Tuesday, December 9, 2014

ကြက်မွေးမြူရာတွင် ပတ်ဝန်းကျင်အား အနံ့ဆိုးများနှင့် ကျန်း မာရေးထိခိုက်သည့်အတွက် တိုင်ကြားရာနေပြည်တော်ညွှန်မှူး ၏ ကြက်ခြံဖြစ်ကြောင်း မကျေနပ်ပါက တိုင်ချင်ရာတိုင်နိုင် ကြောင်းပြော ပြည့်သဲမောင်(ပြည်)

Leave a Comment


ကြက်မွေးမြူရာတွင် ပတ်ဝန်းကျင်အား အနံ့ဆိုးများနှင့် ကျန်း
မာရေးထိခိုက်သည့်အတွက် တိုင်ကြားရာနေပြည်တော်ညွှန်မှူး
၏ ကြက်ခြံဖြစ်ကြောင်း မကျေနပ်ပါက တိုင်ချင်ရာတိုင်နိုင်
ကြောင်းပြော
ပြည့်သဲမောင်(ပြည်)
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ ကံသာကျေးရွာရှိ ဦးသူရိန်ပိုင်ကြက်ခြံမှအနံ့ဆိုးများ ထွက်၍ ကျန်းမာရေးအန္တရာယ် ယင်ကောင်
များနှင့်မြွေအန္တရာယ်များ စိုးရိမ်ရသောကြောင့် ပတ်ဝန်းကျင်ရှိနေအိမ်များမှ မိ
သားစုများ ဒုက္ခရောက်လျှက်ရှိသည့်အတွက် အကြိမ်ကြိမ်တိုင်ကြားထားကြောင်း
သိရှိရသည်။
" ကျွန်တော်တို့က ကိုယ့်ကျေးရွာသူ၊ ကျေးရွာသားပဲဆိုပြီးရပ်ကွက်အုပ်ချုပ်ရေး
မှူးနဲ့ ပြေလည်အောင်ပြောပါတယ်။ ဒါပေမယ့် သူတို့က လိုက်နာဆောင်ရွက်ခြင်း
မရှိသည့်အပြင် ၄င်းကြက်ခြံမှာ နေပြည်တော်ညွှန်မှူး၏ကြက်ခြံဖြစ်ကြောင်းနှင့် မကျေနပ်ပါက တိုင်ချင်ရာတိုင်နိုင်ကြောင်း၊ သူတို့ကတော့ လေးလ (၁) သုတ်ပြီး
တာနဲ့ နောက်ထပ် ဆက်လက်မွေးနေမှာပဲလို့ ပြောတယ်" ဟု ကြက်ခြံပတ်ဝန်း
ကျင်နေမိသားစုမှ ဦးမြင့်သိန်းကပြောသည်။
ထို့ကြောင့် အနံ့ဆိုးများထွက်၍ ကျန်းမာရေးအန္တရာယ်၊ယင်ကောင်များနှင့်မြွေအန္တ
ရာယ်များ၊ ကြက်သေများ၏ အပုတ်နံ့များကို မခံနိုင်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ
တဆင့် ဒေသန္တရကျန်းမာရေးဌာန၊ မွေးမြူရေးနှင့်ဆေးကုသရေးဌာန၊ လွှတ်တော်
ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးရုံးများသို့ အကြိမ်ကြိမ်တိုင်ကြားခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့ သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ဦးက " ကြက်ခြံနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေနဲ့ ကြက်ခြံပိုင်ရှင်နဲ့လည်း တွေ့ပေးပြီး ညှိနှိုင်းပေးပါတယ်။ မပြေလည်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးကိုထပ်ဆင့်တင်ပေးလိုက်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးက
အောက်တိုဘာ (၃၀)ရက်နေ့က လက်ရှိတစ်သုတ်ပြီးသွားရင် ကြက်များဆက်
လက်မမွေးခိုင်းတော့ပဲ လက်ရှိမွေးနေတဲ့နေရာနဲ့ ကိုက်(၁၀၀)ဝေးသော နေရာ
ကိုပြောင်းရွှေ့မွေးရန်ထပ်မံမွေးတာကိုတွေ့ရှိပါက အရေးယူမယ်လို့ ညွှန်ကြား
ထားပြီးသားလည်း ဖြစ်ပါတယ်" ဟု ပြောသည်။
ကြက်ခြံမှာကြက်တွေမွေးနေသေးတယ်လို့ ထပ်တိုင်တယ်။ ဒါကြောင့် ဒီဇင်ဘာ (၈)ရက် နေ့က ကြက်ခြံကို သွားရောက်စစ်ဆေးတဲ့အခါ ကြက်ပေါက် (၁၅၀)ခန့်
ကိုတွေ့ရပြီး ခြံတာဝန်ခံကိုတော့မတွေ့ခဲ့ရဘူး။ အလုပ်သမား ကောင်လေး တွေနဲ့
ပဲ တွေ့ခဲ့ရတယ်။ တစ်ဖက်တိုင်ကြားသူတွေကိုလည်း တစ်ရပ်ကွက်သားချင်းဖြစ်
တဲ့အတွက် အနံ့ မထွက်ရင်စောင့်ကြည့် လိုက်ပါဦး၊တကယ်လို့မစောင့်နိုင်ဘူးဆို
ရင်လည်း ခင်ဗျားတို့သဘောပဲလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြား ခဲ့သည်။
ပတ်ဝန်းကျင်ရှိ ဦးသန်းဝင်းက " ဒီကြက်ခြံက ဓါတ်အားဖြန့်ဖြူးပေးတဲ့ Cable ကြိုး
အောက်တည့်တည့်မှာရှိတဲ့ ကြက်ခြံပါ။ လျှပ်စစ်ဥပဒေအရ အဲဒီအဆောက်အဦး အဲ
ဒီနေရာမှာလုံးဝဆောက်ခွင့်မရှိပါဘူး။ လျှပ်စစ်ကလူတွေ လာပြီးတော့စစ်ဆေးတော့
ခြံခေါင်မိုးကိုသာ နည်းနည်းလေးပဲနှိမ့်ပြီး ဒီအတိုင်းထားလိုက်တာ။ (၁၂.၁၁.၂၀၁၄)
ရက်နေ့ ညနေ (၄း၃၀) အချိန်ခန့်မှာ အဲဒီကြက်ခြံကိုမီးလောင်တယ်။ ဗဟိုမီးသတ်ကား (၂)စီးနဲ့ ရွှေလက်လှမီးသတ်ကား (၁)စီးလာတယ်။ ဒါပေမယ့် ရပ်ကွက်က၀ိုင်းပြီးငြိမ်း
လို့မီးငြိမ်းသွားတယ်။ အဲဒါကိုလည်း ရပ်ကွက်က မီးကွင်းပစ်ပါတယ်ဆိုပြီးရဲစခန်းကိုတို
င်လို့ ရပ်ကွက်ကမီးကွင်းပစ် တာမဟုတ်ကြောင်း အကျဉ်းဦးစီးက လွှတ်လိုက်တဲ့မီးပုံးပျံ
ပြုတ်ကျ၍ မီးလောင်တာပါလို့ မျက်မြင်သက်သေတွေနဲ့ ပြောတော့ မှ ရပ်ကွက်ကသူ
တွအဖမ်းမခံရတာ၊ ပြည်မြို့မှာရှိတဲ့ ကြက်ခြံတွေထဲမှာ ဒီကြက်ခြံကကြက်ခြံစည်းမျဉ်း
စည်း ကမ်းနဲ့ မကိုက်ညီကြောင်းကိုလည်း ဒေသန္တရကျန်းမာရေးဆရာဦးထွန်းမြင့်က
လည်း ပြောပြီးသားပါ။ တိုင်စာတွေပို့ပြီးမှ ကြက်သေတွေကို ပိုပိုပြီးပစ်လာတယ်။
ကြက်ခြံကထွက်တဲ့အနံ့တွေကလည်း ပိုပြီးဆိုးလာတယ်။ တကယ် လို့ မြို့နယ်အုပ်
ချုပ်ရေးလောက်နဲ့ မပြီးဘူးဆိုရင် တိုင်းဒေကြီး၊ နေပြည်တော်အထိဆက်လက်တိုင်
ကြားသွားမှာပါလို့ ၄င်းက ပြောသည်။
" ကျွန်မတို့ကတော့ ကြက်ခြံနဲ့ပတ်သက်ပြီး တိုင်ကြားလို့တိုင်စာရောက်တိုင်းသွား
ရောက်စစ်ဆေးပါတယ်။ ကြက်ခြံရဲ့ အကျယ်အ၀န်းနဲ့ အလုပ်သမားအင်အားကတော့ မှမျှဘူး။ ဒါကြောင့် အလုပ်သမားအင်အား ထပ်ဖြည့်ဖို့ပြောခဲ့တယ်။ ပြီးတော့ ကြက်ခြံရဲ့
ပတ်လည် ကာရံထားတဲ့ အကာအရံတွေကိုလည်း ပြုပြင်ဖို့ခိုင်းခဲ့တယ်။ အနံ့တွေမထွက်
အောင် EM ဆေး သုံးဖို့လည်းပြောခဲ့ပါတယ်။ စတုတ္ထအကြိမ်တိုင်စာရောက်လို့ သွား
စစ်တော့ ခြံပတ်လည်သွပ်တွေကာထားတယ်။အနံ့အသက် ကင်းရှင်းတယ်။ အလုပ်
သမားလည်း ယခင် (၂)ယောက်ထက် နောက် (၂)ယောက်ထပ်တိုးထားတာကိုတွေ့
ရတယ်။အနံ့ဆိုး ပျောက်တဲ့ EM ကိုလည်း သုံးထားတာသိရတယ်။ ကျွန်မတို့ဘက်ကေ
တာ့ စစ်ဆေးချက်ကို အထက်ကို ပြန်တင်ပြလိုက် တယ်။ ပြီးတော့ ကြက်ခြံတွေမွေးမြူဖို့
အတွက် မွေးမြူရေးဇုန်မရှိဘူး။အဲဒီအတွက် ပိုင်ရှင်များက သူတို့ဘာသာ ခြံတွေဝယ်ပြီး
တော့ မြို့ပြင်တွေမှာမွေးကြတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က တိုင်
ရင်တော့ ကြက်ခြံကို ဖယ်ပေးရမှာပါ" ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးဒေါ်
တင်တင်မြင့်က ပြောသည်။
အထက်ကို အောက်တိုဘာ (၁၃)ရက်နေ့ကတင်တယ်။ (၁၄)ရက်နေ့မှာ အခြားနေ
ရာကိုပြောင်းရွှေ့ဖို့ ကျွန်မတို့ စာထုတ်ပေးလိုက်တယ်။ကျွန်မတို့ဌာနအနေနဲ့ကတော့
ပြောင်းရွှေ့မိန့် ကြက်ခြံဖျက်မိန့်တွေကိုတော့ပေးလို့မရဘူး။ မြို့နယ်အုပ်ချုပ်ရေးကို တင်
ပြီး မြို့နယ်အုပ်ချုပ်ရေးအမိန့်နဲ့သာ လုပ်ပိုင်ခွင့်ရှိတာပါ။ မြို့နယ်အုပ်ချုပ်ရေးကလည်း
အောက်တိုဘာ (၃၀)ရက်နေ့နောက်ဆုံးထားပြီး လက်ရှိနေရာကကြက်တွေပြောင်းမွေး
ဖို့ ကိုလည်း စာထုတ်ထားပါတယ်ဟု ၄င်းကဆက်လက်ပြောကြားခဲ့ပါတယ်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
ပြည့်သဲမောင် (ပြည်)

0 comments:

Post a Comment

Facebook Like Page