Monday, June 30, 2014

လမြတ်​ဝါဆို ဝါဆိုသင်္ကန်းဖြစ်​​ပေါ်လာပုံ နှင့်​ အကျိုး​ကျေးဇူး ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

Leave a Comment
သန္ဓေ တောထွက် ဓမ္မစက် ပုန်းညှက်သင်းချို လ၀ါဆို ဟူသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၄ခုနှစ် ဇူလိုင်လ ၁၁ - ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ ၄င်း ၀ါဆိုလပြည့်နေ့တွင် ၀ါဆိုဝါကပ်ကြမည့် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့ကြောင့် ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများကို အနည်းငယ်မျှ ဖော်ပြပေးပါမည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဆိုတဲ့ ၀ါဆိုသင်္ကန်းအလှူ (၀ဿိကသာဋိက) ၀ဿဝါသိက စီဝရဒါန မိုးရေခံသင်္ကန်း အလှူဒါနသည် အားလုံးသိနေကြသည့် ၇ နှစ်အရွယ်နဲ့ သောတာပန်တည်တဲ့ ပုဗ္ဗာရုံကျောင်း ကျောင်းအမကြီး ၀ိသာခါ၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
ဝိသာခါကျောင်းအမကြီးသည် သူဆောက်လုပ် လှူဒါန်းထားသည့် ပုဗ္ဗာရုံကျောင်းကို တစ်နေ့နှစ်ကြိမ် အနည်းဆုံး သွားရောက်လေ့ရှိသည်။ ကျောင်းသွားရင်လည်း လက်ဗလာချည်း သွားလေ့သွားထ မရှိပဲ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများ ဘုဉ်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက် အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။ စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲ ဘာပါလဲဆိုတာ ကြည့်နေကြသည်ဟု ဆိုပါသည်။

တစ်နေ့သော ၀ါဆိုကာလ အခါသမယမှာ ၀ိသာခါကျောင်းအမကြီးသည် အနာထပိဏ်သူဌေး၏ အရာမ်ဖြစ်သော ဇေတ၀န်ကျောင်းသို့ သွားပြီး ဘုရားအမှူးရှိသော သံဃာတော်များကို အိမ်သို့ ဆွမ်းဘုဉ်ပေးးကြွဖို့ ပင့်ဖိတ်လျှောက်ခဲ့သည်။

နောက်တစ်နေ့မနက် အရုဏ်ကျင်းလို့ မိုးလင်းချိန်ရောက်တော့ ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့၏။ ဤမိုးကြီးသည် လေးကျွန်းအနှံ့ရွာသည့် နောက်ဆုံးမိုးဖြစ်၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက တပည့်ရဟန်းသံဃာတို့အား မိုးရေချိုးရန် ခွင့်ပြုလိုက်လေ၏။

ကျောင်းအမကြီး ၀ိသာခါသည် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းချိန် ရောက်သည်ရှိသော် တပည့်မ တစ်ယောက်ကို ဇေတ၀န်ကျောင်းသို့ စေလွတ်ပြီး မြတ်စွာဘုရားအမှူးရှိသော ရဟန်းတော်များကို ပင့်လျှောက်ခိုင်းလိုက်သည့်အခါ ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သင်္ကန်း (ရေသနုပ်) မပါဘဲ အ၀တ်သင်္ကန်းဗလာနဲ့ ရေချိုးနေကြသည့် ရဟန်းသံဃာများကိုတွေ့ပြီး ရဟန်းမဟုတ် အာဇီဝက တက္ကဒွန်းတွေ ဖြစ်လိမ့်မည် ဟု မှတ်ထင်ကာ အိမ်သို့ လှည့်ပြန် သွားခဲ့လေ၏။

ဝိသာခါ ကျောင်းအမကြီးအား "ပုဗ္ဗာရုံကျောင်းတော်မှာ ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်ဗလာနဲ့ ရေချိုးနေကြတဲ့ အာဇီဝက တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်" ဆိုပြီး ပြန်ပြောလေ၏။ အသိအလိမ္မာဥာဏ်ပညာရှိသူ ကျောင်းအမကြီး ၀ိသာခါ စဉ်းစားမိလိုက်သည်မှာ မိုးရွာတုန်း ရဟန်းသံဃာတွေ ရေချိုးနေတာဖြစ်မည်ဟု မှတ်ထင်ပြီး၊ နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်သော်လည်း ရဟန်းတော်များသည် ရေချိုးပြီး၍ ကျောင်းဆောင်ထဲ ၀င်ရောက်ကာ သီတင်းသုံးနေကြသည့်အတွက် ဇေတ၀န်တစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။

ဒီတစ်ကြိမ်မှာလည်း ၀ိသာခါ ကျောင်းအမကြီး၏ တပည့်မသည် ကျောင်းမှာ ရဟန်းတစ်ပါးမှ မရှိဘူးဟု မှတ်ထင်ကာ ပြန်သွားပြန်လေ၏။ ၀ိသာခါ ကျောင်းအမ စဉ်းစားမိသည်က ရဟန်းသံဃာတွေ ရေမိုးချိုးပြီး ခန္ဒာကိုယ် ခြောက်သွေ့အောင် ကျောင်းဆောင်ထဲမှာ သီတင်းသုံးနေကြတာဖြစ်မည်ဟု တွေးတောဆင်ခြင်၍ တပည့်မကို နောက်တစ်ကြိမ် ပြန်သွားပင့်ချေအုံးဆိုပြီး ထပ်လွှတ်လိုက်လေသည်။ တပည့်မသည် ရေမိုးချိုးပြီး သင်္ကန်းကိုယ်စီ ၀တ်ရုံကာ တရားဘာဝနာ ပွားများအားထုတ်နေကြသော ရဟန်းတော်များကိုတွေ့ပြီး ဆွမ်းဘုဉ်းပေးကြွရန် အချိန်တန်ပြီ ဖြစ်ကြောင်း လျှောက်ကြားလေသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များကို သမဏသာရုပ္ပညီစွာ သင်္ကန်းဝတ်ရုံစေပြီး သပိတ်သင်္ကန်းကိုယူကာ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်ဖြင့်ပင် ၀ိသာခါကျောင်းအမ၏ အိမ်ပေါက် အရောက် ဆွမ်းဘုဉ်းပေးရန် ကြွရောက်သွားကြလေ၏။

ဝိသာခါကျောင်းအမကြီးသည်လည်း မိုးအကြီးအကျယ် ရွာသွန်းထား၍ လမ်းတစ်လျှောက်လုံး ခါးလောက် မြုပ်နိုင်လောက်သည့် ရေများဖြင့် ပြည့်နက်နေပါသော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး၏ သင်္ကန်းများ ရေမစိုသည့်အပြင် ခြေမျက်စိလေးကိုမျှ ရေမစိုသည်ကို တွေ့ရ၍ အံ့သြလျက် ရွှင်လန်းဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာများကို မွန်မြတ်လှစွာသော ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ် အရသာ အဖြာဖြာတို့ဖြင့် အားပါးတရ ဆက်ကပ်လှူဒါန်းလေ၏။

မြတ်စွာဘုရားနှင့်ရဟန်းသံဃာများကို ဆွမ်းကပ်ပြီး ဆွမ်းအနုမောဒနာတရား ဟောကြားစဉ် ၀ိသာခါကျောင်းအမကြီးသည် မြတ်စွာဘုရားရှင်ထံမှ ဆု ၈ မျိုးကို တောင်းလေသော် မြတ်စွာဘုရားရှင်ကလည်း ခွင့်ပြုတော်မူလေသည်။

အဘယ် ဆု ၈ မျိုးနည်း ဟူမူ -
(၁) သံဃာတော်များအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း ၀ါဆိုသင်္ကန်းလှူခွင့်
(၂) ကျောင်းသို့ ရောက်လာကြသော ဧည့်သည် အာဂန္တု ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၃) ခရီးသွား ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၄) ဖျားနာနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၅) ဖျားနာနေသော ရဟန်းတို့ကို ပြုစုလုပ်ကျွေးနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၆) ဖျားနာနေသော ရဟန်းတို့အား အမြဲဆေးပစ္စည်းများ ကပ်လှူခွင့်
(၇) အမြဲမပြတ် ဆန်ပြုတ် - ယာဂုဆွမ်းကပ်လှူခွင့်
(၈) ရဟန်းမ - ဘိက္ခုနီမတို့အား အသက်ထက်ဆုံး ရေသနုပ်လှူရန် တို့ဖြစ်၏။

ဆု ၈ မျိုး တောင်းခြင်းအကြောင်း -
၁၊ အ၀တ်မဆီး အချည်းနှီး နေလျှင်/ရေချိုးလျှင် မစင်ကြယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်ခြင်း၊
၂၊ ဧည့်သည် အာဂန္တုရဟန်းသည် လမ်းမကျွမ်းသဖြင့် ဆွမ်းခံလို့ ရမည့်အိမ်ကို မသိသဖြင့် ဆွမ်းခက်ခဲခြင်း၊
၃၊ ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာဖွေနေရသဖြင့် သွားရေးလာရေး ခရီးဖင့်နေ ခရီးနောက်နှေးခြင်း၊
၎၊ ဖျားနာနေသော ရဟန်းသည် ရောဂါနှင့်သင့်သော ဘောဇဉ်ကို မရသဖြင့် အနာရောဂါတိုးပွား၍ သေဆုံးခြင်း၊
၅၊ ဖျားနာနေသောရဟန်းကို ပြုစုလုပ်ကျွေးသောရဟန်းသည် ၄င်းအတွက် ဆွမ်းကို ရှာဖွေနေရသောကြောင့် ဖျားနာနေသောရဟန်း ဆွမ်းငတ်နိုင်ခြင်း၊
၆၊ ဖျားနာနေသော ရဟန်းသည် လျောက်ပတ်သည့်ဆေးကို မရသည်ရှိသော် ရောဂါ တိုးပွားပြီး သေခြင်း၊
၇၊ ယာဂု - ဆန်ပြုတ်အကျိုး ဆယ်ပါးကို သိခြင်း၊
၈၊ ဘိက္ခုနီမတို့သည် အစီရ၀တီမြစ်တွင် ပြည့်တန်ဆာမတို့နှင့်အတူ ရေချိုးနေစဉ် ပြည့်တန်ဆာမများက စကြ နောက်ကြခြင်း၊ စသည့် အကြောင်းတရား ၈ ပါးကြောင့် ဆု ၈ မျိုးကို တောင်းပါသည်။

မြတ်စွာဘုရားရှင်သည် ကျောင်းအမကြီး ၀ိသာခါအား အခြားအကြောင်း ရှိသေးသလောဟု မေးသည်ရှိသော် " ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ၀ါလကင်းလွတ် သီတင်းကျွတ်သည်ရှိသော် မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန်လာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ 'အရှင်ဘုရား ဤမည်သောရဟန်းသည် သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ အကျွတ်တရား ရသွားပါရဲ့လားဘုရား' ဟု မေးလျှောက်သော် မြတ်စွာဘုရားရှင်က ကွယ်လွန်ခဲ့သောရဟန်းသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်၏ဟု ဖြေကြားပါလိမ့်မည်။

အကယ်၍ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ ကြွရောက်ဖူးပါက တပည့်တော်မ လှူဒါန်းသည့် မိုးရေခံသင်္ကန်း-၀ါဆိုသင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဆန်ပြုတ်-ယာဂုတို့ကို သုံးဆောင်ဖူးမည်ဖြစ်၍ ဘုရားတပည့်တော်မအား ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ငြိမ်အေးခြင်း၊ ချမ်းသာခြင်း၊ တည်ကြည်ခြင်း၊ ဣနြေ္ဒကိုပွားခြင်း၊ ဗိုလ်ကိုပွားစေခြင်း၊ ဗောဇ္ဈင်ကို ပွားစေခြင်းစသည့် အကျိုးတရားများကို ရရှိပါလိမ့်မည် " ဟု လျှောက်ကြားလေသည်။ မြတ်စွာဘုရားရှင်သည် ဤကဲ့သို့သော အကျိုးကျေးဇူးများကြောင့် ၀ိသာခါကျောင်းအမကြီးတောင်းသော ဆု ၈ မျိုးကို ခွင့်ပြုခဲ့ခြင်းဖြစ်ပေသည်။ ၀ိသာခါကျောင်းအမကြီး၏ ကျေးဇူးကြောင့် မိုးရေခံသင်္ကန်း - ၀ါဆိုသင်္ကန်း ပေါ်ပေါက်လာ၍ ရဟန်းတော်များ ၀တ်ရုံသုံးဆောင်ခွင့်ရပြီး ဗုဒ္ဓဘာသာဝင်များက ၀ါဆိုလပြည့်နေ့မှာ ရဟန်းသံဃာများကို ၀ါဆိုသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြခြင်း ဖြစ်ပေသည်။

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ် စသည့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်နိုင်ခြင်း၊ အရှက်ကို ကာကွယ်ခြင်း၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်တို့မှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးတရားများ ရရှိပါသည်။ သင်္ကန်းအလှူရှင်တွေအတွက် ရရှိမည့် အကျိုးများကား -

သုဝဏ္ဏ၀ဏ္ဏော ၀ိရဇော၊ သပ္ပဘာသော ပတာတ၀ါ၊
သိနိဋ္ဌံ ဟောတိ မေ ဂတ္တံ၊ ဘဝေ သံသရတော မမ။

ဒုဿသတသဟဿာနိ၊ သေတာ ပီတာ စ လောဟိတာ၊
ဓာရေန္တိ မတ္ထကေ မယှံ၊ ဒုဿ ဒါနဿိဒံ ဖလံ။

သင်္ကန်းလှူရကျိုး ၈ မျိုး
=======
ရွှေရောင် အဆင်း၊ မြူကင်း စင်ကြယ်၊
သားရေ ၀င်းဖန့်၊ နူးညံ့လှတယ်၊
နီ ညို ဖြူ ၀င်း၊ ၀တ်ခင်း ပေါကြွယ်၊
လှူသင်္ကန်း ၈ ခန်းအကျိုးသွယ်။

သင်္ကန်းလှူခြင်းကြောင့် အသားရေသည် ရွှေအဆင်းကဲ့သို့ လှပခြင်း၊ ချေး မြူအညစ်အကြေး ကင်းစင်ခြင်း၊ အသားအရေ ၀င်းဖန့်စိုပြေခြင်း၊ အသားရေ နူးညံ့လှပခြင်း၊ အနီရောင် အ၀တ်အထည်တွေ၊ အညိုရောင် အ၀တ်အထည်တွေ၊ အဖြူရောင် အ၀တ်အထည်တွေ၊ ၀ါဝါ၀င်းဝင်း တောက်ပတဲ့ အဆင်းရှိတဲ့ အ၀တ်အထည်တွေရရှိခြင်း အစရှိသည့် အကျိုးများကို ရရှိပါသည်။

ဆောင် -
မဟာလတာ မြတ်တန်ဆာ ကိုးရာ သိန်းထိုက်သား၊
သင်္ကန်းလှူလတ် မိန်းမမြတ်၊ ဆုံးသတ် ကျိုးတရား၊
ဧဟိ ဘိက္ခု ရဟန်းပြု ဆုံးဆု မြတ်ယောကျာ်း။
အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် သီးသန့် ရရှိသည့် အကျိုးတရားကတော့ ၀ိသာခါကျောင်းအမကြီး - ဗန္ဒုလစစ်သူကြီး၏ဇနီး မလ္လိကာတို့ ၀တ်ဆင်ခွင့်ရသည့် စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားသည့် ကိုးကုဋေတန်သည့် မဟာလတာ မြတ်တန်ဆာကြီးကို ၀တ်ဆင်ခွင့် ရရှိပါမည်။

အမျိုးသားများ သင်္ကန်းလှူဒါန်းခြင်းကြောင့် ကံကောင်းထောက်မစွာ မြတ်စွာဘုရားရှင်နှင့်တွေ့၍ တရားတော်များ နားကြားရသည့်အခါ ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု" ရဟန်း လာလော့ ဟု ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့သို့ သပ္ပါယ်တင့်တယ်စွာ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရပါမည်။

မဟာဝဂ်ပါဠိတော် - ၀ိသာခါဝတ္ထုမှကောက်နုတ်သည်။

လေးစားစွာဖြင့် ... အလင်္ကာ သီဟကျော်စွာ







ပြည်​သတင်းလူငယ်​(ပြည်​သတင်း) ​ဖော်​ပြသည်​။
Read More...

ပြည်​မြို့မှသတင်း

Leave a Comment

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားဟု ဦးမင်းကိုနိုင် ပြောကြား
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၂၉
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်ကအာဏာသိမ်းထားသည်ဟု ပြည်မြို့တွင် ဇွန်လ ၂၉ ရက် က ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့် လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။
“တိုင်းသူပြည်သားတွေလည်းသိတယ်။ စစ်တပ်က ၁၉၆၂၊ ၁၉၈၈ မှာ လက်နက်နဲ့ အာဏာသိမ်းတယ်။ အခုကျတော့ လက်နက်နဲ့မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့ အာဏာသိမ်းထားတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ရက်ကွက်ကျေးရွာ၊ မြို့နယ် ခရိုင်၊တိုင်း၊ ပြည်ထောင်စုအဆင့်ထွေအုပ်များသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက် တွင်ရှိသည့် အတွက်စစ်တပ်က ပြည်သူလူထုကို တိုက်ရိုက်အုပ်ချုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြခဲ့ သည်။
“ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့ ထွေအုပ်တွေက အဘကမကြိုက်တာကို မလုပ်ရဲဘူးဖြစ်နေ တယ်။ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ရင်ဘယ်ဘက်ကရပ်မလဲဆိုတာ အင်မတန်ထင်ရှားတယ်”ဟု ၎င်း ကဆိုသည်။
ယင်းအခြေခံဥပဒေကိုပြင်ရန် ပြည်သူအားလုံးသဘောတူသော်လည်း ပုဒ်မ၄၃၆ အရ စစ်တပ်သဘော မတူပါက ပြင်ဆင်ရန်ခဲယဉ်းနေသည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
၁၉၅၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဥပဒေအရ တပ်မတော်သားများနှင့် ပတ်သက်သည့် လူသတ်၊လူ သေမုဒိန်းမှုများ တရားရုံးများတွင် တရားစွဲဆိုကာ နိုင်ငံတော်ဗဟိုတရားရုံးချုပ်အထိ အဆင့်ဆင့် တက် ရောက်နိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်မည်ဖြစ်၍ ပြည် သူလူထု များစွာနစ်နာနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးကလည်း ဝေဖန်သည်။
ထို့ပြင် “လွှတ်တော်က စစ်တပ်ကိုအမြဲတမ်းလွှမ်းမိုးနိုင်ရမယ်။ ဒါဟာဒီမိုကရေစီရဲ့မူပဲ။ ဒီမှာကြည့်ရင် ကာ ကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့ဟာ အားလုံးပေါင်း ၁၁ ယောက်ရှိတယ်။ ခြောက်ယောက်သောပုဂ်္ဂိုလ်တွေက သူတို့စိတ်တိုင်းကျ ထည့်ထားတာ”ဟုလည်း ၎င်းကဆိုသည်။
အဆိုပါဟောပြောပွဲကို ထိုနေ့မနက် ၉ နာရီက ပြည်မြို့ခေတ္တရာမြို့သစ် လေးထပ်ပြင်ကွင်းတွင် ပြုလုပ်ခဲ့ ပြီး၎င်းတို့ နှစ်ဦးအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင်ဦးဌေးဦး (စိန်ကျွန်း)တို့က ဟောပြော ခဲ့ရာ မြို့ခံလူထု ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ရေခဲ(ပြည်​)
တင်​ဆက်​သူ ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

Read More...

ဝက်​ထီးကန်​ သတင်း

Leave a Comment
ဝက်ထီးကန် သာယာရေး သစ်ပင်စိုက်ပျိုး
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၃၀
ရှေးဟောင်းသမိုင်းဝင်ကန်ကြီးတစ်ခုဖြစ်သည့် ၀က်ထီးကန်၊ ရေကန်ကြီး သာယာလှပစေရန် ကန်ပတ်လည် ၌သစ်ပင်တစ်ရာကျော်စိုက်ပျိုးခဲ့သည်ဟု ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦး ကျော်ကျော်လင်းက မဇ္ဈိမကို ပြောသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ်အုပ်စုတွင် တည်ရှိသည့် ရေကန်ကြီးကို ရေရှည်ထိန်း သိမ်း နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။“ကန်ကြီးသာယာလှပဖို့အတွက် အရိပ်ရအကြီးမြန် သစ်ပင်တွေကန်ပတ်လည်မှာ စိုက်မယ်။ ကန်ပေါင်ကိုရောလမ်းကိုရော ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်”ဟု ဦးကျော်ကျော်လင်းက ဆိုသည်။
ဇူလိုင်၃ရက်တွင် ကျရောက်မည့် အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ခြင်းဟုလည်း ပြော ဆိုလိုက်ပြီး သစ်တောဦးစီးဌာန အကူအညီဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးစီးဆောင်ရွက်ခဲ့ ခြင်းဖြစ် သည်။
ထိုသို့ပြုလုပ်ခြင်းသည် ကန်ဆယ်ယူစဉ် သစ်ပင်ခုတ်လှဲမှုများကို ပြန်လည် ဖြည့်ဆည်းရန်လည်းဖြစ်ပြီး ဇူလိုင် လအတွင်း ထပ်မံစိုက်ပျိုးဦးမည်ဟု ဆိုကြသည်။ ဗာဒံ့၊ ရေတမာ၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေပင်များ စိုက်ပျိုးခဲ့ ကြခြင်း ဖြစ်သည်။

ရေခဲ(ပြည်​)
တင်​ဆက်​သူ ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
Read More...

ဝန်​ထမ်းအလိုရှိသည်

Leave a Comment
I.E.L.S (INTERNATIONAL ENGLISH LANGUAGE SCHOOL ) FOR PART TIME MUSIC KEYBOARD TEACHER

  အသက် ၃ နှစ်မှ ၁၄ နှစ် ထိကျောင်းသား / သူ များ ပျော်ရွှင်စွာဖြင့်အင်္ဂလိပ်စာများအားကိုယ်ပိုင်သံစဉ်များဖြင့်သီဆိုနိုင်ရန်အတွက် keyboard ဆရာ/ဆရာမတစ်ဦးအမြန်အလိုရှိသည်။ ကလေးများနှင့် ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။ အသက် ၂၅ မှ ၄၀ အတွင်းငယ်ရွယ်တက်ကြွ၍ မိမိအရည်အချင်းများအားမျှဝေပေးချင်သော ကလေးများ၏ အနုပညာအရည်အသွေးကိုပုံဖော်ပေးချင်သော ဆရာကောင်းတစ်ဦးအလိုရှိသည်။ စိတ်ရှည်သည်းခံရမည်။ တစ်နေ့ စာသင်ချိန်နှစ်နာရီသင်ကြားပို့ချပေးရပါမည်။ တစ်ပတ်လုံးသင်ကြားနိုင်ရမည့်အချိန်ပိုင်းသင်ကြားရေးဖြစ်ပါသည်။ စိတ်ပါဝင်စားပါက ကိုယ်ရေးရာဇဝင်ဖောင် လုပ်သက်အတွေ့အကြုံ မိမိ၏ မျှော်မှန်းလစာဖြင့် ကျောင်းသို့လာရောက်လျှောက်ထားနိုင်ပြီးအသေးစိတ်အချက်အလက်များကိုကျောင်းတွင်စုံစမ်းနိုင်ပါသည်။

I.E.L.S , NO( 1792 ) Tayokesu Quarter , Pyay. ph.၀၉ ၄၉၃၂၂၂၅၄



Read More...

Sunday, June 29, 2014

လ၀န်းအိမ်​(​ပေါင်းတလည်​)

Leave a Comment
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မြောင်းဆုံအုပ်စု
မြောင်းဆုံရွာနှင့်တောင်တီး
အုပ်စု ရွာသစ် ရွာကြားရှိ
ရွာသစ်ဆည်တွင် ဒိုက်များ
ဗေဒါပင် များပိတ်ဆို့နေမှု
ကြောင့်ဆည်ရေသည်စီး
ဆင်းမှုမရှိသည်မှာ(၁၆-
၆-၂၀၁၄)နေ့မှစ၍မိုးရွာ
သွန်းမှု ဆည်မြောင်းရေ
လွှတ်မှုကြောင့်ဆည်၏အ
ထက်စိုက်ပျိုးထားသောလယ်
များမှာနစ်မြုတ်သွားသဖြင့်
မြို့နယ်အုပ်ချပ်ရေးမှုးနှင့်
ကျေးရွာအုပ်ချုပ်ရေးမှုး
များသို့၎င်း အ ကြောင်းကြား
ထားရှိပြီးဆည်မြောင်းဦးစီးဋ္ဌါ
န၏လမ်းဗိုလ်ဟု့ဆိုသူအား
၎င်းဒိုက်ဗေဒါပင် များအား
ရှင်းလင်းပေးပါရန်တင်ပြထား
ရှိသော်လည်းရှင်းလင်းမ ပေး
နိုင်ကြောင်းပြောသဖြင့်အ
ထက်တာဝန် ရှိလူကြီးမင်း
များသိစေရန်လယ်သမားများ
မှတင်ပြ ပေးပါရန်ပြောကြား
လာပါသဖြင့်ဆက်လက်တင်
ပြပါသည်။
 လဝန်းအိမ်(ပေါင်းတလည်)
Read More...

ဖိတ်​ကြားလွှာ

Leave a Comment
မြန်​မာသက္ကရာဇ်​ ၁၃၇၆ ခုနှစ်​ ဝါဆိုလပြည့်​​နေ့ ဝါဆိုဝါဝင်​မင်္ဂလာပူ​ဇော်​ကန်​​တော့ပွဲ နှင့်​ ဝါဆိုသင်္ကန်း ကပ်​လှူပူ​ဇော်​ပွဲ ဖိတ်​ကြားခြင်း...

အခမ်းအနားအစီအစဉ်
၁၃၇၆ ခုနှစ်​ ဝါဆိုလပြည့်​​နေ့ (11.7.2014) ​သောကြာ​နေ့

နံနက်​(၈း၀၀)နာရီ

ဆရာခန့်​​ကျော်​စွာ (​အောင်​ထူးဆန်း ​ဗေဒင်​ယတြာခန်း)
(၇/၅)လမ်း ​ခေတ္တရာမြို့သစ်​/ ပြည်​မြို့

မိတ်ဆွေတို့၏ အကျိုးစီးပွားကိုအမှန်တကယ်လိုလားသောဆန္ဒဖြင့်အသိပေးဖိတ်ကြားလိုက်ပါရစေဗျာ....
ဒီလိုဗျ..မြန်မာဓလေ့ထုံးစံမှာဗုဒ္ဓဘာသာရဲ့အထူးအတ်ြကာလအဖြစ်ဝါဝင်ကာလရဟန်းသံဃာဝါဆိုတာအထူးအခြားရှိတယ်လို့အားလုံးသိပြီးသားပါ။ အဲဒီကာလကို အကြောင်းပြုပြီး လူ့အရပ်မှာ ဝါဝင်ဝါထွက်အချိန်ဆိုတာရှိတယ်အဲဒီအချိန်အခါကောင်းကိုဘဲ ကန်တော့ပူဇော်ကြခြင်းကို ဝါဝင်ဝါထွက် ကန်တော့ခြင်းလို့လူ့အရပ်မှာ အလွယ်တကူ သုံးနှုန်းပြောဆိုကြတယ်။ ဝါထွက်ချိန် သီတင်းဝါလကျွတ်ခြင်းအခါမှာတော့ ဆရာသမားမိဘများနှင့်ဆွေမျိုးညာတိကျေးဇူးရှင်တို့ကိုမင်္ဂလာရှိသောအစဉ်အလာအဖြစ်မုန့်ပဲ သရေစာအသုံးအဆောင်တို့ဖြင့်ပူဇော်ကန်တော့ကြပါတယ်။ခေတ်အဆက်ဆက် ယနေ့ထိတိုင်အစဉ်အလာမပျက် ပူဇော်ကန်တော့နေကြတဲ့ဓလေ့ထုံးစံအစီအစဉ်ပါပဲ။
   အဲဒီအစဉ်အလာတွေဆိုတာ အဓိပ္ပါယ်မဲ့အကြောင်းမဲ့မဟုတ်တာသေချာပါတယ်။ ရှေးခေတ်ကိုယ့်ထီး ကိုယ့်နန်း နဲ့ရှိခဲ့ကြတုန်းက ဝါထွက်ချိန်ဆိုရင်သားသမီးတွေက သူတို့ရှာဖွေရရှိပိုင်ဆိုင်ထားတဲ့ ဆင်၊မြင်း၊ကျွဲ၊နွား၊စပါး၊ဆန်၊ရေ ဥစ္စာအထွေထွေကိုဝါထွက်ချိန်မှာ ( သီတင်းကျွတ်ကာလ ) အထွက်ဓာတ်မိ၍ ထွက်သွား၊ပျောက်သွား၊ရန်သူမျိုးငါးပါးဖျက်ဆီးသွားမှာကြောင့် အမိအဖ ဆရာသမားများကို လက်အုပ်ချီမိုး ရှိခိုးကန်တော့အပ်နှံလေ့ရှိတယ်။ ဂမ္ဘီရသဘောအရတပည့်သားသမီးများ၏ ဥစ္စာပစ္စည်းသည်
မိဘဆရာသမားလက်ဝယ်၌တည်ရှိ
လျှင် မည်သူမျှမဖျက်ဆီးနှိင်ကြောင်း ဓာတ်သဘောအရ အပ်နှံပူဇော်ကြတာပေါ့။ အမိအဖတို့သည်လည်း သားသမီးတပည့်တို့၏ ဝါထွက်ချိန်တွင်ပူဇော်သောဥစ္စာပစ္စည်းကို ကန်တော့ခံယူပြီးတဲ့နောက် ဆုမွန်ကောင်းတောင်း မေတ္တာစကားဖြင့်ဆုံးမ၍တပည့်သားသမီးတို့လက်ဝယ်သို့ပြန်လည်ချီးမြှင့်၏။ ထိုရှေးရိုးအစဉ်အလာအကြောင်းသည် ခေတ်အဆက်ဆက်ပြောင်းလဲရွေ့လျားသောအခါ ယခုခေတ်၌ ဆင်၊မြင်း၊ကျွဲ၊နွား၊ဥစ္စာပစ္စည်းတို့အစား ကျွန်တော်တို့သည် ကိတ်မုန့်လေး (၁)လုံး၊မုန့်ပုံးလေး(၁)ဗူး၊ပုဆိုးလေး(၁)ထည်၊လုံချည်လေး(၁)ကွင်းဖြင့် အစဉ်အလာမပျက်သာလျှင်မိဘဆရာတို့ကိုကန်တော့၏။ဆရာမိဘလူကြီးသူမတို့ကလည်းမုန့်ဖိုးသွားရေစာချီးမြှင့်၍ ဆုမွန်ကောင်းပေးကြ၏။ထိုသို့သောသီတင်းကျွတ်ကန်တော့ပူဇော်ခြင်းမင်္ဂလာ အစဉ်အလာသည်ဂမ္ဘီရ သဘောအရ ဥစ္စာပစ္စည်းပျက်စီးဆုံးရှုံးသောအထွက်ဓာတ် ပယ်ဖျက်သည့် ရှေးဂမ္ဘီရ အစီရင်ကြီးတစ်ခုပင်ဖြစ်ပါလေ၏။
  ထို့အတူ အထွက်ဓာတ်ပျက်စီးခြင်းကို ပယ်ဖျက်သောအကြောင်းကဲ့သို့ အဝင်ဓာတ်သဘောဆောင်သော ဝါဝင်ခြင်းအခါတွင်လည်း ရှေးဆရာကြီးသူမြတ်တို့သည်မကောင်းသောဒုက္ခဆင်းရဲဘေးဥပါဒ်အန္တရာယ်အရပ်ရပ်တို့ကိုသားသမီးတပည့်တို့ထံ ချဉ်းနင်းဝင်ရောက်မလာရန် နှင့်ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအလီလီ အထပ်ထပ်ဝင်ရောက်ရရှိပါစေရန် ဝါဝင်ကန်တော့ခြင်းအစီအရင်ထူးကြီးကိုဂမ္ဘီရဓါတ်သဘောဖြင့်စီရင်ထားကြ၏
  ထိုသို့သော ဝါဝင်မင်္ဂလာဂမ္ဘီရ အစီရင်ပူဇော်ကန်တော့ပွဲကြီး ကို မိတ်ဆွေတို့၏ အကျိုးစီးပွားကိုလိုလားသော မေတ္တာသန့်သန့်ဖြင့် ကျွန်တော်ဦးဆောင်သော အောင်ထူးဆန်း ဗေဒင်ယတြာအဖွဲ့မှ တဖက်ပါ အစီအစဉ်အတိုင်းကျင်းပပူဇော်မည်ဖြစ်ပါ၍ မိတ်ဆွေအား ခင်မင်လေးစားစွာဖိတ်ကြားလိုက်ရပါတယ်ဗျာ....။
 မှတ်ချက်။ ။ ဝါဝင်ပူဇော်ကန်တော့လိုသော (၇) ရက် သားသမီးမိတ်ဆွေများသည် ( ၇.၇.၂၀၁၄ )ရက်နေ့နောက်ဆုံးထား၍အသိပေးဆက်သွယ်စေလိုပါသည်ခင်ဗျာ...။
Read More...

တွေ့ရှိပါက​ကျေးဇူးဆပ်​ပါ့မည်

Leave a Comment
တွေ့ရှိပါက ကျေးဇူးဆပ်ပါမယ်
*********************

 28.6.14 ရက်နေ့ မနက် 10နာရီဝန်းကျင် ခန့်လောက်က ပြည်မြို့လမ်းမတော် လမ်း ဗဟို မီးသတ် ရုံရှေ့ ဗွီဒီယို အခွေ အရောင်းတွင် အ ခွေဝယ်ယူပြီး ဟန်းဖုန်းအမျိုးအစားsamsung tab (p1000)အမျိုးအစား ဖုန်းမေ့ကျန်ခဲ့ပါတယ် အိမ်ပြန်ရောက် တော့မှ ဖုန်းကျန်ခဲ့မှန်းသိ ၍ပြန်သွားယူသောအခါ ဖုန်းကို ပြန်မရတော့ပါဘူး တကယ်လို့ ကောက် ရတဲ့သူရှိလျှင် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမည် ဖုန်းထဲမှာ အလုပ်နဲ့ပတ်သတ်တဲ့ ဖိုင် အချို့နှင့် အရေးကြီးသောဖုန်းနံပါတ်များ ပါနေသောကြောင့် ပြန်လိုချင်ပါသည် ကောက် ရ် ရှိပါက ဆက်သွယ်ပေးပါရန် ph no.0943055308
Read More...

ပြည်​အ​ရောင်းအ၀ယ်

Leave a Comment
ရောင်းမည်

ပြည်မြို့ ခေတ္တရာနယ်မြေ ဘုရင့်နောင်လမ်းမကြီးဘေး မဂ္ဂင်တောရကျောင်း မုဒ်ဦးအ၀င်လမ်း ဧက(၅)ဧက ကြက်ခြံ(၄) သနပ်ခါးအပင်(၂၈၅၀) နှင့် အခြားသီးပင်စားပင်အဖိုးတန်အပင်များ အမျိုးပေါင်း(၂၀၀)ကျော်ပါရှိပါမည်။

တစ်ထပ်တိုက်(၁)လုံး ရေမီးအစုံ အပြင် အဝီစိတွင်း(၂)တွင်းပါရှိပြီး ပိုင်ဆိုင်မူစာရွက်စာတမ်းအပြည့်အစုံပါရှိမည်။

ဆက်သွယ်ရန်။ ။ 0943133550 / 0973048264 ကိုဆက်သွယ်နိုင်ပါသည်။






Read More...

သက်​ဆိုင်​ရာ ဌာနများသို့ ပြည်​သတင်းမှတဆင့်​တင်​ပြခြင်း

Leave a Comment
ပြည်မြို့နေ ပြည်သူများ၏အခက်အခဲဒုက္ခ
***************************

ရပ်ကွက်အတွင်းသို့ လာရောက်စွန့်ပစ်သော ကြက်မွှေးအမှိုက်များကြောင့် ရပ်ကွက်နေပြည်သူများအနံ့အသက်ဆိုးရွားစွာခံစားနေရ
သို့ ပြည်သတင်းရှင်
ကျမတို့နေထိုင်ရာဖြစ်သော မြို့သစ် ၄/၂လမ်းနှင့်၅/၂ကြားသို့ ယခုမိုးတွင်းကာလမတိုင်ခင်မှစ၍ ဈေးတွင်ရောင်းချရန် ကြက်သတ်ရာမှ စွန့်ပစ်ပစ္စည်းဖြစ်သည့် ကြက်မွှေးများကိုနေစဉ်နေ့တိုင်းလာရောက်စွန့်ပစ်လျှက်ရှိပါသည်။
အဆိုပါကြက်မွှေးများမှာအနံ့ဆိုးရွားစွာပျံနှံ့သောကြောင့် လာရောက်စွန့်ပစ်သည့် အနီးပတ်ဝန်းကျင်ရှိ ကျမတို့ရပ်ကွက်နေပြည်သူများမှာညစဉ်မအိပ်နိုင်ပဲဒုက္ခများစွာခံစားနေကြရပါသည်။သက်ကြီးရွယ်အိုကလေးများလည်းရှိသောကြောင့် မလိုလားအပ်သောရောဂါများ ဖြစ်ပွားမည်ကိုလည်းများစွာစိုးရိမ်နေကြရပါသည်။
ကြက်မွှေးများအားမိုးရွာသည့်အချိန်တွင် ရေစီးတွင်မျောပါသွားရန် ပြုလုပ်၍ရသော် ကြက်မွှေးများမှာနေစဉ်နှင့်အမျှ ပြန်လည်စွန့်ပစ်နေသောကြောင့် များစွာအခက်တွေ့နေရပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှုးထံလွန်ခဲ့သောတစ်လခန့်မှစ၍ သုံးကြိမ်တိုင်တိုင် သွားရောက် တိုင်းတန်းခဲ့သော်လည်းအုပ်ချုပ်ရေးမှုးမှ အဆိုပါကြက်သတ်သူများအားခေါ်ယူသတိပေးပေးမည်ဟုပြောပါသည်။
သို့သော် ယနေ့တိုင် ကြက်မွှေးများကိုလာရောစွန့်ပစ်လျှက်ရှိပါသောကြောင့် ရပ်ကွက်ပြည်သူများမှာအနံ့အသက်များဆိုးရွားစွာခံစားနေရပြီးကျန်းမာရေးကိုပါ ထိခိုက်လာမည်စိုးရိမ်ပါသောကြောင့် အမြန်ပြေလည်အောင်ဖြေရှင်းပေးပါရန် ပြည်သတင်းမှတဆင့် သက်ဆိုင်ရာတာဝန်ရှိသူများ သိစေရန်တိုင်ကြားအပ်ပါသည်။
တိုင်ကြားသူ မဇင်မာရဲ
နေရပ် (၄/၂ လမ်းခေတ္တရာမြို့သစ်၊ပြည်မြို့)
မှတ်ပုံတင်အမှတ် ၇/ပမန(နိုင်)၁၆၀၂၅၈



ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားကြောင်း ကိုမင်းကိုနိုင်ဟောပြော ပြည့်သဲမောင်(ပြည်)

Leave a Comment






ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားကြောင်း ကိုမင်းကိုနိုင်ဟောပြော

ပြည့်သဲမောင်(ပြည်)

စစ်တပ်ကအာဏာသိမ်းထားကြောင်း  ပြည်မြို့တွင် ဇွန်လ၂၉ရက်က ပြုလုပ်သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆ပြင်ဆင်ရေး ဟောပြောပွဲတွင်
(၈၈)မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်
ကိုမင်းကိုနိုင်က ဟောပြောခဲ့သည်။

" တိုင်းသူပြည်သားတွေလည်းသိတယ်။ စစ်တပ်က ၁၉၆၂  ၁၉၈၈ မှာ
လက်နက်နဲ့အာဏာသိမ်းတယ်။ အခုကျတော့လက်နက်နဲ့မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့
အာဏာသိမ်းထားတယ်" ဟုကိုမင်းကိုနိုင်ကဆိုသည်။
ဖွဲစည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည်စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး
ရက်ကွက်ကျေးရွာ မြို့နယ် ခရိုင် တိုင်း ပြည်ထောင်စုအဆင့် ထွေအုပ်များသည်
ပြည်ထဲရေးဝန်ကြီးဌါန၏ လက်အောက်တွင်ရှိသည့်အတွက် စစ်တပ်ကပြည်သူလူထုကို
တိုက်ရိုက်အုပ်ချုပ်နေသကဲ့သို့ ဖြစ်နေကြောင်းလည်း
၎င်းကထောက်ပြဟောပြောသည်။

"ပြည်သူတွေနဲ့တိုက်ရိုက် ဆက်ဆံနေရတဲ့ ထွေအုပ်တွေက အဘကမကြိုက်တာကို
မလုပ်ရဲဘူးဖြစ်နေတယ်။ ပြည်သူတွေနဲ့မျက်နှာချင်းဆိုင်ရင်
ဘယ်ဘက်ကရပ်မလဲဆိုတာ အင်မတန်ထင်ရှားတယ်" ဟု၎င်းကဆိုသည်
 ယင်းအခြေခံဥပဒေကိုပြင်ရန် ပြည်သူအားလုံးသဘောတူသော်လည်း ပုဒ်မ၄၃၆ အရ
စစ်တပ်သဘောမတူပါက ပြင်ဆင်ရန်ခဲယာဉ်းကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
၁၉၅၃ တပ်မတော်ကာကွယ်ရေး ဥပဒေအရ တပ်မတော်သားများ နှင့် ပတ်သတ်သည့် လူသတ်
လူသေ မဒိန်းမှုများ တရားရုံးများတွင် တရားဆွဲဆိုကာ
နိုင်ငံတော်ဗဟိုတရားရုံးချုပ်အထိ အဆင့်ဆင့် တက်ရောက်နိုင်သော်လည်း
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည်
အတည်ဖြစ်သည့်အတွက် ပြည်သူလူထုများစွာနစ်နာရကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးကဟောပြောသည်။

ထို့ပြင် "လွှတ်တော်က စစ်တပ်ကို အမြဲတမ်းလွှမ်းမိုး
နိုင်ရမယ်။ဒါဟာဒီမိုကရေစီရဲ့မူဘဲ။
ဒီမှာကြည့်ရင်ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ဟာအားလုံးပေါင်းဆယ့်တစ်ယောက်ရှိတယ်။ခြောက်ယောက်သောပုဂ္ဂိုလ်တွေကသူတို့စိတ်တိုင်းကျထည့်ထားတာ"
ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးကဆိုသည်။
အဆိုပါဟောပြောပွဲကို ထိုနေ့မနက်(၉)နာရီက ပြည်မြို့ခေတ္တရာမြို့သစ်
လေးထပ်ပြင်ကွင်းတွင် ပြုလုပ်ခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦး ၊
(၈၈)မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်
ကိုမင်းကိုနိုင် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဥပဒေပညာရှင်
ဦးဌေးဦး (စိန်ကျွန်း) တို့ကဟောပြောခဲ့ရာ မြို့ခံလူထုသုံးထောင်ကျော်
တက်ရောက်ခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
Read More...

ဟိန်းထက်​(အ​ထွေ​ထွေအကျိုး​ဆောင်​လုပ်​ငန်း)

Leave a Comment
ဟိန်းထက်​(အ​ထွေ​ထွေအကျိုး​ဆောင်​လုပ်​ငန်း)

လူကြီးမင်းတို့၏ အိမ်​/ခြံ/​မြေ/ကား များအတွက်​ အ​ရောင်းအ၀ယ်​ နှင့်​ အခြား​သော အ​ထွေ​ထွေ အကျိုး​ဆောင်​လုပ်​ငန်းများကို လူကြီးမင်းတို့ စိတ်​ချမ်းသာမူ့ နှင့်​ စိတ်​ချယုံကြည်​စွာ ​ဆောင်​ရွက်​​ချင်​ပါတယ်​ဆိုရင်​​တော့ ဟိန်းထက်​(အ​ထွေ​ထွေ အကျိုး​ဆောင်​လုပ်​ငန်း)သို့ဆက်​သွယ်​နိုင်​ပါတယ်​ ခင်​ဗျာ.....

ဆက်​သွယ်​ရန်​ ။ ။ ပြည်​မြို့ ရွာဘဲနယ်​​မြေ ​အောင်​သုခရပ်​ကွက်​ PH: 09256222766 / 09423659488 ကိုသာဆက်​သွယ်​သွယ်​လိုက်​ပါ.....
Read More...

သင့်​ကံကြမ္မာ အဆိုးအ​ကောင်းတွက်​စစ်​ကြည့်​လိုက်​ပါ

Leave a Comment
ဗေဒင်ပညာ ဝါသနာပါသူများအတွက် မိမိတို့ရဲ့ ကံဇာတာ အဆိုးအကောင်း တွက်စစ်နိုင်ရန် ဆရာမင်းဇေယျာလိုင် အောင်ထူးဆန်းဗေဒင်ယတြာခန်း သို့ကြွလှမ်းခဲ့ပါ....

တစ်နှစ်စာဟောစာတမ်း(စာအုပ်).....၃၀၀၀ိ/ကျပ်
၃´နှစ်စာဟောစာတမ်း(စာအုပ်).....၅၀၀၀ိ/ကျပ်
လုပ်ငန်းနာမည်ပေး..........၅၀၀၀ိ/ကျပ်
ကလေးနာမည်ပေး..........၅၀၀၀ိ/ကျပ်
ဗေဒင်ဟောခန်းတွင် ညာဏ်ပူဇော်ခ...၁၅၀၀ိ/ကျပ် ယတြာ(အခမဲ့) မေတ္တာစေတနာဖြင့်ကူညီ စီစဉ်ပေးပါမည်။ နံနက်(၈း၀၀)နာရီမှ ညနေ (၄း၀၀) အချိန်အထိ ဗေဒင်ဟောခန်းဖွင့်ထားပါသည်။ ဗုဒ္ဓဟူးနေ့တိုင်း ဟောခန်းပိတ်ထားပါသည်။
လိပ်စာ။ ။ ရွှေတံခါးရပ်ကွက် / အမှတ် (၇၄၄) စုက္ခရုနယ်မြေ / စုက္ခရုကျောင်းအနီး ပြည်မြို့

ဆက်​သွယ်​ရန်​ဖုန်း။ ။ ၀၉၄၂၃၇၄၁၃၀၀ / ၀၉၂၅၀၉၂၈၆၀၃ ကိုဆက်​သွယ်​နိုင်​ပါတယ်​။

လမ်းညွှန်။ ။ ပြည်မြို့ မြို့သစ်(၂)လမ်းတည့်တည့်ဝင် ရွှေကျောက်ကာဘုရားအကျော် စုက္ခရုဘုရားနှင့်ကျောင်း သို့ဆိုသောဆိုင်းဘုတ်အတိုင်းဝင်လာပြီး စုက္ခရုကျောင်းအနီးတွင်တည်ရှိပါသည်။ ဆရာမင်းဇေယျာလိုင် ၏ အောင်ထူးဆန်းဗေဒင်ယတြာခန်း လမ်းညွှန်ဆိုင်းဘုတ်များကိုလည်း ကြည့်ရူပြီးလာနိုင်ပါတယ်...

သင့်ဘ၀ မှာ ကံဇာတာ အဆိုးအကောင်း တွက်စစ်နိုင်ရန်အတွက် ဆရာမင်းဇေယျာလိုင် ၏ အောင်ထူးဆန်း ဗေဒင်ယတြာခန်း သို့ ကြွရောက်နိုင်ပါတယ်....
.

Read More...

Friday, June 27, 2014

သို့/ 27.6.2014 ပြည်​မြို့နယ်​ စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဌ ​ဒေါ်​ဝေ​ဝေ​.

Leave a Comment
သို့/


27.6.2014

ပြည်​မြို့နယ်​ စည်​ပင်​သာယာ​ရေး​ကော်​မတီ
ဥက္ကဌ ​ဒေါ်​ဝေ​ဝေ

ပဲခူးတိုင်း​ဒေသကြီး(​နောက်​) ပြည်​ခရိုင်​ ပြည်​မြို့
တရုတ်​စုရပ်​ကွက်​ မြင်းတပ်​လမ်းတွင်​ နှစ်​စဉ်​ မိုး
တွင်းကာလ မိုးရာသီအချိန်​ မိုးရွာသွန်းချိန်​တိုင်း
နှစ်​စဉ်​ ​ရေ​မြောင်းများ ​ရေးစီးပိတ်​ဆို့မူ့ဖြစ်​ကာ မိုး​ရေလျှံတက်​မူ့များ ဆက်တိုက်​ဖြစ်​​ပေါ်လျှက်
ရှိ​နေပါသည်​။ ပြည်​တက္ကသိုလ်​​ကျောင်းကြီးကလည်းအနီးတွင်​တည်​ရှိပါ​သော​ကြောင့်​ ပြည်​မြို့​နေ ပညာသင်​ကြား​နေ​သော ​ကျောင်းသား/သူများတွင်​မကပဲ အခြားမြို့ နယ်​ များစွာမှ ပြည်​တက္ကသိုလ်​​ကျောင်းတက်​ရာတွင်​ လာ​ရောက်​​ကျောင်းတက်​ပညာသင်​ကြား​နေ​သော မျိုဆက်​သစ်​လူငယ်​ ​ကျောင်းသား/သူ များကပါ အထက်​​ဖော်​ပြရာ​နေရာရပ်​ကွက်​တွင်​ အ​ဆောင်​များငှား၍​နေထိုင်​ပညာသင်​ကြားရပါတယ်​။

ထို့​ကြောင့်​ နှစ်​စဉ်​မိုးရာသီချိန်​​ရောက်​တိုင်း ရပ်​ကွက်​​နေပြည်​သူအများဦးစွာစတင်​ခံစား​နေရမူ့မှာ ​ရေကြီး​ရေလျှံပြသနာများ ​ရေကြီး​ရေလျှံမူ့​တွေ​ကြောင့်​ ခြင်​အန္တရာယ်​ နှင့်​အခြားကျန်းမာ​ရေးဆိုးကျိုးများကိုပါ ခံစားရလျှက်​ရှိ​နေပါ​သော​ကြောင့်​ ​ရေစီး​ရေလာ​ကောင်​မွန်​​ရေးအတွက်​ မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဌ ​ဒေါ်​ဝေ​ဝေ​ နှင့်​ အဖွဲ့အပြင်​ မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့မှတာဝန်​ရှိလူကြီးမင်းများအား​လေးစွာဖြင့်​ ပြည်​သတင်း မှတင်​ပြအကူအညီ​တောင်​ခံလိုက်​ရပါတယ်​ခင်​ဗျာ...

ရပ်​ကွက်​​နေပြည်​သူများ


အဆိုပါကိစ္စနှင့်​ပတ်​သတ်​ပြီးသတင်းတင်​ပြ​ပေးရန်​​တောင်းဆိုလာမူများကို ပြည်​သတင်းလူငယ်​မှ ၄င်းတို့​ပြောသလို မိုးရွာ​နေချိန်​ မိုရွာသွန်းမူအပြီးများတွင်​ ကိုယ်​တိုင်​သွား​ရောက်​ကြည့်​ရူ့ခဲ့ရာ မှန်​ကန်​လျှက်​ရှိ​နေပါ​ကြောင်း ဖြည့်​စွတ်​​ပြောကြားတင်​ပြအပ်။

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
Read More...

မြို.နှစ်မြို. နှင်. ခမောက်မျက်နှာ သရ၀ဏ်(ပြည်)

Leave a Comment
မြို.နှစ်မြို. နှင်. ခမောက်မျက်နှာ

သရ၀ဏ်(ပြည်)

ကျွန်တော်သည် ပြည်မြို.တွင် ၁၉၆၈ ခု၌ မွေးဖွားသောပြည်သားတစ်ယောက်ဖြစ်သည် ။ ၁၉၉၆ တွင်မြောက်ဥက္ကပ မြို.သို.ပြောင်းရွေ.ရောက်ရှိခဲ.ရာ ကျွန်တော်၏ ပထမမြို.သည် ပြည်ဖြစ်ပြီး ၊ ဒုတိယမြို.မှာရန်ကုန်တိုင်း မြောက်ဥက္ကလာပဖြစ်လာပါသည် ။ ကျွန်တော်၏ဘ၀သက်တမ်းတစ်ဝက်ကို ပြည်မြို.တွင်ကျင်လည်ခဲ.ပြီး ၊ ဘ၀သက်တမ်းတစ်ဝက်ကိုရန်ကုန်တွင်နေထိုင်ခဲ.ပါသည် ။ ထိုအခါ မြို.နှစ်မြို.နှင်.ပါတ်သက်ပြီး ဂုဏ်ယူစရာ ၊ ရှက်ရွံ.စရာများလဲ ကျွန်တော်.ဘ၀တွင်တွေ.ကြုံဖြတ်သန်းခဲ.ရပါသည် ။

ပြည်မြို.နှင်.ပါတ်သက်၍ ဂုဏ်အယူရဆုံးမှာ ပြည်မြို.မှထွက်သည်. အနုပညာသမားများကြောင်.ဖြစ်သည် ။ ပြည်မြို.သည် သေးငယ်သော်လည်း မြို.အရွယ်အစားနှင်.မမျှအောင်ပင် နိုင်ငံကျော်အနုပညာသည်များထွက်ရှိခဲ.ပါသည် ။ ရတုဘုရင်န၀ဒေးကြီး ၊ ရှင်မဟာရဌသာရ တို.မှအစ ၊ ဒဂုန်ရွှေမျှား ၊ ဇ၀န ၊ ညာဏ ၊ ပြည်လှဖေ ၊ ပဉ္စရူပ ဦးခ တို.အလယ် ၊ ခင်ဝမ်း ၊ မောင်ချောနွယ် ၊ သုခမိန်လှိုင် ၊ကိုဆွေ ၊ မိုက်မိုက်(ပြည်) ၊ ချမ်းငြိမ်းအေး (ပြည်) ၊ထရန်းပက်ဝင်းဦး တို.အထိ အနုပညာရှင်များပေါ်ထွက်ခဲ.သည် ။ယခုလည်းမျိုးဆက်သစ်များဖြစ်သော စိုးသော်တာ၊ ကိုရွှေထူး ၊ကာတွန်းတာတီး(ပြည်) ၊ တိုးနှောင်မိုး ၊ သစ်ခက်အိမ် ၊ဝေ(စီးပွားရေးတက္ကသိုလ် ) ၊ဝေဦးမေ ၊ ယဉ်ဝေလွင်(ပြည်)၊နန်းမုံဝေ ၊ ရီဇော်မောင်(ပြည်) ၊ညီဈာန်၊မင်းယွန်း၊ ခိုင်သစ် စသည်ဖြင်. ပေါ်ပေါက်နေဆဲ ကြိုးစားနေကြဆဲဖြစ်သည် ။ အခြားနာမည်ယူစအနုပညာရှင်များစွာလဲရှိပါသေးသည် ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည်လည်း ပြည်မြို.အနီး ၀ါးတော ၊၀ါးလည်ဆိုသောရွာကလေးမှဖြစ်ရာ ပြည်မြို.နယ်ထွက် အနုပညာသမားမျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပါသည် ။ စာရေးဆရာတင်.တယ်သည်လည်း ရွှေတောင်မြို.မှဖြစ်ရာ မြို.နီးခြင်းများဖြစ်၍ ဂုဏ်ယူမိပေသည် ။ ထိုလူများကြောင်.ပြည်သားဖြစ်ရတာကျွန်တော်ဂုဏ်ယူမိခြင်းဖြစ်ပါသည် ။ လောကတွင်အနုပညာသမားဖြစ်ရခြင်းလောက် ဂုဏ်ကျက်သရေနှင်.ပြည်.စုံသောအဖြစ်ရှိနိုင်တော.မည်မဟုတ်ပါ ။

သို.ပါသော်လည်း ကျွန်တော်သည် မြို.အတွက်အမြဲတမ်းဂုဏ်ယူနိုင်သည်မဟုတ် ။ ပြည်မြို.နှင်.ပါတ်သက်လာလျင် ဆွမ်းဆန်ထဲကြွက်ချေးရောသလို လက်ညှိုးထိုးကဲ.ရဲ.ခံစရာ ၊ မြို.နာမည်ပျက်စရာကိစ္စတစ်ခုလဲမြန်မာ.သမိုင်း၌ဖြစ်ပေါ်ခဲ.လေသည် ။ထိုအရာကားအခြားမဟုတ် မြန်မာနိုင်ငံ၏ပထမဆုံးအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဖြစ်ကာနာမည်ဆိုးဖြင်.ကျော်ကြားခဲ.သောမြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကကြီး ဦးနေ၀င်း (ခေါ်) ဗိုလ်ချုပ်နေ၀င်းသည် ပြည်ခရိုင် ၊ပေါင်းတလည် မြို.နယ် ချောင်းကောင်းရွာသားဖြစ်သည် ။ ငယ်စဉ်ကပြည်မြို.တွင်ပညာသင်ကြားခဲ.သည်ဟုသိရသည် ။ ကျွန်တော်တို.ပြည်သားများသည် အခြား နိုင်ငံကျော်အနုပညာသမားများကြောင်.ဂုဏ်တက်ကြရသော်လည်း ဗိုလ်ချုပ်နေ၀င်း မွေးဖွားလာသည်.အတွက် မည်သည်.ဘက်ကမျှ ၀မ်းမြောက် ဂုဏ်ယူနိုင်ခဲ.ခြင်းမရှိချေ ။ အာဏာရှင်တစ်ဦးပေါ်ထွန်းလာခြင်းအတွက် သူ.ကိုလက်ခံထမ်းရွက်ထားရသော မဟာပထ၀ီမြေကြီးကပင်လျင် အပြစ်ကြီးတစ်ခုကိုကျူးလွန်သယောင်ရှိနေသောအဖြစ်ကြောင်. ဗိုလ်ချုပ်နေ၀င်း (ခေါ်) ကိုရှုမောင်တစ်ယောက် ပေါ်ထွန်းလာခဲ.ခြင်းအတွက် ကျွန်တော်တို.မြို.သူမြို.သားများမှာ စိတ်မသက်သာမှုများသာဖြစ်ပေါ်ခဲ.ရပါသည် ။

ဗိုလ်ချုပ်နေ၀င်းအကြောင်းကိုပြန်ပြောင်းစဉ်းစားသောအခါ ကျွန်တော်.မှတ်ဥာဏ်ထဲ၌ ပေါ်လာသည်မှာ နိုင်ငံရေးလဲမဟုတ် ၊စစ်ရေးလဲမဟုတ် ကလေးတစ်ယောက်၏ကမောက်ကမ မှတ်ဥာဏ်ကလေးတစ်ခုသာဖြစ်သည် ။ ကျွန်တော်မှတ်မိနေသည်မှာ စစ်ကားတစ်စီးသည် ကျွန်တော်တို.နေထိုင်ရာ ဆံတော်ရပ်ကွက်ထဲသို. မောင်းဝင်လာပြီး မုန်.လင်မယား ၊ရေမုန်.များရောင်.ချသော ကိုဝင်း ၊မမြမေ ဟူသော ဆင်းရဲသားလင်မယားအိမ်ရှေ.တွင်ရပ်လိုက်သည် ။ ထို.နောက်ကိုဝင်းနှင်.မမြမေသည် သူတို.တွင်ရှိသမျှအကောင်းဆုံးအ၀တ်အစားမျာကိုသပ်ယပ်စွာဝတ်ဆင်လျက် အိုးခွက်ပန်းကန် ဇွန်း၊ယောက်မ စသည်တို.ကို သယ်ဆောင်ကာ လာခေါ်သောစစ်ကားပေါ်သို.လိုက်သွားတော.သည် ။ဒါဆိုလျင်တစ်ရပ်ကွက်လုံးနားလည်လိုက်သည်မှာ ဥက္ကကြီး ဦးနေ၀င်း ပြည်မြို.သို.ရောက်နေပေပြီ ။ ဦးနေ၀င်းသည် သူငယ်စဉ်ကပြည်မြို.တွင်စားခဲ.ရသော ကြက်သားပလာတာ ၊ ရေမုန်. ၊မုန်.လင်မယား ၊ မုန်.ပျားသလက် စသည်တို.ကိုအလွန်နှစ်သက်၏ ။ထို.ကြောင်. ဦးနေ၀င်းပြည်မြို.သို.လာသည်နှင်. ပလာတာသယ် ၊ မုန်.လင်မယားသယ် ၊ရေမုန်.သယ်များကို စစ်တပ်က လာခေါ်ကာ အော်ဒါမှာပြီး ဦးနေ၀င်းအားဧည်.ခံခြင်းဖြစ်သည် ။

ငိုအားထက်ရယ်အားသန်ဖြစ်ရပ်မှာ ပြည်မြို.ဘုရားကြီးဈေးတွင် ပလာတာရောင်းသော ဦးနှုတ်ခမ်းမွှေးဟူသည်. ကုလားကြီးထံတွင်ဦးနေ၀င်းသည် ငယ်စဉ်မှစ၍ အားပေးလာသော ဖောက်သည်ဖြစ်၍နေ၏ ။ သူ ဗိုလ်ချုပ်နေ၀င်းဘ၀သို.ရောက်သောအခါ ထိုကုလားကြီးကို ပြည်မြို.တပ်မ (၆၆) သို.ခေါ်ကာ ပလာတာချက်ပြုတ်ခိုင်းပြီး အလိုရှိတာတောင်းပါ ဟု ဆို၏ ။ ထိုအခါကုလားကြီးသည် အလွန်တရာဝမ်းသာသွားပြီး
“ အခြားတော.မတောင်းချင်ပါဘူး ၊ဒါပေမယ်.ကျုပ်ပလာတာရောင်းတဲ.နေရာမှာ လူကြီးလမ်းကြောင်းရှိတိုင်းဆိုင်မထွက်ရဘူးလို. စည်ပင်သာယာကလာလာပြီးနှင်တယ် ၊ ဒါကြောင်.ဖြစ်နိုင်ရင် နှုတ်ခမ်းမွှေးပလာတာဆိုင် ဘယ်တော.မှ ပိတ်သိမ်းခွင်.မပြုဆိုတဲ.အမိန်.စာလေး မှာ ဥက္ကကြီးလက်မှတ်ထိုးပြီးပေးစေချင်ပါတယ် “ ဟု တောင်းဆိုခဲ.သည် ။ ကြားရသူအပေါင်းက ရယ်ကြပြီး ဒိထက်တန်ဖိုးရှိတာမတောင်းလေခြင်းဟုပြောကြသော်လည်း ဦးနှုတ်ခမ်းမွှေးသည် ဦးနေ၀င်းထံမှစာကို တခုတ်တရသိမ်းဆည်းထားပြီးထိုအချိန်မှစကာ ၁၉၈၈ ဦးနေ၀င်းခေတ်ကုန်သည်အထိ မည်သည်.လူကြီးလမ်းကြောင်းလာသည်ဖြစ်စေ ပလာတာဆိုင် ပိတ်သိမ်းစရာမလိုပဲ ရောင်းချနိုင်ခဲ.သည် ။

၁၉၈၈ တွင်မူကားကျွန်တော်သည် ရန်ကုန်တက္ကသိုလ်တွင်ပထမနှစ်တက်နေသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီဖြစ်သဖြင်. နိုင်ငံရေးကိုအသင်.အတင်.နားလည်နေပြီဖြစ်သည် ။ အဓိပတိလမ်းပေါ်မှလျှောက်လှမ်းမိတိုင်းလမ်းမဘေးတွင်တွေ.ရသည်.မြေကွက်လပ်ကိုကြည်.ကာ ဤနေရာကားကျောင်းသားသမဂ္ဂအဆောက်အဦပေတည်း ၊ ဤအဆောက်အဦကိုဗုံးခွဲခဲ.သည်.လက်သည်တရားခံမှာ ဦးနေ၀င်းဖြစ်မှန်းကောင်းကောင်းသိနေပေပြီ ။တပ်မတော်ဟာသေနတ်ပစ်ရင်မှန်အောင်တည်.တည်.ပစ်တယ် မိုးပေါ်ထောင်မပစ်ဘူး ဟူသော ဦးနေ၀င်း၏မောက်မာခြိမ်းချောက်သော၁၉၈၈ မ.ဆ.လ လွှတ်တော် နောက်ဆုံးမိန်.ခွန်းကိုအော.နှလုံးနာမိလာပါသည်။မြန်မာနိုင်ငံကြီး ကမ္ဘာ.အဆင်းရဲဆုံး ( LDC ) အဆင်.သို.ရောက်သွားရခြင်း၏အဓိကတရားခံမှာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ နှင်. ပါတီဥက္ကဌ ဦးနေ၀င်း လက်ချက်ဆိုတာ ရှင်းရှင်းလင်းလင်းသဘောပေါက်လာခဲ.ပြီဖြစ်သည် ။မြို.လူထုမှာလည်း တိုင်းပြည်မွဲရခြင်းသည် ဦးနေ၀င်းနှင်. မ.ဆ.လ အစိုးရစနက်၊ စစ်အာဏာရှင်လက်ချက်ဆိုသည်ကို နက်နက်ရှိုင်းရှိုင်းသိလာကြချေပြီ ။ ဦးနေ၀င်းကိုမွေးဖွားမိခဲ.ခြင်းအတွက် ပြည်မြို.သားများသည် ရှက်ရွံ.မှုကိုစတင်ခံစားရပေပြီ ။

သို.သော် ဦးနေ၀င်း၏ သြဇာကိုမိနေသူများကလည်းဒုနှင်.ဒေးပင် ။ အကောင်းဆုံးသာဓကမှာ ၁၉၉၀ ပြည်.နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ်မှ အပြတ်အသတ် အနိုင်ရရှိခဲ.သော်လည်း ပြည်မြို.တွင်မူ မဲဆန္ဒနယ် နှစ်ခုရှိပြီး မဲဆန္ဒနယ်တစ်ခုတွင် ဒီချုပ် မှအနိုင်ရပြီး တောပိုင်းမှ ဆန္ဒမဲများသော နောက်ထပ်မဲဆန္ဒနယ်တစ်ခုတွင် မ.ဆ.လ ပါတီကိုအသွင်ပြောင်းထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှအနိုင်ရရှိခဲ.ပါသည် ။ အလွန်အံ.အားသင်.ဖွယ် ဖြစ်ပါသည် ။ ကျွန်တော်မှတ်မိသည်မှာ ပြည်မြို.တွင်ထိုသို. N.L.D တစ်နေရာရှုံးပြီး တ.စ.ည ပါတီမှ နိုင်သည်ကြားသောအခါ အားလုံးသည် ကျွန်တော်တို.မြို.ကိုဒေါသဖြစ်ကြပေ၏ ။ ရွေးကောက်ပွဲရလာဒ်သိရသည်.နေ.က ရန်ကုန်-ပြည်အဝေးပြေးလမ်းမှထမင်းဆိုင်အချို.သည် ပြည်မြို.မှလာသော ကားများကိုထမင်းမရောင်းဟု သပိတ်မှောက်ဆန္ဒပြကြသည်ကိုကြုံခဲ.ရဖူး၏ ။ အော် ..ဦးနေ၀င်းကားပြည်မြို.သားများကို ဤမျှအထိဒုက္ခပေး ဂြိုဟ်မွှေခဲ.ချေသည်တကား ။

ယခုအချိန်အထိလည်း အာဏာရှင်ဗိုလ်ချုပ်နေ၀င်း ၊ဦးနေ၀င်းအကြောင်းရေးကြပြောကြသောအခါ မွေးဖွားရာဇာတိ ပြည်မြို.ဟူ၍လည်းကောင်း ၊ပြည်ခရိုင် ပေါင်းတလည်မြို.ဟူ၍လည်းကောင်းကြားလိုက်ရလျင် ကျွန်တော်တို.သည် ကိုယ်နှင်.ဘာမှမဆိုင်ပဲ ရှက်သလိုလို ၊သိမ်ငယ်သလိုလိုဖြစ်သွားရချေသေး၏ ။ သခင်မကြီးဒေါ်သိန်းတင်လိုလူမျိုး ၊ သခင်ကိုယ်တော်မှိုင်းလိုလူမျိုးများလည်းထွက်ပေါ်ခဲ.သဖြင်.သာဖြေသာပါသေး၏ ။ဤကားအာဏာရှင်တစ်ဦးကိုမွေးဖွားခဲ.သဖြင်. မြို.ခံတစ်ဦးရရှိခဲ.သောစိတ်ဒုက္ခဖြစ်သည် ။

နောက်ထပ်ကျွန်တော်ယခုနေထိုင်သော မြောက်ဥက္ကလာပမြို.နယ်အကြောင်းပြောရပေဦးအံ. ။ မြောက်ဥက္ကလာသည် ၁၉၅၈ တွင်မှစပေါ်လာသော မြို.သစ်တစ်ခုဖြစ်သဖြင်. ရှေးအတိတေကာလ သမိုင်းကြောင်းရှည်ရှည်လျားလျားပြစရာ မလိုချေ ။ လောလောလတ်လတ်တွင် ရာဇ၀င်နှင်.မြို.ဖြစ်သည် ။ ၁၉၈၈ အရေးအခင်းတွင်လူအချို.ကမင်းမဲ.စရိုက်ဆန်ဆန် ပြည်သူ.ရဲကိုခေါင်းဖြတ်ကာ မီးနှင်.ကင်စားခဲ.သဖြင်. ဟိုးလေးတကျော်ဖြစ်ခဲရသောမြို.ဖြစ်သည် ။ ရှစ်လေးလုံးအရေးတော်ပုံကာလက နာမည်ကြီးခဲ.သော ယောင်ကြီးဗွေဆိုသူမှာမြောက်ဥက္ကလာမှဖြစ်သည်။ အရေးအခင်းကာလတွင် စစ်ကားတစ်စီးကို လူအုပ်ဖြင်.ပိတ်ဆို.တားဆီးထားသည်.အတွက် တပ်မတော်မှလေယာဉ်ပျံဖြင်. စာရွက်များကျဲချကာသတိပေးခဲ.ရသောမြို.ဖြစ်သည် ။ ၁၉၈၈ အရေးတော်ပုံတွင်ကျဆုံးသွားသူများကိုမြောက်ဥက္ကလာ ခုံးကျော်တံတားအနီးတွင် အမှတ်တရအာဇာနည်ကျောက်တိုင်စိုက်ခဲ.သောမြို.ဖြစ်သည် ( စစ်အစိုးရတက်လာပြီးထိုကျောက်တိုင်ကိုဖျက်ဆီးပစ်ခဲ.၏) ။ မြောက်ဥက္ကလာတည်ကာစတွင်ဘာသာခြားအချို.က ဗလီတည်ဆောက်ရာ သံဃာများနှင်.မြို.ခံများက သဘောမတူသဖြင်. အဓိကရုန်းဖြစ်ခဲ.ဖူးပါသည် ။ ၁၉၉၆ မှပြောင်းရွှေ.လာသဖြင်.ကျွန်တော်သည် ထိုစဉ်ကအဖြစ်အပျက်များကိုလက်လှမ်းမမှီခဲ.ပါ ။ ကျွန်တော်ဂုဏ်ယူမိသောအဖြစ်မှာ မြောက်ဥက္ကလာသည် မြန်မာနိုင်ငံတွင် စာရေးဆရာအများဆုံးရှိသောမြို.နယ်ဖြစ်နေခြင်းပင်ဖြစ်သည် ။

နံနက်တိုင်းလက်ဘက်ရည်ဆိုင်တွင်ကိုယ်ခင်မင်ရသောစာရေးဆရာများနှင်.တွေ.ဆုံစကားပြောခွင်.ရခြင်းမှာကြီးမားသောပီတိတစ်မျိုးဖြစ်ပါသည် ။မြောက်ဥက္ကလာတွင် စာရေးဆရာ သစ္စာနီရှိ၏ ၊ မောင်ကျော်သာ(ပဲခူး) ရှိ၏ ၊ မောင်ပြည်.လှိုင်း(သံတွဲ) ရှိ၏ ။ ဦးဌေးမောင်ရှိ၏ ၊ ကေတုလှနိုင်ရှိ၏ ။တင်နိုင်တိုးရှိ၏ ။တက္ကသိုလ်သျှင်သီရိရှိ၏ ။ ဆရာနတ်နွယ် (ကွယ်လွန်) ရှိခဲ.၏ ။မောင်ဆုရှင် (ကွယ်လွန်) ရှိခဲ.၏ ။ မောင်ရန်ပိုင် ရှိခဲ.ဖူး၏ ။ဆရာပါရဂူ၏သျှန်တနိကေတန်စာကြည်.တိုက်ရှိ၏ ။လောလောဆယ် ပဉ္စမံဒီရိုင်း ၊ကောင်းဆက်နိုင် ၊ဆရာမောင်သာချို ၊ မောင်မြတ်မွန်(ဆူးလေ) ၊ ကဗျာဆရာ နေစိမ်.၊ နီဟိန်းမော်စသူတို.ရှိ၏ ။ အလွန်ပင်အနုပညာသမားပေါများရာအရပ်ဒေသဖြစ်သည် ။ ထို.ကြောင်.မြောက်ဥက္ကလာမှာနေရတာဂုဏ်ယူဖွယ်ပင်ဖြစ်သည် ။

သို.သော်ဂုဏ်မယူနိုင်ဖွယ်ကိစ္စအချို.လည်းယခုတစ်လောတွင်ဖြစ်လာပါသည် ။ ယခုတစ်လော လူပြောများနေသော PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲ စနစ်သို.လာမည်.ရွေးကောက်ပွဲများအမီ ပြောင်းလဲကျင်းပရေးအဆိုကိုအမျိုးသားလွှတ်တော်တွင်အဆိုတင်သွင်းခဲ.ရာ ထိုအဆိုကိုတင်သွင်းသူမှာ မြောက်ဥက္ကလာပမြို.နယ်ကိုယ်စားပြု အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ဖြစ်နေသည် ။ ဒေါ်ခင်ဝိုင်းကြည်သည် ဟိုတလောကလည်း ဟောပြောပွဲတစ်ခုတွင် ဦးရွှေမန်း သမ္မတဖြစ်ရေးကိုထောက်ခံသည်ဟုပြောကြားခဲ.သဖြင်. N.D.F ပါတီက ဤပြောကြားမှုမှာ ပါတီ၏မူဝါဒမဟုတ်ကြောင်းလိုက်လံရှင်းလင်းခဲ.ရသည် ။ ဒေါ်ခင်ဝိုင်းကြည်ကို လွှတ်တော်အတွင်းသို.လွှတ်လိုက်ခြင်းမှာ မြောက်ဥက္ကလာပြည်သူများဖြစ်သည် ။ ထို.ကြောင်.မြောက်ဥက္ကလာသားတစ်ယောက်အနေနှင်.ရော မြန်မာနိုင်ငံသားတစ်ယောက်အနေနှင်.ပါ ဒေါ်ခင်ဝိုင်းကြည်၏ ဦးတည်ချက်များကိုဆန်းစစ်ဖို.လိုအပ်လာပေသည် ။

၂၀၁၀ ခုနှစ်တွင်ရွေးကောက်ပွဲကျင်းပရာ ထိုစဉ်က N.L.D ပါတီသည် ဒေါ်အောင်ဆန်းစုကြည် ကိုနေအိမ်အကျယ်ချုပ်မှ စစ်အစိုးရက လွှတ်မပေးခဲ.သည်ကိုအကြောင်းပြု၍ ရွေးကောက်ပွဲကိုသပိတ်မှောက်ခဲ.သည် ။ N.L.D အတွင်းရွေးကောက်ပွဲဝင်လိုသူနှင်.ရွေးကောက်ပွဲကိုသပိတ်မှောက်လိုသူဟူ၍ နှစ်ဖွဲ.ကွဲသွားခဲ.ပြီး ရွေးကောက်ပွဲ ၀င်လိုသူများမှ အမျိုးသားဒီမိုကရေစီအင်အားစု ( NDF ) အဖြစ်ပါတီခွဲထောင်ကြခြင်းဖြစ်သည် ။ဤအချိန်အထိပြည်သူလူထုသည် N.D.F ကိုထောက်ခံခဲ.သည် ။ရွေးကောက်ပွဲကိုသပိတ်မှောက်သည်မှာ မိမိ၏ ဒီမိုကရေစီရပိုင်ခွင်.များကို မိမိကိုယ်တိုင် ပိတ်ပင်တားဆီးရာရောက်သဖြင်. နိုင်ငံရေးမရင်.ကျက်မှုကိုဖော်ပြသောလက်တွေ.မဆန်သည်.လုပ်ရပ် ဟု ကျွန်တော်အပါအ၀င်တော်တော်များများကသုံးသပ်ကြပါသည် ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်သောအခါ ကျွန်တော်တို.တွင်ရွေးစရာပါတီ များများစားစား မရှိလှ ။ အဓီကပါတီကြီးဖြစ်သော ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ကိုယှဉ်ပြိုင်အရွေးခံသူမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဘတင်.ဆွေ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင်. N.D.F သာရှိသည် ။ N.D.F သည်ရွေးကောက်ပွဲသင်္ကေတကို N.L.D ၏ ၁၉၉၀ ရွေးကောက်ပွဲတွင် ကြောက်မခန်းလိလိအနိုင်ရခဲ.သော ခမောက်သင်္ကေတကို ယူလိုက်သည် ။ N.L.D ကလည်းရွေးကောက်ပွဲတွင်မပါသဖြင်. ခမောက်သင်္ကေတ ကိုကန်.ကွက်ခဲ.သော်လည်း ရွေးကောက်ပွဲကော်မရှင်က N.D.F ကိုခမောက်သုံးခွင်.ပြုခဲ.သည် ။ စင်စစ်ဒေါ်ခင်ဝိုင်းကြည်ဘယ်သူဆိုသည်ကိုကျွန်တော်တို.မသိ ။ ခမောက်မျက်နှာနှင်. ဒီမိုကရေစီဘက်တော်သားဟု ယုံကြည်သတ်မှတ်ကာ မဲပေးခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်တို.မြောက်ဥက္ကလာမှ ပြည်သူ.လွှတ်တော်တွင် ဒေါက်တာသန်းဝင်း၊ အမျိုးသားလွှတ်တော်တွင် ဒေါ်ခင်ဝိုင်းကြည် N.D.F ပါတီကိုကိုယ်စားပြုကာအနိုင်ရသွားခဲ.ကြသည် ။ ဤသို.နိုင်သည်ကိုကျွန်တော်တို.၀မ်းသာပါ၏ ။ စစ်အစိုးရဘက်တော်သားများကိုရင်ဆိုင်တိုက်ခိုက်ရန် ဒီမိုကရေစီဘက်တော်သားများကိုရွေးချယ်နိုင်လိုက်ပြီမဟုတ်ပါလား ။

သို.သော်မကြာမီပင် ကျွန်တော်တို.ရွေးချယ်လိုက်တာ မှားပြီလားဟုမြောက်ဥက္ကလာသားများစတင်သံသယ၀င်လာမိသည် ။ (ဆ)ရပ်ကွက် မြောက်ဥက္ကလာလူထုနှင်.တွေ.ဆုံပွဲတွင် ဒေါ်ခင်ဝိုင်းကြည်စကားပြောသည်ကိုသွားနားထောင်ကြည်.ရာ အားတက်စရာ ဒီမိုကရေစီတရားများကိုမနာရပဲစစ်အစိုးရခေတ် ကြေးမုံနှင်. မြန်မာ.အလင်းသတင်းစာများမှာပါသောဆောင်းပါးများသဖွယ် အစိုးရအာဘော်များကိုသာကြားရတော.၏ ။ ဥပမာအားဖြင်.လမ်းပေါ်တက်ဆန္ဒပြသည်မှာမကောင်းကြောင်း ၊ထိုသို. လုပ်စရာမလိုကြောင်း ၊ အစိုးရနှင်.ပူးပေါင်းဆောင်ရွက်ဖို.သာလိုကြောင်းစသည်ဖြင်.ဟောပြောသောကြောင်. စတင်စိတ်ပျက်မိပေသည် ။NDF မှ ဒေါက်တာမြတ်ဥာဏစိုး နှင်. ဒေါက်တာသန်းဝင်းသည် N.L.D ပါတီထဲပြန်ရောက်သွား၏ ။ ဒေါ်ခင်ဝိုင်းကြည်ကမူ N.L.D နှင်.လည်းကောင်း မိခင်ပါတီဖြစ်သော N.D.F နှင်.လည်းကောင်း ပိုမိုကင်းကွာသွားပြီး ကြံ.ခိုင်ရေးလိုလိုဘာလိုလိုဖြစ်ကာ အစိုးရနှင်. အာဏာရပါတီကြီးကိုလိုလားသောစကားများကို ပြောလာ၏ ။ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပြည်လုံးကလိုလားနှစ်သက်နေပါလျက် ဦးရွှေမန်းသမ္မတဖြစ်ရေးကိုထောက်ခံသည်ဟု ရွာလွန်ရွက်တိုက်သည် ။ပြည်သူလူထုသည် စစ်အစိုးရကိုလည်းကောင်း စစ်ဗိုလ်လူထွက်များကိုလည်းကောင်း ငြီးငွေ.စိတ်ပျက်နေကြသောအချိန်တွင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်ကို သမ္မတအဖြစ်လိုလားသည်ဆိုခြင်းမှာ ပြည်သူလူထုကိုစော်ကားလိုက်ခြင်းဖြစ်သည် ။

လူထုက ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေပြုပြင်ရေး ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးတို.ကို အင်တိုက်အားတိုက်တောင်းဆိုနေကြချိန်တွင် လူထုကိုအာရုံလွှဲသောအဖြစ်များကိုအစိုးရနှင်.အာဏာရပါတီကြီးကလုပ်လာကြသည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင်နိုင်ခြေမရှိတော.မှန်းပြတ်ပြတ်သားသား ရိပ်စားမိသော ဒေါ်ခင်ဝိုင်းကြည်နှင်. N.D.F သည်လည်း အချိုးကျကိုယ်စားပြုစနစ်ဆိုသော PR ကိုဖုန်သုတ်ပွဲထုတ်လာ၏ (PR အကြောင်းစာရေးဆရာအတော်များများရေးထားပြီးဖြစ်၍ စာလေးမည်စိုးသဖြင်. ထပ်ရှင်းမပြတော.ပြီ ) PR ကိုလိုလားခြင်းမှာ နိုင်ငံကောင်းစားဖို.လား နောက်တစ်ကြိမ်လွှတ်တော်တွင်မိမိပြန်ပါရေးအတွက်လားဆိုသည်ကိုဒေါ်ခင်ဝိုင်းကြည်ပဲသိပေလိမ်.မည် ။ PR စနစ်သည် ရွေးကောက်ပွဲတွင်အနိုင်မရနိုင်တော.ဟုခန်.မှန်းနိုင်သည်.အချိန်မှပေါ်ထွက်လာခြင်းမှာအံ.သြစရာကောင်းပေသည် ။ PR ကိုသုံးရန် ပြည်ခိုင်ဖြိုးပါတီက စတင်အဆိုပြုခဲ.လျင် အံ.သြစရာရှိမည်မဟုတ် ၊ မဆီမဆိုင် ဒီမိုကရေစီဘက်တော်သားပါဟုယုံကြည်၍ လွှတ်တော်ထဲသို.ပို.ခံ.ခဲ.ရသော N.D.F ပါတီဝင် ဒေါ်ခင်ဝိုင်းကြည်က(ယခုအချိန်မှာမှ) စတင်အဆိုတင်သွင်းခြင်းမှာ သူခိုးကိုဓါးရိုးကမ်းသလိုရှိပါပေသည် ။ မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်အစိုးရလက်အောက်တွင် နှစ်(၅၀ )ခန်. ကြိတ်မှိတ်ဖြတ်သန်းခဲ.ရပါသည် ။ ယခုထက်ထိလည်း စစ်မှန်သောဒီမိုကရေစီအစိုးရတက်မလာသေးပါ ။ ၂၀၁၅ တွင်တော.ပြည်သူလူထုကလိုလားနှစ်သက်သောအစိုးရကို ၁၉၆၂ ခုမှစကာ ပထမဆုံးအနေဖြင်. ရွေးကောက်တင်မြှောက်ခွင်.ရချင်ပါသည် ။ ပြည်သူကကြည်ဖြူသောအစိုးရကိုပြည်သူကရွေးကောက်ခွင်.အား ကဖျက်ကယက်မလုပ်ကြပါနှင်. ။လက်ပါးစေနှင်. စားကျွင်းစားကျန်အခွင်.ထူးရနေသူအချို.၏ထောက်ခံမဲတချို.တလေမှလွဲ၍ပြည်သူလူထုမနှစ်သက်သဖြင်. ၀ိုင်းကျဉ်ထားသော ပါတီမှအမတ်များကို လွှတ်တော်ထဲသို.ဇွတ်ခေါ်လာနိုင်သော PR စနစ်ကို ဒေါ်ခင်ဝိုင်းကြည်အပါအ၀င် N.D.F အမတ်များ ကြိုးစားပွဲထုတ်နေခြင်းသည် မမွေးဖွားသေးသောကလေးကို မတ်တပ်ရပ်ခိုင်းနေခြင်းဖြစ်၍ သမိုင်းတရားခံဖြစ်နိုင်သဖြင်.ရှောင်ကျဉ်ကြစေလိုပါသည် ။

ဤသို.လုပ်မှလွှတ်တော်ထဲသို.၀င်ရမည်ဆိုလျင်လည်း အရွေးမခံရပဲ သိက္ခာရှိရှိ ရွေးကောက်ပွဲရှုံးခြင်းကပိုကောင်းပါသည် ။ လွှတ်တော်အမတ်ဖြစ်နိုင်သည်.နောက်တစ်နည်းမှာ ကျန်ရှိသေးသောလွှတ်တော်သက်တမ်းတွင် ပြည်သူလူထုကထောက်ခံလာစေရန် မှန်ကန်သော အဆိုများ ၊ တိုက်တွန်းချက်များ ၊ဥပဒေကြမ်းများကိုတင်သွင်း၍ မိမိသမိုင်းကြောင်းကောင်းအောင်လုပ်ရန်ဖြစ်ပါသည် ။
ခမောက်မျက်နှာဖြင်.လွှတ်တော်ထဲသို.ရောက်လာရခြင်းဖြစ်သည်.အတွက် ခမောက်ကိုချနင်းခြင်းဖြစ်သည်. ဘက်ပြောင်းခြင်း ၊ ပြည်သူကိုလှည်.ဖျားခြင်း ၊ အာဏာရှင်နှင်.ပူးပေါင်းခြင်း ၊ သူခိုးဓါးရိုးကမ်းခြင်း ၊ အတ္တကိုရှေ.တန်းတင်ခြင်းများ ကိုစွန်.လွှတ်သင်.ပါသည် ။ မြောက်ဥက္ကလာမှ ရွေးချယ်လိုက်သော ဒီမိုကရေစီဘက်တော်သားအမတ်တစ်ယောက် သည် အာဏာရှင်တို.က ပြည်သူလူထုအာရုံပြောင်းအောင် ညစ်ကွက်မျိုးစုံသုံးလာခြင်းကိုပုလင်းတူဗူးဆို.ပါဝင်ဆောင်ရွက်နေခြင်းအားကျွန်တော်တို. မြောက်ဥက္ကလာမဲဆန္ဒရှင်များကရှက်မိပါသည်။စစ်အာဏာရှင်ဟောင်းတို.၏လမ်းကြောင်းနှင်.အချိန်မနှောင်းမီခွဲထွက်သင်.ပါသည် ။

ပြည်မြို.သားတစ်ယောက်အနေဖြင်. ဦးနေ၀င်းကြောင်.အရှက်ရခဲ.ပြီးဖြစ်ရာ မြောက်ဥက္ကလာကိုပြောင်းလာကာမှ ဒေါ်ခင်ဝိုင်းကြည်အတွက် တစ်ရှက်ကနှစ်ရှက်မဖြစ်ချင်တော.ပါကြောင်း ။

သရ၀ဏ်(ပြည်)

News Watch ဂျာနယ်
၁.၇.၂၀၁၄


Read More...

ကျွန်တော်တို့ပြည်မြို့လေးအကြောင်းအများသူငှာ..သိရအောင်တင်ပေးတာပါ..သိပြီးသားလူတွေလည်းရှိမှာပါ.ရွှေမြို့တော်..... ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment



ကျွန်တော်တို့ပြည်မြို့လေးအကြောင်းအများသူငှာ..သိရအောင်တင်ပေးတာပါ..သိပြီးသားလူတွေလည်းရှိမှာပါ..

ပြည်မြို့သည်ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင်တည်ရှိပြီးပဲခူးတိုင်း၏အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်းဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည်ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ပြည်မြို့မှတဆင့်မကွေးတိုင်းကိုဖြတ်၍ကျောက်ပန်းတောင်း၊ ပုဂံ စသောဒေသများသို့လည်းကောင်၊မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်၍ ပန်းတောင်းမြို့များမှ တဆင့်ရခိုင်ပြည်နယ်သို့လည်းကောင်း သွားရောက်နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေးအထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေး၍ လေကြောင်းလမ်းအဆက်အသွယ်လည်းရှိသည်။ မြန်မာ့သမိုင်းတွင်ထင် ရှားသောရှေးဟောင်းပျူမြို့တော်သရေခေတ္တရာမြို့ဟောင်းမှာ ပြည်မြို့ရှိမှော်ဇာအရပ်တွင် တည်ရှိသည်။  ရှေးလက်ရာပျူယဉ်ကျေးမူ့များအားယခုထက်တိုင်ပင်တွေ့ရှိနိုင် သေးသည်။ ပြည်မြို့ရှိသော   နေရာတွင် မည်သည့်ခုနှစ်မှစ၍ မည်သူက မြို့တည်ထောင်ခဲ့ကြောင်း တိကျခိုင်မာသော မှတ်တမ်းမရှိပေ။

ဘုရားသမိုင်းများတွင်မူ ဂေါတမဘုရားရှိစဉ်အခါကပင် သီရိခေတ္တဆိုသော မင်းသားဦးဆောင်၍ တည်ထောင်ခဲ့ကြောင်းဖေါ် ပြပါရှိလေသည်။ သီရိခေတ္တမင်းနှင့် နောက်လိုက်နောက်ပါတို့သည် မြို့သစ်အမည်ကို န၀ါဝါသီ ဟုပေးခဲ့ကြောင်း ပြည်မြို့အနောက်ဘက်ကမ်း ရှိ ဖိုးဦးတောင် ဘုရားသမိုင်းတွင် ဖေါ်ပြထားသည်။ နောင်သောအခါ သီရိခေတ္တမင်းသား နှင့် အပေါင်းအပါတို့သည် ရသေ့၊ရဟန်း ပြုကြပြီး ထို န၀ါဝါသီအရပ်သည် စစ်မက်အပေါင်းမှ ပြီးပြေငြိမ်းအေးရာ အရပ်ဖြစ်သောကြောင့် ပြေမြို့ ဟုသမုတ်ခဲ့ကြောင်း ထိုဘုရားသမိုင်းတွင် ပါရှိသည်။ နောက်တစ်ချက်မှာ ရှေးအခါက ပျူလူမျိုးတို့ တိုင်းပြည်ကြီးထူထောင်ကာ နေထိုင်ခဲ့ဖူးသည်ကို အစွဲပြုပြီး ပြည် ဟူသော အသုံးအနှုံးကို မြန်မာတို့က ဆက်လက်တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်သည်ဟုလည်း တင်ပြဆွေးနွေးကြသည်။ ပွင့်လှသိမ်ကုန်း ဆရာတော်၏ မိန့်ကြားချက်အရလည်း ပြည်မြို့သည် ဒွတ္တဘောင်မင်းကြီး တည်ထောင်ခဲ့သော သရေခေတ္တရာ မြို့မတိုင်မှီကပင် တည်ရှိခဲ့ကြောင်း၊ ပြည်မြို့အရပ်တွင် နေထိုင်ကြသူတို့သည် အသက် ၄၀ ကျော်လျင် ရသေ့ရဟန်း ပြုကြလေ့ ရှိကြောင်း၊ ပြည်မြို့တွင် ရသေ့ပေါင်း ၂၀၀၀၀ ကျော်ရှိသောကြောင့် ရသေ့မြို့ဟု ခေါ်တွင်ခဲ့ကြောင်း မိန့်ကြားဖူးပါသည်။ ပျူတို့နေထိုင်ခဲ့သော မြို့တော်ဟောင်း သရေခေတ္တရာမြို့ သည်ပြည်မြို့အတွင်း ရှိမှော်ဇာအရပ်တွင်တည်ရှိလေသည်။သရေခေတ္တရာမြို့ကြီး ပျက်စီးပြီးနောက် ကျွင်းကျန်ရစ်သော ပျူလူမျိုးအုပ်စုငယ်များသည် သရေခေတ္တရာမြို့ဟောင်းနေရာမှ တစတစနှင့် ယခု ဧရာဝတီမြစ်အနီး ပြည်မြို့တည်ရှိရာ ရွှေဆံတော်ဘုရားတ၀ှိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်သည်။   နေရာသစ်တွင် လူနေထူထပ်ခဲ့ရာမှ စီးပွါးရေး၊ ကူးသန်းရောင်းဝယ်ရေးများဖြစ်ထွန်းလာခဲ့သည်။ ထိုကဲ့သို့ပျူလူမျိုးများနေထိုင်ခဲ့သောကြောင့်ပျူမြို့ဟုခေါ်တွင်ရာမှ ပြည်မြို့ဟုပြောင်းလဲ ခေါ်ဆိုလာခြင်း   ဖြစ်ကြောင်း အချို့မှတ်တမ်းများတွင်ပါရှိလေသည်။ သို့သော် အချို့သောသမိုင်းများတွင် ပျူမြို့ဆိုသည့်မြို့မှာ ယခုဖြူးမြို့ဖြစ်သည်ဟုလည်း ဆိုကြသည်။ မည်သို့ပင်ဆင်းသက်လာသည် ဖြစ်စေ ဘုရားသမိုင်းများနှင့် ရာဇ၀င်များအရ ပြည်မြို့သည် သမိုင်းမှတ်တမ်းများ တိတိကျကျ မရှိမှီကာလကပင် တည်ရှိနေခဲ့သောမြို့ဖြစ်ကြောင်း ခန့်မှန်းမှတ်ယူနိုင်ပေသည်။ ပြည်မြို့ကိုစတင်တည်ထောင်သူမှာ ပုဂံခေတ်နှောင်းပိုင်းတွင် နန်းတက်သော နရသီဟပတေ့ ဘုရင်၏ သားဖြစ်သူ သီဟသူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်တွင် ပြည်မြို့ကိုစနစ်တကျ စတင်၍တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သစ်တပ်၊မြေမြို့၊အုတ်မြို့ ဟူ၍ ၃ ထပ်ဖြင့် မြို့တော်ကိုတည်ဆောက်ခဲ့သည်။ ပြည်မြို့သည် ပုဂံခေတ်နှောင်းပိုင်းမှ စတင်ကာ ဘုရင်ငယ်များ၊ မြို့စားများ အုပ်ချုပ်သော မြို့အဖြစ်တည်ရှိခဲ့သည်။ အင်းဝခေတ်တွင် ပြည်မြို့သည် ထင်ရှားသော မြို့တစ်မြို့အဖြစ်တည်ရှိခဲ့သည်။ အင်းဝဘုရင်မင်းခေါင် နှင့် ဟံသာဝတီမှ မွန်ဘုရင် ရာဇာဓိရာဇ်တို့သည် ပြည်မြို့ဝန်းကျင်အား စစ်မြေပြင်အရပ်အဖြစ် အသုံးပြုခဲ့ကြသည်။ စစ်ပြေငြိမ်းရာဒေသ အဖြစ်လည်း သတ်မှတ်ခဲ့ဖူးပေသည်။စစ်ပွဲကာလအတွင်းတွင် ပြည်မြို့ကိုစားပြီး လကျာ်ပျံချီဘွဲ့ဖြင့်အင်းဝဖက်မှနေကာ ရာဇာဓိရာဇ်၏ ဟံသာဝတီမွန်တပ်များ ကို ကြံကြံခံခဲ့သူမှာ မွန်တစ်ဦးဖြစ်သည့် တရဖျားဖြစ်သည်။ ၄င်းမှာ ရာဇာဓိရာဇ်အား စီးချင်းထိုးကာ ရှုံးနှိမ့်ခဲ့သည့် ဗျဉ်းနွဲ့ (မပစ်နွဲ့)နှင့် ညီအစ်ကိုတော်သူလည်းဖြစ်သည်။ အင်းဝခေတ်၊ တောင်ငူခေတ် နှင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပြည်မြို့တွင် သီဟသူမှ အစပြုကာ မြို့စား သို့မဟုတ် ဘုရင်ငယ်အုပ်စိုးသူများ မင်းဆက်ပေါင်း(၂၇) ဆက်ရှိခဲ့သည်။ ထိုကာလတစ်လျှောက်လုံးတွင် အုပ်စိုးသူ ပဒေသရာဇ်တို့၏ အာဏာစွမ်းပြနိုင်ကြရန်၊ စစ်မက်များဖြစ်ပွားနေခြင်းဖြင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့သည်။ ပြည်ဘုရင်ငယ်များနှင့် အင်းဝ ဖြစ်ပွားသောတိုက်ပွဲများ၊ ရှမ်းတို့နှင့် ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူဘုရင် တပင်ရွှေထီး နှင့်ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူနှင့်ရခိုင်တို့ဖြစ်ပွားသော တိုက်ပွဲများသည် ပြည်မြို့နှင့်ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် အဆက်မပြတ်ဖြစ်ပွားလာခဲ့သည်။ ကုန်းဘောင်ခေတ်ဦးတွင် မွန်တို့သိမ်းပိုက်ထားသော ပြည်မြို့ကို အလောင်းဘုရား ဦးအောင်ဇေယျမှ မြန်မာသက္ကရာဇ် ၁၁၁၆ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်မြို့သည် မြို့စား သို့မဟုတ် မြို့ဝန်တို့အုပ်ချုပ်ရာ ဒေသအဖြစ်ဆက်လက်တည်ရှိခဲ့သည်။ ဧရာဝတီမြစ် နံဘေးတွင်တည်ရှိသောကြောင့် ကူသန်းရောင်းဝယ်ရေး အချက်အချာဒေသ အဖြစ် တဖြည်းဖြည်း စည်ကားလာပြန်သည်။ ဘကြီးတော် ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ ပထမအကြိမ်ကျူးကျော်စစ်တွင် ပြည်မြို့သည် စစ်တလင်း အဖြစ်ပြန်လည် ရောက်ရှိခဲ့ပြန်သည်။ ယခင်ကဲ့သို့ တိုင်းရင်းသား ပဒေသရာဇ်များ၏ အာဏာလုတိုက်ပွဲများ မဟုတ်တော့ပဲ တိုင်းတပါး သားတို့၏ နယ်ချဲ့စစ်ပွဲများကို ခုခံရသော စစ်မြေပြင်ဖြစ်လာသည်။မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် ကဆုန်လဆန်း(၉) ရက်နေ့တွင် ပြည်မြို့အား အင်္ဂလိပ်တို့က လာရောက်တိုက်ခိုက်သောကြောင့် အတွင်းဝန်မင်းကြီး မဟာနန္ဒသင်္ကြန်နှင့် မင်းကြီး မဟာဥဇနာ တို့သည် ပြည်မြို့မှ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်ဗိုလ်ချုပ် ဂျင်နရယ် ကင်းဘဲလ် ကပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။ ပြည်မြို့ရှိ အင်္ဂလိပ်တို့အား နတ်တော်လတွင် မြန်မာတပ်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သမိုင်းဝင် ၀က်ထီးကန် တိုက်ပွဲတွင် အနိုင်ရရှိနေရာမှ အင်္ဂလိပ်တပ်များက မဟာနေမျိုး၏တပ်များ န၀င်းချောင်း သင်ပန်းအရပ် တွင် တပ်ချနားနေစဉ် ၀င်တိုက်ခိုက်ခဲ့သောကြောင့် အရေးနိမ့်ခဲ့ရသည်။ တိုက်ပွဲတွင် မဟာနေမျိုး နှင့် မောက်မယ်စော်ဘွား တို့ကျဆုံးခဲ့သည် ။ ကုန်းတလင်း၊ နတ်ပုတီးမှော်၊ ဖိုးဦးတောင် နှင့် စင်္ကြံကျွန်းအရပ်တို့တွင် တပ်စွဲထားသော မြန်မာတပ်များ ကိုရေကြောင်းမှ နေ၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတပ်များ မြေထဲမြို့အထိ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်တို့၏ ဒုတိယအကြိမ်ကျူးကျော်စစ်တွင်လည်း မြန်မာတပ်များသည် ရွပ်ရွပ်ချွံချွံပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြန်သည်။ ပြည်မြို့သည်လည်း စစ်တလင်းနယ်မြေ ပြန်လည်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းနေပြည်တော်၌ ပုဂံမင်း အား မင်းတုန်းမင်းသား နှင့် ကနောင်မင်းသားတို့က ပုန်ကန်ခြားနားနေချိန် ဖြစ်သောကြောင့် မြန်မာတပ်များအား မင်းနေပြည်တော်ကို ကာကွယ်ရန် ပြန်လည်ခေါ်ယူလိုက်သည်။ အခုအခံ နည်းပါးသွားသောကြောင့် အင်္ဂလိပ်တပ်များက မြေထဲမြို့(အောင်လံမြို့) အထိ တက်ရောက် သိမ်းပိုက် တပ်စွဲလိုက်ကြသည်။ ပြည်မြို့အား ၁၈၅၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့က လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် ပြည်မြို့တွင် အကြီးအကျယ် မြေငလျင်လှုပ်ခတ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင်လည်း မြို့သည်မီးအကြီးအကျယ်လောင်ပြီးနောက် အင်္ဂလိပ်တို့သည် မီးလောင်ပြင်ပေါ်တွင် စနစ်တကျ မြို့ကွက်ချကာ ပြည်မြို့အားပြန်လည်တည်ဆောက်ခဲ့သည်။ အရပ်လေးမျက်နှာ တွင် ရပ်ကွက်ကြီးများသတ်မှတ်၍ မြို့ကွက်ရိုက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဘက်တွင် န၀င်းရပ်ကွက်၊ အရှေ့ဘက်တွင် ရဘဲရပ်ကွက် တောင်ဘက်တွင် ဆင်စုရပ်ကွက်နှင့် မြို့လယ်တွင် ရွှေကူရပ်ကွက်နှင့် ဆံတော်ရပ်ကွက်များကို ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ ရှည်လျားသော ကမ်းနားလမ်းမကြီးကိုလည်း မြို့တောင်ဘက်မှ မြောက်ဘက်တိုင်အောင် ဧရာဝတီမြစ်နှင့် အပြိုင်ဖေါက်လုပ် ပေးခဲ့သည်။

ပြည်မြို့အကြောင်းလေးမျှဝေပေးတာပါ
ရွှေမြို့တော်.....

ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

အ၀တ်အစားများရွေးချင်လို့ဆိုကာ အမျိုးသမီးေ၇ာက်ရှိလာပြီး ဂျိုင်းခြားမှာညှက်ထားသော ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံများကို(ကျွမ်းကျင်ပိုင်နိုင်စွာ)နိုက်ယူခဲ့

Leave a Comment



ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ မြို့မှဈေးကြီးတွင် ၂၃.၆.၂၀၁၃ ရက်နေ့ မနက်(၈း၃၀)အချိန်ခန့်က အမျိုးသမီးတဦး ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအနိုက်ခံခဲ့
ရကြောင်းသတင်းရရှိခဲ့သည်။ အဆိုပါနေ့က ပိုက်ဆံအနိုက်ခံရသူ ဒေါ်မိုးနိုင် သည် မြို့မဈေးကြီး ပန်းတိမ်တန်းလမ်းရှိ အထည်ဆိုင်တစ်ဆိုင်တွင် အထည်အ၀တ်အစားများရွေး
နေ၇ာ ၄င်းပါရှလာသော ပိုက်ဆံအိတ်ကို ဂျိုင်းခြားတွင် ညှက်၍ ထားရှိပြီးအ၀တ်ရွေးနေချိန် သူမ၏ အနောက်မှ အ၀တ်အစားများရွေးချင်လို့ဆိုကာ အမျိုးသမီးေ၇ာက်ရှိလာပြီး
ဂျိုင်းခြားမှာညှက်ထားသော ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံများကို(ကျွမ်းကျင်ပိုင်နိုင်စွာ)နိုက်ယူခဲ့တာဖြစ်ပါတယ်။

အဆိုပါနေ့မတိုင်ခင် ၁၇.၆.၂၀၁၄ ရက်နေ့ မနက်(၉း၁၅)မိနစ်အချိန်ခန့်ကလည်း အဆိုပါ အ၀တ်အစားအရောင်းဆိုင်တွင် ယုခုကဲ့သို့ဖြစ်စဉ်တူညီစွာ ပိုက်ဆံအိတ်ဂျိုင်းခြားညှက်
ပြီးအ၀တ်အစားရွေးနေစဉ် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံများအား နိုက်ယူပြီး ထွက်ပြေးသွားမှုတစ်ခုဖြစ်ပွားခဲ့ရာ ပိုက်ဆံအနိုက်ခံရသူမှ မြို့မှ ဈေးခေါင်းရုံးသို့လာေ၇ာက်တိုင်တန်း
ထားကြောင်းသိခဲ့ရသည်။ ၂၃.၆.၂၀၁၄ ရက်နေ့က ပြည်မြို့မဈေးကြီး၌ ဈေးရဲကင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသော (တ.က)လှကျော်ဇံ သည် ၂၃.၆.၂၀၁၄ ရက်နေ့ မနက်
ပိုင် ဈေးသို့ ကင်းလှည့်နေစဉ် အဆိုပါအ၀တ်အစားဆိုင်အနားသို့အရောက် မသင်္ကာစရာ(မသင်ကာစရာ)အမျိုးသမီးတစ်ဥင်္းသည် မျက်စိပျက်မျက်နှာပျတ်ဖြစ်နေလို့ဆိုပြီး ဈေးခေါင်းရုံး
သို့ခေါ်ဆောင်လာခဲ့ရာ အဆိုပါအမျိုးသမီးမှ သူမခိုးမိပါတယ် ဟု ၀န်ခံခဲ့သဖြင့် ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ရာ ၄င်းအမျိုးသမီးအား ပ/၁၃၅-ပုဒ်မ-၃၇၉(နိုက်)
အရ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည့် အဆိုပါအမျိုးသမီးကို ပထမ ၁၇.၆.၂၀၁၃ ရက်နေ့ ဖြစ်စဉ်ကိုပါ ထပ်မံစစ်ဆေးလျှက်ရှိကြောင်းသိခဲ့ရပြီး အဆိုပါအမျိုးသမီးအား
မသင်္ကာစရာဖြစ်လို့ခေါ်ဘာသော ဈေးရဲကင်းမှူး (တ.က)လှကျော်ဇံ က ပြည်သတင်းကိုယခုလိုပြောကြားခဲ့...

ကျွန်တော်တို့ အချိန်နဲ့တပြေးညီ ဈေးကြီးလာရောက်တဲ့ ဈေးဝယ်/ရောင်းတွေအတွက်လုံခြုံရေးကင်းအဖွဲ့တွေရှိပါတယ် ကိုယ်စွမ်းညာဏ်စွမ်းဆောင်ရွက်နေတဲ့အထဲက ဒီအမျိုးသမီးကို
မိခဲ့တာပါ ထုံးစံအတိုင်း ဈေးခေါင်းရုံးကလည်း လိုအပ်ရင်လိုအပ်သလို စပီကာတွေ(အသံချဲ့စက်)တွေနဲ့ အော်ပြီးအသိပေးမှုတွေလည်းလုပ်နေပါတယ် ကျွန်တော်ကင်းပတ်နေချိန်
၁၇ ရက်နေ့ကပျောက်ဆုံးသွားတဲ့ အဲဒိအ၀တ်အစားဆိုင်နားရောက်တော့ သေချာလေ့လာကြည့်မိပါတယ် အဲမှာ အမျိုးသမီးတဦးက ကျွန်တော့ကိုမြင်တော့ ဟန်မှုယာပျက်နေတယ်
ပြီးတော့သူပုံက လုံးဝမသင်္ကာစရာပုံဖြစ်နေတယ် လက်ထဲမှာလည်း ပိုက်ဆံအနည်းငယ်အလိပ်လိက်ကလေး စုတ်ကိုင်ထားသေးတယ် လက်ဝတ်ရတနာတွေလည်းဝတ်ဆင်ထားတယ်
ရုံးမှာစစ်ကြည့်တော့ နိုက်ထားတဲ့ပိုက်ဆံက(၁၃၀၀၀)တစ်သောင်းသုံးထောင်ကျပ် သူမှာပါလာတာက(၁၅၄၂၇၀)ကျပ်အဲနေရာမှာတစ်ခုဖြည့်ပြောချင်ပါသေးတယ် ပြည်သူတွေအနေနဲ့
သတိရနေစေဖို့ပါ
အဲဒိပိုက်ဆံနိုက်တဲ့အမျိုးသမီးက လက်ဝတ်ရတနာအစစ်တွေဝတ်ဆင်ထားတယ် ပုံကတော့ တောသူပုံစံပါပဲ ဘယ်လိုပဲဖြစ်ဖြစ်ပါ ရွှေငွေရတနာဆင်မြန်းထားတိုင်းလည်း ခါးပိုက်နိုက်
သူခိုး မဖြစ်နိုင်ပါဘူးလေလို့ မတွေးမိစေချင်ပါဘူး သတိထားသွားလာစေချင်တာပါ အဲဒါနဲ့အမျိုးသမီးကိုဈေးခေါင်းရုံးခေါ်လာပြီး စစ်လိုက်တော့ သူခိုးတာလို့ဝန်ခံပါတယ် သူ့ကိုပြန်လွှတ်ပေး
ရင် သူဝတ်ဆင်ထားတဲ့ ရတနာတွေဖြစ်တဲ့ လက်စွပ်/ဆွဲကြိုး/နားကပ်/လက်ကောက် တွေအပြင် သူမျာပါတဲ့ ပိုက်ဆံပါထပ်ပေးပါ့မယ် နောက်မလုပ်တော့ပါဘူး ပြန်လွှတ်ပေးဖို့ပြောနေပါတယ်
သူ့လိုလူမျိုးတွေ ဈေးကြီးမှာမရှိမှ ဈေးဝယ်ဈေးရောင်းတွေ အေးချမ်းသာယာစွာရောင်းဝယ်နိုင်မျာလေ အဲဒါနဲ့တခါတည်းအမှု့ဖွင့်ပြီး ပြည်(၁)စခန်းလွဲပေးလိုက်ပါတယ်...ဟုပြောကြားသွား
ခဲ့သည်။...

အဆိုပါအမျိုးသမီး၏ နောက်ခံအကြောင်းများကို ပြည်မြို့မှဈေးခေါင်းကြီး ဦးစိုးနိုင်ဝင်းမှယခုလိုပြောကြားခဲ့...ဒီအမျိုးသမီးက မြန်မာပြည်တွင်မဟုတ်ဘူး ရခိုင်ပြည် တောင်ကုတ်မြို့
ကဈေးတချို့မှာလည်းအခုလိုလုပ်စားနေတာပါ ရွှေတောင်မြို့က ကြည်းသဲဈေးမှာလည်း အခုလိုခိုးလို့ နယ်နှင့်ခံထားရတာ အခုပြည်ဘက်ရောက်လာတယ် အခုတော့စိတ်အေးရပါပြီ
ကျွန်တော်တို့လည်းစွမ်းနိုင်သလောက် ၀ိုင်းဝန်းကူညီခဲ့မှုတွေရှိပါတယ် အကယ်လို့ ကျွန်တော်တို့မြို့မဈေးကြီးမှာ အခုလိုကိစ္စတွေဖြစ်ပြီဆိုင်ရင် အချိန်နဲ့တပြေးညီဖုန်းဆက်နိုင်ပါတယ်
ဖုန်းနံပါတ်ကတော့ ပြည်မြို့မဈေးကြီး ဈေးခေါင်းရုံးဖုန်း(053 249 90)ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ....ဟုပြည်သတင်းသို့ပြန်လည်ဖြေကြားခဲ့သည်။....

အဆိုပါ အမျိုးသမီးသည် အသက်(၄၀)နှစ်ခန့်ဖြစ်ပြီး တောင်သူလုပ်ငန်းလုပ်ကိုင်လျှပ်ရှိရာ အောင်လံမြို့ဘက် ဆည်လောင်းရွာမှာနေထိုင်သူဖြစ်ကြောင်းသိခဲ့ရပြီး အဆိုပါအမှုအား လက်ရှိ
ဒုရဲအုပ် ဇော်ဝင်းထွ၌ မှ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။

သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)

(မှတ်ချက်) ဓါတ်ပုံတွင် မူရင်းအတိုင်းဖော်ပြရခြင်းမှာ နောက်နောင် ပြည်မြို့နေ ပြည်သူအများ နှင့် ပြည်သတင်းဖတ်ပြည်သူအများ သတိထားရှောင်နိုင်ရန်အတွက် အလေးထားဖော်ပြခဲ့ခြင်းဖြစ်ပါတယ်.....
ြ       ပြည်သတင်းလူငယ်(ပြည်သတင်း) 






Read More...

အနံ့ဆိုးများခံစားနေရသူများမှ မိမိတို့ လက်ရှိခံစားနေရသော ဝေဒနာများ/ခံစားနေရသော အမှိုက်၏ အနံ့အသက်များအကြောင်းကို ၀မ်းနည်း ကြေကွဲစွာဖြင့် (ငိုစွာ) ပြောဆိုဆွေးနွေးသွား

Leave a Comment






ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ တာဂွအနီး  ဦးလေးကြီး(လက်ဖက်ရည်ဆိုင်) ဆိုင်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ကားများဖြင့်
ပြည်မြို့ တမြို့လုံးရှိစွန့်ပစ်အမှိုက်များအား ဦးလေးကြီး(လက်ဖက်ရည်)ဆိုင် နောက်တွင်လာရောက်စွန့်ပစ်လျှက်ရှိရာ ဒေသခံများအနံ့ဆိုးဝါးမှုများကြောင့်
ဌာနဆိုင်ရာတချို့သို့ တိုင်စာများပေးပို့ခဲ့ရာတွင် မြို့နယ်စင်ပင်သာရေးကော်မတီ မှ တာဝန်ရှိလူကြီးများ နှင့် စည်ပင်လူကြီးတချို့လာရောက်ရှင်းလင်း ဆွေးနွေးပွဲ
ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးညှို့နိုင်းပွဲတွင်  မကြာသေးမှီက(လပိုင်း)ခန့်လောက် မှ ပွဲစည်းထားသော မြို့နယ်စင်ပင်သာယာရေးကော်မတီအဖွဲ့မှ  ဥက္ကဌ ဒေါ်ဝေေ၀ နှင့်အတူ
ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော..ဦးအေးချို/ဦးစိန်ဌေး/ဦးအောင်ပြည့်/ ပြည်မြို့ အမှတ်(၃)ရဲစခန်း မှ ဒုရဲအုပ်ဇော်လွင်ထွန်း/အောင်ဆန်းရပ်/ထောက်/ကူ ဥက္ကဌ
ဦးသိန်းလွင်ဦး /  ပြည်မြို့မ ဈေးကြီးမှ ဈေးခေါင်းကြီး ဦးစိုးနိုင်ဝင်း/ပြည်မြို့မှ ဈေးကြီးမှ ဒုဦးစီးမှုး(ဈေး) ဦးဖြိုးဝေအောင်/ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးစိုးတင့် နှင့်အဖွဲ့ဝင်များ/
ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်ဇော်အေး/ ပြည်အမှတ်(၃)ရဲစခန်းမှ နယ်မြေတာဝန်ခံ တ.က အောင်မျိုးဟိန်း အဆိုပါကိစ္စအားတိုင်ကြားထားသူ များ နှင့် ပြည်မြို့ပေါ်ရှိ သတင်း
မီဒီယာများ တက်ရောက်ခဲ့ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးညှိနိုင်းပွဲတွင် အနံ့ဆိုးများခံစားနေရသူများမှ မိမိတို့ လက်ရှိခံစားနေရသော ဝေဒနာများ/ခံစားနေရသော အမှိုက်၏ အနံ့အသက်များအကြောင်းကို ၀မ်းနည်း
ကြေကွဲစွာဖြင့် (ငိုစွာ) ပြောဆိုဆွေးနွေးသွားခဲ့ပြီးနောက်ဆက်တွဲအနေဖြင့် ၄င်းနေရာအနီး ချောင်းမှ ဇီးစက်မှ စွန့်ပစ်သော အမှိုက်များ ဇီးမှုန့်များကြောင့် ထပ်မံခံစားနေရမှုများ
ကိုပါတစ်ပါတည်း ထည့်သွင်း ဆွေးနွေးသွားခဲ့ပြီးနောက် အဆိုပါခံစားနေရသူ ဒေါ်အေးနု မှ ယခုလိုထပ်မံဖြည့်စွပ်ပြောကြားခဲ့...
(...အညစ်အကြေးတွေကို ကိုယ်ချင်းမစာချတယ် ခံစားနေရတာ အရမ်းများနေပြီ ကျွန်မတို့ကပင်စင်စားတွေပါ နှလုံးရောဂါလည်းရှိတယ် မယုံရင်ဆေးမှတ်တမ်းတွေယူကြည့်လို့ရတယ်
အညစ်အကြေားအနံ့တွေခံစားနေရတဲ့အထဲ  အမှိုက်ချမှုတွေကို တားတော့ ဒုညွှန်မှုး မျိုးဇင်ဝင်းကချခိုင်းတာ တဲ့ အဲဒိစည်ပင်သာယာက ဒုညွှန်မှုးဆိုလားပဲ သူ့နာမည်က
 မျိုးဇင်ဝင်း ပြောသွားသေးတယ် ကျွန်မတို့ကို ချစရာရှိတာချ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး ကိုယ့်ဘာသာချတာဘာဖြစ်လည်းတဲ့ ကျွန်မတို့ကို အဲလိုပြောသွားတော့ ပိုဆိုးတာပေါ့
)ဟုပြောကြားသွားခဲ့သည်။)..

အဆိုပါအပြန်အလှန်ဆွေးနွေးပွဲများပြုလုပ်ပြီးနောက် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ကိုယ်စား ဦးအေးချိုမှ ယခုလက်ရှိ တမြို့လုံးက အမှိုက်တွေ စွန့်ပစ်ရန်
မြေနေရာဝယ်ထားကြောင်း တဖက်မှာ ရောင်းဝယ်မှု့ (၇၅)ရာခိုင်နူန်းပြီးစီးနေပြီ ဖြစ်ကြောင်း  မကြာသောအချိန်မှာ တမြို့လုံးက အမှိုက်တွေ စွန်ပစ်ရန်အတွက် မြေနေရာ
ဝယ်ယူမှုပြီးစီးရန် အချိန် (၂)ပတ်ခန့် သည်းခံစောင့်ပေးပါရန် တောင်းပန်စကားပြောကြားပြီးနောက် လက်ရှိ ပထမ ၀ယ်ယူထားသော မြေနေရာမှ ယူနက်စကို မှကမ္ဘာ့အမွေ
အနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့သော သရေခေတ္တရာ ရှေးဟောင်းနယ်မြေ၏ အတွင်းသို့ေ၇ာက်ရှိနေပါသောကြောင့် အမှိုက်စွန့်ပစ်ခွင့်မရ၍ ၀ယ်ယူထားသော ငွေ
ကြေးတန်ဖိုးများဆုံးရှုံးခဲ့ရကြောင်း  တမြို့လုံးရှိ အမှိုက်များစွန့်ပစ်ရန် နေရာအခက်အခဲအလွန်ရှိနေသောကြောင့် (၂)ပတ်တာအချိန်စောင့်ပေးရန် ယခုဝယ်ယူထားသော
မြေနေရာမှ အေးငြိမ်းရာ သုသန်ဘက်တွင် မြေဈေးစကားပြောထားတာဖြစ်ပြီး ဧက(၂၀)ခန့်ကျယ်ဝန်းသောမြေနေရာဖြစ်တာကြောင့် ပြည်တမြို့လုံးရှိ စွန့်ပစ်အမှိုက်များကို(
၅ နှစ် မှ ၁၀နှစ်)ခန့်စွန့်ပစ်နိုင်မှာဖြစ်ပြီးဒေသခံများ၏ ခံစားနေရမှုကိုလည်း ကိုယ်ချင်းစာမိပါကြောင်း တမြို့လုံးရဲ့ ကိုယ်စားမေတ္တာရပ်ခံတောင်းပန်ခဲ့ပါတယ်

ထို့နောက် တက်ေ၇ာက်လာဒေသခံတွေမှ တမြို့လုံးမှ စွန့်ပစ်အမှိုက်များကြောင့် ဖြစ်ပေါ်လာမည့် ရောဂါ(ကျန်းမာရေး) များ နှင့်အနံ့ဆိုးများမထွက်ရှိရန်ဘယ်လိုဆောင်ရွက်ပေးမလည်းဟုမေးခဲ့ရာ
............ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ကိုယ်စား ဦးအေးချိုမှ ဆက်လက်ပြီး ဒီအတွက်ကိုမပူပါနဲ့ခင်ဗျာ ကျွန်တော်တို့ဘက်က ညနေတိုင်း မှာ ရွှေတောင်ကြီးတို့လို အနံ့ဆိုးပျောက်ဆေးများ
အပြင်အခြားအနံ့ဆိုးပျောက်ဆေးများကိုပါ ညနေတိုင်းလာေ၇ာက်ဖြန်းပေးပါ့မယ် စည်ပင်သာယာကတာဝန်ရှိတဲ့သူတွေကိုပဲ ဖြန်းဖို့တာဝန်ပေးမှာပါ အကယ်လိုလာရောက် ပြီး ဆေးဖြန်းခြင်း
မရှိခဲ့ပါက ကျွန်တော်တို့အခုလာတဲ့ ကော်မတီ ဥက္ကဌ အပါအ၀င် (၄)ဦးရဲ့ဖုန်းနံပါတ်တွေပါပေးခဲ့ပါ့မယ် ကြိုက်တဲ့အချိန် ကြိုက်တဲ့နေံ လာရောက်လုပ်ဆောင်မှုမရှိ၇င် တိုက်ရိုက်ဖုန်းဆက်ပေးပါ
ဟုထပ်မံကတိပေးစကားပြောကြားခဲ့ပြီး....ဒေသခံလူထုနှင့် တက်ရောက်လာသူများအားလုံး အပြုံးပန်းဝေစွာ ဆွေးနွေးမှုအောင်မြင်ပြီးမြောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်...


သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

Thursday, June 26, 2014

အသက်(၁၅)နှစ်အရွယ်မိန်းကလေးတစ်ဦး ထိုးကြိတ် အဓ္ဓမပြုကျင့်ခံရကြောင်းတိုင်တန်းထား ပြည့်သဲမောင်(ပြည်)

Leave a Comment


အသက်(၁၅)နှစ်အရွယ်မိန်းကလေးတစ်ဦး ထိုးကြိတ် အဓ္ဓမပြုကျင့်ခံရကြောင်းတိုင်တန်းထား
ပြည့်သဲမောင်(ပြည်)
အသက်(၁၅)နှစ်အရွယ်မိန်းကလေးတစ်ဦးကို အသက် (၂၂)နှစ်အရွယ်
အမျိုးသားတစ်ဦးက မျက်နှာကို လက်သီးဖြင့်ထိုးကြိတ်ကာ အဓ္ဓမပြုကျင့် မှုတစ်ခုပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ မြို့မရဲစခန်းတွင်ဇွန်လ၂၆
ရက်က စစ်ဆေးလျှက်ရှိကြောင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇွန်လ ၂၅ရက်မနက် (၈)နာရီတွင်တွင် ရွှေဆံတော်ဘုရားပေါ်တွင်
ဘုရားဖူးနေသော ရွှေတောင်မြို့နယ်………….ရွာမှ အသက် (၁၅)နှစ်
အရွယ်မိန်းကလေးကို ရွှေတောင်မြို့နယ် တဲကြီးကုန်းကျေးရွာနေ အသက်
(၂၂)နှစ်အရွယ် ထွန်းမြင့်နိုင် ဆိုသူက ရွာပြန်လိုက်ပို့ပေးမည် ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ရွာသို့ပြန်မပို့ဘဲ ပြည်မြို့ ဆံတော်ရပ်ကွက် အလောင်းတော်က
သဖတောင်ခြေသို့ ခေါ်ဆောင်သွားပြီး မျက်နှာကိုလက်သီးဖြင့်ထိုးကြိတ်ကာ တစ်ကြိမ်အဓ္ဓမပြုကျင့်ခဲ့သည်။ အလောင်းတော်ကသဖတောင်ခြေမှ ပြန်လာပြီးေ
နာက် ထွန်းမြင့်နိုင်မှ မ…………….အား ၄င်း၏အစ်မဖြစ်သူနေထိုင်ရာ ကံမမြို
့နယ် ၀ဲကြီးကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း တိုင်တန်းထားသည်။
အဆိုပါကျေးရွာအရောက်တွင် ထွန်းမြင့်နိုင်က မိန်းမခိုးလာသည်ဟုပြောဆိုကာ
ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် လက်ထပ်စာချုပ် လက်မှတ်ထိုးမည်ပြုသော်
လည်း မှတ်ပုံတင်ပါမလာသဖြင့် လက်မှတ်မထိုးနိုင်ဟုလည်း ကာယကံရှင်မ………
…ကထွက်ဆိုထားသည်။
ထိုနေ့ညတွင် ထွန်းမြင့်နိုင် နှင့် မ…………….သည်ထွန်းမြင့်နိုင်အစ်မနေအိမ်ရှေ့
ဘုရားခန်းတွင် အတူအိပ်ခဲ့ပြီး ကျူးကျူးလွန်လွန်မရှိခဲ့ပါ။ ဇွန်လ ၂၆ရက်တွင် ထွန်ြး
မင့်နိုင် သည်မ
………. အားခေါ်ဆောင်ကာ ပြည်မြို့သို့ ပြန်လာခဲ့ကြောင်းမြို့မရဲစခန်း မှတ်တမ်းတွင်
ဖော်ပြထားသည်။နေ့လည်(၁၁)နာရီအချိန် ပြည်ဘူတာသို့အရောက်တွင် မ…….
အားလိုက်လံရှာဖွေနေသည့် မိဘများနှင့်တွေ့ကာ ဖြစ်ကြောင်းကုန်စင်ပြောပြခဲသည်။ မ…………၏ဖခင်က ထိုးကြိတ်အဓမ္မပြုကျင့်သူ ထွန်းမြင့်နိုင်အား အရေးယူပေးရန်
မြို့မရဲစခန်းတွင် တရားလိုလုပ်တိုင်တန်းခဲ့သည်။
ထိုသို့တိုင်တန်းသဖြင့် မြို့မရဲစခန်းတွင် ထွန်းမြင့်နိုင်အား (ပ)၄၈၀/ ၂၀၁၄ ပြစ်မှုပုဒ်မ-၃၇၆/၃၂၃ ဖြင့်အမှုဖွင့်ကာ ထွန်းမြင့်နိုင်အား ဖမ်းဆီးစစ်ဆေးနေပြီပြီဖြစ်သည်။
သတင်း ပြည့်သဲမောင်(ပြည်)
Read More...

နေအိမ်ရှေ့ခန်းရှိ အကျီ င်္အိတ်ကပ်အတွင်းမှ ပိုက်ဆံခိုးယူသူ အမျိုးသမီးအား ဖမ်းမိ ပြည့်သဲမောင်(ပြည်)

Leave a Comment



နေအိမ်ရှေ့ခန်းရှိ အကျီ င်္အိတ်ကပ်အတွင်းမှ ပိုက်ဆံခိုးယူသူ အမျိုးသမီးအား ဖမ်းမိ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်တွင် အမည်မ သိ အမျိုးသမီးတစ်ဦးမှ နေအိမ်အတွင်း ၀င်ရောက်ကာ “အိမ်မှားဝင်လာတာ” ဟုပြောဆိုပြီး နေအိမ်အပြင်သို့ ပြန်ထွက်သွားသူကို မသင်္ကာသဖြင့် မေးမြန်းရာမှ လက်ကိုင်ဖုန်းနှင့် ငွေခိုးယူသူဖြစ်နေကြောင်း သိရသည်။
(၂၃-၆-၂၀၁၄) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်ခန့် ရွေတောင်မြို့နယ် မြို့မရဲစခန်း
ပိုင် ကြာနီကန်ရပ်ကွက် ရန်ကုန် - ပြည် ကားလမ်းဘေးနေ ဦးသိန်ဇော် (၄၇) နှစ် ၊ ဈေးရောင်းဝယ်လုပ်ကိုင်သူသည် နေအိမ်အိပ်ခန်း အတွင်း ဇနီးဖြစ်သူ ဒေါ်ချိုချို နှင့်
အတူ စကားပြောနေစဉ် နေအိမ်ရှေ့ခန်းအတွင်းမှ လူသံကြားရသဖြင့် ဇနီးဖြစ်သူ မှ နေအိမ်ရှေ့ခန်းသို့ ထွက်၍ကြည့်ရှုခဲ့သည်ဟု ဆိုခဲ့၏။
ထိုသို့ နေအိမ်ရှေ့ခန်းသို့ ထွက်ကြည့်ရာ အမည်မသိ အမျိုးသမီး တစ်ဦး ကို တွေ့ရှိခဲ့ရသဖြင့် “ ဘာလုပ်တာလဲ” ဟုမေးရာ ထိုအမျိုးသမီးက “အိမ်မှားဝင်လာတာ” ဟုပြောဆိုပြီး နေအိမ်အပြင်ဘက်သို့ ပြန်လည်ထွက်သွားရန် ပြင်ဆင်နေစဉ် အိမ်ရှင်ဖြစ်သူတို့မှ မသင်္ကာသဖြင့် ခဏစောင့်ရန်ပြောဆိုပြီး နေအိမ်အခန်း အတွင်းချိတ်ထားသော ဦးသိန်းဇော်ဝင်း၏ စီဝိုင်စီ လဘ္ကက်ရည် တံဆိပ် ပါအကျီင်္အိတ်ကပ်အတွင်း ထည့်ထားသော လက်ကိုက်ဖုန်းနှင့် ငွေ (၃၈၀၀၀) အားစစ်ဆေးရာလက်ကိုင်ဖုန်းတစ်လုံးသာ တွေ့ရှိရ၍ ငွေများပျောက်ဆုံးနေသဖြင့်
မေးမြန်းနေချိန်တွင် ဦးသိန်းဇော်၏ မိတ်ဆွေဖြစ်သူ ဦးစောအောင်မင်းကျော်ရောက်
ရှိလာပြီး ၄င်းနှင့်အတူ ထပ်မံမေးမြန်းရာ ၄င်းအမျိုးသမီး သည် မလှလှဝင်း ဆို သြူ ဖစ်ကြောင်းနှင့် ၄င်းမှခိုးထားသော ငွေ (၃၈၀၀၀) ကျပ်အား ပြန်လည် ထုတ်ေ ပး ခဲ့သည်ဟုဆို၏။
ထို့ကြောင့် နေအိမ်အတွင်းဝင်ရောက်ကာ အင်္ကျီအိတ်ကပ်အတွင်းမှ ပိုက်ဆံ ခိုးယူသူ မလှလှဝင်းအား အရေး ယူပေးပါရန် ဦးသိန်းဇော်ဝင်းမှ တရား လိုပြုလုပ်တိုင် တန်း ချက် အရ ရွှေတောင်မြို့မ ရဲစခန်း(ပ) ၁၅၅/ ၂၀၁၄ ၊ ပြစ်မှု ပုဒ်မ -၃၈၀ ဖြင့် အမှုဖွင့်ေ ဆာင် ရွက် ကာ အမှုအား ဒုရဲအုပ် အောင်ဇင်မင်း မှ လက်ခံစစ်ဆေးလျှက်ရှိပြီး ပြစ်မှု ကျုးလွန်သူ မလှ လှဝင်း (၃၆)နှစ် ၊ ဈေးရောင်း(၄/၇)လမ်း ၊ ခေတ္တရာမြို့သစ် ၊ ပြည်မြို့နေသူအား အမှု နှင့် ပတ် သက်၍ အမြန်ဆုံး တရားစွဲတင်ပို့နိုင်ရေး ဆောင်၇ွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သတင်း ပြည့်သဲမောင်(ပြည်)
Read More...

Facebook Like Page