Thursday, February 27, 2014

ပျူအမွေအနှစ် ဓါတ်ပုံပြပွဲ ဖွင့်ပွဲကျင်းပမည်

Leave a Comment

Read More...

တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရား

Leave a Comment

Read More...

မောင်ဘီလီထွန်း အမည်ဖြင့် မှတ်ပုံတင်နှင့် ယဉ်မောင်းလိုင်စင် ကောက်ရထားပါသည်

Leave a Comment
Pyay ICT SHOW ယဉ်ကျေးမှုရုံထဲရှိ, Wise Power ဆိုင်ရှေ့တွင် ကျကျန်ရစ်သော မောင်ဘီလင်းထွန်း အမည်နှင့် မှတ်ပုံတင်နှင့် ယဉ်မောင်းလိုင်စင်ကို တွေ့ရှိပါသဖြင့် သိမ်းဆည်းထားပါသည်။ ပန်းတောင်းမြို့နယ်၊ တမာကုန်းရွာ လိပ်စာဖြင့်ဖြစ်ပါသည်။ သိရှိသူများရှိပါက အကြောင်းကြားပေးပြီး ဘူတာရှေ့ Wise Power တွင်လာရောက်ထုတ်ယူနိုင်ပါသည်။
Read More...

Wednesday, February 26, 2014

ရောင်းမည်

Leave a Comment
ခြံ​ရောင်းရန်​ရှိသည်​ကိုး​သောင်းပ​ဒေသာရပ်​ကွက်​ ​အလျား ၁၃ ​ပေ အနံ ၁၆​ပေခွဲ ​ရောင်းမည်​ ​ဈေးနှုန်း၂၅သိန်း ဆက်​သွယ်​ရန်​ 09423733633
Read More...

ခြံရောင်းမည်

Leave a Comment
ခြံရောင်းမည်
•••••••••••••••
(ပွဲစားမလို)
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊ဗိုလ်တစ်
ထောင်ရပ်ကွက်၊အပိုင်း(၁)၊ ကနောင်မင်းသားကြီးလမ်းပေါ်တွင်
တည်ရှိသည်၊၊ပေ(၄၀ ×၆၀ ) ၃ ကွက်တွဲ
ထောင့်ကွက်ဖြစ်ပါသည်၊၊
သိန်း (၇၀၀ )ကျပ် (ညှိနှိုင်း)
ဆက်သွယ်ရန်၊၊ ၊၊၀၉၅၃၁၃၂၄၆
Read More...

Monday, February 24, 2014

ရွှေတောင်မြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြ

Leave a Comment

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒထုတ်ဖော်မှုများ နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့သော ပဲခူးတိုင်းပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဖေဖော်ဝါရီလ(၂၄)ရက် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ တတိယအကြိမ်ဆန္ဒထုတ်ဖော်ပွဲတစ်ခု ထပ်မံပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဆန္ဒဖော်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ဖျက်သိမ်းရေး၊ ပုဒ်မ၅၉(ဃ)ဖျက်သိမ်းရေး၊ ပုဒ်မ ၄၃၆ပြင်ဆင်ရေး ဟူသောစာသားပါလက်ကိုင် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး စာသားပါကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ရွှေတောင်မြို့တွင် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့၌ ဒေသခံတစ်ဦးမှ တစ်ကိုယ်တော်လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ထုတ်ခြင်း၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့က မြို့ခံနိုင်ငံေ၇းတက်ကြွလှုတ်ရှားသူများမှ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ပြီးဖြစ်ရာ ယခုဆန္ဒထုတ်ဖော်မှုသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရပါသည်။ ထိုနေ့မနက်(၉)နာရီအချိန်၌ ဆန္ဒဖော်ထုတ်သူများသည် ရွှေတောင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှစတင်ကာ ကင်းပွန်းခြုံလမ်း၊ ဆေးရုံလမ်း၊ ရန်ကုန်ပြည်လမ်း၊ အတွင်းရှမ်းလမ်း၊ လမ်းမတော်လမ်း၊ ကြာနီကန်လမ်းများအတိုင်း လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ရွှေတောင်မြို့တွင် သုံးကြိမ်တိုင်ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သတ်၍ ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌဦးညွှန့်ဝေက “ကျွန်တော်တို့ရွှေတောင်မြို့နယ်ရဲ့ နိုင်ငံရေးတက်ကြွလှုတ်ရှားမှုက အကောင်းဆုံးအနေအထားလို့ ကျွန်တော်မြင်ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြတယ်။ နိုင်ငံေ၇းတက်ကြွလှုတ်ရှားသူတွေဆိုပြီးပြတယ်။ အခုတစ်ခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်ပြီးပြတယ်”ဟုပြောပါသည်။ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ထုတ်ဖော်မှုများကို ပဲခူးတိုင်းပြည်ခရိုင် ပြည်မြို့တွင် ဖေဖော်ဝါရီလ(၁၈)ရက်ပန်းတောင်းမြို့နယ် ဖေဖော်ဝါရီလ(၂၁)ရက်တို့၌ ဆန္ဒထုတ်ဖော်မှုများကိုပြုလုပ်ပြီးဖြစ်ကြောင်းလည်းသိရပါသည်။

ပြည့်သဲမောင်(ပြည်)
Read More...

Saturday, February 22, 2014

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အကြောင်းပြည်သူများသို့ဟောပြော

Leave a Comment
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အကြောင်းပြည်သူများသို့ဟောပြော
***********************************

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက်အတွင်းတွင် ၂၁.၂.၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီမှ ၃း၀၀ နာရီအချိန်အထိကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ဦးစီးဌာနမှူး ဦးဇော်ဇော်ဦး မှတက်ရောက်လာနယ်မြေခံ အင်အား ၁၂၀ ခန့်အားရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

Friday, February 21, 2014

ကျောင်းအပ်လက်ခံပြီ

Leave a Comment
I.E.L.S (INTERNATIONAL ENGLISH LANGUAGE SCHOOL ) SUMMER ENGLISH COURSES FOR YOUNG LEARNERS
    နွေရာသီအင်္ဂလိပ်စာသင်တန်း လက်ရေးလှသင်တန်း ပန်းချီ လက်မှု တီထွင်ဖန်းတီးမှုပညာသင်တန်းများကို ( မတ်လ ၃ ) ရက်နေ့တွင်စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
  အသက် ၅ နှစ်မှ ၁၄ နှစ်ထိ ကျောင်းသား/ သူများအား စာဖတ်စွမ်းရည်အဖြစ် American short story ကိုတစ်ဦးချင်းဖတ်စေခြင်း classroom ထဲတွင်း ကျောင်းသားအချင်းချင်း English to English ပြောဆိုစေခြင်း AUDIO CD များဖြင့် နားထောင်းမှု စွမ်းရည်များစစ်ဆေးခြင်း Grammar ကိုအခြေခံမှစ၍ မည်သည့်နေရာတွင်မဆို GRAMMAR LEVEL TESTS များဖြေဆိုနိုင်ရန်သင်ကြားပေးခြင်းနှင့် THINKING POWER များတိုးတက်စေရန် VOCABULARY GAMES ကစားချင်းများကို စိတ်ဝင်စားဖွယ်စနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
   မည်သည့်ရက်တွင်မဆိုကျောင်းအပ်နှံနိုင်ပါသည်။ သင်တန်းတက်ရက်မတိုင်မီ FEBRUARY လကုန်ထိအပ်သော ကလေးများအားကျောင်းမှ လက်ဆောင်ပစ္စည်း များကို ပေးသွားမည်ဖြစ်ကြောင်း မိဘများအားသတင်းကောင်းပါးအပ်ပါသည်။
    ***** ***** *****
နေရာ -I.E.L.S အမှတ် (1792)တရုတ်စုရပ် တိုက်ကြားလမ်း ပြည်မြို့။
ဖုန်း - 0949322254

ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

Thursday, February 20, 2014

အိမ် နှင့် ခြံ ရောင်းမည် (ပွဲစားမလိုပါ)

Leave a Comment
အိမ်​နှင့်​ခြံ ​ရောင်းမည်
 * * * * * * * * *
( ပွဲစားမလို)

ပဲခူးတိုင်း ​ဒေသကြီး၊ ပြည်​မြို့ ​အောင်​ဆန်းပြည်​သာယာ အပိုင်း(၂)၊ E-လမ်း၊ ရှမ်းစုနှင့်​ဇီးဖြူကုန်း ရွာများသို့ သွားရာလမ်းမကြီး​ဘေးတွင်​ တည်​ရှိသည်​။
လမ်းမကြီးမျက်​နှာစာ အိမ်​ပါ(40'×30') ၊ ​ကားထားရန်​ (10'×30') နှင့်​ ​နောက်​မျက်​နှာစာ ( 40'×30') ခြံကွက်​လွတ်​ပါရှိသည်​။
( ​ရေ၊ မီးအစုံတပ်​ဆင်​ပြီး )
***​ မြေ​ပေးမိန့်​ စလစ်​ရှိပြီး ***
 -ငြိနှိုင်း​ဈေး သိန်း ၃၇၀ ကျပ်
ဆက်သွယ်ရန်။ ။ ၀၉၄၃၀၉၃၉၈၆,၀၉၄၂၃၆၅၈၃၁၂,၀၅၃၂၉၁၀၃။ ဦးကြည်သိန်း စက်မှုဇံ
Read More...

စိုးစံ(လေထိုး၊ကျွတ်ဖာ နှင့် ရေးဆေးခုံသို့လှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ…ဆိုင်ကယ်ဘီးဖာမှုတွေကိုလည်း သွတ်လက်မြန်ဆန်သေသပ်မှုနှင့်(500/ကျပ်)။ ဆိုင်ကယ်ရေဆေးကို(ရေဆေး၊ကစ်တိုက်၊ဆီဖျန်း၊ လေချိန်၊ချန်းတင်း၊ဆီထိုး အပြီးကိုလည်း(1000/ကျပ်)

Leave a Comment


သူငယ်ချင်းတို့ရေ ပြည်မြို့ စစ်ကဲလမ်း အ.ထ.က(၁)ကျောင်း ကျောက်တိုင်ကွင်းရှေ့တွင်ရှိသော
စိုးစံ(လေထိုး၊ကျွတ်ဖာ နှင့် ရေးဆေးခုံသို့လှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ…ဆိုင်ကယ်ဘီးဖာမှုတွေကိုလည်း
သွတ်လက်မြန်ဆန်သေသပ်မှုနှင့်(500/ကျပ်)။ ဆိုင်ကယ်ရေဆေးကို(ရေဆေး၊ကစ်တိုက်၊ဆီဖျန်း၊ လေချိန်၊ချန်းတင်း၊ဆီထိုး အပြီးကိုလည်း(1000/ကျပ်) နဲ့ မိတ်ဆွေတွေအားလုံးကို ချိုသာသောနူန်း၊ပျူငှာသော ဆက်ဆံမှုတိုံအပြင် စေတနာများပါအလုပ်အပေါ်ထားရှိထားခြင်းကြောင့် ကဲဆိုင်ကယ်နဲ့ပတ်သက်ရင်တော့ စိုးစံ ကိုသာသတိရလိုက်ကြပါခင်ဗျာ.ဆက်သွယ်ရန်…0942367080…..ကိုသက်ဆက်သွယ်လိုက်ပါခင်ဗျာ…
Read More...

(၆၇)ကြိမ်မြောက် ပြည်ခရိုင်(၆)မြို့နယ် လက်ရွေးစင်ဟောင်းများ မိတ်ဆုံစားပွဲကျင်းပ

Leave a Comment



(၆၇)ကြိမ်မြောက် ပြည်ခရိုင်(၆)မြို့နယ် လက်ရွေးစင်ဟောင်းများ မိတ်ဆုံစားပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြို့နယ်အားကစားဘောလုံးကွင်းတွင် ၁၂.၂.၂၀၁၄ ရက် ပြည်ထောင်စုနေ့တွင် ညနေ(၃း၀၀)နာရီအချိန်တွင် ပြည်ခရိုင်(၆)မြို့နယ်မှ ဘောလုံးသမားဟောင်းများ စုစည်းကာ အမှတ်တရ ဘောလုံးကန်ပြီး ညစာမိတ်ဆုံစားပွဲကို ကျင်းပခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

ကိုမင်းဇော်(ပြည်ခရိုင် ဘောလုံးသမားဟောင်း)တဦးမှ….
အခုလိုအားကစားသမားဟောင်းတွေနဲ့ တစ်နှစ်တစ်ခါဆုံတွေ့ခဲ့ရလို့ဝမ်းသာမိပါတယ် တစ်နှစ်တစ်ခါဆုံဖို့လည်းခဲယဉ်းကြပါတယ် အခုလိုတက်ညီလက်ညီပြန်တွေ့ရတော့ဝမ်းသာတယ် ဒါတောင်တချို့အားကစားသမားဟောင်းကြီးတွေမရှိတော့တာတွေရှိပါသေးတယ် နှောင်နှစ်တွေမှာလည်း ဒီထက်ပိုပြီးကျင်းပနိုင်ဖို့အစီအစဉ်တွေရှိပါတယ် နောက်တက်လာမယ့်လူငယ်အားကစားသမားတွေကိုလည်းဖိတ်ခေါ်ပါတယ် ကျင်းပတာတော့ ဒီအကြိမ်နဲ့ဆို (၁၅)ကြိမ်မြောက်လောက်တော့ရှိပါတယ်ဟု.. ကိုမင်းဇော်(ပြည်ခရိုင် ဘောလုံးသမားဟောင်း) မှပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ခရိုင်(၆)မြို့နယ်အတွင်းမှ ဘောလုံးသမားဟောင်းများစုစုပေါင်းအင်အား(၁၀၀)ခန့်တက်ရောက်ခဲ့ပြီး အမှတ်တရစကားပြောခြင်း၊အမှတ်တရဘောလုံးကန်ခြင်း၊အမှတ်တရတီရှပ်များပေးဝေခြင်းများကိုပါ တပြိုင်တည်းကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် တိုင်းနဲ့ပြည်နယ်မြန်မာ့လက်ရွေးစင်ကြီးများ နှင့် ၀ါရင့်ဘောလုံးပညာရှင်များပါတက်ရောက်ခဲ့ပြီး အခမ်းအနားကို ညချမ်းအချိန်(၈း၀၀)ကျော်အချိန်တွင်ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။






Read More...

ရောင်းမည်

Leave a Comment
အင်တာနက်ဆိုင် တစ်ဆိုင်လုံး အမြန်ရောင်းရန် ရှိပါသည်။

အဲကွန်း၊မီးစက်၊နှစ်လုံးတွဲစင်၊ ဆိုင်ခန်းပါ-ငှားမည်။

ဆက်သွယ်ရန်- Harmony Internet (Ph-09250542786)

ပြည်သတင်း
Read More...

ပြည်မြို့မိဘမဲ့ကလေးများဂေဟာရံပုံငွေရှာပွဲ လိုအပ်ချက်၏ တစ်ရာခိုင်နှုန်းသာအလှူခံရရှိ

Leave a Comment

ပြည့်သဲမောင်(ပြည်)

အဆောက်အဦးဆောက်လုပ်ရေး ကုန်ကျငွေသိန်းနှစ်ထောင်ကျော်အားရံပုံငွေရရှိရန် 5-starsလူရွှင် တော်အဖွဲ့ဖြင့်ရံပုံငွေရှာခဲ့သော ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ရတနာမဉ္ဇရီ မိဘမဲ့ကလေးများဂေဟာ ရံပုံငွေရှာပွဲတွင် လိုအပ်ချက်၏ တစ်ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သိန်းနှစ်ဆယ်ကျော်သာအလှူခံရရှိခဲ့ကြောင်း အဆိုပါမိဘမဲ့ကလေးများကျောင်းအားဦးစီးဖွင့်လှစ်ထားသူ ဆရာလေးဒေါ်ဝဏ္ဏသီရိကပြောပါသည်။ ရတနာမဉ္ဖရီမိဘမဲ့ကလေးများကျောင်းတွင် ကျောင်းသားအိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်၊ ထမင်းစားဆောင်၊ စာသင်ဆောင်များဆောက်လုပ်ရန် သိန်းနှစ်ထောင်ကျော်လိုအပ်နေသဖြင့် ပြည်မြို့အထက (၁) ကျောင်းအတွင်း လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ရံပုံငွေရှာဖွေပွဲတစ်ခုကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ပြုလုပ်ခဲ့သည်။

ထိုရံပုံငွေရှာဖွေပွဲတွင် ကျင်ဝှက်၊ အောင်သော်၊ မျောက်ရှုံး၊ ကြာစိ၊ အောင်မော်၊ အငြိမ့်မင်းသမီး ၀ါဝါလှိုင်တို့ ပါဝင်သည့်အငြိမ့်အဖွဲ့ဖြင့် အခမဲ့ဖျော်ဖြေအလှူခံပွဲကျင်းပခဲ့ရာ ငွေကျပ်သိန်း(၂၀) အလှူခံရရှိခဲ့သည်။ “အားလုံးသိန်းနှစ်ထောင်လောက်လိုတယ်။ ရံပုံငွေပွဲမှာ သိန်းနှစ်ဆယ်ကျော် အလှူခံရတယ်။ ဒီပွဲကလူသိသွားရင်တော်ပါပြီ။ ရသလောက်ဘဲ ။နောက်မှ သူ့ဟာနဲ့သူအလှူရှင် ၀င်လာမယ်မျှော်လင့်ပါတယ်” ဟုဆ ရာလေးဒေါ်ဝဏ္ဏသီရိက ပြောပါသည်။

လက်ရှိအချိန်တွင် မိန်းကလေးအဆောင်တွင်လည်း အိပ်စရာနေရာမလောက်ဌဘဲ ယောကျာင်္းလေး အဆောင်အားတဲထိုးထားရခြင်း ထမင်းစားဆောင်မှာလည်း အမိုးအကာမလုံခြုံခြင်းများရှိကြောင်း ဆရာလေးဒေါ်ဝဏ္ဏသီရိကပြောပါသည်။ “ယောကျာင်္းလေးဆောင်က တဲထိုးပြီးနေရတယ်။ မိန်းကလေးဆောင်က အိပ်စရာနေရာကျပ်တည်းနေတယ်။ ထမင်းစားဆောင်ကလုံခြုံမှုမရှိဘူး။ ထရံတွေနဲ့ကာထားရတယ်။ ခေါင်ကလည်းမလုံဘူး။ မိုးတွင်းတုန်းက ထမင်းစားနေတုန်းရေတက်လာတယ် ပြးရလွှားရပြီးတော့ ခေါင်တွေကလေထဲမှာလွင့်နဲ့” ဟုဆရာ လေးကဆိုသည်။ သီလရှင်ဆရာလေး ဒေါ်ဝဏ္ဏသီရိ၏ ဦးစီးသော ရတနာမဉ္ဖရီမိဘမဲ့ကလေးများဂေဟာတွင် မိဘမဲ့ကလေး (၁၈၀)ကျော်ရှိသည်။ အဆိုပါဂေဟာနှင့်တွဲ၍သီလရှင်သင်ပညာရေးကျောင်း၊ ပရဟိတမေတ္တာမွန် အခမဲ့ဆေးခန်းကိုပါဖွင့်လှစ်ထားကြောင်း သိရပါသည်။
Read More...

န၀ဒေးတံတားအောက် လူသတ်မှုနှင့် ရဲအချုပ်ခန်းတွင်း သေဆုံးသွားခဲ့ရသော အချုပ်သားအမှု တို့အား အမှုမှန်ပေါ်ပေါက်ရေး အစိုးရအဖွဲ့ကို မစ္စတာကင်တားနား တိုက်တွန်းတောင်းဆိုမည်

Leave a Comment
တရားခံမဖော်ထုတ်နိုင်သေးသည့် စစ်တပ်နှင့် ရဲပါဝင်ပတ်သတ်နေသော ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှုနှင့် ပန်းတောင်းအချုပ်ခန်းအတွင်း အချုပ်သားသေဆုံးမှုတို့ အမှန်တရားပေါ်ပေါ်က်ရေး၊ တရားမျှတမှုရှိရေး၊ နစ်နာသူများကို ပြန်လည်ကုစားခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက အစိုးရအဖွဲ့ကိုတိုက်တွန်းတောင်းဆိုမည်ဖြစ် ကြောင်းသိရပါသည်။ ပဲခူးတိုင်းပြည်ခရိုင်အတွင်းဖြစ်ပွားခဲ့သည့် အဆိုပါလူသတ်မှုနှစ်ခုတွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကျူးလွန်သည်ဟု နစ်နာသူမိသားစုများကယူဆသဖြင့် မစ္စတာကင်တားနားနှင့် ရန်ကုန်မြို့ကုလသမဂ္ဂရုံးတွင် ဖောဖော်ဝါရီလ ၁၅ရက်နေ့ ညနေ(၄)နာရီက သွားရောက်တွေ့ဆုံခဲ့သည်။ န၀ဒေးတံတားအောက်လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ကိုဇော်မင်းဦး၏အမနှင့်အကို၊ ပန်းတောင်းမြို့နယ်အချုပ်ခန်းအတွင်းသေဆုံးခဲ့ရသည့် ဆလိုင်းသန်းထွန်း၏ဇနီးမမြင့်ဌေးတို့အပါအ၀င် လူ့အခွင့်အရေးတက်ကြွလှုတ်ရှားသူ ကိုမင်းမင်းတို့အား မစ္စတာကင်တားနားကလက်ခံတွေ့ဆုံခဲ့အပြီး အစိုးရအဖွဲ့ကို တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ “မိသားစုတွေတင်ပြတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ နေပြည်တော်မှာအစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး အမှန်တရားပေါ်ပေါက်ရေး တရားမျှတမှုရရှိရေးကုစားခွင့်ပြန်လည်ရရှိရေးတို့အတွက် အကြံပြုတိုက်တွန်းတောင်းဆိုတာမျိုးတွေ ပြုလုပ်သွားမယ်ကင်တားနားကပြောတယ်” ဟုမိသားစုများနှင့်အတူ လိုက်ပါတွေ့ဆုံခဲ့သောလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းကပြောသည်။ 

မစ္စတာင်တားနားနှင့် တွေ့ဆုံခဲ့သူ န၀ဒေးတံတားအောက်လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ကိုဇော်မင်းဦး၏ အစ်မ မသီတာဦးကလည်း “ဒီအမှုနဲ့သက်ပြီးကျတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုမေးတယ် အစိုးရကိုအကြံပြုမယ် တိုက်တွန်းမယ် တောင်းဆိုမယ်လို့ မစတာကင်တားနားတို့ကတော့ပြောတယ် မောင်လေးဆုံးတာတစ်နှစ်တောင်ြပည့်တော့မယ် အမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်စေချင်နေပြီ”ဟုကပြောသည်။

၂၀၁၃ ခုနှစ်ဧပြီလ (၂၃) ရက် ည(၉)နာရီခွဲ အချိန်က ပြည်မြို့န၀ဒေးတံတားအောက် viewpoint ကမ်းနား သောင်ပြင်တွင် သမီးရီးစားစုံတွဲနှစ်ဦးအား အကြမ်းဖက်သမားသုံးဦးက အကြမ်းဖက်လုယက်လူသတ်မှုတစ်ခု ကျူးလွန်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင်အကြမ်းဖက်သမားများလက်ချက်ဖြင့် ကိုဇော်မင်းဦးမှာသေဆုံးခဲ့ရပြီး သူ၏ချစ်သူကောင်မလေးမှာ လည်ပင်းညှစ်ရိုက်နှက်ခံခဲ့ရသည်။ မ……….ကသေချင်ဟန် ဆောင်ခဲ့ရာ သူမ၏လက်စွပ်ကို အကြမ်းဖက်သမားများကချွတ်ယူခဲ့သည်။

အကြမ်းဖက်လုယက်သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးအချိန်တွင် တံတားအလွန်သောင်ပြင်နှင့် တစ်ဆက်တည်း ကမ်းပါးယံကိုင်းတောထဲတွင် ပုန်းခိုနေသူသုံးဦးကို ရပ်ကွက်နေပြည်သူလူထုမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ နှစ်ဦးကိုလက်ရဖမ်းဆီးမိခဲ့ပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးရမိသူများမှာခလရ (၇၅) တပ်မှတပ်မတော်သားများဖြစ်သဖြင့် စစ်တပ်မှပြန်ခေါ်သွားပြီး တပ်တွင်းအချုပ်၌ထားရှိကာ ယခုအချိန်အထိတရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။

ပန်းတောင်းမြို့နယ် ဒန့်တလွန်အုပ်စု ကြာအင်းရွာနေ ဆလိုင်းသန်းထွန်းအားပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အရဖမ်းဆီးခဲ့ပြီ လေးရက်အကြာ မေလ (၂၃) ရက်တွင် အချုပ်ခန်းအတွင်း ခန္တာကိုယ်အနှံ့ဒဏ်ရာ ဒဏ်ချက်များစွာဖြင့် သေဆုံးခဲ့သည်။ ထိုသို့သေဆုံးခဲ့ခြင်းသည် ရဲကရိုက်နှက်၍ သေဆုံးခြင်းဟုထင်မြင်ယူဆသဖြင့် သေသူ၏ဇနီး ဒေါ်မြင့်အေးက သက်ဆိုင်ရာဌါနများသို့တိုင်ကြားခြင်း တရားဆွဲဆိုခြင်းများပြုလုပ်ခဲ့သည်။ တရားရင်ဆိုင်ရာတွင် ပန်းတောင်းတရားရုံးနှင့် ပြည်ခရိုင်တရားရုံးက ထိုအမှုကိုပလှပ်လိုက်သော်လည်း ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှ ပန်းတောင်းတရားရုံး၏ ဓမ္မတာအတိုင်းသေဆုံးရခြင်းဖြစ်သည်ဆိုသည့်အမိန့်ကို ပယ်ဖျက်ခဲ့သည်။ ထိုအမှုနှင့်ပတ်သက်၍ အာရှလူ့အခွင့်ရေးကော်မရှင် (AHRC)မှ အရေးပေါ်ပန်ကြားချက် (Urgent Appeal) အားဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၄င်းအမှုတွင် ပန်းတောင်းစခန်းမှူးကို ဆေးရုံပို့နောက်ကျသဖြင့် ရဲစည်းကမ်းဥပဒေအရ ရာထူးတစ်ဆင့် ချ ပြစ်ဒဏ်ပေးထားပြီး ယခုအချိန်အထိ တရားခံဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။

ပြည့်သဲမောင်(ပြည်)
Read More...

ရွှေတောင်မြို့တွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၅၉(ဃ)(စ)၊ ပုဒ်မ(၁၈) ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်

Leave a Comment
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးနှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈) ဖျက်သိမ်းပေးရေးတို့အတွက် ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က မြို့ခံနိုင်ငံေ၇းတက် ကြွလှုတ်ရှားသူ (၂၆) ဦး လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရပါသည်၊ ပြည်သူတိုင်းသမ္မတဖြစ်ခွင့်ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပုဒ်မ ၅၉(ဃ) (စ) က တားဆီးထားပြီး ပြည်သူများ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကိုစီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈)ဖြင့် တားမြစ်ထားသည့်အတွက် ၄င်းဥပဒေပုဒ်မများကို ဖျက်သိမ်းရန်ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်ကိုကျော်ဇေယျကပြောပါသည်။

“ပြည်သူတိုင်းသမ္မတဖြစ်ခွင့်မှာ အခြေခံဥပဒေမှာပါတဲ့ ၅၉(စ) နဲ့ ၅၉(ဃ)က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကိုတားမြစ်ထားတယ်၊ ပြည်သူတိုင်းလွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ပုဒ်မ(၁၈)နဲ့တားမြစ် ထားတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်မှုမှာ ဒီဥပဒေတွေလုံးဝမမရှိသင့်ဘူးလို့ ယုံကြည်တဲ့အတွက်ဆန္ဒပြခြင်းဖြစ်တယ်”ဟုသူကဆိုသည်။ 

ဆန္ဒဖော်ထုတ်သူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေး၊ ပုဒ်မ(၁၈)ဖျက်သိမ်းပေး၊ ပုဒ်မ၅၉(ဃ)(စ)ဖျက်သိမ်းပေး စာသားပါလက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လမ်းလျှောက်ချီ တက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရပါသည်။ ဆန္ဒဖော်ထုတ်သူများသည် ရွှေတောင်မြို့နယ်၊ တည်ကုန်းလမ်းဆုံမှ ပြည်-ရန်ကုန်လမ်းမကြီးအတိုင်း ဆေးရုံလမ်းမှတဆင့် အာဇာနည်ကျောက်တိုင်ရှေ့သို့ လမ်းလျှောက်ချီတက်ခဲ့သည်။ အာဇာနည်ကျောက်တိုင်ရှေ့တွင် အာဇာနည်ခေါင်းဆောင်များအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအသီးသီးမှ ကျဆုံးသွားသောသူများကို တစ်မိနစ်ဂုဏ်ပြု ငြိမ်သက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။

လာမည့်ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ရန်ခွင့်ပြုမိန့်တောင်းခံထားသည်ဟုလည်း ဆန္ဒပြသူများကပြောပါသည်။

ပြည့်သဲမောင်(ပြည်)


Read More...

Wednesday, February 19, 2014

ပြည်၊ နဝဒေးတံတားအောက် လူသတ်မှုမှ ကျန်ရစ်သူ မိသားစုများနှင့် ကင်တာနားတွေ့ဆုံ

Leave a Comment

ပြည်၊ ဖေဖော်ဝါရီ ၁၆၊ The Voice

၁၀ လနီးပါး ကြာမြင့်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် ပြည်မြို့၊ နဝဒေး တံတားအောက်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာကင်တားနားတို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က UN ရုံးတွင် တွေ့ဆုံခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့သော မစ္စတာကင်တားနား၏ နောက်ဆုံး တရားဝင် မြန်မာနိုင်ငံတွင်း ခရီးစဉ်တွင် နဝဒေးတံတားအောက် အကြမ်းဖက် သတ်ဖြတ်ခံရသူ၏ မိသားစုနှင့် ပန်းတောင်း အချုပ်ခန်းတွင် သေဆုံးခဲ့သည့် ဦးသန်းထွန်း မိသားစုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း United Nations Information Centre Yangon မှ ထုတ်ပြန်သည်။
“ကာယကံရှင် မိသားစုဝင်တွေ ဖြစ်ချင်တဲ့ဆန္ဒ၊ ဘယ်လို ခံစားနေရသလဲ ဆိုတာနဲ့ သူတို့အနေနဲ့ ဘယ်လို ဆောင်ရွက်ပေးရမလဲဆိုတာ ပြောတယ်။ ကျွန်မတို့ဘက်ကလည်း ကျူးလွန်းတဲ့ တရားခံတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ပြောခဲ့တယ်”ဟု နဝဒေး တံတားအောက်တွင် လုယက် သတ်ဖြတ်ခံရ၍ သေဆုံးခဲ့ရသူ၏ အစ်မဖြစ်သူ ဒေါ်သီတာဦးက ဆိုသည်။

လူသတ်မှု ဖြစ်စဉ်ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ၌ ထည့်သွင်းရေးမည် ဖြစ်ပြီး လူသတ်မှုနှင့်ဆိုင်သည့် အချက်အလက်များ ရှိနေကာ ကာယကံရှင် မိသားစု၏ ဖြစ်ချင်သည့်ဆန္ဒကို အတတ်နိုင်ဆုံး ဆောင်ရွက် ပေးသွားမည်ဟု မစ္စတာကင်တားနားက ပြောဆိုခဲ့ကြောင်း ၎င်းကပြောကြားသည်။
လုယက် အကြမ်းဖက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသူ၏ နာရေးတွင် တပ်မတော်မှ အကြီးတန်း အရာရှိများက ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ပေးမည်ဟု တာဝန်ခံ ပြောဆိုသွားခဲ့သော်လည်း ၂၀၁၃ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ လူသတ်မှုကို ကျူးလွန်သူများမှာ တပ်မတော်သားများ မဟုတ်ကြောင်း ငြင်းဆိုကာ ဖြေရှင်းပေးရန် တာဝန်ခံခဲ့သူ ခလရ (၇၅) နှင့်တပ်မ (၆၆) မှ အရာရှိကြီး နှစ်ဦးကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
၂၀၁၃ခုနှစ် ဧပြီလ ၂၃ရက်နေ့ နဝဒေး တံတားအောက် သဲသောင်ပြင်မှ လူသတ်မှုကို တပ်မတော်မှဖွဲ့သော စစ်ခုံ ရုံးနှင့်အပြိုင် မှုခင်း ထောက်လှမ်းရေး တပ်ဖွဲ့ (CID) ကပါ စစ်ဆေးခဲ့သော်လည်း ယခုအချိန်အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
Read More...

ပြည်မြို့တွင် လူနာတင် ယာဉ်အတွက် လိုအပ်သော Ambulance Crew Course သင်ကြားပို့ချ

Leave a Comment

ပြည့်သဲမောင်(ပြည်)

အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ရသည့် လူနာများအားစနစ်တကျပံ့ပိုးမှုပေးနိုင်ရန် ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့ ခေတ္တရာလူငယ် သာရေးနာရေး ကူညီပံ့ပိုးမှု အသင်းရုံးတွင် သင်ကြားလျှက်ရှိသော ရှေးဦးသူနာပြုသင်တန်းတွင် Ambulance Crew Course အားထည့်သွင်း သင်ကြားပေးလျှက်ရှိကြောင်း အဆိုပါ အသင်း အတွင်းရေးမှူး ကိုကျော်သူစိုးမှ ပြောပါသည်။ လူနာတင်ယဉ်တွင် ပါဝင်သော အထောက်အကူပြုပစ္စည်းများကို ယာဉ်မောင်း ယာဉ်နောက်လိုက် သူနာပြုအသုံးပြုနိုင်ရန်၊ လူနာအား စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်စွာ စနစ်ကျသည့် ၀န်ဆောင်မှုပေးနိုင်ရန် ရည် ရွယ်ချက်ဖြင့် ရှေးဦးသူနာပြုသင်တန်းတွင် Ambulance Crew Course ကိုထည့်သွင်း သင်ကြား ခြင်းဖြစ်ကြောင်း ကိုကျော်သူစိုးက ပြောပါသည်။

“ရှေးဦးသူနာပြုသင်တန်းဆိုပေမဲ့ အဓိကရည်ရွယ်တာက Ambulance Crew Course ပါ။ လူနာတင် ယာဉ်မှာ ပစ္စည်းဘယ်လောက်စုံစုံ သုံးနိုင်ဘို့လိုတယ်။ ၀န်ဆောင်မှုပေးမဲ့လူနာအတွက် safety ဖြစ်ဖို့လို မယ်။ လူနာရဲ့လိုအပ်ချက်လေးတွေကို စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်စွာ ပံ့ပိုးပေးနိုင်ဘို့လိုမယ်” ဟုသူက ဆိုသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ ငါးရက်ကြာ သင်တန်းပို့ချမည်ဖြစ်ပြီး ခေတ္တရာလူငယ် သာရေးနာရေးကူညီပံ့ပိုးမှုအသင်း ပီတိအခမဲ့ဆေးခန်းမှ သင်တန်းသား(၂၆) ဦး၊ ပါရမီရှင်ဆေးရုံမှ သင်တန်းသား(၄) ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရပါသည်။

ထိုသင်တန်းအား မြန်မာနိုင်ငံ ကြက်နီအသင်းဌါနချုပ်နှင့် ပြည်မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းစီ စဉ်မှုဖြင့် ပြည်မြို့တွင် ပထမဆုံး ဖွင့်လှစ်သင်ကြားခြင်းဖြစ်ရာ သင်တန်းမှ အောင်မြင်သူများသည် မြန်မာ နိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်၏ အမြဲတမ်းအသင်းဝင်ဖြစ်ခွင့် ရရှိမည်ဖြစ်သည်။ ဇန်န၀ါရီလ (၁၉) ရက်က ပီတိအခမဲ့ဆေးခန်းကို အလှူရှင်(၅၇) ဦးကငွေကျပ်(၆၂၇) သိန်း အကုန်အကျခံကာ အထောက်အကူပြုပစ္စည်းစုံပါသည့် လူနာတင်ကားတစ်စီး လှူဒါန်းခဲ့ပြီး အဆိုပါဆေးခန်းတွင် လူနာတင်ကားနှစ်စီးရှိကြောင်း သိရပါသည်။
Read More...

ICT & Mobile Exhibition 2014 Pyay တွင် ပါဝင်ပြသည်မည့် Company များနှင့် Promotion များ

Leave a Comment
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ တွင် ICT & Mobile Exhibition 2014 Pyay ကို ပြည်မြို့၊ ယဉ်ကျေးမှုရုံ ၌ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂-၂၃) ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီး၊ ကွန်ပြူတာပညာရှင်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ကွန်ပြူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကာ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ ပြပွဲတွင် Net Guide Journal မှ Media Partner အဖြစ်ပါဝင်ပေးမည်ဖြစ်ပါသည်။ Do Do Ko Ko မှ Second Hand Dell, HP, Fujitsu, Lenovo, NEC Laptop များကို မေတ္တာလက်ဆောင်များဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Samsung Brand New Laptop တစ်လုံးကို သုံးသိန်းဝန်ကျင်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ Co Co Mobile မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ Transcend Products များကို Discount, ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။ Golden Power Technology မှ Dell Notebook များကို ဗလာမပါကံစမ်းမဲများ၊ Silicon Power Products များကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။

Samsung မှ Samsung ဖုန်းများပေါ်မူတည်၍ ငွေဖြည့်ကတ်၊ ရေဘူး၊ ထီးစသည့်လက်ဆောင်များရရှိနိုင်မည်ဖြစ်ပြီး Official Warranty အတိုင်းရရှိမည်ဖြစ်သည်။ Winter Root မှ Dell, Fujitsu, Toshiba, HP Japan used laptop များကို 30% - 50% ထိလည်းကောင်း၊ လက်ဆောင်ပစ္စည်း ၅ မျိုးကိုလည်းကောင်း ပေးသွားမည်ဖြစ်သည်။ Kaspersky မှ Kaspersky antivirus နှင့် Internet Security များကို အထူးလျှော့ဈေးဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ရွှေလမင်းနဂါးမှ Acer Products များကို ပြသရောင်းချပေးမည်ဖြစ်ပြီး Laptop, Phone, Monitor အစရှိသည့် ကံစမ်းမဲဆုများ၊ Memory Stick, ငွေဖြည့်ကတ် စသည့်လက်ဆောင်ပစ္စည်းများ၊ Transcend Products ဝယ်ယူသူများကို Ball Pin, စာအုပ်၊ ခွက်၊ Cleaning kit စသည့်လက်ဆောင်ပစ္စည်းများ ပေးမည်ဖြစ်သည်။

NSM မှ Acer, Asus, HP, Dell, Lenovo, Singtech အစရှိသော Computer Brand များကို လက်ဆောင် ၁၀ မျိုး၊ Samsung, Huawei, HTC, Lenovo, Vivo Handset များ၊ IPhone, IPad များကို လက်ဆောင်နှစ်မျိုး၊ Software, Hardware များကို အခမဲ့ ဝန်ဆောင်ရောင်းချပေးမည်ဖြစ်သည်။ AGD Bank မှ ဘဏ်လုပ်ငန်းဆိုင်ရာများ၊ ATM Card များပြောပြပေးမည်ဖြစ်ပြီး ပြပွဲအတွင်း MPU Card လျှောက်သူများကို တစ်ခါတည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ MV CCTV မှ CCTV Camera များ၊ DVR စက်များ၊ DVR Kit များ၊ Isat ဂြိုဟ်တုဖုန်းများ၊ Pentax အမှတ်တံဆိပ် Total Station များကို ပါဝင်ပြသမည်ဖြစ်ပြီး Promotion အနေဖြင့် 4 Ch DVR Kit, 1 TB Harddisk တပ်ဆင်ထားပြီး Camera ၄ လုံး၊ Camera ကြိုးများအပါအဝင် အဆင်သင့်သုံးနိုင်သော DVR Kit ကို ၂၄၉၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပါသည်။

Mobile Friend မှ Toshiba, NEC, Dell, Lenovo Japan used laptop များကို Promotion အစီအစဉ်ဖြင့် လက်ဆောင် ၇ မျိုးဖြင့်လည်းကောင်း၊ Fujitsu laptop များကို 30% - 40% Discount, Toshiba M35 ကို ၄၉၀၀၀ ထိ Discount ထိချပေးကာ ရောင်းချပေးမည်ဖြစ်သည်။ CB Bank မှ Visa Card Account ဖွင့်ခြင်းများလုပ်ဆောင်ပေးမည် ဖြစ်ပြီး Master Card နှင့် MPU Card များကို One Stop Banking စနစ်ဖြင့် ဝန်ဆောင်ပေးမည်ဖြစ်သည်။

Mobile Money နှင့်ပတ်သက်၍လည်း လေ့လာနိုင်သည်။ Vivo မှ Vivo X Play, Y17W, Y11iW ဖုန်းများကို ပြသရောင်းချမည်ဖြစ်ပြီး မကြာမှီ ဈေးကွက်အတွင်း အသစ်ဝင်ရောက်မည့် ကမ္ဘာ့ အပါးလွှာဆုံး Vivo Smart Phone X3 နှင့် ကမ္ဘာ့ Resolution အမြင့်ဆုံး Xpaly 3S တို့ကို ရှင်းလင်းပြောပြသွားမည်ဖြစ်သည်။

Singtech မှ Singtech Laptop များကို လက်ဆောင် ၅ မျိုး, Phone များကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည် ဖြစ်သည်။ Yangon Development မှ Cyber Power UPS, Mobile Power Rack, Car Charger, Wall Charger များကို အထူးလျှော့ဈေးဖြင့်ရောင်းချပေးမည်ဖြစ်သည်။ Wise Power မှ Acer, Lenovo, Dell, HP, HTC, Anitech, Mobile & Computer accessories များ၊ လက်ဆောင်ပစ္စည်းများ Hire Purchase အရစ်ကျ ဝယ်ယူခွင့်ရရှိစေရန် အထူးအစီအစဉ်များ ပြုလုပ်ထားသည်။

ဖြိုးသက်အောင်မှ HP Notebook ဝယ်ယူသူများကို လက်ဆောင် ၉ မျိုး၊ Colour Printer ဝယ်သူများကို အထူး Discount, Lucky Draw အစီအစဉ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။ စိုးစံမှ အထူးလျှော့ဈေးများ၊ ကံစမ်းမဲအစီအစဉ်၊ လက်ဆောင်ပစ္စည်းများအပြင် 1 Year Service Free Promotion ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သတင်း
Read More...

Tuesday, February 18, 2014

ရွှေထီးတော်တင်ဖိတ်ကြားလွှာ

Leave a Comment
အကျော်စူဋာမြတ်သဒ္ဒါ (၀ိဇ္ဇာဝိမုတ္တိ) မဟာစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားဖိတ်ကြားလွှာ
*****************************************************
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့ စမ်းရွာအနီး တောတွင်းတနေရာရှိ (ရွှေတောင်မြို့နယ်။ပြည်မြို့နယ်။ပန်းတောင်းမြို့နယ်။သဲကုန်းမြို့နယ်။ပေါင်းတည်မြို့နယ် နှင့် ရန်ကုန်မြို့နယ်များမှ လုပ်အားဒါန ငွေအားဒါနတို့ဖြင့် ပေါင်းစပ်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှုတို့ဖြင့် ပြန်လည်ပွင့်ထွန်းပေါ်ပေါက်လာတော်မှုခဲ့သော ရှေးဟောင်းစေတီတော်မြတ်ကြီးတည်ရှိရာ အောင်မြေဌာနတွင် ရွှေထီးတော်မြတ်တင်လှူပူဇော်သွားမှာဖြစ်ပါသောကြောင့် ကြုံခဲလှတဲ့ လူ့ဘ၀တစ်ခုမှာ ကြုံခဲလှသောအလှူဒါနပြုဖို့ရာ နှင့် ရွှေထီးတော်မြတ်ပှုဇော်ရာနေရာဌာနသို့ ရပ်ဝေးရပ်နီးမှ သဒ္ဒါဖြူစင် ပါရမီရှင် သူတော်ကောင်း သူမြတ်လောင်းတို့အားလာရောက်ဖူးမျှော် ကြည်ညိုသဒ္ဒါပွားများစေရန်အတွက် ၁၃၇၅ ခုနှစ်။တပိုတွဲလပြည်ကျော်(၁၂)ရက်နေ့ ။ ၂၆.၂.၂၀၁၄ ရက် ဗုဒ္ဓဟူးနေ့ မနက်(၇း၃၀) မိနစ်အချိန်မှ (၉း၀၀) မိနစ်အချိန်အထိ ရွှေထီးတော်မြတ်တင်လှူပူဇော်သွားမည်ဖြစ်ပါကြောင်း ပြည်သတင်း မှတဆင့်ဖိတ်ကြားအပ်ပါသည်။ ဆက်သွယ်လှူဒါန်းလိုပါက...
အရှင်ဦးဓီဝရ(စမ်းတောရဆရာတော်) 0943118287. ..... နှင့်


ဒေါ်ခင်နှင်းသဇင်.........095311944 ....တို့ကိုဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နိုးဆော်အပ်ပါတယ်ခင်ဗျာ.....


ပြည်သတင်းလူငယ်(ပြည်သတင်း)




Read More...

ပြည်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒဖော်ထုတ်

Leave a Comment



၁၈.၂.၂၀၁၄ ပြည်မြို့တွင် ပြည်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒဖော်ထုတ်ခဲ့ပါသည်။ အဆိုပါပွဲတွင် (၂၀၀၈ ) ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွယ်တကူမပြင်ဆင်နိုင်အောင် တမင်ချုပ်ထားတဲ့ ပုဒ်မ (၄၃၆) ကို အရင်ဆုံးဦးစားပေးပြင်ဆင်ဖို့၊ ပုဒ်မ-၅၉ (ဃ) နှင့် ပုဒ်မ-၅၉(စ) တို့ ဖျက်သိမ်းရေးကို ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပြည်သတင်း
Read More...

Monday, February 17, 2014

ICT & Mobile Exhibition 2014 Pyay တွင် Media Partner အဖြစ် Net Guide Journal ပါဝင်

Leave a Comment
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ တွင် ICT & Mobile Exhibition 2014 Pyay ကို ပြည်မြို့၊ ယဉ်ကျေးမှုရုံ ၌ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂-၂၃) ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီး၊ ကွန်ပြူတာပညာရှင်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ကွန်ပြူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကာ ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ ပြပွဲတွင် Net Guide Journal မှ Media Partner အဖြစ်ပါဝင်ပေးမည်ဖြစ်ပြီး Lenovo, Acer, SingTech, Dell, Samsung, Kaspersky, Do Do Ko Ko, Vivo, MV CCTV, Co Co Mobile, Yangon Development, Silicon Power, CB Bank, စိုးစံ, ဖြိုးသက်အောင်, NSM, WP, CB Bank စသည် စသည် Company များမှ ပါဝင်ပြသမည်ဖြစ်ပါသည်။
Read More...

ပြည်မြို့တွင် လူငယ်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

Leave a Comment

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက် န၀ဒေးလမ်း ဆယ်ထပ်ကြီးဘုရား ခြေရင်းတွင် ရန်ငြိုးရှိသူ လူငယ်နှစ်ဦး စကားများရန်ဖြစ်ရာ အသက် (၁၇) နှစ်အရွယ်လူငယ်က ဓါးဖြင့်ထိုးသဖြင့် အ သက် (၁၆) နှစ်အရွယ် လူငယ် သေဆုံးခဲ့ရကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရပါ သည်။ သူတို့ နှစ်ယောက် စကိတ်ကွင်းမှာ ရန်ဖြစ်ဘူးတယ်။ ဆယ်ထပ်ကြီးဘုရား နောက်ကြောမှာ တစ်ယောက်နဲ့ တစ်ယောက်ကြည့်တာကနေ ၇န်ဖြစ်ပြီး ဓါးနဲ့ထိုးတယ်။ ပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့မ နက် ဆုံးသွားတယ်” ဟု ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြည်မြို့သန္တေပင်ရပ် ရွာဘဲရပ်ကွက်နေသူ အသက်(၁၇) နှစ်အရွယ် မောင်အောင်မြတ်သူ (ခ) အုန်း မောင်သည် ပြည်မြို့ ပွင့်လှသင်ကုန်းရပ်ရွာဘဲရပ်ကွက်နေ အသက်(၁၆) နှစ်အရွယ် မောင်ဇေယျာထွန်း(ခ) ငဇေနှင့် စကားများရန်ဖြစ်စဉ် အသင့်ယူဆောင်လာသော အသွား(၃) လက်မခန့်ဓါးရိုးအရှည် (၃) လက်မခွဲခန့်ရှိသော မောင်းချဓါးဖြင့် ထိုးခဲ့သည်။

ဓါးထိုးခံရသူ အသက် (၁၆) နှစ်အရွယ်လူငယ်သည် ၀ဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲဘက်ခါးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ပါးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ပြည် မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသသော်လည်း ဖေဖော်ဝါရီလ(၁၅) ရက်နေ့ မနက်(၇) နာရီတွင် သေဆုံးသွားကြောင်း မြို့မရဲစခန်းမှတ်တမ်းအရ သိရပါသည်။ အဆိုပါဖြစ်စဉ်အား ပြည်မြိုမြို့မရဲစခန်းတွင် (ပ)၇၄/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၂၆) အရအမှုဖွင့် ဆောင်ရွက်ထားသော်လည်း ဓါးထိုးခံရသူ လူငယ်သေဆုံးသွားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) သို့ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း သိရပါသည်။
Read More...

Friday, February 14, 2014

ဖိတ်ကြားလွှာ

Leave a Comment
ဖိတ်ကြားလွှာ
*************

ရတနာမဉ္ဇရီ ပရဟိတစာသင်ကျောင်း မိဘမဲ့ကလေးကျောင်း
ရန်ပုံငွေရှာပွဲကို ဒီကနေ့ 15.2.2014 ရက်နေ့ ည ၉း၀၀ အချိန်တွင် အ.ထ.က(၁) အားကစားကွင်း ပြည်မြို့တွင် 5-stars လူရွှင်တော်များ ဖြစ်ကြသော အောင်သော်။အောင်မော်။ကျင်ဝှက်။ကြာစိ။မျောက်ရှုံး တို့အဖွဲ့မှလာရောက်ဖျော်ဖြေသွားမှာဖြစ်သဖြင့် ၀င်ကြေးအခဲ့မဲ့ ဖြစ်ပါတယ် ပွဲကြွလာမိဘပြည်သူများဘက်ကလည်း မိဘမဲ့ကလေးသူငယ်လေးများ ပညာရေး ။နှင့် ရတနာမဉ္ဇရီ စာသင်ကျောင်းရံပုံငွေများကိုလည်း တတ်နိုင်သမျှသဒ္ဒါတရားနည်းများမဆိုပါဝင်လှူဒါန်းနိုင်ကြစေရန် ဖိတ်ကြားအပ်ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09401616323

ပြည့်ဖြိုးပြည်(ပြည်သတင်း)
0943047862


Read More...

Thursday, February 13, 2014

မြန်မာနိုင်ငံ ရှေးဟောင်းကမည်းစာများအကြောင်း ဆွေးနွေးပွဲ ကျင်းပမည်

Leave a Comment
15.2.2014 (စနေနေ့)  ည (၇) နာရီ ရွှေဘုန်းပွင့်စာကြည့်တိုက်နှင့် ပြတိုက်တွင် မြန်မာနိုင်ငံ ရှေးဟောင်းကမည်းစာများအကြောင်း ဆွေးနွေးပွဲကို  ဒေါက်တာ မောင်မောင်ဆွေ မှ ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်း သတင်းရရှိပါသည်။

ပြည်သတင်း

Pyae Phyo Pyay - 09-430 47862
ကျော်ဝင်းခိုင် - 09-401 616323
Read More...

လယ် ၂၅ ဧက ရောင်းမည်

Leave a Comment

ပြည်မြို့နယ်၊ တီတွတ်ကျေးရွာ၊ ၀က်ထီးကန်ကားလမ်းဘေး၊ တီတွတ်ဘူတာ အနောက်ဘက် (အနီး) လယ် (၂၅) ဧကအား သင့်တော်သောဈေးနှုန်းဖြင့် ရောင်းလိုပါသည်။ အဆိုပါ လယ် (၂၅) ဧကမှာ တ၀န်းတည်း၊ တဆက်တည်းဖြစ်ပါသည်။

ဆက်သွယ်ရန် - ၀၉ - ၄၂၃၆ ၉၆၈၆၂
Read More...

Wednesday, February 12, 2014

သဲကုန်းမှာ သပိတ်စခန်းဖွင့်

Leave a Comment
ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာလည်း  ဒေသခံ အများအပြား သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြပါတယ်။

အင်္ဂါနေ့ကတည်းက အစပြုတဲ့ ဆန္ဒပြရခြင်းအကြောင်းရင်းကတော့ မြေသိမ်းမှုကြောင့်ပါပဲ။

အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ လယ်သိမ်းခံရသည့် တောင်သူတွေအနေနှင့် လယ်ယာမြေများပြန်လည်ရရှိရန် ဥပဒေလမ်းကြောင်းအရ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်  ထူးခြားမှုမရှိတဲ့အတွက်    သဲကုန်းမြို့ မြို့တော်ခန်းမအနီး သပိတ်စခန်းဖွင့်လိုက်ရတာဖြစ်တယ်၊ ရက်အကန့်အသတ်မရှိ  ဆန္ဒပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

သူတို့ထဲက တောင်သူတဦးကတော့  အောင်ကုန်းကျေးရွာမှ   ဒေါ်ညို ဖြစ်ပြီး  လယ် ၇ ဧက အသိမ်းခံထားရသူလို့ ဆိုပါတယ်။

“ကျမတို့ ဥပဒေအရ အကြိမ်ကြိမ်စာတင်ပြီး တောင်းဆိုခဲ့သလို။ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်ကိုလည်း အားကိုးတကြီး အကူအညီတောင်းခဲ့ပြီးပါပြီ။ ဘာမှ ထူးခြားမှုမရှိပါဘူး။
 နေပြည်တော်ကို စာတင်တာ သုံးကြိမ်ရှိပါပြီ။ တောင်သူလယ်သမား စာမတတ်ပေမတတ်တွေ တတ်သလောက် မှတ်သလောက် စာတင်တာ အခုထိဘာမှမထူးခြားပါဘူး”

၁၉၉၉ ခုနှစ် ဧပြီလ (၇) ရက်နေ့က ပြည်ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းက   အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီးကျေးရွာတွေတဝိုက် လယ် ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖေါ်ထုတ်ရန်ဆိုပြီး  သိမ်းခဲ့တယ်၊
  လယ်ယာလက်ကား သမဝါယမအသင်း အမှတ်(၃) လီမီတက်ပိုင်ရှင် ဦးထိုင်ထိုင်က  ၂၀၀၁ နှစ်မှစတင်ကာ လွှဲပြောင်းရယူခဲ့တယ် တဲ့၊
လယ်ယာမြေနှင့် အခြားမြေယာများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့တဲ့ တိုင်ကြားစာတွေမှာ အဲသလို ရေးထားတာပါ။

ဆန္ဒပြသူများထဲ သင်တောရွာက တောင်သူ ဦးဝင်းကြည်ရဲ့ အပြောကတော့ ဒီမိုကရေစီထက် သူ့လယ်ပဲ သူပြန်ရချင်ပါတယ် တဲ့။

“လာဖမ်းရင်လည်း လိုက်သွားရုံပဲ။ ပြန်လွတ်လာရင် ပြန်လုပ်မှာ ကျနော်တို့ဆီက သိမ်းတုန်းက ဘာမှပြန်ပြောခွင့်မရပဲ သိမ်းခံခဲ့ရတာ။
ကျနော်တို့ကတော့ ဒီမိုကရေစီထက် ကိုယ့်လယ်ပဲ ကိုယ်ပြန်လိုချင်တယ်။ တပ်မတော်ကိုလည်း မတော်လှန်ရဲဘူး၊ ဦးသိန်းစိန်ကိုလည်း ပုန်မကန်ရဲဘူး။ ဦးထိုင်ထိုင်သိမ်းတဲ့ ကျနော်တို့ လယ်ပဲပြန်လိုချင်တယ်။
မရမချင်း သပိတ်စခန်းဖွင့်ပြီး ဒီမှာပဲနေမှာ”

 သပိတ်စခန်းထဲမှာတော့  တောင်သူ ၃၀ ခန့်က ကြွေးကြော်သံတွေအော်ဟစ်၊  ဆန္ဒပြတောင်းဆိုခဲ့ကြတာ တွေ့ရပါတယ်။
သဲကုန်းမြို့နယ် ရဲစခန်းတာဝန်ခံ ဒုရဲမှူးဇော်အောင်ကတော့ ဒီသပိတ်စခန်းကို ဖြိုခွင်းမှာမဟုတ်ဘူးလို့ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
သက်ဆိုင်သူများ အဆင်ပြေစေဖို့ ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ဆိုတယ်။ သို့သော်လည်း သပိတ်စခန်းမဖွင့်ခင် စီတန်းလှည့်လည်ခဲ့တဲ့အတွက်  ပုဒ်မ(၁၈) နဲ့ အရေးယူသွားမှာပါလို့ ဆိုပါတယ်။

သူပြောတဲ့အတိုင်းပါပဲ ... စခန်းထဲက တချို့ကို သူတို့ သွားခေါ်ပါတယ်။  နောက်တနေ့မှာတော့ စခန်းထဲ ဆန္ဒပြသူများထဲက
ကိုသန့်ဇင်ထက်၊ ဒေါ်ညို၊ ကိုပေါက်စ၊ ဒေါ်ဝင်းတို့ ရဲစခန်းမှာ သွား အဖမ်းခံပါတယ်၊ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရပါတယ်၊ အာမခံရတဲ့အတွက် အခုတော့ သူတို့ ၄ ဦးစလုံး သပိတ်စခန်းထဲ ပြန်ရောက်နေပါပြီ။

သပိတ်စခန်းနားမှာလည်း အထင်ကရ ဘုန်းတော်ကြီးတပါးရဲ့ တရားပွဲ ပြုလုပ်ဖို့ ပြင်ဆင်ထားတာ ရှိပါတယ်၊ တရားပွဲစီစဉ်သူများထဲက တချို့ကတော့
ဒီသပိတ်စခန်းကြောင့် တရားပွဲ ပျက်မှာကို စိုးရိမ်နေပါတယ်။ စိုးရိမ်ကြောင်းကိုလည်း အဲဒီသပိတ်စခန်းသွားပြီးတော့ ပြောဆိုခဲ့ပါတယ်။
  တရားပွဲကို ဖျက်လိုဖျက်ဆီးလုပ်တာလားလို့လည်း မေးမြန်းခဲ့ပါတယ်။ အဲဒီလို သွားရောက် မေးမြန်းချိန် အနီးတ၀ိုက်မှာ  အာဏာပိုင်တို့လည်း ရှိနေ ကြည့်နေပါတယ် တဲ့။

ပြီးတော့ မနေ့ညက သပိတ်စခန်းကို လေးခွနဲ့ပစ်ခံရတယ်လို့လည်း သတင်းထွက်ပါတယ်၊ ဒဏ်ရာမရဘူးလို့လည်း ဆိုပါတယ်။
 -



ကောင်းမြတ်မင်း
Read More...

Tuesday, February 11, 2014

ပဲခူးတိုင်းတွင်နေသူများ၊ ပဲခူးတိုင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်ယှက်နွယ်နေသူများ မဖြစ်မနေ ဖတ်သင့်သည့်ဂျာနယ် ယခုလ တတိယပတ်အတွင်း စတင်ဖြန့်ချိမည်။

Leave a Comment


ပဲခူးတိုင်းတွင်နေသူများ၊ ပဲခူးတိုင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်ယှက်နွယ်နေသူများ မဖြစ်မနေ ဖတ်သင့်သည့်ဂျာနယ် ယခုလ တတိယပတ်အတွင်း စတင်ဖြန့်ချိမည်။

ထုတ်ဝေသူ သူဋ္ဌေး မပါ၊ သတင်းသမားစစ်စစ်တွေသာ ပိုင်တဲ့
ပဲခူးအသံ အပတ်စဉ်ဂျာနယ် မကြာမီ လာပြီ .....မျှော် ....


 အရောင်း ကိုယ်စားလှယ်များ ဆက်သွယ်နိုင်သည်
--------------------------------------------------

ပဲခူးအသံ ဂျာနယ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့(ချစ်သူများနေ့) တွင် စတင် ဖြန့်ချိတော့မည်ဖြစ်သည်။

ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ အရောင်းကိုယ်စားလှယ်များအနေဖြင့် ဆက်သွယ်မှာယူနိုင်ပြီ ဖြစ်ပါသည်။

ဆက်သွယ်ရန်...

ပဲခူးရုံး
-------
အမှတ် ၁၄၊ တိုက် ၇၊ ရှင်စောပုတိုက်တန်း၊ မက္ကတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။

အီးမေးလ် - thebagovoice@gmail.com

ဖုန်း- ၀၉ ၄၅ ၀၀၀ ၅၄ ၈၀

ရန်ကုန်ရုံး
----------
အမှတ် ၁၃၈၊ ဒုတိယထပ်(ညာ) ဗိုလ်ကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၂၅၄၂ ၀၀ ၉၉၁


 စာမူများ ပေးပို့နိုင်သည်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သတင်းထောက်များ၊ ဆောင်းပါးရှင်များ အနေဖြင့် စာမူများ ပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

ပေးပို့ရန်......

အခန်း ၁၄၊ တိုက် ၇၊ ရှင်စောပုတိုက်တန်း၊ မက္ကတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။

အီးမေးလ်
thebagovoice@gmail.com

ဖုန်း
၀၉ ၃၁ ၂၀ ၇၉ ၆၂၊ ၀၉ ၄၅ ၀၀၀ ၅၄ ၈၀


 ပဲခူးအသံ ဂျာနယ်၏ အခမဲ့ ကြော်ငြာ ကဏ္ဍ
......................................................

ပဲခူးအသံ ဂျာနယ်တွင် အခမဲ့ ကြော်ငြာ ကဏ္ဍ ဖွင့်လှစ်ထားပါသည်။

အိမ်ခြံမြေ အရောင်း/အ၀ယ်၊ ကုန်ပစ္စည်း အရောင်း/အ၀ယ်၊ အလုပ်ခေါ်ကြောငြာ၊ သင်တန်း ကြော်ငြာ စသည်တို့ကို အခမဲ့ကြော်ငြာနိုင်ပါသည်။

ကြော်ငြာများ ထည့်သွင်းလိုပါက ပဲခူးအသံ ဂျာနယ်သို့ ၂ လက်မ x ၁ လက်မခွဲ ထက် မကြီးသော အရွယ်အစား ဖြင့် ပေးပို့နိုင်ပါသည်။

ပေးပို့ရန်............

အခန်း ၁၄၊ တိုက် ၇၊ ရှင်စောပုတိုက်တန်း၊ မက္ကတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။

အီးမေးလ်
thebagovoice@gmail.com

ဖုန်း
၀၉ ၃၁ ၂၀ ၇၉ ၆၂၊ ၀၉ ၄၅ ၀၀၀ ၅၄ ၈၀



ပဲခူးတိုင်းဒေသကြီးအတွင်း အသစ်ထွက်ရှိမည့်
''ပဲခူး အသံ" ဂျာနယ် တွင် တာဝန်ထမ်းဆောင်ရန်

အလုပ်သင် သတင်းထောက် ၃ ဦး
စာစီစာရိုက် ၁ ဦး

သတင်းစာ ပညာကို စိတ်ဝင်စားသော တက္ကသိုလ်ဝင်တန်းအောင် အသက် ၃၀ နှစ်အောက် ကျား/ မ လူငယ်များ လျှောက်ထားနိုင်သည်။

လျှောက်ထားလိုပါက...

အမှတ် ၁၄၊ တိုက် ၇၊ မက္ကတစ်လမ်း တိုက်တန်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။
ဖုန်း - ၀၉ ၄၅ ၀၀၀ ၅၄ ၈၀၊ ၀၉ ၃၁၂၀ ၇၉၆၂
Read More...

(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အမှတ်တရအားကစားပြိုင်ပွဲများ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့

Leave a Comment













(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အမှတ်တရအားကစားပြိုင်ပွဲများ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့
***************************************

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ မြို့နယ်အားကစား ဘောလုံးကွင်းအတွင်း ယနေ့ ၁၂.၂.၂၀၁၄ ရက် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ရာ ဘောလီဘော၊ပိုက်ကျော်ခြင်း၊မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပွဲ၊လွန်ဆွဲပြိုင်ပွဲ၊ချောတိုင်တက်ပွဲများကို မြို့နယ်အားကစားဘောလုံးကွသ
င်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် အဖွဲ့၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့်အဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်ဦး နှင့်အဖွဲ့၊အားကာမှူးများနှင့်ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့များတက်ရောက်အားပေးခဲ့သည် အဆိုပါအခမ်အနားကိုကို ယနေ့ မနက်(၇း၀၀)အချိန့်မှစတင်ခဲ့ပြီး ပြည်သတ္တသိုလ်မှ ပိုက်ကျော်ခြင်းအဖွဲ့ နှင့် ဘောလီဘောအသင်းများတွင်သာမက ရပ်ကွက်အသီးသီးမှ အားကစားဝါသနာရှင်များ စုစုပေါင်းအင်အား(၃၀၀)ကျော်တက်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အမှတ်တရ

Leave a Comment


(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အမှတ်တရ
++++++++++++++++++++++++++++++++++
“ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။
တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။

ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။””

အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇) တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ် တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်အသင်း အမှုဆောင် မဂ္ဂဇင်း အယ်ဒီတာနေရာ အတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။

ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင် နေထိုင်ကာ တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေ မိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူး အဖြစ်လည်းကောင်း ရွေးချယ် တာဝန်ပေးခန့်အပ်ခဲ့သည်။

ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာ တာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။

ဦးဖေခင် အဆိုတင်သွင်းရာတွင် ဆာဒေါ်မာန်စမစ်၏ ဆင်းမလား စက္ကူဖြူ စာတမ်းသည် တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဆက်လက်ခြယ်လှယ်ဖို့ ၄င်းတို့၏ အလိုတော်ရိ ပဒေသရာဇ်တို့ ရာသက်ပန်တည်မြဲစေဖို့အတွက် နယ်ချဲ့၏ မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တွေက နှစ်ပေါင်း(၇၀)နီးပါး အုပ်စိုးခဲ့ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးဟုဆိုလျှင် နောင်နှစ်ပေါင်း (၁၀၀)ကြာသည် အထိ စောင့်ရဦးမည်လားဟု မေးလိုကြောင်း၊ မိမိတို့သည် ကျွန်ဘ၀ကို အတူတူရောက်ခဲ့သည့် အတွက် လွတ်လပ်သည့်အခါတွင်လည်း အတူတူပင် တစ်ပြိုင်တည်း လွတ်လပ်ချင်ကြောင်း၊ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ဆုံးဖြတ်ရန်ကိစ္စ မဟုတ်ဘဲ၊ မိမိတို့အချင်းချင်း လွတ်လွတ်လပ်လပ် ကူးလူး ဆက်ဆံ ညှိနှိုင်းဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ရှမ်းပြည်လူထုကြီးကလည်း ပဒေသရာဇ်စော်ဘွားတွေ၏ ဖိနှိပ်ချုပ်ချယ်မှုများအား ဆက်လက် သည်းမခံနိုင်တော့ကြောင်း ပြောကြား သွားခဲ့သည်။

ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန် မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေး ရယူရာတွင် တောင်တန်းနှင့်ပြည်မ ပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးနေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦး အမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်ကြောင်း ” ကြေးနန်းစာ တစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ်အခြေအနေပင်။

ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။

အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇) တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံ တက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည်ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့် တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန် မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာစေခဲ့သည့် “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေး အတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက) ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

ကျော်မိုးအောင်

( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )

ကိုမင်းညို(DVB)

ဲပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

ခေသူမဟုတ် ................သရ၀ဏ် (ပြည်)

Leave a Comment



ခေသူမဟုတ်

သရ၀ဏ် (ပြည်)

ထူးကြီး

-မူးကြီးရေ……..ပြီးခဲ.တဲ.အပါတ်ကထူးကြီးမူးကြီးမပါလို.တဲ.လူတွေကမေးနေကြတယ် ၊မင်းဘယ်ရောက်နေလို.လဲ

မူးကြီး- ငါလား ၊ အရက်ဆိုင်များလျှို.၀ှက်ချက်ပေါက်ကြားမှုနဲ. ၊ ရဲစခန်းကလာဖမ်းလို.ပါသွားတာပါ (အဲလေယောင်လို. ) အရက်ဆိုင်မှာမူးပြီးအိပ်ပျော်နေလို.ပါကွာ

ထူးကြီး- မင်းကတော. ဖြစ်ရမယ် ။စကားပြောရင်ဆင်ခြင်ပြီးပြောနော် ၊အခုတလော ၀ဇီကံကြောင်.အချို.ပုဂ္ဂိုလ်ကြီးတွေ ချဉ်ဖတ်ဖြစ်နေကြတယ် ။ မင်းလဲရောပါသွားမယ် ။

မူး- ဘာတွေဖြစ်နေကြလို.လဲဟ ။

ထူး- မင်းမူးပြီးအိပ်ပျော်နေတာဆိုတော.လဲပြောပြရတာပေါ.ကွာ ။ ဟိုတလောက မွန်ပြည်နယ်လွှတ်တော်မှာ အရွေးမကောက်ခံကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်ကပြောတယ်တဲ. ။ လွှတ်တော်နိုင်ငံရေးမှာတပ်မတော်က၀င်ပါနေရတာဟာ မြန်မာပြည်ရဲ.ပညာရေး နိမ်.ကျနေလို. ထိန်းကျောင်းတဲ.အနေနဲ.တပ်မတော်က၀င်ပါနေရတာပါတဲ.

မူး- ဟေ ..အရင်တုန်းကပြောတော. တိုင်းပြည်ချောက်ထဲကျမှာစိုးလို.၀င်ကယ်တာဆို

ထူး- ခေါင်းစဉ်ပြောင်းသွားပြီကွ ၊ချောက်ထဲကျသွားတာကကြာပြီဆိုတော. ဆင်ခြေကဟောင်းသွားပြီ ၊အခုခေတ်ကအသစ် အသစ်တွေခေတ်စားနေတာလေ ။

မူး- ဒါဆိုတပ်မတော်သားတွေကပညာတော်တော်တတ်မှာပေါ.

ထူး- အော် လွှတ်တော်ကပညာရည်နိမ်.ကျလို.၀င်ပြီးထိန်း ကျောင်းတယ် ဆိုတော. တတ်ပြီလားမောင် ၊ သူတို.ရဲ.ခေါင်းဆောင်ဟောင်း ဟိုလူကြီးဆို ( ၂၄ ) တန်း တောင်တတ်တာ ။

မူး- မြင်.လှချည်လားကွာ ၊ ငါတော. ဆယ်.လေးတန်းအထိပဲကြားဖူးပါတယ် ။

ထူး- မဟုတ်ဘူးကွ ၊ အဲဒိခေါင်းဆောင်ကြီးရဲ.အတ္ထုပ္ဖတ္တိကိုရေးတိုင်း (၁၀)တန်းလိုလို ၊ (၈)တန်းလိုလို ၊ (၆)တန်းလိုလိုနဲ.မရေမရာ ရောချလွန်းလို. ငါက ၁၀+၈+၆ =၂၄ တန်းလို. ယူဆလိုက်တာပဲ ။

မူး- တော်တော်မြင်.တာပဲနော် ၊ ဒါ.ကြောင်.လဲတပ်မတော်သားတွေက ၀င်ရောက်ထိန်းကျောင်းနိုင်တာပေပဲ ၊အံ.ဖွယ်သရဲပေါ.ကွာ ၊ မင်းပြောတော. ဖ.ဆ.ပ.လ ခေတ်က ကချင်တိုင်းရင်းသားေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင် ရဲ.ပညာအရည်အချင်းကို ဦးနုကကြေငြာသွားတာအမှတ်ရမိတယ် ။

ထူး - ဘယ်လိုကြေငြာလို.တုန်းဟ

မူး- ဆမားဒူးဝါးကြီးဟာ တိုင်းရင်းသားခေါင်းဆောင်ဖြစ်ပေမယ်. ကျောင်းပညာအရည်အချင်းတော.ရေရေရာရာမ၇ှိဘူးဟ ။ အဲဒါနဲ. သူ.ရဲ. ကိုယ်ရေးမှတ်တမ်းမှာ ပညာအရည်အချင်း ဖော်ပြဖို.လုပ်တော. ၀န်ကြီးချုပ်ဦးနုကကြံဖန်ဂုဏ်ဖော်ပြီး ( ပညာအရည်အချင်း= ခေသူမဟုတ် ) လို.ဖြည်.လိုက်ပါသတဲ. ။အခုလဲ တပ်မတော်သားလွှတ်တော်အမတ်တွေလဲခေသူတွေတော.မဟုတ်ကြဘူးကွ ။

ထူး - မူးကြီးရာ မြန်မာပြည်ပညာရေးနိမ်.ကျလို. လွှတ်တော်မှာတပ်မတော်က၀င်ပါတယ်လို.ပြောရင် ငါသိချင်တာက တကယ်လို.ပြည်သူလူထုက လွှတ်တော်ထဲကို M.A တွေ M.Sc တွေ ၊ Ph.D တွေ ၊ ဒေါက်တာဘွဲ.ရတဲ.သူတွေချည်းပဲ ရှာဖွေပြီးရွေးကောက်တင်မြှောက်ခဲ.မယ်ဆိုရင်ရော တပ်မတော်ကလွှတ်တော်ထဲကထွက်သွားမှာလား ။

မူး - ၀န်ကြီးတစ်ပါးရဲ.စကားကို ငှားပြောရရင်တော. ရူးလို.ပြောတာပေါ.ကွာ ။

ထူး- အေးဟ အဲဒိဝန်ကြီးရဲ.စကားလဲ အတော် အင်တာနက်မှာရော ဂျာနယ်မှာရောပျံ.နှံ .နေတယ်နော် ။

မူး- အေးကွ အရင်ကလက်လွတ်စပယ်ပြောခွင်.ရတုန်းကပြောခဲ့တဲ.အရှိန်တွေအခုအထိ မဖျောက်နိုင်ပဲကျန်နေတုန်းပဲ ။ ဘာတဲ. ကျုပ်က သေနတ်ကိုင်ပြီးအုပ်ချုပ်ခဲ.တာတဲ. ၊ နိုင်ငံရေးသမား ကိုဂရုစိုက်စရာမလိုဘူးတဲ. ၊ အားလုံးပြောမရရင်အချုပ်ထဲပို.ပစ်မယ်တဲ. ၊ နယ်လှည်.ပြီးပါးရိုက်လာတဲ.ကောင်တဲ.၊ တပ်မတော်အစိုးရလက်ထက်မှာနိုင်ငံမတိုးတက်ဘူးဆိုရင် ဒါရူးလို.ပြောတာတဲ.

ထူး -ဒါတော.မှန်တယ်ကွ ၊ တိုးတက်တာကတော.အမှန်ပဲ ။ ငါတို.ဆို ဘတ်(စ်)ကားစီးရင်အမြဲတိုးတက်နေရတာပဲ ။အချို.နေရာများဆို ထိုင်ခုံမရှိလို.နောက်ကတောင်တွဲလောင်းခိုစီးရတာမောင် ။ဒီလောက်တိုးပြီးတက်နေရတဲ.ဟာကိုမှ တိုးတက်တယ်မခေါ်ရင် ဘာကိုခေါ်မှာလဲဟ ။

မူး- မင်းရဲ.အမြင်တွေအရမ်း ကြည်လင်ပြတ်သားတယ်ကွာ ။ဒါနဲ.နိုင်ငံရေးသမားတွေကိုကြိမ်းမောင်းခြိမ်းခြောက်တယ်ဆိုတော. နိုင်ငံရေးသမားက ဘယ်သူတွေတုန်းဟ ။

ထူး -နိုင်ငံရေးသမားဆိုတာကတော. နိုင်ငံရေးရာတွေလုပ်နေတဲ.သူတွေအားလုံးပါတာပေါ. ။ပဲပြုတ်သည်ကနေ သမ္မကြီး ဦးသိန်းစိန်အထိ ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို.လဲပါသပေါ.မောင် ။

မူး- ဒါဆိုသူအချုပ်ထဲထည်.မယ်လို.ကြိမ်းတဲ.အထဲမှာ ဦးသိန်းစိန်တို. ၊ဦးရွှေမန်းတို.လဲပါတာပေါ.နော်

ထူး -အဲဒါတော.ငါလဲမပြောတတ်တော.ဘူးကွာ ၊အဲဒိဝန်ကြီးကိုပဲသွားမေးလိုက်တော. နိုင်ငံရေးသမားဆိုတာ ဘာကိုခေါ်တာလဲလို. အဓိပါယ်ဖွင်.ပြပါလို.

မူး -မသွားရဲဘူးကွ ၊ငါ.ပါ ဖမ်းကုပ်ထားလို. အချုပ်ထဲမှာ အရက်မသောက်ရပဲဖြစ်နေမယ် ။

ထူး- နိုင်ငံတကာမှာတော. ရာထူးကြီးလေ စကားအပြောအဆိုယဉ်ကျေးလေပဲနော်

မူး- ငါတို.နိုင်ငံမှာတော. ပြောင်းပြန်ဟ ရာထူးကြီးလေစကားပြောမိုက်ရိုင်းလေပဲလို.တောင်ပြောရမလိုပဲ ဟေ.ေ၇ွှလက်နဲ.ခေါ်လို.မလာရင် Bullet နဲ.ခေါ်မယ်တို. ၊ တောင်သူတွေထမင်းတစ်နပ်လျှော.စားပါတို. ၊ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းနေပါတို. ၊ ပြည်သူတွေကရူးနေလို.ပါတို. ၊ လျှပ်စစ်တွေပိုလျှံလို.တရုတ်ကိုရောင်းစားရတာပါတို. ၊ ဘာနိုင်ငံရေးသမားကိုမှဂရုမစိုက်ဖူးတို. ၊ ဗိုလ်ချုပ်အုန်းမြင်.ဆိုပြီးနယ်တကာလှည်.ပါးရိုက်ရဲတယ်ကွ တို. စသည်ဖြင်.ပေါ.ကွာ ကြားရတာတစ်စက်မှ ယဉ်ကျေးမှုမရှိပါဘူး

ထူး- ငါတို.တပ်မတော်ကြီးဟာ ဖက်ဆစ်ဂျပန်တွေဆီမှာတပည်.ခံပြီးဖွဲ.စည်းခဲ.လို.များ ဒီလို ပညတ်သွားရာဓါတ်သက်ပါသလားမသိပါဘူးကွာ ။

မူး- ငါတော.အဲဒိလိုစကားကြမ်းကြမ်းပြောတာကြိုက်တယ်ဟေ.

ထူး- မင်းကတော.လုပ်လာပြန်ပြီ ။ ဒီလောက်ဝိုင်းကန်.ကွက်နေတာကိုမင်းကပဲကြိုက်ရသေးတယ်တဲ.လား

မူး- ဒါကဒီလိုကွ ၊ ၂၀၁၅ ရွေးကောက်ပွဲကြီးကတဖြည်းဖြည်း နီးလာပြီမဟုတ်လား ။ တို.နိုင်ငံမှာ အဓိကအားဖြင်. ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီရယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရယ်ဆိုပြီးပါတီကြီးနှစ်ခုရှိတယ်မို.လား ။ဒါပေမယ်. အဲဒိပါတီကြီးနှစ်ခုလုံးရဲ.ပါတီဝင်မဟုတ်ပဲ ဘယ်ပါတီကိုမဲပေးရင်ကောင်းမလဲလို.စောင်.ကြည်.နေတဲ. ကြားနေပြည်သူလူထုလဲရှိသေးတယ်လေ

ထူး- အေးလေ၊ရှိတာပေါ. ။ငါဆို ဘယ်ပါတီမဲပေးရမလဲ မဆုံးဖြတ်ရသေးဘူး ၊ငါ.ကိုရွေးကောက်ပွဲနေ.မှာ အရက်တစ်ပုလင်းပေးပြီးစည်းရုံးတဲ.ပါတီကိုမဲပေးဖို.ဆုံးဖြတ်ထားတယ် ။

မူး- ငါဆိုလိုတာက အာဏာရပါတီ ကြီးက ပုဂ္ဂိုလ်တွေ အပြောတစ်ချက် ဆိုးလိုက်တိုင်း ၊ပြည်သူလူထုကိုတစ်ခါမောက်မာ ပြလိုက်တိုင်း ကြားနေတဲ.လူတွေဟာ ဟိုဘက်ကိုအလိုလိုပါသွားတယ်ကွ ။ အထူးအထွေစည်းရုံးစရာမလိုဘူး ။

ထူး- ဘောလုံးပွဲမှာ ညစ်တဲ.အသင်းကိုအမြင်ကပ်ပြီး ၊ တစ်ဖက်အသင်းကို အားပေးကြသလိုပေါ. ။

မူး- အေး ၊ အဲဒါကြောင်. ၀န်ကြီးတွေ ၊လွှတ်တော်အမတ်တွေ ၊ ပါတီဝင်ကြီးတွေ ဒိထက်ပိုပြီး မိုက်နိုင်ပါစေ ၊ရိုင်းနိုင်ပါစေ ၊ ပြောချင်တာတွေ စိတ်လွတ်ကိုယ်လွတ်ပြောနိုင်ပါစေ ၊ များများပြောလေကောင်းလေပဲလို. အဆင်းကိုဘီးတပ်ပေးလိုက်ရပါသဗျ ။

ထူး- မူးကြီးရာမင်းကတော. ခေသူမဟုတ်ပါလားကွာ

သရ၀ဏ်(ပြည်)



ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

ပြည်မြို့ တရုတ်စုရပ်ကွက် မိသားစု(နိဗ္ဗာန်ဈေးအလှူ)

Leave a Comment

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့အတွင်းရှိ တရုတ်စုရပ်ကွက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နိဗ္ဗာန်ဈေးအလှူတော်ကို (၁၂.၂.၂၀၁၄)ရက်နေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင်(၇)ကြိမ်မြောက်ရှိခဲ့ပါပြီ ယခုနှစ်ဆိုလျှင် တရုတ်စုရပ်ကွက်အတွင်းနေထိုင်ကြသော မိသားစု အိမ်ထောင်စုပေါင်း(၅၅၀)ခန့် လှူဒါန်းမည့် နိဗ္ဗာန်ဈေးအလှူလက်မှတ်ပေါင်း (၁၉၀၀၀) စောင် ရရှိထားပြီးဖြစ်ပါတယ်။

မနက်ဖြန် (၁၂.၂.၂၀၁၄)ရက်နေ့ နေ့လည်(၁း၀၀)အချိန်ခန့်တွင် တရုတ်စုရပ်ကွက်မိသားစု နိဗ္ဗာန်ဈေးအလှူလက်မှတ်များကို တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)မဏ္ဍပ်မှာ မည်သူမဆို အခမဲ့ဝေငှ ပေးမှာဖြစ်ပါတယ် မနက်ဖြန် (၁၂.၂.၂၀၁၄)ရက်နေ့ မနက်(၆း၀၀)အချိန်ခန့်မှာ ပင့်သံဃာဆရာတော်(၅)ပါးကို အာရုဏ်ဆွမ်း နှင့် မုန့်ဆွမ်းခဲဖွယ်များ လှူဖွယ်ဝတ္ထူအစုစုတို့ကိုကပ်လှူပှုဇော်တရားတော်နာ ရေစက်ချကျင်းပပြုလုပ်မှာဖြစ်ပြီး ညနေ(၄း၀၀)အချိန်ခန့်မှာတော့ နိဗ္ဗာန်ဈေးအလှူတော်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)မဏ္ဍပ် မှ နိဗ္ဗာန်ဈေးဖြစ်မြောက်ရေးလူငယ်အဖွဲ့မျာယးမှလည်း ဆန်(၁)ပြည်ထုပ် (၁၀၀)ထုပ်။ ဂွမ်းစောင် အထည်(၃၀) နှင့် ကော်ဇလုံကြီးအလုံး(၃၀)တို့ကိုပါ စုပေါင်းလှူဒါန်းပူဇော်သွားဖြစ် ဖြစ်ပါသောကြောင့် မည်သူမဆိုနိဗ္ဗာန်ဈေးအလှူလက်မှတ်များ ဝေငှလှူဒါန်းချိန်တွင်လာရောက်ထုတ်ယူနိုင်ပါကြောင်း ပြည်သတင်း မှတဆင့် နိုးဆော်အပ်တယ်။

(တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)မဏ္ဍပ်မှတာဝန်ရှိသူများ..)

၁။ဦးဇော်မြင့်
၂။ဦးလှမြင့်
၃။ဦးအောင်မင်းလတ်
၎။တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)လူငယ်အဖွဲ့

ပြည်သတင်းလူငယ်(ပြည်သတင်း)

ပြည်သတင်းလူငယ်(ပြည်သတင်း)..၀၉၄၀၁၆၁၆၃၂၃
ပြည့်ဖြိုးပြည်(ပြည်သတင်း)...၀၉၄၃၀၄၇၈၆၂
Read More...

ဇနီးဟောင်းကို ခင်မွန်းဟောင်းက အိမ်ပေါ်တက်ဓားဖြင့်ခုတ်

Leave a Comment
ပြည်မြို့တွင် ဇနီးဟောင်းကို ခင်ပွန်းဟောင်းက အိမ်ပေါ်တက် ဓါးဖြင့်ခုတ်

ရေခဲ (ပြည်) မဇ္ဈိမ

တစ်ခြံတည်းတွင် တစ်အိမ်စီခွဲနေသူ ခင်ပွန်းဟောင်းကို နေအိမ်ခြံဝန်းအတွင်းက ထွက်သွားရန်
နှင်ထုတ်သည့်အတွက် ခင်ပွန်းဟောင်းက ဇနီးဟောင်းကို အိမ်ပေါ်တက်ကာ ဓါးဖြင့်ခုတ်မှု ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ဖေဖော်ဝါရီလ ၇ရက် နံနက် ၇နာရီက ပြည်မြို့ မုဌောကျေးရွာအုပ်စု လူကြီးကုန်းကျေးရွာနေ အမျိုးသမီးသည် ငါးနှစ်ခန့် ကင်းကွာနေပြီး တစ်ခြံတည်း တစ်အိမ်စီနေ ခင်ပွန်းဟောင်းဖြစ်သူကို နေအိမ်ခြံဝန်းအတွင်းမှ ထွက်သွားရန် နှင်ထုတ်ခဲ့သည်။ ထိုသို့နှင်ထုတ်သဖြင့် ခင်ပွန်းဟောင်းဖြစ်သူက ဇနီးဟောင်းအမျိုးသမီး၏ နေအိမ်ပေါ်သို့တက်ကာ ဓါးဖြင့်ခုတ်ခဲ့သည်ဟု အမှတ်(၃) ရဲစခန်း၊ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ခင်ပွန်းဟောင်း၏ ဓါးဖြင့်ခုတ်မှုကြောင့် ဇနီးဟောင်းဖြစ်သူ အမျိုးသမီးတွင် ဝဲပါးပြတ်ရှဒဏ်ရာ၊ ဝဲလည်ပင်းပြတ်ရှဒဏ်ရာ၊ ယာဂျိုစောင်းပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီးပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသခံယူနေရသည်။ အဆိုပါဓါးခုတ်မှုကို ပြည်မြို့အမှတ်(၃) ရဲစခန်းတွင် (ပ)၂ဝ/၂ဝ၁၄ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၂/၃၂၆ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။
Pyay Ct

ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

ဖိတ်ကြားလွှာ

Leave a Comment
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တ္တေရာမြို့ သစ် အ,ထ,က(၅)၁၇ကြိမ်မြောက်အာစရိယပူဇော်ပွဲ အခမ်းအနားကိုဖေဖော်ဝါရီလ၁၂ရက်နေ့ နံက် ၁၀နာရီမှ ၁၂နာရီအထိကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကျောင်းသားကျောင်းသူဟောင်းများအားလုံးတက်ရောက်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။    

ထို့နောက် အာစရိယပူဇော်ပွဲအထိမ်အမှအဖြစ်11;2;2014နေ့ နှင့်12;2;2014နေ များတွင်ညစဉ်7:00အချိန်မှစတင်၍အရှင် ဂန္ဓမာဘီအေ နှင့်အရှင် ပါကဋာလင်္ကာံရ(ဓမ္မပါလ)တို့မှနိဗ္ဗန်ရေက်ကြောင်း တရားများကို ဟောကြားတော်မူကြမည်ဖြစ်ပါသဖြင့်တရားချစ်ခင်သူတော်စင် အပေါင်းကြွရောက်တော်မူကြပါရန်ဖိတ်ကြားအပ်ပါသည်။့  
ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Sunday, February 9, 2014

ခြံရောင်းမည်

Leave a Comment



ခြံရောင်းမည်
*********
ပဲခူးတိုင်း၊ပြည်မြို့၊စက်မှုဇုန်(၂)မျက်နှာချင်းဆိုင်၊ဘုရင့်နောင်လမ်းမကြီး(မြို့ရှောင်လမ်း) ပေါ်တွင်တည်ရှိပါသည်။
လမ်းမကြီးမျက်နှာစာ (၄၄၀”) x ရှေ့နောက်(၂၅၀”)၊ဧရိယာ ဧက(၂.၅)ဧကရှိပါသည်။ အုတ်တံတိုင်းခတ်ပြီး
ထရန်စဖော်မာ (200-KAV) တပ်ဆင်ပေးပါမည်။ ၂” စက်ရေတွင်းတူးပြီး။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စစ်
တွေကုလားတန်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ဆက်သွယ်သောလမ်းမပေါ်တွင်တည်ရှိပါသည်။ (လ/န ၃၉ကျပြီး)
ဆက်သွယ်ရန်  09 423667988
                 09 254031223
                 053-28290

 The place is located in Pyay, bago division (West), and infront of Pyay Industrial zone (2).
 This place is also locatd on the Bayintnaung High-way Road that join Yangon City ant
 KyaukPhyu international Seaport, Sittwe-Kalatan Seaport. the length of this place is 440 feet
 along the Bayintanung highway Road and width is 250 feet. The area of this place is 2.5
acreage. This area is inclosed with brick-wall and includes 2" PVC pipe-well.If you buy this
place, the owner will fit the 200 KVA transformer.
                                      (the register of this piace is LaNa 39)
ပြည်သတင်း
Read More...

ဖိုးဦးတောင်စေတီတော်မြတ်ကြီးသမိုင်း...အပိုင်း(၂)

Leave a Comment


ဖိုးဦးတောင်စေတီတော်မြတ်ကြီးသမိုင်း...အပိုင်း(၂)
********************************

မုနိန္ဒာဘိ၊သိရိသဒ္မ၊ပ၀ရခေင်းမှူး၊အောင်ပွဲမှုဖြစ်တော်မှုသော သဗ္ဗညုရှင်တော်ဘုရားသည်။ ဘိုးတော်အဉ္စနမင်းကြီး ဖြိုပြီး သက္ကရာဇ် ၁၀၃.ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင်  လူတွင်ထင်ရှား
ဘုရားအဖြစ်သို့ ရောက်တော်မှုပြီးလျှင် သတ္တာဟကို လွန်တော်မှု၍ ဗာရာဏသီပြည်အနီး မိဂဒါဝုံတောကြီး၌ အညာတ ကောဏ္ဍည အစရှိသောပဉ္စ၀ဂ္ဂီငါးဦးနှင့်တကွ တစ်ဆယ့်ရှစ်ကုဋေသော
နတ်ဗြဟ္မာ အပေါင်းတို့အား ဓမ္မစကြာတရားအမြိုက် တိုက်ဝေတော်မှု၍ ဗာရာဏသီပြည်၌ ပထမ၀ါကပ်တော်မှု၏။ ၀ါကျွတ်တော်မှုသည်ရှိသော် ခြောက်ကျိပ်သော ရဟန်းတို့ကို ထိုထိုအရပ်သို့
စေလွှတ်တော်မှုပြီး ကိုယ်တော်တပါးတည်း ကပ္ပသိတောအုပ်သို့ ကပ်တော်မှုပြီးလျှင် ဘဒ္ဒ၀ဂ္ဂီမင်းသား သုံးကျိပ်တို့အား ဧဟိ-ဘိက္ခု ရဟန်းအဖြစ်သို့ ရောက်စေတော်မှု၏။ ထိုရဟန်းတို့အားလ
ည်း အခြားအရပ်သို့ စေလွှတ်တော်မှုပြန်၍ ကိုယ်တော်တပါးတည်းသာ ဖလသမာပတ်ချမ်းသာကို ခံစားတော်မှုလျှက် နေတော်မှု၏။ သမာပတ်မှ ထတော်မှုလျှင် ဒိဗ္ဗစက္ခုဥာဏ်၊အနာဂတံသဥာ
ဏ်တော်တို့ဖြင့် ကြည့်တော်မှုသည်ရှိသော် ငါဘုရား၏ သာသနာတော်မြတ်သည် မဇ္ဈိမဒေသ..အရပ်၌ သာသနာနှစ် နှစ်ရာ့ငါးဆယ်မျှသာ တည်လတ္တံ့ ဟုမြင်တော်မှု၏။ ထို့နောက်တဖန် ဆင်
ခြင်တော်မှုပြန်လျှင် သီဟိုဠ်၊သရေခေတ္တရာ၊သထုံ၊ပေါက္ကံ စသောအရပ်တို့၌ သာသနာတော်အဓွန့်ရှည်စွာ တည်ထွန်းအံ့သည်ကို မြင်တော်မှု၏။ ရှေးဦးစွာ ကိုယ်တော်တစ်ပါးတည်း သီဟိုဠ်ကျွန်း
သို့ ကြွတော်မှုပြီးလျှင် မဟာမေဃ၀န်ဥယျာဉ်တည်ရာအရပ်၌ တစ်ဆယ့်ယူဇနာရှိသော ဗြဟ္မာမင်းကြီးအဟန် ဖန်ဆင်းတော်မှုပြီးလျှင် နတ်၊နဂါး၊ဘီလူးတို့အား သရဏဂုံ၊ပဉ္စသီ မဂ်ဥာဏ် ဖိုလ်
ဥာဏ်တို့၌ တည်ထားတော်မှု၏။ ထိုမှသည် ဇမ္ဗူဒိပ်ကျွန်း၊သီဟပဗ္ဗတတောင်(၀ါ)ဖိုးဦးတောင်သို့ လက်ယာခြေတော်ကို ချီတော်မှုသဖြင့် တစ်လှမ်းတည်း ကြွရောက်တော်မှုသတည်း။............

ဖိုးဦးတောင်စေတီတော်မြတ်ကြီးသမိုင်း...အပိုင်း(၃) အားဆက်လက်ဖတ်ရှုပေးပါရန်.......

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စု အတွင်းတည်ထားကိုးကွယ်တော်မူသော ဂေါတမမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေးရှင်တော်၊ကုမုဒ၊ပုဏ္ဍရိက၊သုပုပ္ပိတ လေး
မည်ရသော မွေးညင်းတော်မြတ်များ ဌာပနာတည်ထားကိုးကွယ်ခဲ့သော ဖိုးဦးတောင်ဘုရားသမိုင်းအား ရန်ကုန်မြို့၊ကမ္ဘာအေး၊သာသနာရေးဝန်ကြီးဌာန၊သာသနာရေးဦးစီးဌာန၊ကမ္ဘာအေးစာပုံနှိပ်
တိုက်တွင် ညွှန်ကြားရေးမှုး ဦးဝင်းနိုင် မှတ်ပုံတင်အမှတ်(၀၃၈၄၃/၀၂၄၀၅)က ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖိုးဦးတာင်ဘုရား ထီးတော်အသစ်တင်လှူပှုဇော်ရေးနှင့်စာအုပ်ဖြစ်မြောက်ရေး ဆပ်ကော်မတီ
အဖွဲ့များဖြစ်ကြသော....
၁။ဦးပန်းအောင်..............နာယက
၂။ဦးအောင်ခိုင်ကျော်........အဖွဲ့ဝင်
၃။ဦးဇော်မင်းဦး...................။
၎။ဦးသိန်းဦး.......................။
၅။ဦးအေးကြိုင်....................။တို့ကြိုးစားအားထုတ်မှု့နှင့် ဘဒ္ဒန္တ ရာဇိန္ဒ တောင်တော်တာဝန်ခံဆရာတော် ဖိုးဦးတောင်ကျောင်းတိုက် ဖိုးဦးတောင်ဘုရားပဓာနနာယက
ရွာသာယာအုပ်စု ပန်းတောင်းမြို့နယ် ပြည်ခရိုင် ပဲခူးတိုင်း မှ ကိုးကားခဲ့သောကျမ်းများ...........
၁။စေတိယပကာသနီကျမ်း...
၂။မြန်မာရာဇ၀င်ပေါင်းချုပ်...
၃။မြန်မာ့စွယ်စုံကျမ်း...
၎။မှန်နန်းရာဇ၀င်
၅။ရွှေဆံတော်သမိုင်း
 တို့မှတဆင့် ရေးသားထုတ်ဝေခဲ့သော ဖိုးဦးတောင်သမိုင်းစာအုပ်အား ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း) မှတဆင့်ကူးယူဖော်ပြရေးသား ပူဇော်အပ်ပါတယ်။.......

ဖိုးဦးတောင်စေတီတော်မြတ်ကြီးသမိုင်း...အပိုင်း(၃) အားဆက်လက်ဖတ်ရှုပေးပါရန်......

ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

ဗြဟော်ကျေးရွာမူလွန်ကျောင်းစာသင်ခုံဆယ့်ငါးခုံလိုအပ်နေကြောင်းဒေသခံများပြောကြား ပြည့်သဲမောင်(ပြည်)

Leave a Comment



ဗြဟော်ကျေးရွာမူလွန်ကျောင်းစာသင်ခုံဆယ့်ငါးခုံလိုအပ်နေကြောင်းဒေသခံများပြောကြား

 ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့နယ်ပေါင်းတလည်မြို့တောင်ခွေးရဲကျေးရွာအုပ်စုဗြဟော်ကျေးရွာမူလတန်းလွန်ကျောင်းတွင်ကျောင်းသား/သူများပညာသင်ကြားရန်စာသင်ခုံ(၁၅)လုံးလိုအပ်လျှက်ရှိ ကြောင်းအဆိုပါကျေးရွာမူလတန်းလွန်ကျောင်း၏ကျောင်းအကျိုးတော်ဆောင်အဖွဲ့အဖွဲ့ဝင်ဦးအောင် ဇော်မင်းကပြောပါသည်။ “အခုလောလောဆယ်မျှထိုင်ပြီးသင်နေရတယ်။ချောင်ချောင်ချိချိမဖြစ်ဘူး။ဖြည့်စွက်ခုံတော်တော်လို မယ်။ထိုင်ခုံဆယ့်ငါးလုံးလောက်လိုမယ်။လက်ရှိအနေအထားစာသင်ဖြစ်တဲ့အနေအထားမျိုးမှာဘဲရှိမယ်”ဟုကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်ဦးအောင်ဇော်မင်းကဆိုသည်။ အဆိုပါမူလတန်းလွန်ကျောင်းတွင်ကျောင်းသား/သူဦးရေး(၁၁၃)ဦးအားစာသင်ခုံ(၃၆)စုံဖြင့်ပညာ သင်ကြားပေးလျှက်ရှိသည်။စာသင်ခုံ(၃၆)စုံအနက်ပညာရေးဌါနကဖေဖော်ဝါရီ(၃၀)ရက်နေ့တွင်ချ ထားပေးသောစာသင်ခုံ(၇)စုံနှင့်အခြားစာသင်ခုံ(၅)စုံသာခုံကောင်းများဖြစ်ပြီးကျန်ခုံများမှာယိုင်နဲ့ဆွေး မြေ့နေပြီဖြစ်ကြောင်းသူကပြောပါသည်။ စာသင်ခုံများမလုံလောက်သဖြင့်သုံးယောက်စာသင်ခုံတစ်ခုံလျှင်ကျောင်းသာ/သူငါးဦးလေးယောက်စာ သင်ခုံတစ်ခုံလျှင်ကျောင်းသား/သူခြောက်ဦးစသည်ဖြင့်စုပေါင်းသင်ကြားနေရကြောင်းအဆိုပါမူလတန်းကျောင်းကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးဝင်းကပြောပါသည်။ ဗြဟော်မူလတန်းလွန်ကျောင်းစာသင်ခခုံများလိုအပ်နေသည့်ကိစ္စနှင့်ပတ်သတ်၍ပြည်မြို့နယ်လက် ထောက်ပညာရေးမှူးဦးစိုးနိုင်ဝင်းက“စာသင်ခုံလိုအပ်ချက်တွေကိုရုံးချုပ်ကိုတင်ပြထားတယ်။ရုံးချုပ်ကခွဲတန်းချပေးမယ်ဆိုရင်တကယ်လိုအပ်တဲ့ကျောင်းတွေကိုဦးစားပေးစနစ်ပထမဆုံးအသုတ်ထုတ်ပေး တယ်”ဟုသူကဆိုသည်။ ဗြဟော်ကျေးရွာမူလတန်းလွန်ကျောင်းကို(၁၉၆၂)ခုနှစ်တွင်ဆောက်လုပ်ခဲ့ရာ(၂၀၀၁)ခုနှစ်တွင်လေမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သဖြင့်(၂၀၀၃)ခုနှစ်တွင်ထပ်မံဆောက်လုပ်ခဲ့ရသည်။ကျောင်းဝန်းအလျားပေ(၆၀)အနံပေ(၃၀)၊အမြင့်(၁၅)ပေရှိပြီးဆရာ/ဆရာမ(၇)ဦးဖြင့်သူငယ်တန်းမှသတ္တမတန်းအထိပညာ သင်ကြားပေးလျှက်ရှိသည်။


Read More...

Facebook Like Page