် ဦးသူတော်ပြောတာ ကျွန်တော်လက်ခံ တယ် . . . " ဟု ထောက်ခံစကားဆိုလိုက်သဖြင့် ဖိုးသူတော်ကြီးက ဆက်လက်၍ -
" အဲဒီလို ကျုပ်တို့အနီးက လေထုထဲကနေ အဖိုးတန်တဲ့ အသက်ဓါတ်တွေ ဖမ်းယူရသလို . . .  ရုပ်မြင်သံကြားတွေ ဖမ်းယူရသလို အဖိုးထိုက်တန်တဲ့ စိတ်တန်ခိုးသဒ္ဓိတွေ စွမ်းရည်တွေကို ဖမ်းယူလို့ရတယ် . . . ကိုယ့်လူရဲ့ . . . ။  နည်းကလေး သိဖိုပဲလိုပါတယ် . . . ။ ထို့ကြောင့် ကျွန်ုပ်က
" ဟုတ်ပါပြီ ဦးသူတော် . . . ကျွန်တော်သဘောပေါက်ပါပြီ အဲဒီသိဒ္ဓိတွေ စွမ်းရည်တွေကို ဘယ်လိုဖမ်းယူရမလဲ ဆိုတာ ရှင်းပြပါဦး . . . " ဟု တောင်းဆိုလိုက်ရ၏။
" လွယ်ပါတယ် ကိုယ့်လူရဲ့ လွယ်ပါတယ် . . .။ အဲဒါကြောင့် ကျုပ်ပြောခဲ့တယ်မဟုတ်လား . . . လွယ်တယ်ဆိုပြီး အထင်မသေးပါနဲ့လို့ ဒီလိုဗျ . . . ။
ကျုပ်တို့အသက်ရှုနေတာ အသက်ရှင်ဖို့အတွက်ပဲ ရှုနေတာမဟုတ်လား။ အဲဒါလေးကို နည်းနည်းထပ်ဖြည့်ပြီး တန်ခိုးသဒ္ဓိစွမ်းရည်တွေပါရဖို့ အသက်ရှုရမယ် . . . " ဟု ဖိုးသူတော်ကြီးကပြောသဖြင့် ကျွန်ုပ်လည်းစိတ်ဝင်စားစွာဖြင့် အာရုံ စိုက်၍ နားထောင်နေမိ၏။
" အသက်ရှုတဲ့အခါမှာ ရိုးရိုးအသက်ရှင်ဖို့လောက် အသက်ရှုတာမဟုတ်ဘဲ စကြ၀ဠာလောကဓါတ်ကြီးထဲက ကောင်းမြတ်တဲ့ တန်ခိုးသိဒ္ဓိစွမ်းရည်တွေပါ  ကိုယ့်ခန္ဓာကိုယ်ထဲကို ရှုသွင်းတယ်လို့ အာရုံပြုပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်ရ မှာ ကိုယ့်လူရေ . . . ။
ဘယ်လိုအချိန် ဘယ်လိုနေရာ ဘယ်လိုပုံစံနဲ့ အဲဒီအသက်ရှုလေ့ကျင့်ခန်းကို လုပ်ရမှာလဲဆိုတော့ . . . အကောင်းဆုံး ကတော့ နံနက်စောစော အိပ်ယာထချိန် ကိုယ်လက်သန့်စင်ပြီး ဘာအစားအစာမှာ မစားရသေးခင်အချိန်မှာ လုပ်တာအ ကောင်းဆုံးပဲ အရုဏ်တက်ချိန်ဆို ပိုကောင်းတာပေါ့ . . .။
အားစိုက်လုပ်ရမှာက သိပ်မခက်ပါဘူး အသက်ရှုတာပဲလုပ်ရမှာ လွယ်ပါတယ်  . . . ။
အသက်ရှုသွင်းတဲ့အခါမှာ လေတွေကို ကိုယ်တွင်းမှရှိတဲ့ အဆုတ်တွေထဲကို ပြည့်တင်းသွားအောင် ဖြည်းဖြည်းမှန်မှန် နဲ့ အားရပါးရ ရှုထည့်ရမယ်။ အသက်ရှုသွင်းနေတုန်းမှာ ဖြည်းဖြည်းညင်သာစွာနဲ့ ရှုသွင်းရင်စကြာဝဠာလောကဓါတ်ကြီးထဲက  ဥာဏ်ပညာတွေ ဘုန်းတန်ခိုးတွေ စွမ်းရည်သိဒ္ဓိတွေ ၀ိဇ္ဇာဓါတ်တွေ ချမ်းသာကြွယ်ဝမှုဓါတ်တွေ အေးချမ်းသာယာမှုဓါတ်တွေ ရှုသွင်းနေတဲ့လေ့တွေနဲ့အတူ ပါလာတယ်လို့  အာရုံပြုရမယ် . . .
အဲဒီလို အာရုံပြုပြီး အားရပါးရ ၀မ်းဗိုက်ကြီးပါဖောင်းကားသွားတဲ့အထိ အသက်ရှုပြီးတော့  ခေတ္တခဏလေး အသက်အောင့်ထားရမယ် . . . ။ အဲဒီလို . . . အသက်အောင့်ထားတဲ့အချိန်မှာ ကိုယ်အာရုံပြုထားတဲ့ စွမ်းရည်သိဒ္ဓိတွေက  ကိုယ့်ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပျံ့နေပြီလို့ ထပ်ပြီးအာရုံပြုရမယ် . . .။
ပြီးမှ . . .ထွက်သက်ကို ပြန်မှုတ်ထုတ်ပြီး ကိုယ့်ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဓါတ်တွေ ရောဂါဝေဒနာတွေ အညစ် အကြေးတွေက ထွက်သက်လေနဲ့အတူ ပါသွားပြီလို့ အာရုံပြုပြီး လေတွေကိုဖြည်းညင်းစွာ ပြန်ထုတ်ရမယ် . . . ရှင်းရဲ့လား မသိဘူး . . . " ဟု ဖိုးသူတော်ကြီးက စီကာပတ်ကုံး ရှည်လျားစွာ ရှင်းပြပြီးလျှင် မေးခွန်းထုတ်လိုက်သောကြောင့် ကျွန်ျုပ်က သွက်လက်စွာဖြင့်  -
" ရှင်းပါတယ် . . . ရှင်းပါတယ် . . . သဘောပေါက်ပါတယ် . . . ဦးသူတော်ကြီး ဒါနဲ့ တစ်နေ့ကို ဘယ်နှစ်ကြိမ်လုပ်ရမှာ လဲ . . . '' ဟု ကျွန်ုပ်က ဆက်၍မေးလိုက်သဖြင့် . . .
'' အကောင်းဆုံးကတော့ ကိုယ့်သက်စေ့ အကြိမ်ရေလောက် နေ့စဉ်နံနက်တိုင်း ပုံမှန်လုပ်သွားရင် လုံလောက်ပါတယ် … အသက်အောင့်ထားတဲ့ . . . အချိန်ကတော့ ကိုယ်နိုင်သလောက်လုပ်သွားပေါ့ . . . လေ့ကျင့်ပါသွားရင် . . . အချိန်ကြာကြာ အသက်အောင့်နိုင်လာပါလိမ့်မယ် . . .
အဲဒီလေ့ကျင့်ခန်းကို လုပ်တဲ့အခါ . . . မတ်တပ်စုံရပ်လို့ဖြစ်စေ . . . ကုလားထိုင်ပေါ်ထိုင်လျက်ဖြစ်စေ . . . တင်ပျဉ်ခွေ ထိုင်လျက်ဖြစ်စေ. . . လုပ်လို့ရတယ်၊ အဓိက,ကတော့ လည်ပင်းနဲ့ဦးခေါင်းကို မတ်မတ်ထားရမယ်ပေါ့ . . .။
ကဲ . . . ဒါဆို အလွယ်ဆုံးနဲ့ စိတ်တန်ခိုးသိဒ္ဓိတွေ စွမ်းရည်တွေရစေတဲ့နည်းကို သိပြီပေါ့ . . . ကိုယ့်လူရဲ့ . . .။ အမှန် တကယ်တော့ အသက်ဓါတ်ဆိုတာတင် . . . လူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ သိဒ္ဓိထူးကြီးပါပဲ . . . ။ ဂရုမထားကြလို့ အသက်ရှူ နေတာကို လူတိုင်းနီးနီးလောက် ပေါ့ပေါ့ပါးပါး အသက်ရှူနေတာပါ . . .။ စနစ်တကျ အသက်ရှုတတ်ရင်  အရာအားလုံးဟာ ကိုယ့်လူရဲ့ အနီးအနားမှာရှိတဲ့ လေထုထဲမှာတင် ပျော်ဝင်နေတာ ရှိနေတာပါ။ ဗေဒင်ဆရာရယ် ယုံယုံကြည်ကြည်နဲ့ လေ့ကျင့်ကြည့် အကျိုးပြုနိုင်ပါလိမ့်မယ် . . . " ဟု ဖိုးသူတော်ကြီးက ရှည်လျားစွာ ချက်ကျလက်ကျ ရှင်းပြပြီးနောက် စကားစ ဖြတ်လိုက်လေ၏။
ထိုအခါ ကျွန်ုပ်က -
" ဒါနဲ့ စကားမစပ်နော် စပ်စုတယ်လို့ မထင်ပါနဲ့။ အဓိဋ္ဌာန်ညီအစ်ကိုလို သဘောထားပြီး သဘောရိုးနဲ့မေးတာပါ . . ။ ဖိုးသူတော်ကြီးက ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီမှာအဓိဋ္ဌာန်လာဝင်တာလဲ . . .  " ဟု မေးလိုက်သောအခါ  ဖိုးသူတော်ကြီးက လမင်းကြီးထိန်ထိန်သာနေသော မိုးကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြီး နှစ်နှစ်ကာကာ  ပြုံးလိုက်ပြီးနောက်
" ၀ိဇ္ဇာထွက်ရပ်လမ်းကို လျှောက်နေတဲ့ ဖိုးသူတော်ကြီးနဲ့ အတိတ်ကအထောက်အပံ့ကြောင့် ဆုံကြတယ်လို့ပဲ မှတ်ယူ ပါ ကိုယ့်လူရယ် . . . ကျုပ်လျှောက်နေတဲ့လမ်းခရီးတထောက်က ဒီအရပ်ဒေသဖြစ်လေတော့ ကိုယ့်လူနဲ့ ဆုံတွေ့ရတာပေါ့ . . " ဟုပြောပြီးလျှင်  ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေ၏
" ကျွန်တော့်နာမည်တော့ ခန့်ကျော်စွာလို့ခေါ်ပါတယ် . . . ။ ဦးသူတော်ကြီးက နာမည်လေးသိခွင့်ရှိရင် သိပါရစေ . . ဟု ကျွန်ုပ်ကအရဲစွန့်၍ မေးမြန်းစုံစမ်းလိုက်သောအခါ ဖိုးသူတော်ကြီးက
" နာမည်ဆိုတာ သတ်မှတ်ချက်တွေပါ. . . ကိုယ့်လူရယ် . . . ကိုယ့်ကိုတော့ လူတော်တော်များများက ၀တ်ဖြူစင် ကြယ် ကြီးကို အကြောင်းပြုပြီး " သူတော်ကြီး " " ဖိုးသူတော်ကြီး " " ဦးသူတော်" ဆိုပြီး ခေါ်ကြတာပါပဲ။ ကိုယ့်ဆရာတော် ဘုန်းကြီးကတော့ ခန္ဓာကိုယ်ဝဖီးတာကို အကြောင်းပြုပြီး " မောင်ရွှေဝ" လို့ခေါ်တယ် . . . ။  ဖိုးသူတော်ဦးရွှေဝ  လို့ခေါ်တယ် .
ခုလည်း ကိုယ့်လူအတွက် ခေါ်ဝေါ်လို့ အဆင်ပြေသလိုခေါ်ဝေါ်နိုင်ပါတယ် . . . နာမည်ဆိုတာ စကားပြောရတာ အဆင်ပြေဖို့ သတ်မှတ်ထားတဲ့ စကားစုတစ်မျိုးပါပဲ . . . "
ဟုပြောလိုက်ပြီးလျှင် ရယ်မောလိုက်ပါလေတော့သတည်း ။ ............

ခန့်ကျော်စွာ

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

အညတရမှတ်တမ်း (၁၀) သရ၀ဏ်(ပြည်)

Leave a Comment

အညတရမှတ်တမ်း (၁၀)

သရ၀ဏ်(ပြည်)

ကျွန်တော်.အဖေသည်တစ်နေ.တွင် လူတစ်ယောက်ကိုအိမ်ခေါ်လာ၏ ။ ထိုသူမှာကျွန်တော်တို.အိမ်ကိုဝယ်မည်.သူဖြစ်သည်ဟုသိရသည် ။ အိမ်ဝယ်မည်.သူသည် အိမ်ကိုလှည်.ပါတ်၍ကြည်.ရှုလေ.လာသည် ။ ထိုအခါတွင်လူပျိုပေါက်အရွယ်ဖြစ်နေပြီဖြစ်သောအစ်ကိုကြီးကိုအောင်ကြည်စိုးက အိမ်ဝယ်မည်.သူအား
“ ဒီအိမ်ကအဖေ.သဘောတစ်ခုထဲနဲ.ရောင်းလို.မရဘူး ၊ ကျွန်တော်တို.မိသားစုအားလုံးသဘောတူမှရောင်းလို.ရတာ ၊ ကျွန်တော်ကဒီအိမ်မှာသားအကြီးဆုံးပဲ ကျွန်တော်သဘောမတူဘူး ၊ အမေကလဲသဘောမတူဘူး “ဟုပြောလိုက်သည် ။ ထိုလူပြန်သွားသောအခါ အစ်ကိုကြီးကိုအောင်ကြည်စိုးကအဖေ.ကိုဤသို.မေးပါသည် ။
“ အဖေ ဘာလို.အိမ်ရောင်းချင်တာလဲ “
အဖေ၏အဖြေမှာ စိတ်ထိခိုက်စရာကောင်းပါသည် ။
“ အဖေ.မှာပိုက်ဆံမရှိဘူးကွာ ၊ သားတို.ကိုစက်ဘီးလဲဝယ်ပေးချင်တယ် ၊ ကက်ဆက်လဲဝယ်ပေးချင်တယ် ၊ မင်းအစ်မတွေအတွက်လဲ လိုတာတွေ အားလုံးဝယ်ပေးချင်တယ် ၊အဲဒါကြောင်.အိမ်ရောင်းဖို.ကြံတာပါ “
ဟုအဖေကဖြေသည် ။
“ ဒါဆိုရင်တော.အဖေအိမ်မရောင်းနဲ. ကျွန်တော်တို.စက်ဘီးမရှိလဲ သူငယ်ချင်းတွေစက်ဘီးနောက်ကထိုင်လိုက်လို.ရတယ် ၊ ကက်ဆက်မရှိလဲ လက်ဘက်ရည်တစ်ခွက် ၀ယ်သောက်ရင် လက်ဘက်ရည်ဆိုင်မှာ သီချင်းကြိုက်သလောက်နားထောင်လို.ရတယ် ၊ ကျွန်တော်တို. မြို.စွန်မြို.ဖျားရပ်ကွက်မှာလဲမနေချင်ဘူး ၊ ဒီနေရာ ဒီအိမ်ကိုပဲကြိုက်တယ် “
ထိုနေ.မှစကာအဖေသည်အိမ်ရောင်းဖို.စကားမစပ်တော.ပေ ။ ထူးဆန်းသည်မှာ ကျွန်တော်တို.သည် စီးပွားရေးအဆင်မပြေသည်.ကြားမှ နှစ်ပေါင်း သုံး၊လေး ဆယ်ခန်.ကြာအောင် ယခုအချိန်အထိကြံ.ကြံ.ခံရပ်တည်နိုင်ခဲ.သော်လည်း ကျွန်တော်တို.ထက်ငွေကြေးအဆင်ပြေခဲ.ကြသော ကျွန်တော်တို.ခြေရင်းအိမ်နှင်.ခေါင်းရင်းအိမ်နှစ်အိမ်စလုံးသည် စီးပွားကျကာ အိမ်များအသီးသီးရောင်းချပြီးပြောင်းရွှေ.သွားကြခြင်းဖြစ်သည် ။ ပထမ ကျွန်တော်တို.အိမ်ခေါင်းရင်းမှသုခမိန်လှိုင်၏ဖခင် ဦးညို ၊ဒေါ်စောမြ တို.ပြောင်းသွားပါသည် ။ ၁၉၈၇ လောက်ကဖြစ်မည် ။ သူတို.အိမ်ကို ငွေ(၈)သိန်းနှင်.ရောင်းချပြီးပြောင်းသွားပါသည် ။ နောက်လေးနှစ်ခန်.ကြာသောအခါ ကျွန်တော်တို. ခြေရင်းဘက်မှ ဦးသာဟန် ၊ဒေါ်စောရှင်တို.သည် သူတို.အိမ်ကို ငွေကျပ် (၁၁)သိန်းဖြင်.ရောင်းချကာ ပြောင်းရွေသွားပြန်ပါသည် ။မြေကွက်များမှာ (၂၅)ပေ x ပေ (၆၀ ) အကွက်များဖြစ်ပါသည် ။ ထိုစဉ်ကမြေဈေးများမှာ ဤမျှလောက်ပဲကာလပေါက်ဈေးရှိပါသည် ။ဒါတောင်ကျွန်တော်တို.မြောက်စောင်းတန်းလမ်းသည် ပြည်မြို.၏အကွက်အကွင်းကျသော အဓိကလမ်းမကြီးတွင်ပါဝင်ပါသည် ။ယခုအချိန်တွင်တော.သိန်းထောင်ချီ၍တန်နေပြီဖြစ်သည် ။ပြောင်းသွားသူများသည်ကျွန်တော်တို.လမ်းထဲသို. ပြန်လာမနေနိုင်ကြတော.ပဲ လွမ်းဆွတ်သတိရသဖြင်.တစ်ခါတစ်ရံလာရောက်လည်ပါတ်ကြပါသည် ။ ထိုအတွက် အိမ်ရောင်းဖို.အစီအစဉ်ကို အတိုက်အခံလုပ်ခဲ.သောအစ်ကိုကြီးကို၎င်း ၊ သားသမီးသဘောမတူသည်ကိုအတိုက်အခံလုပ်ကာ ဇွတ်တိုးမစီစဉ်ခဲ.သောဖခင်ဖြစ်သူအား၎င်း ကျေးဇူးတင်မိပါသည် ။ကျွန်တော်တို.အိမ်၏စီးပွားရေးသည် သားသမီးများ တဖြည်းဖြည်းအရွယ်ရောက်လာသောအခါ အဆင်ပြေလာပါသည် ။
ကျွန်တော်.အစ်ကိုနှစ်ဦး ပြည်မြို.ပေါ်ရှိဂီတ၀ိုင်းနှစ်ဝိုင်းတွင်ပရော်ဖက်ရှင်နယ်ဂီတသမားများဖြစ်လာကြသောအခါ သူတို.၏လုပ်အားခဖြင်.အိမ်ကိုပြန်လည်ထောက်ပံ.လာနိုင်ပါသည် ။ ကျွန်တော်.အစ်မနီလာဆွေသည် ထုံးဘိုနယ်ဘက်ရှိရွာတစ်ရွာတွင် တွဲဘက်ကျောင်းဆရာမအလုပ်ကိုရပါသည် ။တွဲဘက်ကျောင်းဆိုသည်မှာ ကျေးရွာမှစုပေါင်းတည်ထောင်ထားသော အထက်တန်းကျောင်းဖြစ်ပါသည် ။ဆရာလခကိုရွာမှစုပေးပါသည် ။ သုခမိန်လှိုင်နှင်.အိမ်ထောင်ကွဲလာသောအစ်မကြီးမာလာဝေသည်လည်း B.Sc ဘွဲ.ရတစ်ယောက်ဖြစ်သဖြင်. ပြည်မြို.ပန်းဘဲတန်းကျောင်းတွင် ဆရာမအလုပ်ရရှိပါသည် ။ အခြားအစ်မငယ် မသီတာလည်း ပြည်မြို. တေဇအမကတွင်ဆရာမဖြစ်လာပါသည် ။ ထို.ကြောင်.အမေသည် ပင်ပင်ပန်းပန်းဈေးရောင်းစရာမလိုတော.သောကြောင်.အိမ်မှာပဲ အနားယူလိုက်ပါသည် ။သို.သော် အလုပ်မလုပ်ရမနေနိုင်သော ကျွန်တော်.အမေက အိမ်တွင် ကုန်စုံဆိုင် ၊ စာအုပ်အငှားးဆိုင်စသည်ဖြင်.ဖွင်.လှစ်ရောင်းချသေးသည် ။ အဖေကတော.သူဝါသနာပါရာ သတင်းထောက်အလုပ်ကို တစ်သက်လုံး ကွယ်လွန်ချိန်အထိ ဆောင်ရွက်သွားပါသည် ။ ၂၀၀၆ တွင်အဖေကွယ်လွန်ပါသည် ။ ထိုစဉ်ကဂျာနယ်များပေါ်စပြုနေပြီဖြစ်ရာ အဖေသည် ပြည်မြန်မာဂျာနယ်နှင်.နေလဂျာနယ်တွင်သတင်းများမှန်မှန်ရေးပါသည် ။ ထိုစဉ်က သတင်းဂျာနယ်စစ်စစ်များ ထုတ်ဝေခွင်.မရသေးပါ ။ နောက်ပိုင်းမှ Myanmar Times ဂျာနယ် လျပ်တစ်ပြက်ဂျာနယ်စသည်ဖြင်.ထွက်လာကြပါသည် ။ ကျွန်တော်တို.ပြည်မြို.တွင် မျိုးဆက်သစ် သတင်းစာသမား (သတင်းထောက်)ဟူ၍ လုံးဝမပေါ်ပေါက်သေးပါ ။
၂၀၁၀ နောက်ပိုင်းတွင်သာ လူငယ်သတင်းသမားများပေါ်လာခြင်းဖြစ်သည် ။ ထိုစဉ် ၁၉၈၀ ပြည်.လွန်ကာလများ ၁၉၉၀ ပြည်.လွန်ကာလများတွင်ပြည်မြို.၌ မျိုးဆက်ဟောင်း သတင်းထောက်အဘိုးကြီးများသာရှိပါသည် ။သူတို.မှာ ကျွန်တော်.အဖေဦးပါ (ခေါ်)ဦးခင်ဇော် ၊ ဦးပါ၏ညီ ဦးတာ ၊ ဦးအောင်မြင်. ၊ ဦးမြရွှေ ၊ ဦးကျော်စိုး ၊ဦးသိန်းဝင်း ၊ဦးတိုးသိန်း ၊ဦးခင်မောင်ရီ တို.သာရှိပါသည် ။ သူတို.အားလုံးသည် အစိုးရသတင်းစာများဖြစ်သည်. ကြေးမုံ ၊မြန်မာ.အလင်း ၊ ဗိုလ်တစ်ထောင် ၊လုပ်သားပြည်သူ.နေ.စဉ် စသည်.သတင်းစာများတွင်ရေးကြသူများဖြစ်သည် ။ အားလုံးသည်လခစားများမဟုတ် ကော်လံစားသတင်းထောက်များဖြစ်သည် ။သတင်းရေးရာတွင် ယခုခေတ်လိုသတင်း၏အောက်ခြေတွင်သတင်းထောက်၏နာမည်ကိုမခံပါ ၊ ထိုအစား သက်ဆိုင်ရာသတင်းထောက်၏ တိုက်မှပေးထားသောကိုယ်ပိုင်နံပါတ်များကိုသာတပ်ကြရသည် ။ကျွန်တော်.အဖေရေးသောသတင်းများတွင် အောက်မှ (၁၉၃ ) ဟုပါလေ.ရှိသည် ။ သတင်းထောက်အမည်ကိုကာကွယ်ပေးထားခြင်းတစ်မျိုးဖြစ်မည်ထင်ပါသည် ။
ကျွန်တော်.သူငယ်ချင်းတော်တော်များများသည် သတင်းထောက်ဆိုသော အလုပ်ကိုကြားလည်းမကြားဖူးမြင်လည်းမမြင်ဖူးသူများသည် ။ ကျောင်းတွင်သူငယ်ချင်းချင်းမိဘအလုပ်အကိုင်ကိုပြောကြရာ သတင်းထောက်ဆိုလျင်မကြားဖူးသူများသည် ။သူတို.က စုံထောက်ဆိုတာတော.ကြားဖူးသည် ။ထို.ကြောင်.သတင်းထောက် ဟုပြောသည်ကိုစုံထောက်ဟုထင်ကာ ဒါဆိုမင်းအဖေမှာသေနတ်ရှိမှာပေါ.ဟုမေးကြသဖြင်.ကျွန်တော်ကလည်း နောက်ချင်တာနှင်. ရှိတာပေါ. ပစ္စတိုတစ်လက် ၊ရိုက်ဖယ်တစ်လက်ရှိသည်ဟုကြွားလိုက်သည် ။ ကျွန်တော်.အဖေသည်ပိုက်ဆံမချမ်းသာသော်လည်း အပေါင်းအသင်းအလွန်များသည် ။တစ်မြို.လုံးသည် သူ.မိတ်ဆွေများဖြစ်သည် ။ အထူးသဖြင်. ပြည်မြို.ပေါ်တွင်ရဲစခန်းနှစ်ခုရှိရာ ထိုစခန်းနှစ်ခုမှရဲများသည် လုပ်ငန်းသဘောအရအဖေ.မိတ်ဆွေများဖြစ်သည် ။မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ယခုဒီမိုကရေစီခေတ်ထက်သာသည်မှာသတင်းထောက်များသည် ရဲစခန်းများသို.တံခါးမရှိဓါးမရှိ အတားအဆီးမရှိဝင်ထွက်နိုင်ကာ အမှုလာရောက်တိုင်ကြားသော F.I.R (ခေါ်) ပထမသတင်းပေးတိုင်ချက် (First Investigation Report ) ကိုလွတ်လွတ်လပ်လပ်ကူးယူနိုင်သည် ။ တရားရုံးများ ၊ ဆေးရုံများတွင် လွတ်လပ်စွာသတင်းယူနိုင်သည် ။ယခုခေတ်လို ညွှန်မှူးခွင်.မပြု၍ မပြောနိုင်သေးဘူးတို. ၊ မြို.နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို.သတင်းသမားမ၀င်ရတို.ဆိုတာတွေမရှိ ။အားလုံးသည် လူကြီးလူကောင်းလိုသာတစ်ယောက်ကိုတစ်ယောက်ဆက်ဆံကြသည် ။ ရဲသည်တရားခံသွားဖမ်းလျင် သတင်းထောက်ကိုလာခေါ်သည် ။ တစ်ခါတွင် ငါးပိဟူသောနာမည်ကျော်ဓါးပြခေါင်းဆောင်ကိုရဲကသတင်းအရသွားဖမ်းရာ အဖေ.ကိုရဲစခန်းကလိုက်ပါသတင်းယူဖို.လာခေါ်သည် ။သူတို.အကြံမှာဓါးပြငါးပိကိုလက်ရဖမ်းမိဖို.သေချာနေပြီဖြစ်ရာ ထိုသို.စွန်.စွန်.စားစား လူဆိုးဖမ်းသောသတင်းကိုသတင်းစာထဲတွင်ပါစေချင်သည်ထင်ပါသည် ။ဒါမှရာထူးတက်တာတို.ဘာတို.ဖြစ်လာနိုင်မည်မဟုတ်ပါလား ။ အဖေသည်ရဲများနှင်.အတူလိုက်သွားပြီးနောက်တနေ.နံနက်စောစောတွင်ပြန်လာပါသည် ။ ဓါးပြမိခဲ.လားဟုမေးရာ အဖေက
“ သောက်ကျိုးနည်း ညံ.တဲ.ရဲတွေပါပဲကွာ ၊ ငါးပိမယားငယ်နေတဲ. တဲကို ရဲတွေအားလုံး ၀ိုင်းထားပြီး ငါးပိကို လက်နက်ချအဖမ်းခံဖို.အော်ပြောကြတယ်ကွာ ၊ ငါးပိကလည်းမခေဘူးမောင် အဖမ်းမခံပဲ အတင်းဖောက်ထွက်ပြေးတာကွာ ရဲတွေကလဲအနီးကပ်သေနတ်နဲ.ပစ်တာ….”
“ သေသွားရောလားအဖေ “
“ တစ်ချက်မှမမှန်ပါဘူးကွာ …ငါ.ဘေးကဖြတ်သွားတာ အုတ်ခဲနဲ.လှမ်းထုရင်တောင်ထိလောက်တယ် အဲဒိလောက်တောင်နီးတာကို တစ်ချက်မှမထိဘူး ၊ ဟိုကလွတ်ပြေးသွားပြီ “
ထိုနေ.နံနက်တွင်ရဲအရာရှိများကျွန်တော်.အဖေဆီသို.မျက်နှာမသာမယာဖြင်.ရောက်လာပါသည် ။သူတို.တရားခံသွားဖမ်းတာ မမိပဲလွတ်သွားသည်.အကြောင်းကို သတင်းစာတွင်မထည်.ဘို.အဖေ.ကိုလာရောက်တောင်းပန်ခြင်းဖြစ်သည် ။ ကျွန်တော်.အဖေကိုလူချစ်လူခင်များရခြင်းအကြောင်းကိုကျွန်တော်သဘောပေါက်သွားသည် ။အဖေသည်ရဲကိုဘာမှ ညစ်ကွက်တွေနိုင်ကွက်တွေကိုင်မနေတော.ပဲ
“ မထည်.ပါဘူးဗျာ ၊ ခင်ဗျားတို.မိမှပဲ မိတဲ.သတင်းထည်.ပေးပါ.မယ် “ ဟုပြောလိုက်ရာ ရဲများသည် စိတ်သက်သာရာရပြီးပြန်သွားပါသည် ။ ကျွန်တော်ကြီးပြင်းလာသည်အထိ ဓါးပြငါးပိ ကိုမိသည်ဟုလည်းမကြားတော.ပါ ။ ဤသို.ရဲအပေါ်ငဲ.ညှာခဲ.သော်လည်း လွန်ခဲ.သော နှစ်များစွာက်ကျွန်တော်.အဖေအပေါ်အချို.ရဲများသည် အရေးအကြောင်းပေါ်လာသောအခါ ဘယ်သူ.မျက်နှာမှမထောက်ပဲ ဆက်ဆံခဲ.ဖူးပါသည် ။ တစ်ခါကအဖေရေးသော သတင်းတစ်ပုဒ်နှင်.ပါတ်သက်၍ ရဲဌာနကကအဖေ.ကို ပုဒ်မ (၅)ဖြင်. အမှုဖွင်.သဖြင်. ပြည်ထောင်တွင်အချုပ်ခံနေရပါသည် ။ဖြစ်ပုံမှာဤသို.ဖြစ်သည် ။ ထိုစဉ်ကကျွန်တော်မမွေးသေးပါ။ကျွန်တော်.အစ်ကိုကြီးကိုအောင်ကြည်စိုးပင်မွေးကာစ သုံးလသား အရွယ်ရှိသော ၁၉၅၈ ခုနှစ်ဆောင်းတွင်းကြီးဖြစ်သည် ။ ထိုအချိန်ကပြည်မြို.မော်တော်ဆိပ်တွင်ဆိုက်ကပ်ထားသောမော်တောပေါ်မှလင်မယားနှစ်ယောက်သည် ညဘက်တွင်ထွန်းသီရိရုပ်ရှင်ရုံ သို. ည ကိုးနာရီခွဲပွဲရုပ်ရှင်လာကြည်.ပါသည် ။ ရုပ်ရှင်ပြီး၍ ည သန်းခေါင်နီးပါးလောက်တွင် မော်တော်ရှိရာသို.ပြန်သောအခါ ကမ်းနားတွင်လှည်.ကင်းလှည်.လာသောရဲများနှင်.တွေ.ပါသည် ။ ရဲကဖမ်းပြီးစစ်ရင်း သူတို.နှစ်ယောက်မှာ ပြည်.တန်ဆာခေါင်းနှင်. ပြည်တန်ဆာမတို.ဖြစ်သည်ဟုယူဆပြီးယောက်ကျားဖြစ်သူကိုရိုက်နှက်ကာ ၊မိန်းမဖြစ်သူကို ကာမအမြတ်ထုတ်စော်ကားလိုက်ပါသည် ။ ထိုသို.အနိုင်ကျင်.ခံရသူကအသိတစ်ယောက်မှတစ်ဆင်.ကျွန်တော်.အဖေဆီရောက်လာကာလာရောက်တိုင်ကြားပါသည် ။
အဖေသည်ထိုသတင်းကိုဟံသာဝတီသတင်းစာတွင်ရေးသားလိုက်ရာ တမြို.လုံးဟိုးလေးတကျော်ဖြစ်သွားပါသည် ။ ထိုအခါရဲများက မမှန်ကန်သောသတင်းကိုရေးသည် ၊ရဲဌာနသိက္ခာကျအောင်လုပ်သည်ဆိုပြီး ပုဒ်မ (၅)ဖြင်.အမှုဖွင်.ကာအဖေ.ကိုဖမ်းဆီးပြီး ပြည်ထောင်သို.ပို.လိုက်ပါသည် ။ ပထမတော.အမေသည် နေ.စဉ်ထမင်းသွားပို.ရပါသည် ။ နောက်တော. အဖေသည်ထောင်ထဲတွင် A .Class အကျဉ်းသားအဆင်.ကိုရသဖြင်.ထမင်းဟင်းကောင်းကောင်း စားရသောကြောင်.ထမင်းသွားမပို.ရတော.ပါ ။
ထောင်သို.မပို.မီ အမေသည်အဖေ.ကိုတွေ.ရန်ရဲစခန်းအချုပ်သို.လိုက်သွားရာ ကျွန်တော်တို.အိမ်တွင်ဝင်ထွက်စားသောက်နေသောမျက်နှာသိရဲတစ်ယောက်သည် သူတို.ခွင်ထဲဝင်လာပြီဆိုပြီးအမေ.ကို ရိုင်းရိုင်းစိုင်းစိုင်းငေါက်ငမ်းပြောဆိုပါသည် ။ အမေသည် စိတ်ကိုအတော်ချုပ်တည်းပြီးအိမ်ပြန်လာပါသည် ။ အဖေတို.အမှုကိုရန်ကုန် ဟံသာဝတီသတင်းစာတိုက်မှရှေ.နေမှအစအားလုံးငှားပေးကာ လိုက်ပါဆောင်ရွက်သဖြင်. နောက်ဆုံးတွင်အဖေသည် တစ်လခွဲခန်.အကြာတွင်အချုပ်မှလွတ်လာပါသည် ။နောင်တွင်အမှုမှလည်းကွင်းလုံးကျွတ်လွတ်ပါသည် ။ အမေတို.ကိုအချုပ်ခန်းတွင်ငေါက်ခဲ.သောရဲသည်ဘာမှမဖြစ်သလိုပင်ကျွန်တော်တို.အိမ်သို.ပြန်လည်ဝင်ထွက်လာရာ ကျွန်တော်.အမေသည် ထိုရဲကိုဘယ်တော.မှအိမ်မလာဖို.ပြောကာနှင်ထုတ်လိုက်လေသည် ။ အေးဆေးသောအဖေကတော. ပြောမနေပါနဲ.ကွာ ဒီကောင်တွေဟာဒီလိုချည်းပါပဲဟု အမေ.ကိုတရားချပါသေးသည် ။အမေကတော.စိတ်ကြီးသူဖြစ်ရာ ထိုလူမှာ ကျွန်တော်တို.အိမ်နှင်.တစ်သက်လုံးအဆက်ပြတ်လေတော.သည် ။ ကျွန်တော်တို.အိမ်သည် ပြည် (၂) ရဲစခန်း (ခေါ်) ဆံတော်ဂါတ်နှင်. မျက်နှာခြင်းဆိုင်ဖြစ်ပါသည် ။ ဓါးပြငပိကိုဖမ်းသောကိစ္စသည် ၊ အဖေထောင်ထဲခေတ္တရောက်ပြီး ဆယ်.ငါးနှစ်လောက်ကြာမှဖြစ်သောကိစ္စဖြစ်ပါသည် ။ အဖေသည်ရဲများအပေါ်အာဃာတထားသူမဟုတ်သဖြင်. ချက်ခြင်းပင်အားလုံးနှင်.ပြေလည်သွားပါသည် ။ အဖေရေးခဲ.သောသတင်းမှာမှန်နေသဖြင်. ပြစ်မှုကျူးလွန်သောရဲများလည်း ရဲစည်းကမ်းဥပဒေနှင်.အရေးယူခံရပါသည် ။ ကျွန်တော်သည်စာရေးရာတွင်ဖခင်ထံမှ သွေးလမ်းကြောင်းစီးဆင်းလာသည်ဖြစ်ရာ ကိုယ်မှန်လျင် ဘယ်သူ.အကြောင်း မှမချန်ပဲ ပြည်သူ.မျက်နှာကိုသာကြည်.၍ရေးပါသည် ။ ထောင်ကျချင်ကျမကျချင်နေဟုဆုံးဖြတ်ကာရဲရဲရေးပါသည် ။
ကျွန်တော်သည်တဖြည်းဖြည်းနှင်.ကျန်းမာလာပါသည် ။ သို.သော်ငယ်စဉ်ကသေလောက်သောရောဂါကြီးကို နှစ်နှင်.ချီ၍ ပြင်းထန်သောဆေးများကို ဆက်တိုက်ထိုးခဲ.ရသောကြောင်. ဘူးသီးနုနုအမွှေးသပ်သလိုဖြစ်ကာ လူကောင်ထွားလာခြင်းမရှိတော.ပဲ မောင်နှမခုနစ်ယောက်တွင် အသေးဆုံး အညှက်ဆုံးဖြစ်သွားပါတော.သည် ။ ဘယ်လောက်စားစားလူကောင်ကြီးမလာတော.ပါ ။ ကံကောင်းထောက်မ၍အရပ်ကတော.ထိုက်သင်.သလောက်ရှည်လာသဖြင်.တော်ပါသေးသည် ။ကျွန်တော်.အရပ်မှာ ငါးပေလေးလက်မခွဲ ရှိပါသည် ။ ကျွန်တော်.အစ်ကိုအောင်အောင်၏အရပ်သည် ခြောက်ပေခန်.ရှိပါသည် ။ ကျွန်တော်တို.မိသားစုထဲတွင် အရပ်ငါးပေထက်နိမ်.သောသူတစ်ယောက်မှမရှိပါ ။
ကျွန်တော်သည် အမြဲတမ်းပျော်ရွှင်စွာနေတတ်သူဖြစ်သည် ။ စိတ်ပျက်ဝမ်းနည်းစရာများရှိလျင်လည်းခနသာ ၀မ်းနည်းပြီးမကြာမီအလိုလိုပြန်လည်ပျော်ရွှင်လာပါသည် ။ စိတ်ဆိုးဒေါသထွက်လွယ်သော်လည်း အညှိုးအတေးမထားတတ်ပါ ။ မည်သူ.ကိုမဆို ခွင်.လွှတ်နိုင်ပါသည် ။ ကျွန်တော်စိတ်ဆိုးဒေါသထွက်နေချိန်တွင်တွေ.သူသည် ကျွန်တော်.ကိုတော်တော်ဆိုးသူဟုထင်မည် ဖြစ်သော်လည်း ကျွန်တော်၏ဒေါသသည်မည်သည်.အခါမှ မိနစ် (၂၀ )ထက်ပိုပြီးခံသည်မရှိပါ ။ ငယ်စဉ်အခါကမူ ကျွန်တော်သည် ကျန်းမာရေးမကောင်းသောကြောင်. ဒုက္ခိတနီးပါးဖြစ်ကာ ရုပ်ဆင်းအင်္ဂါလဲချို.တဲ. သဖြင်.စိတ်ကျရောဂါရသလိုလိုဖြစ်နေဖူးပါသည် ။ ကျွန်တော်သည် ကိုယ်.ကိုယ်ကိုသေကြောင်းကြံရန်မကြာခနစဉ်းစားဖူးပါသည် ။ ကျွန်တော်ကိုယ်.ကိုယ်ကိုသတ်သေချင်သည်မှာလူအများ၏ဂရုစိုက်မှုကိုခံချင်သောကြောင်.ဖြစ်သည် ။ ငါသေလျင် ငါ.အမေသည်ဘယ်လိုငိုကြွေးမည် ၊ လူအများသည် ငါ.အသုဘကိုဘယ်လိုလိုက်ပို.ကြမည် ၊ စသည်ဖြင်. ကျွန်တော်သည်အချိန်ရှိသရွေ.တစ်ယောက်တည်းစိတ်ကူးနေလေ.ရှိပါသည် ။လူရှေ.သူရှေ.သို.ထွက်၍စကားပြောရသောအလုပ်ကိုလည်းအတော်ကြောက်မိပါသည် ။ စာသင်ခန်းထဲတွင်လူရှေ.ထွက်၍ သချာင်္တွက်ရမည်ကို ကြောက်ပါသည် ။ သချာင်္သည်ကျွန်တော်အမုန်းဆုံးဘာသာရပ်ဖြစ်သည် ။ မြန်မာစာ ၊ပထ၀ီ ၊သမိုင်းဘာသာရပ်များကို ကျွန်တော်အနှစ်သက်ဆုံးဖြစ်ပါသည် ။ အင်္ဂလိပ်စာကို ငါးတန်းမှစကာသင်ကြားခဲ.ရသောကျွန်တော်သည် ဆယ်တန်းအောင်မှ ၀ါသနာပါလာခြင်းဖြစ်သည် ။ အင်္ဂလိပ်စာသင်ကာစက အေ ဘီ စီ ဒီ စသည်ဖြင်. ကျက်မှတ်ရရာ I ဆိုသောစာလုံးကိုကျွန်တော်သည်မမှတ်မိပဲမကြာခနမေ.နေပါသည် ။နောက်ဆုံးတွင် ခွေးတစ်ကောင်သည် နာကျင်လွန်းသဖြင်. တအိုင်အိုင်နှင်.အော်နေသံကိုကြားသောအခါ အိုင်ကိုမေ.သွားတိုင်းခွေးမကြီးကိုမြင်ယောင်လိုက်သောအခါ အသံထွက်ကိုအလိုလိုမှတ်မိသွားပါသည် ။နောက်ပိုင်းမှ စိတ်ကျသိမ်ငယ်ခြင်းသည်ကျွန်တော်.ထံပါးမှတဖြည်းဖြည်းခွဲခွာသွားပါသည် ။
ကျွန်တော်ဂစ်တာတီးစသင်ခြင်း
ကျွန်တော်တို.အိမ်တွင် ကြားချင်လဲကြားရ ၊ မကြားချင်လဲကြားရသောအသံမှာဂစ်တာသံဖြစ်သည် ။ကျွန်တော်.အစ်ကိုနှစ်ယောက်သည်ဂစ်တာကိုပရော်ဖက်ရှင်နယ်အဆင်.ကျွမ်းကျင်စွာတီးခတ်တတ်သူများဖြစ်သည် ။သီချင်းနားထောင်ပြီး ဂီတနုတ်(စ်) များကိုချရေးနိုင်သည် ။ နုတ်(စ်) ကိုကြည်.၍ သီချင်းအားလုံးကိုကျွမ်းကျင်စွာတီးခတ်နိုင်သည် ။ ကျွန်တော်.အစ်ကိုကြီးသည် ဂစ်တာသင်တန်းကိုပင်ဖွင်.ထားသေးရာ အိမ်တွင် အစ်ကိုကြီး၏တပည်.များတီးခတ်သောဂစ်တာသံများကိုအမြဲကြားနေရသည် ။ သူတို.ကိုသင်ပေးနေသည်များကိုလည်း အထူးအထွေ အာရုံမစိုက်ပါလဲမြင်နေတွေ.နေရသည် သာဖြစ်သည် ။ ဘား ၊ဘိ ၊တိုင်မင် ၊ ကီး ၊ ဖလက် ၊ရှပ် ၊ ခိုးရပ်(စ်) ၊အင်ထရိုလ် ။ဆိုလို ၊ ဂိုးဂိုး ၊ချားချား ၊ တွစ် ၊ ဆွင်း ၊ ကန်းထရီး ၊ ဖောက်(စ်)ထရော. ၊ ဖိုးဖိုး ၊ ဆစ်အိပ၊် မိုင်နာ ၊မေဂျာ ၊ မိုင်နာဆဲဗင်း စသည်များမှာ မကြားချင်အဆုံးနားရည်ဝနေသောစကားလုံးများဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သည် ကိုးတန်းသို.ရောက်သောအခါ အစ်ကိုနှင်.သူ.တပည်.များလက်ဘက်ရည်ဆိုင်သွားသောအချိန်များတွင် စမ်း၍ တီးခြင်းဖြင်. အနည်းငယ်တီးတတ်လာပါသည် ။ နောက်ပိုင်းတွင်ကျွန်တော်ဝါသနာပါမှန်းသိ၍ ကျွန်တော်.အစ်ကို အောင်အောင်နှင်. ကိုအောင်ကြည်စိုးတို.က နည်းနည်းစီ ကြုံလျင်ကြုံသလိုသင်ပြပေးကြပါသည် ။ တကူးတက အချိန်ပေး၍သင်ပေးခြင်းကားမဟုတ် ။ကျွန်တော်တီးခတ်နေရင်းမှားနေလျင် အမှန်ကိုသင်ပြပေးသွားခြင်းဖြစ်သည် ။ ရပ်ကွက်ထဲမှအခြား ဂစ်တာလက်သင်များထက်ကျွန်တော်သာသည်မှာ အစ်ကိုများသည် တီးဝိုင်းကြီးများတွင်တီးခတ်နေကြသူများဖြစ်သဖြင်. ထိုခေတ်ကနာမည်ကြီးသီချင်းတော်တော်များများ၏ Notes များ အိမ်တွင်စာအုပ်အထူကြီး နှင်.ရေးထားတာရှိသဖြင်. သီချင်းများကို မည်ကာမတ္တမဟုတ်ပဲ အင်ထရိုလ်အပြည်.အစုံ ၊ Solo အပြည်.အစုံတီးခတ်လေ.ရှိခြင်းဖြစ်သည် ။
လမ်းဘေးတွင်ဖြစ်သလိုသင်လာသောဂစ်တာသမားများသည် သီချင်းဆိုသောအပိုဒ်ကိုသာအဓိကတီးတတ်ကြပြီး အင်ထရို နှင်.ဆိုလိုကိုခေါက်ရေ Bar အတိအကျတီးတတ်ကြသည်မဟုတ် ။ထိုသို.အတိအကျမတီးတတ်သူများသည်လမ်းဘေးတွင်သာတီးတတ်ကြပြီးစင်ပေါ်တက်၍အတိအကျတီးဝိုင်းနှင်.တွဲဖက်တီး၍မရကြပေ ။ကျွန်တော်ကတော. ကံကောင်းထောက်မ ၍ သီချင်းမျာကိုအစအဆုံးအတိအကျ သင်ယူလေ.ကျင်.ထားသည်ဖြစ်ရာ အိမ်တွင်ကျွန်တော်.အစ်ကိုများကိုမမီသော်လည်း သူငယ်ချင်းများထဲတွင်ကျွန်တော်.လောက်တီးတတ်သူမရှိသလောက်ပင်ဖြစ်သည် ။ခြွင်းချက်အားဖြင်. ကျွန်တော်နှင်.ငယ်စဉ်က ငါးပက်နေကျ ၊ငါးမျှားနေကျ သူငယ်ချင်းဇော်မြင်.တစ်ယောက်တော. Notes တွေဘာတွေတတ်ကာပေါက်ပေါက်မြောက်မြောက်တီးတတ်နေသည် ။ ကျွန်တော်ကတော. Rhythm ဂစ်တာပဲ ကောင်းကောင်းတီးတတ်သည် ။ Bass တွေ ၊Lead တွေ တီးနိုင်သည်.အဆင်.သို.မရောက်ခဲ.ပေ ။ ထိုခေတ်ထိုအခါကခေတ်စားခဲ.သော ခိုင်ထူး ၊ စိုင်းထီးဆိုင် ၊ လွှမ်းမိုး ၊ခင်မောင်တိုး ၊ ချစ်ကောင်း ၊ ထူးအိမ်သင် တို.၏သီချင်းများအားလုံးကိုတော.ကောင်းကောင်းတီးတတ်ပါသည် ။
ထိုစဉ်ကပြည်မြို.၏ဆောင်းညများသည် အလွန်ပင်ချမ်းအေးလှပါသည် ။ကျွန်တော်သည်သူငယ်ချင်းများနှင်.တစ်ညလုံးမအိပ်ပဲ လမ်းထိပ်မျောပုံပေါ်တွင်ထိုင်၍ ဂစ်တာတီးကြပါသည် ။ ကျွန်တော်တို.လမ်းထိပ်ညောင်စင်တန်းလမ်းပေါ်ဝယ် ၀ါး ၊မျော ၊သက္ကယ် ၊ စသည်များကိုရောင်းသောဆိုင် သုံးဆိုင်ရှိပါသည် ။ ထိုခေတ်ကမြေနေရာလွတ်များပေါများသဖြင်. ရောင်းချမည်.မျောတိုင်များကို လမ်းထိပ်ကွက်လပ်တွင်စုပုံထားရာ ထိုမျောပုံမှာကျွန်တော်တို.ဂစ်တာတီးရာ နေရာကောင်းတစ်ခုဖြစ်လာပါသည် ။ တိတ်ဆိတ်နေသောညယံဝယ် ကျွန်တော်တီးခတ်လိုက်သောဂစ်တာသံသည် ချမ်းအေးလှသော လေထုကိုဖောက်၍ထွက်ပေါ်လာပါသည် ။သူငယ်ချင်းများကတီးတိုးလိုက်ဆိုညီးကြသည် ။ တစ်ချို.ကဆေးလိပ်များကိုမသောက်တတ်သောက်တတ်သောက်ဖွာလျက် ။ သီချင်းသံသည် ပါတ်ဝန်းကျင်ကိုလွှမ်းခြုံလျက် ။
နေ.ရက်အချိန်လေးတွေ ပြောင်းပေမယ်.
နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ.နိုင်..သိလား
အိပ်မက်ချိန်ထဲမှာတွေ.ပေမယ်. …တရေးနိုးတဲ.အခါ ကွယ်ပျောက်သွားမှာတကယ်နှမျောမိတယ်
သိလား ချစ်ရတဲ.သူကိုဒါတွေသာပြောခွင်.ရရင် ကြင်နာရမလား ရင်နာရမလားကွယ် …သိလား.......

ဆက်ရန်

သရ၀ဏ်(ပြည် )
တင်ဆက်/ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

သကြားမုန်.ဖက်ထုပ် (၁၂ ထုပ်)

Leave a Comment

သကြားမုန်.ဖက်ထုပ် (၁၂ ထုပ်)
**********************
(ကျွန်မရဲ့ ဒုတိယမြောက်စာအုပ် (အစိမ်းရောင်) စာမျက်နှာ 114 - 115 မှာ ပါပြီးသားလေးပါ။)

**.. လိုအပ်သော မုန်.နှစ် စ လုပ်ကြရအောင်…

1. ကောက်ညင်းမှုန်. ၄ ခွက် (rice cooker တွင်ပါသောခွက်)
2. ရေ ၂ ခွက် (rice cooker တွင်ပါသောခွက်)

ကောက်ညင်းမှုန်. ထဲ ရေကို ဖြည်းဖြည်းချင်းထည့်ကာ အရမ်းမမာ၊ အရမ်းမပျော့ပဲ စေးစေးလေးဖြစ်အောင် နယ်ပါ။
(ကောက်ညင်းမှုန်.က အလေးချိန်နဲ. ချိန်ထည့်တာမဟုတ်ပဲ ခွက်နဲ. ချင်ထည့်တာမို. အချိုးအစား အရမ်းအတိအကျ မရနိုင်လို. ရေကိုဖြည်းဖြည်းချင်းထည့်ခိုင်းတာပါ။)

**.. လိုအပ်သော အုန်းယို ကျိုရအောင်…

1. ခြစ်ထားသော အုန်းသီး- တရုတ်ပန်းကန်လုံး ၂ လုံး
2. သကြား- ထမင်းစားဇွန်း ၁၂ ဇွန်း
3. ရေ- ထမင်းစားဇွန်း ၂ ဇွန်း (အုန်းသီးအခြောက်ကိုသုံးလျှင် ရေ – ထမင်းစားဇွန်း ၄ ဇွန်းခန်.ပိုထည့်ပေးပါ။)

မီးအေးအေးနှင့် ရောကြိုထားသော ရေ နှင့်သကြားပွက်လာလျှင် အုန်းသီးကို ထည့်မွှေပါ။

အရည်များ ထမင်းစားဇွန်း ၁ ဇွန်းခန့်ကျန်ပြီး အတော်လေးပျစ်လာလျှင် မီးဖိုမီးပိတ်ပါ။ (အုန်းသီးဖတ်များ အရမ်းခြောက်ကပ်သွားအောင် မလုပ်ပါနှင့်။)

အေးသွားမှလုံးလျှင် သကြားများခဲသွားသဖြင့် လက်ဖြင့်ကိုင်နိုင်သော အပူရှိန်ဖြစ်လာသည်နှင့် အလုံး ၁၂ လုံး လုံးထားပါ။ (ဖိပြီးဆုပ်နယ်မှ အလုံးလေးက ခပ်ကျစ်ကျစ်ဖြစ်ပါတယ်။)

မုန်.နှစ်ကိုလည်း ၁၂ လုံး လုံးထားပါ။

**.. မုန်.ဖက်ထုပ် စထုပ်ကြရအောင်…

ငှက်ပျောဖက်၏ ပြောင်နေသောဖက်ကို အပြင်ထားကာ အတွင်းဖက်တွင် ဆီသုတ်ပါ။ (ငှက်ပျောဖက်များကို မုန့်ထုတ်ချိန်၌ ပျော့နေအောင် microwave ထဲ ၁ မိနစ်ခန့်ထည့်ကာ အပူပေးထားပါ။)

လက်ကိုဆီသုတ်ပြီး လုံးထားသော မုန်.နှစ်ကိုပြားကာ အုန်းယိုလုံးကိုတင်ပြီး လုံအောင်ဖုံး၍ အလုံးပြန်လုံးပါ။

လုံးသွားပြီးနောက် အလုံးကို ဆီသုတ်ပေးပါ။

ထိုအလုံးကို ဆီသုတ်ထားသောဖက်၏ အလယ်မှာထားကာ ဖက်အနားနှစ်ဖက်ဖြင့် ဖုံးပါ။

ပြီးလျှင် ပုံတွင်ပြထားသကဲ့သို. ဆက်ထုပ်ပါ။

သွားကြားထိုးတံလေးနှင့် ပိတ်ပြီး ပေါင်းမည့်အိုးလေးထဲ ထည့်ပါ။

ရေတစ်ဝက်ခန်.ထည့်ကာ ဆူအောင်တည်ထားသည့် အိုးပေါ်တင်ကာ အဖုံး ဖုံးပြီး high heat နှင့် ၂၀ မိနစ်ပေါင်းလိုက်လျှင် အရသာရှိလှသော မုန်.ဖက်ထုပ်ပူပူနွေးနွေး စားရန် အသင့်ဖြစ်ပါပြီ။

အုန်းယို နှင့် ဒူရင်းယို ရောလုံးပြီး ဌာပနာရင်လည်း စားလို.ကောင်းလှပါ တယ်။

Shared from Chaw Su's Food Friends (FB)
တင်ဆက်/ပြည်သတင်းလူငယ်(ပြည်သတင်း)





Read More...

ကြက်သွန်နီသည် ချောင်းဆိုးခြင်းကို သက်သာ စေနိုင်

Leave a Comment
ကြက်သွန်နီသည် ချောင်းဆိုးခြင်းကို သက်သာ စေနိုင်


************************************


အလွန် ရိုးရှင်းတဲ့ ချောင်းဆိုးပျောက် ဆေးတစ်ခု ဖော်စပ် နည်းက ဒီလိုပါ။
လက်ဖက် ခြောက်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည် လက်ဖက် ရည်ဇွန်း ၁ ဇွန်း ရောပြီး ကြိုက်သလောက် လက်ဖက် ရည်ဇွန်းနှင့် ခပ်သောက်ပါ။ ပိုပြီး အစွမ်းထက် စေဖို့ ခြစ်ခုံနှင့် ခြစ်ထားတဲ့ ကြက်သွန်နီ အနည်းငယ် ပေါင်းထည့် ပေးပါ။ ကြက်သွန် နီမှာက ချောင်းဆိုးခြင်း တုံ့ပြန်မှု ဖြစ်စေတဲ့ ဒြပ်ပေါင်းများ ပါဝင် တဲ့အတွက် သလိပ် ထွက်စေ ပါတယ်။

နောက်တစ် နည်းကတော့ အရွယ် အလတ်စား ကြက်သွန်နီ ၆ လုံးကို အခွံခွာပြီး နုတ်နုတ် စဉ်းပါ။ ယင်းကို ပျားရည် ခွက်တစ် ဝက်လောက်နှင့် ရောပြီး ဆူပွက် နေတဲ့ အိုးအပေါ်မှာတင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုး သို့မဟုတ် ရိုးရိုး ဒယ်အိုးထဲ ထည့်လိုက်ပါ။ ယင်းကို အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးပါ။ အရည် ကိုစစ် ယူပြီး အဖုံးပါ ဖန်ဘူး တစ်ခုထဲ ထည့်ထားပါ။ ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်း စာသောက် ပေးပါ။

ဆေးပညာဆိုင်ရာဆောင်းပါးများ
တင်ဆက်/ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ

Leave a Comment

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ
**********************

သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။
ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာ သာလွန်သော လောကုတ္တရာ ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို
ခံစားကြသေးသည်။

ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ ချက်ဖြစ်ပါသည်။

မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့  ဆရာတော်များ ဆိုမိန့်သည်ကို လေ့လာမှတ်သားခဲ့ရသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ်အား အလုပ်အကျွေးပြုနေသူ ကပ္ပိယသည် ** ခုခေတ်မှာ ရဟန္တာ မစဲတမ်းရှိတယ်လို့ သာ ပြောတယ်။ ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာ မှန်း ကိုမသိပါဘူး ဘုရား** ဟု အရှင် မြတ်ကို လျှောက်တင်ရာ..
ရဟန္တာ ကိုယ်တော်မြတ်က**ကပ္ပိယကြီး ရဟန္တာ ကိုယ်တော်ကို အနား ကပ်ပြီး အလုပ်အကျွေးပြုနေတာတောင် ရဟန္တာ မှန်း သိဖို့ခက်ခဲတယ်** ဟူ၍ မိန့် တော်မူဖူး၏။

ဤ သည် တို့ ကိုထောက်ရှူခြင်းအားဖြင့် ရဟန္တာ ကိုပင် မသိနိုင်သော ပုထုဇဉ်များသည် ကာမဂုဏ်အာရုံ ခံစားနေသော သောတာပန် အရိယာကို မည်သို့ မှ မသိနိုင်ကြပေ။

ယခုကဲ့သို့ သာသနာတွင်းကာလ သာသနာတော် နေလိုလလို ထွန်းတောက်နေချိန်တွင် သောတာပန် သကဒါဂါမ် တို့  ရှိနေမည်ဖြစ်ပြီး ကာမဂုဏ် အာရုံကိုခံစားနေအုံးမည် ဖစ်လေသောကြောင့် မည်သို့ မှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။

သို့သော် အရှင်ကဿပ မထေရ် ကဲ့သို့ ပင် အရိပ်အမြွက်သော်မျှ ပြောပြပါလိမ့်မည်။
အသိပညာ ဗဟုသုတ တို့ ခေါင်းပါးသော သူတို့ သည် အရိပ် အမြွက် မဆိုထားနှင့် အကောင်လိုက် ကိုယ်ထင်ပြသည်ပင် ဘာကောင်မှန်း သိကြမည် မဟုတ်။

အရိယာ တို့ မည်သည်မှာ အရိပ်အမြွက်သော်မျှ ပြောကြပါလိမ့်မည်။

သို့ ပါသောကြောင့် မိမိ အနီး ပတ်ဝန်းကျင် မှ အရိပ်အမြွက်သော်မျှ ပြောလာသူကို လေ့လာမှတ်သား၍ ဆည်းကပ်ပါမူ အကျိုးထူးတို့ ပေးပေလိမ့်မည်။

စော်ကား မော်ကားပြောဆိုမိပါမူ သာမာန်ထက် အကျိုးများစွာ ယုတ်ပေလိမ့်မည်။

သတိထားဆင်ခြင်နိုင်ကြစေခြင်းအကျိုးငှါ တင်ပြလိုက်ရခြင်းသာ ဖြစ်ပါသည်။


*****တတိယမြောက်သမီးတော်*****
တင်ဆက်/ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

ကျနော့အဖေက မှာလိုက်လို့ပါ

Leave a Comment

ကျနော့အဖေက မှာလိုက်လို့ပါ
*********************

သူငယ်ချင်းတို့ရေ.....
          သပြေကုန်းရွာက ဦးတင်အောင်နဲ့ သူ့သားမောင်လှအောင်တို့အကြောင်းလေးပါနော်.............
          အင်း...သပြေကုန်းရွာက ဦးတင်အောင်ဆိုတာကတော့ ယာသမားကြီးတစ်ဦးဗျ ယာလုပ်ငန်းတွေမှာ အင်မတန်အောင်မြင်သူဆိုတော့ စီးပွါးရေးပြည့်စုံတာပေါဗျာ၊ ဒါပေမယ့်...သူတို့နေတာက တောကျကျနေရာ အလုပ်ကိုလည်းကြိုးစားတဲ့မိသားစု ဆိုပြန်တော့ ဗဟုသုတနည်းကြတာပေါ့၊ အဲ့ဒီမိသားစုထဲမှာ ဦးတင်အောင်တစ်ယောက်သာ လူရည်လည်တယ်ဆိုပဲ၊ ဒါကြောင့်....... တစ်နေ့မှာတော့ အရွယ်ရောက်လာပြီဖြစ်တဲ့သူ့သားမောင်လှအောင်ကို ဗဟုသုတရအောင်ဆိုပြီး သူတို့ရွာကနေမြို့ကိုမကြာခဏသွားလေ့ရှိသူ ကိုစိန်မောင်နဲ့ ရန်ကုန်ဆိုတဲ့မြို့ကြီးဆီစေလွှတ်လိုက်သတဲ့လေ၊ ဦးတင်အောင်ကလည်း ဗဟုသုတရှိသူပီပီ သူ့သားကို အစုံအလင်သတိပေး မှာကြားလိုက်တာပေါ့၊ မောင်လှအောင်ကလည်းမြို့ရောက်ရင်အ၀တ်အစားသစ်တွေ ၀ယ်မှာဆိုတော့ မြို့မှာဈေးဝယ်ရင် တောမှာလိုမဟုတ်ကြောင်း ဈေးဆိုင်တွေက ဘယ်ပစ္စည်းကိုမဆိုဈေးနှစ်ဆဆိုကြကြောင်း ဒါကြောင့်သူတို့ပြောတဲ့ဈေးရဲ့ထက်ဝက်ကို ဈေးဆစ်ပြီးဝယ်ရကြောင်း လည်းပါတာပေါ့ဗျာ၊ မောင်လှအောင်ကလည်း မိဘစကားနားထောင်တတ်တဲ့ တောသားလူရိုးလေးဆိုတော့ မိဘတွေမှာကြားသမျှကို တသွေမတိမ်းပေါ့၊ အင်းဒီလိုနဲ့.....ရန်ကုန်ဆိုတဲ့မြို့ကြီးကိုရောက်တော့ မောင်လှအောင်တစ်ယောက် ဈေးဝယ်တော့တာပဲ သူဝယ်တာကတရုတ်ဆိုင်.........
မောင်လှအောင်။     ဦးလေး..ဒီအကျီင်္လေးက ဘယ်လောက်လဲဗျ၊
ဆိုင်ရှင်။                   ၈၀၀၀ိ/- ပါငါ့တူ၊
မောင်လှအောင်။     ၄၀၀၀ိ/- ပဲထားပါဗျာ၊
ဆိုင်ရှင်။                   ငါ့တူရယ် အဲ့ဒီလောက် မကွာပါဘူးကွာ....ကဲကဲ ၆၀၀၀ိ/- နဲ့သာယူပါကွာ၊
မောင်လှအောင်။     ၃၀၀၀ိ/- သာထားပါဗျာ၊
ဆိုင်ရှင်။                   မရလို့ပါကွာ...ကဲကဲ   ၅၀၀၀ိ/- နဲ့ပေးမယ်ကွာ၊
မောင်လှအောင်။     ၂၅၀၀ိ/- နဲ့ရမလား ဦးလေး၊
ဆိုင်ရှင်။                   သြော်.....ငါ့တူကဈေးမှန်ကိုသိနေတယ်ထင်တယ် ကဲကွာ မင်းပြောတဲ့ ၄၀၀၀ိ/- နဲ့သာယူသွားတော့၊
မောင်လှအောင်။     ၂၀၀၀ိ/- ထားပါဦးလေး၊
ဆိုင်ရှင်။                    ဟာ.........မင်းက အကျီင်္လိုချင်ပြီး ပိုက်ဆံမပါတဲ့အကောင်လား ဒါဆိုလည်း  အလကားသာယူးသွားတော့ကွာ၊
မောင်လှအောင်။     ဦးလေး ဦးလေး နှစ်ထည်ပေးပါလားဗျာ၊ ကျနော့ အဖေကမှာလိုက်လို့ပါ။

[Reference: www.forverfriends.ning.com]
တင်ဆက်/ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

ပဲခူးတိုင်းပြည်မြို့ က ဘူတာနဲ့ရထားလမ်းဘေးက ကျူးကျော်အိမ်တွေကို ဖယ်ခိုင်းနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။

Leave a Comment

ပဲခူးတိုင်းပြည်မြို့ က ဘူတာနဲ့ရထားလမ်းဘေးက ကျူးကျော်အိမ်တွေကို ဖယ်ခိုင်းနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။
ပြည်၊ရန်ကုန် ရထားလမ်းနဲ့၊ဘူတာပတ်ဝန်းကျင် ကျူးကျော်အိမ်တွေ ကို (၂၀၁၄)ခု စက်တင်ဘာလ လ ကုန် နောက်ဆုံးထားပြီးဖယ်ပေးရမယ်လို့ ပြည်ဘူတာရုံပိုင်ကြီးက နို့တစ်စာ ပေးပို့လာတဲ့အတွက် ဒေသခံတွေစိုးရိမ်နေကြတာဖြစ်ပါတယ်။
ဖယ်ရှားရမယ်ဆိုရင်လည်းမီးရထားလမ်းဘယ်ညာကိုဖယ်ရှားခိုင်းစေချင်တယ်။ တစ်ဖက်ထဲကိုကွက်ပြီး ဖယ်ခိုင်းတာကိုတောင်မှ မျက်နှာမရှိတဲ့ဆင်းရဲသားတွေကို ဖိနှိပ်ဖယ်ရှားခိုင်းသလိုဖြစ်နေတယ်။ တစ်ချို့အုတ်နံရံတွေနဲ့ နေအိမ်တိုက်တွေ အခိုင်မာဆောက်နေတာတွေရှိတယ်။ သူတို့တွေကိုကွတ်ချန်ခဲ့လို့ မရဘူးလေ။ အခုသူတို့ပြောတာကတော့ မီးရထားသံလမ်းကပေ ၅၀ အကွာမလွတ်တာမှန်သမျှဖယ်ရမယ် ပြောတယ်။ စားရာမရှိမှာကိုမပူပါဘူး နေစရာမရှိမှာကိုပဲဆိုးတယ်။ ကျွန်တော်မှာ အထက်တန်းကျောင်းသား သုံးယောက်တောင် ရှိတယ်ဘယ်မှာသွားနေကြမလဲ ဒီနေရာမှာနေလာခဲ့တာ နှစ် ၆၀ လောက်ရှိပြီလို့ အကြောင်းကြားစာပေးပို့ခံထားရသည့်သူတယောက်ကပြောပြပါတယ်
အမေကြီးတို့မှာဆွေမျိုးလဲမရှိဘူး၊မေကြီးယောက်ကျားကလဲလေဖြတ်နေတာ၊အရင်တုံးကထဲက မီးရထားဝင်ထမ်းလိုင်ခန်းမှာ လစာပေးပြီးနေနေရတာ၊အခုလို ဖယ်ရမယ်ဆိုရင်လဲ နေုရာတခု ခုစီစဉ်ပေးမယ်ဆိုရင်တော့ကောင်းမှာပဲလို့ ကျူးကျော်နေထိုင်သူတယောက်ကပြောပြပါတယ်။ ဌာနပိုင်မြေမှာရှိတဲ့ကျူးကျော်နေအိမ်တွေကို ဖယ်ရှားဖို့အမြဲတမ်းအထက်ကပြောပါတယ်။ တကယ် ဖျက်ခိုင်းဖို့ကျတော့မလွယ်ဘူးလေ။ တစ်အိမ်နှစ်အိမ်ထဲမှမဟုတ်တာ အများကြီးရှိနေတယ်။ ပြသာနာတွေအများကြီးဖြစ်လာနိုင်တယ်။
နောက်တစ်ခုကတော့ နိုင်ငံခြားခရီးသွားတွေရထားစီးခရီးသွားတဲ့အခါမှာ ပြည်မြို့မှာအမြင်မတော်တာတွေ ရှိနေရင်မကောင်းဘူးလေ သူတို့တွေကိုအရင်ဆုံးဌာနဆိုင်ရာကပိုင်တဲ့နေရာမှာ နေနေတယ်ဆိုတာ သိအောင်လုပ်ထားမယ် သူတို့နေရာရှာနိုင်အောင်ပါ။ အရေးပေါ်စီမံကိန်းတွေလုပ်တော့မယ်ဆိုရင်တော့ မဖြစ်မနေဖယ်ပေးရမယ်။ မဖယ်ရင်တော့ဥပဒေအရလုပ်မယ်။ အခုကတော့ကျွန်တော်တို့က ဖယ်ဆိုပြီး အတင်းဖျက်ခိုင်းလို့မရဘူး။ အာဏာပိုင်အဖွဲ့စည်းတွေကလုပ်မှရမှာ ၀န်ကြီးလာတုန်းကစီမံကိန်းတွေလုပ်ဖို့ လျာထားသွားတာတွေလဲရှိတယ် အဲဒီနေရာတွေကိုအရင်ဖယ်ခိုင်းတာဖြစ်တယ်-လို့ ပြည်မြို့ဘူတာရုံအထူးတန်းရုံပိုင်ကြီး ဦးခင်မောင်အေးက ရှင်းပြပါတယ်။
ပြည်မြို့က မီးရထားဝန်ကြီးဌာနပိုင် ဧရိယာအတွင်းရှိကျုးကျော်နေအိမ်များကို ရွှေ့ပြောင်းပေးရန် အကြောင်းကြားစာများပေးပို့ထားပြီး ရထားသံလမ်းအနီးရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းပိုင်းနှင့် မီးရထားကြံ့ခိုင်ရေးပြန်လည်ပြုလုပ်မည့်နေရာများကကျူးကျော် နေအိမ်များဦးစားပေးဖယ်ရှားပေးရမှာဖြစ်ပြီး လက်ရှိပြည်မြို့မြန်မာ့မီးရထားဌာနပိုင် စက်ခေါင်းရုံမြေနေရာ၊ ဘူတာရုံဧရိယာနှင့် အင်ဂျင်နီယာဌာနမြေများ အတွင်း ကျုးကျော်နေအိမ် ၂၀၀ ကျော်ရှိနေပြီး ယခုလကုန်ပိုင်းတွင်ဖယ်ရှားပေးရန် ကြေငြာစာများပေးပို့ ထားခြင်းဖြစ်ကာ မီးရထားဝန်ကြီးဌာနအနေနဲ့ အကောင်ထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ဖြစ်တဲ့ ပြည်မြို့ ရွာဘဲရပ်ကွက်၊ ပြည်ရတနာလမ်းမှစ၍ ဆံတော်ရပ်ကွက်၊ မြောက်စောင်းတန်းလမ်းထိ မီးရထားသံလမ်းတစ်လျှောက်၊ ညာဘက်ခြမ်းတွင်ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ပြည်မြို့မှပြန်လည်ထွက်ခွါမည့် ရထားတွဲဆိုင်းများစစ်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်ခြင်း များပြုလုပ်မည့်နေရာများကို ဦးစွာဖယ်ရှားပေးရမည်ဖြစ်ကြောင်း အထူးတန်းရုံပိုင် ရုံးကတဆင့်သိရပါတယ်။..
သတင်းနှင့်ဓါတ်ပုံ..ကိုမင်းညို(DVB)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)




Read More...

Sunday, September 28, 2014

လမ်းချဲ့ရာတွင် လမ်းမပေါ်ရောက်သွားသည့်မီးတိုင်များ မရွှေ့ပြောင်းနိုင်သေး စံတော်ချိန်သတင်းစာ ပြည့်သဲမောင်(ပြည်)

Leave a Comment


လမ်းချဲ့ရာတွင် လမ်းမပေါ်ရောက်သွားသည့်မီးတိုင်များ မရွှေ့ပြောင်းနိုင်သေး
စံတော်ချိန်သတင်းစာ ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ရွာဘဲရပ်ကွက်အရှေ့ပွင့်လှသိင်္မ်ကုန်းကျေးရွာ
မှ ရွာလယ်လမ်းမကြီးချဲ့ထွင်မှုတွင်လမ်းမပေါ်ရောက်သွားသည့် မီးတိုင်(၁၉)
တိုင်ကို နှစ်လကျော်ကြာသည့်တိုင်မရွှေ့ပြောင်းနိုင်သေးကြောင်း အဆိုပါကျေးရွာ
သူ/ကျေးရွာသားများကပြောသည်။


စံနန်းဦးဘုရားထိပ်မှ စက်မှုဇုန်ထိပ်အထိ ပေ(၃၀၀၀)ကျော်ရှိသောအရှေ့ပွင့်လှသိင်္မ်
ကုန်းကျေးရွာ ရွာလယ်လမ်းကို ဇူလိုင်လ အတွင်းကလွတ်တော်ရံပုံငွေဖြင့် (၁၀)ပေမှ
ပေ(၂၀)သို့ ချဲ့ခဲ့ရာ လမ်းမီးတိုင်များ လမ်းမပေါ်တွင် ကျန်နေခဲ့ခြင်းဖြစ်သည်။

“ ဓါတ်တိုင်တွေက ယိုင်ပြီးလမ်းမပေါ်ရောက် နေတော့လမ်းသွားရင်ဘယ်တော့လဲမ
လဲမော့ကြည့်နေရတယ်။ အမြန်ဆုံး လာလဲမှဖြစ်မှာ”ဟုလည်း ၄င်းကဆိုသည်။
ရွှေ့ပြောင်းရမည့်မီးတိုင်များသည်၁၉၆၄ တော်လှန်ရေးကောင်စီလက်ထက်ကမီးတိုင်
များဖြစ်သည်။တိုင်(၂)လုံးမှာအောက်ခြေပြတ်ဆွေးမြေ့နေပြီး ကျန်(၁၇)လုံးမှာ လမ်းမေ
ပ်ါသို့ တိမ်းစောင်းကာ လဲကျမည့်အခြေအနေ တွင်ရှိသဖြင့်လမ်းသွားလမ်းလာများ
အန္တရာယ်ရှိကြောင်း ကျေးရွာသူ/သားများ ကပြောသည်။

“ မြို့နယ်လျှပ်စစ်ရုံးကို အကြောင်းကြားတော့ လာကြည့်တယ်။ တိုင်အနက်ငါးပေနဲ့
လျှောက်လမ်း နှစ်ပေ တူးပေးဖို့ ကျနော်တို့ ရွာသားတွေကိုပြောထားတယ်။ကျနော်
တို့ကလုပ်ငန်းကျွမ်းကျင်မှု မရှိတော့ မတူးရဲဘူး။အဲဒီနောက်ပိုင်းလျှပ်စစ်ကလာလည်း
မလာတော့ဘူး။ အဲဒီကတည်းကအဆက်ပြတ်သွားတာအခုထိဒီအတိုင်းဘဲ” ဟုပွင့်လှသင်ကုန်းကျေးရွာရာအိမ်စုမှူးဦးနေ၀င်းကပြောသည်။


ဓါတ်တိုင်များနေရာရွှေ့ပြောင်း ပြီးစီးပါက ကျောက်လောင်းရန်ငွေကျပ်လေးသိန်းေ
ကျာ် ရွာသူရွာသားများက စုဆောင်းထားပြီး သြဂုတ်လအတွင်းကလဲဓါတ်ကြိုးနှင့်မ
လွတ်သည့်သစ်ပင်သစ်ကိုင်းများကိုခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း ကျေးရွာလူငယ်ေ
ခါင်းဆောင်ကိုမြင့်ကိုကပြောသည်။

အကြောင်းအရာကိစ္စနှင့်ပတ်သတ်ပြီး ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးကျော်စွာ
လင်းက “ဒီအတိုင်းဆိုရွှေ့မရဘူး။ လိုက်မြောင်းတူးပြီးမှရွှေ့ရမယ်။လိုက်မြောင်းတူး
ရင်ကျနော်တို့ကိုအကြောင်းကြားပါ။ကျနော်တို့လူလွှတ်ပြီး ပြပေးမယ်လို့ပြောထားတ
ယ်။အခုထိမဆက်သွယ်ဘူး” ဟုပြောသည်။


မှတ်ချက်။ ။၎င်းစာမူသည်ကျနော်၏ဆရာမဇ္ဇိုမသတင်းထောက် ရေခဲ(ပြည်)ထံမှ
ရယူခဲ့သောသတင်းအချက်အလက်များဖြစ်ပြီးစာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝ
ကိုဖြေရှင်းသွား မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်) စံတော်ချိန်နေ့စဉ် သတင်းစာ
ဓါတ်ပုံ ကိုသန့်ဇင် (သူရိယနေ၀န်း ဂျာနယ်)
Read More...

Lucky World 5-D မှ 5-D စက်ရောင်းရန်ရှိသည် ညှိနိုင်းဈေးနှင့်ရောင်းချပေးမည်ဖြစ်ကြောင်း

Leave a Comment





Lucky World 5-D မှ 5-D စက်ရောင်းရန်ရှိသည်
ညှိနိုင်းဈေးနှင့်ရောင်းချပေးမည်ဖြစ်ကြောင်း

Lucky World 5-D ရုပ်ရှင်ရုံမှ မော်နီတာ(၁)လုံး ၊ 5-D စက်(၁)လုံး ၊ 
အသံစက်(၁)လုံး ၊မီးအားမြှင့်စက်(၁)လုံးပရိုဂျက်တာ(၂)လုံး ၊လှူပ်ခုံ(၁)လုံး 
၊နှင်းစက်(၁)လုံး ၊ ပိတ်ကား(၁)ခု ၊ရေဖျန်းစက်(၁)လုံး ၊ ရေပူဖေါင်းစက်(၁)လုံး
 ၊ မီးခိုးစက်(၁)လုံး ၊ လေမှူတ်စက်(၁)လုံး ၊ လျှပ်စီးလျှပ်တာ(၁)ခု ၊ စောင်းဘောက်
(၂)လုံး ၊ CCTV ကင်မရာ (၁)လုံး တို့ပါရှိမည်ဖြစ်ပြီးညှိနိုင်းဈေးနဲ့ရောင်းချမည်ဖြစ်
ကြောင်းကြော်ငြာအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ ။           ။အမှတ်(၉၁၈)ပန်းတင်းတန်းလမ်း အစိုးရမူကြိုကျောင်းရှေ့
                                       ဆံတော်ရပ်ကွက် ပြည်မြို့
                                       ဖုန်း ၀၉၄၃၀၈၄၅၃၄ ၊၀၉ ၄၅၀ ၉၁၉၁၈
                                      







Read More...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ပြည်မြို့နယ်)အား ပြန်လည်မွမ်းမံပြင်ဆင်ဖွဲ့စည်း

Leave a Comment

မြန်မာနိုင်ငံဂီတအစည်းအရုံး(ပြည်မြို့နယ်)အား
ပြန်လည်မွမ်းမံပြင်ဆင်ဖွဲ့စည်း

ပြည်၊စက်တင်ဘာ(၂၈)
မြန်မာနိုင်ငံဂီတအစည်းအရုံး(ပြည်မြို့နယ်)အား ပြန်လည်မွမ်းမံ ပြင်ဆင်ဖွဲ့စည်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊န၀ဒေးရပ်ကွက်ရှိ Royal Star စားသောက်ဆိုင်တွင် ၂၈-၉-၂၀၁၄ ရက်နေ့ နံနက်(၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ပြည်မြိုနယ်)၏ နာယက ဦးမောင်မောင်ခင်မှ အဖွင့်အမှာစကား ပြောကြား၍ တက်ရောက်လာကြသော အဖွဲ့ဝင်များမှ ပြန်လည်ဖွဲ့စည်းလိုက်သော ပြည်မြို့နယ် ဂီတအစည်းအရုံး၏ အလုပ်အမှုဆောင်အဖွဲ့ တာဝန်အသီးသီးကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး အခမ်းအနားကို နံနက်(၁၀း၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။
အခမ်းအနား အဖွဲ့ဝင်(၃၀)ဦးတို့တက်ရောက်ကြပြီး တက်ရောက်ကြသော အဖွဲ့ဝင်များအနက်မှ အမှုဆောင်ကော်မတီ(၁၂)ဦးကိုရွေးချယ်တင်မြှောက်ကြရာ(၁)ဦးမြင့်လွင်(ဥက္ကဋ္ဌ)(၂)ဦးရဲနိုင်-စန္ဒရား(ဒု-ဥက္ကဋ္ဌ) (၃)ဦးကျော်ကျော်နိုင်(အတွင်းရေးမှူး)(၄)ဦးတင်အောင်(တွဲ/အတွင်းရေးမှူး)၊(၅)ဦးသိန်းညွန့် (ဘဏ္ဍာရေးမှူး)၊ (၆)ဒေါ်မြမြ(စာရင်းစစ်)၊(၇)ဦးအောင်ဆန်းမင်း(ပြန်ကြားရေးမှူး)၊(၈)ဦးအောင်ကျော်မျိုး(ပြန်ကြားရေးမှူး)၊ (၉)ဦးအေးထွန်း(စည်းရုံးရေးမှူး)၊(၁၀)ဦးမင်းခိုင်(တွဲ/စည်းရုံးရေးမှူး)၊(၁၁)ဦးဝင်းတင် (အမှုဆောင်)၊ (၁၂)ဦးခင်မောင်ဝင်း(အမှုဆောင်) တို့ဖြစ်ကြပြီး တက်ရောက်လာကြသော အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များအနေ ဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးဗဟိုမှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါမည့် အကြောင်းကတိပြုခဲ့ ကြကြောင်းသိရသည်။
ပြည်မြို့နယ်အတွင်းရှိ ဂီတပညာရှင်များနှင့် ဂီတ၀ါသနာရှင်များအနေဖြင့် ပြည်မြို့နယ် ဂီတအစည်းအရုံးသို့ စိတ်ပါဝင်စားသူ တိုင်း အသင်း၏စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသင်းဝင်နိုင်ပြီး အသင်းဝင်လိုပါက (၁)ဦးဖိုးဖြူ-နာယက (ရင်ခွင်ဦးတေးဂီတ) ဖုန်း-၀၉၂၅၀၅၅၆၁၁၈၊(၂)ဦးကျော်လွင်-နာယက-ဖုန်း-၀၉၄၃၀၈၄၆၃၄၊(၃)ဦးကျော်ကျော်နိုင် (အတွင်းရေးမှူး)၊ဖုန်း-၀၉၃၃၅၇၈၈၅၅ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသတင်းရရှိသည်။

မင်းယွန်း(ခေတ္တရာ)

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

ဖိုးသူတော်ဦးရွှေဝနှင့် လိုချင်လျှင်အနီးကလေး

Leave a Comment

ဖိုးသူတော်ဦးရွှေဝနှင့် လိုချင်လျှင်အနီးကလေး
********************************

ခန့်ကျော်စွာ

လွန်ခဲ့ပြီးသော နတ်တော်လပြည့်နေ့ နံနက် (၁၀)နာရိအချိန်တွင် ပြည်မြို့၊ အနောက်ဘက် ဧရာဝတီမြစ်အနောက် ဘက်ကမ်းရှိ ပန်းတောင်းမြို့နယ်ပိုင် ဦးဖိုးတောင်ကျောင်းတိုက် ဆရာတော်ထံတွင် (၈)ပါးသီလ ခံယူဆောက်တည်ပြီး နောက် (၄၅)ရက်ကာလကြာမည့်အဓိဋ္ဌာန်ကို စတင်ကျင့်ဆောင်ဖြစ်၏။ အဓိဋ္ဌာန်ကာလအတွင်း စားသောက်ဖွယ်ကိစ္စ၊ ချက်ပြုတ် ကြော်လှော်ခြင်းကို ကျွန်ုပ်၏တပည့်ကလေး မောင်ကံထူးက တာဝန်ယူထားလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် သတ်မှတ်ထား ပြီးသောအချိန်ဇယားအတိုင်း ဘုရားဝတ်ပြုရှိခိုးခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ တရားရှုမှတ်ခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း စသော ဆောင်ရွက်ဖွယ်တို့ကို ကျကျနန ပြည့်စုံစွာ ကျင့်ဆောင်နိုင်လေ၏။
နတ်တော်လပြည့်ညတွင် အဓိဋ္ဌာန်အစီအစဉ်အတိုင်း ကျွန်ုပ်သည် ဖိုးဦးတောင်စေတီတော်မြတ်ကြီး၏ စနေထောင့် တွင် ဂုဏ်တော် (၉)ပါး၊ ပတီး (၉)ပတ်စိပ်ပြီးနောက် စေတီတော်ရင်ပြင်တွင် လက်ယာရစ်လမ်းလျှောက်ရင်း တိုးတိုးဖွဖွဖြင့် အရပ် (၁၀)မျက်နှာမေတ္တာပို့ဆုတောင်းနေမိ၏။ တနင်္လာထောင့်သို့ရောက်သောအခါ ၀တ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားဝတ်ပြုပြီးသဖြင့် အမျှဝေရင်း၎င်း၏ငွေရောင်ကြေးစည်ကလေးကို ထုနှက်လိုက်ရာ လွန်စွာအသံသာသော ကြေးစည် သံလေးကိုကြားရလေ၏။ ကျွန်ုပ်လည်း ဖြည်းညင်းစွာလမ်းလျှောက်ရင်း ဆက်လက်ပြီးမေတ္တာပို့ခြင်းကို တိုးတိုးဖွဖွရွတ်ဆိုနေမိ ၏။
ထို့နောက်စေတီတော်မြတ်ကြီးကို လက်ယာရစ်တစ်ပတ်လှည့်လည်မေတ္တာပို့ပြီးနောက် အင်္ဂါထောင့်အနီးရှိ ဘုရား စေတီရင်ပြင်အစွန်း စတီးလက်ရန်းကို အားပြုရပ်နေပြီး အရှေ့အရပ်မှ ထွက်ပေါ်မြင့်တက်နေသော လပြည့်ညဖိုးလမင်းကြီးကို ငေးကြည့်နေမိ၏။ ထိုစဉ်မှာပင် ဘုရားဝတ်ပြုရှိခိုးပြီးသော ၀တ်ဖြူစင်ကြယ်ပုဂ္ဂိုလ်သည် ကျွန်ုပ်အနီးသို့ရောက်လာတော့၏။
သေချာဂနစွာ စူးစမ်းကြည့်လိုက်သောအခါ ထိုဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်သည် ခပ်၀၀ဖီးဖီး ဦးပြည့်ကြီးနှင့် ဖိုးသူတော် ကြီးဖြစ်ကြောင်း လရောင်အောက်တွင် ထင်ထင်ရှားရှားတွေ့လိုက်ရ၏။ ဖိုးသူတော်ကြီး၏ ၀တ်ရုံတို့သည် ညဦးလေပြည် လေညင်းကြောင့် တဖျတ်ဖျတ်လွင့်နေ၏။ ၄င်း၏အသားအရောင်သည် လရောင်အောက်တွင် ၀င်းဝါစိုပြေနေ၏။  လရောင် အောက်တွင် ၀င်းဝါစိုပြေနေ၏။ လရောင်အောက်တွင် ၀၀ဖီးဖီးသူတော်ကြီးသည် ကျွန်ုပ်အတွက် အထူးအဆန်းတစ်ခုဖြစ် သကဲ့သို့ ကြည့်ကောင်းသောမြင်ကွင်းတစ်ခုလည်းဖြစ်နေ၏။  ထိုသို့ ကြည့်ကောင်းကောင်းနှင့်ငေးမောကြည့်နေသော ကျွန်ုပ် ကို ဖိုးသူတော်ကြီးက ဦးစွာနှုတ်ဆက်စကားဆိုလေ၏။
" ဒီကကိုယ့်လူက . . .အဓိဋ္ဌာန်လာဝင်တာထင်ပါရဲ့ . . . " ဟု ဖိုးသူတော်ကြီးကပြောသောအခါ ကျွန်ုပ်က ခေါင်းငြိမ့်ပြ လိုက်ပြီး . . .
" ဟုတ်ပါတယ် . . . ဦးသူတော်ကြီး . . .ဒါနဲ့ . . . ဦးသူတော်ကြီးက ဘယ်တုန်းကရောက်တာလဲ . . ." ဟုမေးလိုက်၏။
"ဒီနေ့ နံနက် (၁၀)နာရီမထိုးခင်ရောက်လာတာ . . . ကျုပ်က ဒီစောင်းတန်းဘေးက သံဇရပ်မှာတည်းခိုတယ်။ (၄၅)ရက် အဓိဋ္ဌာန်ဝင်တာ . . ." ဟု ဖိုးသူတော်ကြီးက ပြောသောအခါ ကျွန်ုပ်က အံ့သြပြီးလျှင် . . . " သြော်" ဟုသာ ရေရွတ်မိ လေတော့၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်အဓိဋ္ဌာန်ပြုသည့်အတိုင်း (၄၅)ရက်ကာလကြာမည်ဖြစ်သောကြောင့် ထူးခြား တိုက်ဆိုင်စွာဖြင့် အံ့သြသွားရခြင်းဖြစ်ပေ၏။ ထို့ကြောင့်ကျွန်ုပ်က
" ဦးသူတော်ကြီးနဲ့ ကျွန်တော်နဲ့က အဓိဋ္ဌာန်မိတ်ဆွေတွေလို့ပြောလို့ရပြီပေါ့ ။ ကျွန်တော်လည်း ဒီနေ့ကစပြီး အဓိဋ္ဌာန် ၀င်တာ (၄၅)ရက်ကြာမှာ . . ." ဟုပြောလိုက်သောအခါ ဖိုးသူတော်ကြီးက
အလို . . . တိုက်ဆိုင်စွာပါပဲလား။ ဒီလိုဆို အဓိဋ္ဌာန်မိတ်ဆွေအဆင့်မဟုတ်တော့ဘူး။ အဓိဋ္ဌာန် ညီအစ်ကိုအဆင့် ရောက်သွားပြီပေါ့ . .. ဟု ပြောလိုက်ပြီးလျှင် သဘောကျစွာဖြင့် တဟားဟား ရယ်မောလိုက်သောအခါ ဖိုးသူတော်ကြီး၏ရယ် မောသံသည် ဖိုးဦးတောင်ဝန်းကျင်အနှံ့ပဲ့တင်ထပ် ပျံ့နှံ့သွားပါလေတော့၏။
" ဒါနဲ့ ကိုယ့်လူက ဘယ်အရပ်ကလာတာလဲ . . .? ဟု ဖိုးသူတော်ကြီးကမေးသဖြင့် ကျွန်ုပ်က -
နတ်တလင်းမြို့က လာခဲ့တာ. . . ဦးသူတော်ရေ . . .။ ကျွန်တော်က ဗေဒင်ဟောတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း တယ်လေ . . . ခု ဗေဒင်ဟောခန်းကို ပိတ်နားထားခဲ့ပြီး ဒီမှာအဓိဋ္ဌာန်လာလုပ်တာ . . . " ဟု ပြည့်စုံစွာပြောပြလိုက်သောအခါ ဖိုးသူတော်ကြီးက ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း . . .
" နတ်တလင်းမြို့ဆိုတော့ သိပ်တော့မဝေးလှပါဘူး။ ရန်ကုန်-ပြည်ကားလမ်းမကြီးပေါ်က ပေါင်းတည်မြို့နဲ့ ဇီးကုန်းမြို့ ကြားကနတ်တလင်းမြို့မဟုတ်လား။ ကျုပ်တော့တစ်ခေါက်ရောက်ဖူးတယ်။ ကိုယ့်လူတော့ သိလောက်ပါတယ်။ ဆရာဖြိုး ဆိုတာလေ ပညာအလင်းပြ ပုံနှိပ်တိုက်ပိုင်ရှင်လေ . .. အဲဒီဆရာဖြိုးကွယ်လွန်သွားပြီးနောက် ပိုင်းမှာ အဲဒီမိသားစုဆီကို ရောက်ဖူးတာ . .. " ဟုပြောသဖြင့် ကျွန်ုပ်လည်း အလျင်အမြန်ပင် .
" ဟုတ်လား ဆရာဖြိုးမိသားစုနဲ့ ကျွန်တော်နဲ့ အတော်ကလေးရင်းနှီးပါတယ် . . . " ဟုပြောလိုက်ရ၏။ ထိုအခါ ဖိုးသူတော်ကြီးက
" ဆရာဖြိုးဆိုတာ  အင်မတန်တော်တဲ့ပုဂ္ဂိုလ်ကြီးပေါ့ ကိုယ့်လူရဲ့ . . . သူပြုစုရေးသားသွားတဲ့ စိတ်ပညာအလင်းပြ ကျမ်း ဆိုတာအင်မတန်အဖိုးတန်လှတဲ့ ကျမ်းကြီးပေါ့ . . . စိတ်ပညာနဲ့ပတ်သက်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ရထားတဲ့ ကမ္ဘာအသိ အမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်ကြီးပေါ့ . . ." ဟု လေးလေးနက်နက်ချီးကျူးစကားဆိုသောအခါ နတ်တလင်းမြို့အရပ်တွင် နေထိုင်ရ ခြင်းကိုပင် ဂုဏ်ယူကျေနပ်မိလေတော့၏။ ထို့နောက် ဖိုးသူတော်ကြီးက -
" ဒါနဲ့ စကားမစပ်နော် စပ်စုတယ်လို့မထင်ပါနဲ့ အဓိဋ္ဌာန်ညီအစ်ကိုလို သဘောထားပြီး သဘောရိုးနဲ့မေးတာနော်. . . ကိုယ့်လူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီမှာအဓိဋ္ဌာန်ဝင်တာလဲ . . ." ဟု ကျွန်ုပ်အား စေ့စေ့စပ်စပ်ကြည့်၍ မေးလေ၏။ ထိုအခါ ကျွန်ုပ်သည် အင်္ကျီအိပ်ကပ်အတွင်းမှ စီးကရက်ဗူးကို ထုတ်ယူလိုက်၍ စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်ပြီးနောက်
" ကျွန်တော်က ဗေဒင်ဆရာလေ . . . ဦးသူတော်ကြီးရဲ့။ နေ့စဉ်နဲ့အမျှ ကျွန်တော့ဗေဒင်စားပွဲရှေ့မှာ မျိုးစုံသော ဧည့်ပရိတ်သတ်တွေ ရောက်လာကြပြီး သူတို့ရဲ့ကံဇာတာတွေ တွက်စစ်ပေးရမယ်။ သူတို့အတွက် အကျိုးရှိရာရှိကြောင်း ယတြာတွေ လမ်းညွှန်ပေးရတယ်။ အဲဒီတော့ ကျွန်တော်ဗေဒင်ဟောတဲ့ ဟောချက်စကားတွေမှန်ဖို့ ဧည့်သည်တွေရဲ့ အခက် အခဲတွေပြေလည်ဖို့ ကျွန်တော်လမ်းညွှန်လိုက်တဲ့ ယတြာတွေ အစွမ်းထက်ဖို့ဆိုတဲ့ ခုနှစ်ရက်သားသမီးကောင်းကျိုးကို လိုလားတဲ့ ရည်ရွယ်ချက်နဲ့ ဒီအရပ်ဒေသမှာ အဓိဋ္ဌာန်လာကျင့်တာပါ။ ဖိုးဦးတောင်ဆိုတဲ့ ဒီအရပ်ဒေသက သာမာန်အရပ် ဒေသမဟုတ်ဘူးလေ. . . ။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဒီအရပ်ဒေသကို ကြွချီလာပြီး ပွေးဖို၊ ပွေးမကို ဗျာဒိတ်စကားမိန့်ခဲ့တဲ့ နေရာထူးဆိုတော့ အင်မတန်ထူးတဲ့ဓါတ်ရှိတယ် . . . ။
" ဓါတ် ဆိုတဲ့စကားရဲ့ အ ဓိပ္ပါယ်တွေ အယူအဆတွေတော့ အများကြီးကြားဖူးနားဝရှိခဲ့တယ် . .. ။ ကျွန်တော် ယူဆ နားလည်ထားတဲ့ဓါတ်ဆိုတာက ဒီလို ဖိုးသူတော်ကြီးရဲ့ . . .ဟု ဆိုပြီးလျှင် စကားစဖြတ်ထားပြီး စီးကရက်ကို ခပ်ပြင်းပြင်းဖွာ ရှုရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။ ထိုအခါ ဖိုးသူတော်ကြီးက
" ဆိုစမ်းပါဦး ကိုယ့်လူရဲ့၊ ကိုယ့်လူနားလည်လက်ခံထားတဲ့ ဓါတ် ဆိုတာ  . . . " ဟု စကားထောက်မေးသဖြင့်
" သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ လျှပ်စစ်ဓါတ်အားတို့ သံလိုက်ဓါတ်အားတို့ဆိုတဲ့ အကြောင်းအရာတွေလိုပဲ ဂမ္ဘီရဘက်မှာလည်း ဂမ္ဘီရဓါတ်အားဆိုတာရှိတယ်လို့ လက်ခံထားတယ်။  သဘောပေါက်အောင်ရှင်းပြဖို့လောက်တော့် ကျွန်တော်စကားမကြွယ်ဘူးပေါ့. . .
အဲဒီတော့ ဒီဖိုးဦးတောင်ဆိုတဲ့ အရပ်ဒေသမှာ မြတ်စွာဘုရားရဲ့ ဗျာဒိတ်စကားမြွက်ကြားခဲ့တဲ့ ဓါတ်အားရှိခဲ့တဲ့ နေရာ ထူးလို့ ကျွန်တော်ကသတ်မှတ်ထားတယ် . . . သာမာန်မြင်ရဖို့ နားလည်ဖို့ မလွယ်ကူနိုင်တဲ့ ဂမ္ဘီရဓါတ်အား၊ ၀ိဇ္ဇာဓါတ်အား ရှိတယ်လို့ယုံကြည်ထားတယ်။
ဒါ့ကြောင့် ဒီအရပ်ဒေသမှာ မြတ်စွာဘုရားရှင်ကို အာရုံပြုရှိခိုး ဘုရားရှင်ရဲ့ ဂုဏ်တော်တွေပွားများပြီး သက်တော်ထင်ရှား ဘုရားရှင်ကို  ဖူးတွေ့ရလို ကြည်ညိုပြီး အဓိဋ္ဌာန်ပြု ဆုတောင်းရင် အကျိုးထူးတွေဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ ဗေဒင်မေးကြသူ ပရိတ်သတ်တွေအတွက် အကျိုးထူးတွေ ဦးဆောင်လမ်းညွှန် နိုင်တဲ့ ဗေဒင်ဆရာကောင်းဖြစ်ဖို့ ဂမ္ဘီရ၀ိဇ္ဇာဓါတ် သိဒ္ဓိထူးတွေရဖို့  ဒီမှာအဓိဋ္ဌာန်လာကျင့်တာပါ . . . ဦးသူတော်ရယ်  . .. ဟု  ကျွန်ုပ်က ရှည်လျားစွာ ပြောပြလိုက်ပြီး စီးကရက်ကို ဆက်လက်ဖွာရှိုက်နေသောအခါ ဖိုးသူတော်ကြီးက-
" သာဓု . . . သာဓု . . . သာဓု  လူအများကို အကျိုးပြုလိုတဲ့ဆန္ဒမွန် ဆန္ဒမြတ်နဲ့ ကျင့်ဆောင်နေတဲ့ အဓိဋ္ဌာန်ရဲ့ အကျိုးပြုထူးတွေ ကိုယ့်လူရပါလိမ့်မယ်။ လူအများကို အကျိုးပြုလိုသူ ဦးဆောင်လိုသူဆိုတာ . . . ကိုယ့်အကျိုးစီးပွား အတ္တ ထက် အများကိစ္စကို ဦးစားပေးရတယ် . . . အများသူငါထက်သာတဲ့ စွမ်းရည်သတ္တိတွေ ကိုယ့်မှာရှိရတယ်။ ဥာဏ်ပညာ အမျှော်အမြင်ပြည့်စုံရတယ်။  . . စတဲ့ လိုအပ်ချက်တွေ အရည်အသွေးတွေ ကိုယ့်လူဆီမှာ ရှိဖို့တော့ အရေးကြီးတယ်နော် . . .
ဟုတွေးတွေးစစ ဆိုလေ၏။ ပြီးနောက် -
နတ်တလင်းဆရာဖြိုးရေးတဲ့ စိတ်ပညာအလင်းပြကျမ်း . . . " ဆိုတာကို ကိုယ့်လူဖတ်ဖူးရဲ့လား လေ့လာလိုက်စားဖူး သလား။ ဟု ဖိုးသူတော်ကြီးက မေးလေ၏။ ထိုအခါ ကျွန်ုပ်သည် စီးကရက်ကို ခပ်ပြင်းပြင်းဖွာရှိုက်လိုက်ပြီး  မီးခိုးများကို မှုတ်ထုတ်လိုက်ရင်း . ..
"  ဖတ်ဖူးတဲ့ စာအုပ်တွေစာရင်းထဲမှာတော့ ပါတယ်ပေါ့။ ဖိုးသူတော်ကြီးရယ် အတွင်းကျကျ လေ့လာလိုက်စား ဖြစ်တဲ့ အထိတော့ မလုပ်ဖြစ်ဘူး . . ."  ဟုပြန်ပြောလိုက်၏။ ထိုအခါ ဖိုးသူတော်ကြီးက
ကိုယ့်လူပြောတဲ့ ဓါတ် ဆိုတဲ့ စကားနဲ့ဆက်ရရင် စိတ်ဓါတ် ဆိုတဲ့ အကြောင်းအရာက လူတွေအတွက် အင်မတန် အရေးကြီးတဲ့ အကြောင်းကိစ္စပဲပေါ့။ အဲဒီအရေးကြီးတဲ့ စိတ်ဓါတ်အကြောင်းကို ဖွင့်ဆိုထားတဲ့ ပညာရပ်မို့ စိတ်ပညာလို့  ခေါ်တာပေါ့ . . .
အများကို အကျိုးပြုလိုသူတွေ ဦးဆောင်လိုသူတွေမှာ သူမတူတဲ့ စွမ်းရည် သတ္တိ ဥာဏ်ပညာတွေရှိဖို့ စိတ်တန်ခိုး လေ့ကျင့်ခန်းတွ လုပ်ရတယ် ကိုယ့်လူရဲ့ စိတ်စွမ်းရည်ရှိဖို့ လိုတယ်ပေါ့ . . . ။
" စိနေတ္တ နိယျတေ လောကေ " လို့ ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် မြွက်ဟမိန့်ကြားခဲ့တယ်လို့ ကျမ်းဂန်တွေမှာ တွေ့ရတယ်။  အဓိပ္ပါယ်က
" စိတ်သည် လောကကိုဆောင်၏။ စိတ်တည်းဟူသော တစ်ခုတည်းသော ဓမ္မ၏အလိုသို့ အားလုံးသော သတ္တ လောကသားတို့ အစဉ်တစ်စိုက် လိုက်ပါနေကြရသည်။ " ဆိုတဲ့ အမြင်အသိက ဗုဒ္ဓရဲ့ အမြင်အသိပဲ။
ပြောချင်တာကတော့ စိတ်ဓါတ်ဆိုတာ လူတစ်ယောက်အတွက် အရေးကြီးဆုံးကိစ္စပဲပေါ့။ လူတိုင်းမှာလည်း စိတ်စွမ်း ရည်ဆိုတာရှိတယ်။ အနီးစပ်ဆုံး ဥပမာပြောရရင် . . . ကိုယ့်လူမှာလည်း တွေ့ဖူးကြားဖူးကြုံဖူးရှိမှာပါ။ ရပ်ကွက်ထဲမှာ မီးလန့် တယ်ဆိုပါတော့ ပစ္စည်းတွေသယ်ကြရွှေ့ကြတဲ့အချန်မှ တစ်ယောက်တည်းနဲ့ ကြီးလေးတဲ့သေတ္တာကြီးတွေ၊ ဗီရိုကြီးတွေကို သယ်မရွှေ့ပစ်လိုက်တာမျိုးတွေ  ရုတ်တရက် အန္တရာယ်တွေ့တဲ့အခါ နံရံအမြင့်ကြီးတွေ ကျော်လွှားသွားတာ သစ်ပင်မြင့်ကြီး တွေကျော်လွှားပြီးတက်သွားတာ ဆိုတာတွေက  ရုတ်တရက်ပေါ်လာတဲ့ စိတ်စွမ်းရည်ကြောင့်ဖြစ်တဲ့ သင်္ကေတ သာဓကတွေ ပေါ့ . . . အဲဒါကြောင့်လန့်စိတ်ရုတ်တရက် နိုးထလာတဲ့စိတ်စွမ်းရည်ပေါ့။
အဲဒီလို တန်ခိုးသိဒ္ဓိစွမ်းရည်သတ္တိရှိတဲ့စိတ်ဓါတ်ကို စနစ်တကျပြုပြင်လေ့ကျင့်ပေးနိုင်ရင် သာမာန်လူတွေထက်သာတဲ့ ဦးဆောင်နိုင်တဲ့၊ လမ်းညွှန်နိုင်တဲ့ အရည်အချင်းတွေရှိလာမှာပါ။ အဲဒါကြောင့် စိတ်ပညာဆရာတွေက လေ့ကျင့်နည်းမျိုးစုံနဲ့ စိတ်ပညာကျမ်းတွေ ပြုစုကြတာပေါ့ . . . ကိုယ့်လူရဲ့ . .. ။
အခု ကိုယ့်လူရဲ့ အလုပ်က ဗေဒင်ဆရာဆိုတော့ လူတွေရဲ့ကံဇာတာ အကောင်းအဆိုးကို ဝေဖန်ဆုံးဖြတ်ပေးရတာ ဆိုတော့ စိတ်စွမ်းအင်သိဒ္ဓိရှိဖို့ လေ့ကျင့်ဖို့လိုတာပေါ့။ ဗေဒင်ဆရာရယ်. . . ဘာရယ် . . . မဟုတ်ပါဘူး။ လူတိုင်းစိတ်စွမ်းရည် ရှိဖို့လိုတာပေါ့ . .. " ဟု စိတ်ပညာရပ်နှင့်ပတ်သက်သော စကားတို့ကိုရှည်ရှည်လျားလျား အထက်ပါအတိုင်း ပြောပြလေ၏။
" ဦးသူတော်ကြီးကို ပြောပြရဦးမယ် ။ စိတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေ ဖတ်ကြည့်ပြီးတော့ ကျွန်တော် ဗေဒင် ဆရာဖြစ်စက  စိတ်ပညာလေ့ကျင့်ခန်းတွေလုပ်ကြည့်ဖူးတယ်။ ထူးထူးခြားခြားပေါက်ပေါက်မြောက်မြောက်တော့ မဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုးရက်ဆယ်ရက်လောက် ပုံမှန်လုပ်ဖြစ်ပြီးတော့ နောက်ပိုင်းကျတော့ ပျင်းရိငြီးငွေ့သလိုဖြစ်ပြီး စိတ်ပညာလေ့ကျင့်ခန်းတွေ ပျက်သွားရပ်သွားတော့တာပဲဗျို့ . .. " ဟု ကျွန်ုပ်က ရယ်ရယ်မောမောပြောလိုက်သောအခါ ဖိုးသူတော်ကြီးက
" စိတ်ပညာလေ့ကျင့်ကြတဲ့ စိတ်တန်ခိုးလေ့ကျင့်ကြတဲ့သူ တော်တော်များများဟာ လေ့ကျင့်စမှာ အစပိုင်းတော့ စိတ်ဓါတ်တက်ကြွစွာနဲ့ပေါ့။ နောက်တဖြည်းဖြည်းနဲ့ ခရီးမရောက်ခင် ပျက်သွားရပ်သွားကြတာများတယ်။ အနီးစပ်ဆုံးဥပမာ ပြောရရင် ကလေးတွေကျောင်းတက်သလိုပဲ ကိုယ့်လူရဲ့ . . . ကျောင်းဖွင့်စမှာတော့ ကျောင်းဝတ်စုံလေး သပ်သပ်ရပ်ရပ် မှတ်စု လက်ရေးလေးသပ်သပ်ရပ်ရပ် နဲ့ စိတ်ဓါတ်တွေ တက်ကြွလို့ပေါ့ အဲ . . . ကျောင်းစာသင်နှစ် နှစ်ဝက်လောက်လည်း ရောက်ရော  မှတ်စုလက်ရေးတွေလည်း ညစ်ပတ်လာတယ်။ မှတ်စုမစုံမလင်တွေဖြစ်လာကြတယ်။  ကျောင်းဝတ်စုံလည်း မသပ်မရပ်တွေ ဖြစ်လာတယ်။  ကျောင်းတက်ချိန်တောင် မှန်ဖို့အတော်ကြိုးစားလာရတယ်။ အဲဒါ ဘာလဲဆိုတော့ ရိုးအီငြီးငွေ့ သွားတဲ့ စိတ်ဓါတ်ပေါ့ အဲဒီစိတ်ဓာတ်ကို တော်လှန်နိုင်မှ ကျော်လွှားနိုင်မှ အောင်မြင်မှုတွေ သိဒ္ဓိထူးတွေရမှာပေါ့ . . ကိုယ့်လူရဲ့ ဟု ရယ်ရယ်မောမော ပြောလေ၏။
ကျွန်ုပ်သည် ကုန်ဆုံးသွားသော စီးကရက်တိုကို အဝေးသို့တောက်လွှင့်စွန့်ပစ်လိုက်ပြီးနောက် . . .
" ဦးသူတော်ကြီးသိထားတဲ့ စိတ်တန်ခိုးလေ့ကျင့်ခန်းတွေထဲက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်း တစ်ခုလောက်ပြောပြပါလား . .. ရိုးအီငြီးငွေ့မသွားတဲ့ လေ့ကျင့်ခန်းမျိုးဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ် . . ." ဟု ကျွန်ုပ်က စကားကြုံဖြင့် တောင်းဆိုလိုက်သောအခါ ဖိုးသူတော်ကြီးက .
" အလွယ်ကူဆုံးနည်းလမ်းတွေရှိတာပေါ့ . .. လွယ်လွန်းလို့ ကိုယ့်လူဘက်က အထင်မသေးဖို့ဘဲ လိုပါလိ့မ်မယ်။  ပြီးတော့ ရိုးအီငြီးငွေ့မသွားဖို့ကတော့  ကိုယ်တိုင်ကြိုးစားရမှာပေါ့  ဗေဒင်ဆရာရဲ့ ဘယ်လိုမျိုး သဘောထားပြီး ကြိုးစား လေ့ကျင့်ရမလဲဆိုတော့ ထမင်းကို မရိုးနိုင်မအီနိုင် နေ့စဉ်ပုံမှန်စားနေရသလို စိတ်တန်ခိုးလေ့ကျင့်ခန်းကိုလည်း ပုံမှန်လေး လုပ်သွားရမှာ . . . ပြီးတော့ ထမင်းစားသလို တစ်နေ့တည်းတစ်နပ်တည်းနဲ့ တစ်နှစ်စာ တစ်သက်စာ စားမရသလိုပဲ . . . စိတ်တန်ခိုးလေ့ကျင့်ခန်းကိုလည်း လောဘမကြီးဘဲ မှန်မှန်လေးလုပ်ရမယ် . . အဲဒီတော့
နံပါတ် (၁) အချက်အနေနဲ့ ကျုပ်ပြောပြတဲ့ စိတ်တန်ခိုးကျင့်စဉ်ကို ကိုယ့်လူယုံကြည်ရမယ်။ လွယ်တယ်ဆိုပြီး အထင်မသေးရ ဘူး။
နံပါတ် (၂) အချက်အနေနဲ့ နေ့စဉ်ပုံမှန် လမ်းညွှန်ချက်အတိုင်း လေ့ကျင့်ရမယ်။ လောဘကြီးပြီး တောက်လျှောက် ဆက်တိုက်ကြီး အချိန်ပြည့်လုပ်လို့မရဘူး။ပုံမှန်လေးပဲ လုပ်သွားရမယ်။
နံပါတ် (၃) အချက်ကတော့ မယုံကြည်ရင် စိတ်မ၀င်စားရင် လုံးလုံးမလုပ်ပါနဲ့။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ တကယ်လေးလေးနက်နက် ယုံကြည်မှလုပ်ပါ။
ကဲဘယ်လိုလဲ ကိုယ့်လူ အဲဒီအချက်တွေ လိုက်နာမယ်ဆိုရင် . .  ကျုပ် " အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး စိတ်တန်ခိုးလေ့ကျင့်နည်း ပြောပြမယ်။

ဆက်လက်ဖတ်ရူ့ပေးပါရန်....
ခန့်ကျော်စွာ

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Facebook Like Page