Tuesday, December 16, 2014

ပြည်မြို့လည်ခေါင်တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်အား စွန့်ပစ်ထားရာမှ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့

Leave a Comment








ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ည (၇) နာရီ အချိန်

ပြည်မြို့၊ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီး ပလက်ဖောင်းပေါ်တွင် အသက် ၄ နှစ်အရွယ် မစုစုဝေအား စွန့်ပစ်ထားသဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို ဖုန်းဆက်အကြေင်းကြားသော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိသဖြင့်
အရပ်ဖက်အဖွဲ့အစည်းများက " ကလေးသူငယ်အခွင့်အရေးကို ထိထိရောက်ရောက်ကာကွယ်ပေးရန် ကလေးသူ ငယ်ဥပဒေ ပုဒ်မ ၁၆ အညီ အသက်ရှင်ရပ်တည်မှု လုံခြုံမှုကို အကြောင်းမဲ့ထိပါးခြင်း မခံရစေရန် "
ဗိုလ်ချုပ်ကျေက်ရုပ်ရှေ့နှင့် ပြည်ခရိုင် လူမှုဝန်ထမ်းရုံးရှေ့တို့တွင် ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကိုမျိုးသူထွဍ် (လက်တွဲကူမယ်ပြည်လူငယ်ပရဟိတအသင်း)က " ကလေးငယ်က ငွေတစ်သောင်းနဲ့ ရောင်းစားခံခဲ့ရတာ၊ တစ်နေ့ကုန် တောင်းခိုင်းတယ် မရရင်ရိုက်တယ်လို့ ကလေးကပြောတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာ မ.ယ.က နှင့် ရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးတို့ကို ဆက်သွယ်တော့ လာရောက်ဖြေရှင်းမပေးဘူး။ အဲ့ဒါနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုမိပြီး ဆန္ဒဖော်ထုတ်ဖြစ်ကြတာ။ လမ်းတ၀က်မှာ ရဲတစ်ချို့ ကျွန်တော်တို့ကို လာတားပါသေးတယ်။ ဒါပေမယ့် အားလုံးက  ပြည်ခရိုင် လူမှုဝန်ထမ်းရုံးရှေ့အထိချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် " ဟု ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြပြီး ည (၈း၁၀)နာရီအချိန်ခန့်တွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးအား အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော  (၁) ကိုဇော်ထွန်း ( လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP))(ပြည်ဒေသ)၊ (၂) ကိုမျိုးသူထွဍ် (လက်တွဲကူမယ်ပြည်လူငယ်ပရဟိတအသင်း)၊ (၃) ဦးကျော်ဆန်း (ပြည်ခရိုင် နိုင်/ကျဉ်း)
(၄) ကိုအိန္ဒြာနေမျိုး (၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) (၅) ကရုဏာလက်များကွန်ရက်(ပြည်) မခင်ခင်သန်း၊
 (၆) ကိုအောင်နိုင် (နိုင်ငံရေး အကျဉ်းသားဟောင်း)၊ (၇) ဦးကျော်ဆွေ (ပြည်သူအထောက်အကူပြုကွန်ရက်(ပြည်)၊
ကိုကျော်ကျော်ဦး (7 Day သွေးနှင့်က လေး)၊ ကိုဇော်မျိုးထွဍ် (ပဲခူးတိုင်းလူငယ်ကွန်ရက်) တို့က  ကလေးသူငယ် မစုစုဝေအား ကလေး သူငယ်အခွင့်အရေးနှင့်အညီ တာဝန်ယူရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။

ပြည်သတင်း - 09 430 47862

0 comments:

Post a Comment

Facebook Like Page