Tuesday, December 16, 2014

သားဖြစ်သူကို သတ်သွားသည့်တရားခံအား အမြန်ဆုံးပြန်လည်စစ်ဆေးပေး ရန်နှင့်တရားခွင်သို့ တင်ပို့ရန်တိုင်ကြားသော ဖခင်ဖြစ်သူအား (၂၃)နှစ်ကျော် ကြာမှ ရဲဘက်ပြေးဟု စွမ်းစွမ်းတမံ ရဲတပ်ဖွဲ့ကဖမ်းဆီးခြင်း(၂)နှစ်ကျော်ကြာ မြင့်ခဲ့သည့်လူသတ်မှုတရားခံကို ဖော်ထုတ်ဖမ်းဆီးမပေးနိုင်သည့် စခန်းမှူးပြုတ်၊ ရဲအုပ်ပြုတ် အမှုစစ်ဒုရဲအုပ်မြင့်အောင်အား တိုင်ကြားခြင်း

Leave a Comment

သားဖြစ်သူကို သတ်သွားသည့်တရားခံအား အမြန်ဆုံးပြန်လည်စစ်ဆေးပေး
ရန်နှင့်တရားခွင်သို့ တင်ပို့ရန်တိုင်ကြားသော ဖခင်ဖြစ်သူအား (၂၃)နှစ်ကျော်
ကြာမှ ရဲဘက်ပြေးဟု စွမ်းစွမ်းတမံ ရဲတပ်ဖွဲ့ကဖမ်းဆီးခြင်း(၂)နှစ်ကျော်ကြာ
မြင့်ခဲ့သည့်လူသတ်မှုတရားခံကို ဖော်ထုတ်ဖမ်းဆီးမပေးနိုင်သည့် စခန်းမှူးပြုတ်၊
ရဲအုပ်ပြုတ် အမှုစစ်ဒုရဲအုပ်မြင့်အောင်အား တိုင်ကြားခြင်း

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၃.၁၀.၂၀၁၂)ရက်နေ့ည (၁၀း၀၀)
နာရီကျော်အချိန်ခန့် ဂွေးကုန်း အုပ်စု၊ အင်ကြင်းပင်ကုန်းရွာနှင့်ဂွေးကုန်းအုပ်စု၊ပန်းပဲ
ကုန်းရွာကြားတွင် အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ တရားလို ဖြစ်သူ အသတ်ခံရ
သူ၏ဖခင် ဦးသန်းအောင် (ဘ) ဦးစံမောင်၊ မှတ်ပုံတင်အမှတ် ၇/သကန (နိုင်) ၀၃၉
၁၆၉ အင်ကြင်းပင်ကုန်း ရွာမှ အမှန်တကယ်ပြစ်မှုကျူးလွန်သူအား တရားခွင်သို့ တင်
ပို့ရန်နှင့်ပြစ်မှုကျူးလွန်သူ ဖမ်းဆီးပြစ်ဒဏ်ချရေးအတွက် ဖခင်ဖြစ်သူက စခန်းမှူးပြုတ်၊
ရဲအုပ်ပြုတ် အမှုစစ်ဒုရဲအုပ်မြင့်အောင်ကိုအမှုနှင့်ပတ်သက်ပြီး သေချာစွာစစ်ဆေးခြင်း၊
ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် တရားလိုဖခင်ဖြစ်သူက အကြိမ်
ကြိမ်တိုင်ကြားသည့် အတွက် နှစ် (၂၃)နှစ်ကျော်ကြာမှမွန်ပြည်နယ်တောင်စွန်းရဲဘက်
စခန်းမှ ထွက်ပြေးလာသူဟု ကျွန်မခင်ပွန်းကို အင်းမရဲစခန်းမှနယ်ထိန်းခေါင်းဆောင်
နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက (၂၃.၁၀.၂၀၁၄)ရက်နေ့တွင် စွမ်းစွမ်းတမံဖမ်းဆီးပြီး ယခု
အခါ ယခင်ပြစ်မှုအကြွေး ကျန်(၈)နှစ်၊ ရဲဘက်ပြေး(၆)လကျခံရမည်ဟုသိရပါသည်။

အမှန်တကယ်ဖြစ်သင့်သည်မှာ ကျွန်မ၏ခင်ပွန်း ဦးသန်းအောင်ကို အင်းမရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များ နယ်ထိန်း ခေါင်းဆောင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက ထိုသို့စွမ်းစွမ်း
တမံ ဖမ်းဆီးသည်ဆိုလျှင် ကျွန်မ၏သားဖြစ်သူအသတ်ခံရသည့်အမှု အားမည်သည့်
အကြောင်းကြောင်းကြောင့်ယနေ့အချိန်အထိ တိုင်စာများအကြိမ်ကြိမ်အလီလီတိုင်
သော်လည်း သေချာစနစ် တကျစစ်ဆေးပေးမှုမရှိခြင်း၊၀တ်ကျေတန်းကျေသာစစ်
ဆေးပေးသော ရဲမှူးကြီးများကိုလည်း အလွန်ပင်အံ့သြမိပါသည်။ သို့ပါ သောကြောင့်
ကျွန်မ၏ခင်ပွန်းဖြစ်သူကို စွမ်းစွမ်းတမံဖမ်းဆီးသကဲ့သို့ ကျွန်မ၏သား အသတ်ခံရမှု
တွင်လည်း ယခုရဲဘက်ပြေး ကို ဖမ်းဆီးသကဲ့သို့ ဖမ်းဆီးရမည်ဟု ကျွန်မထင်ပါသည်။
သို့ပါသောကြောင့်ယခုအင်းမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊နယ်ထိန်းခေါင်းဆောင်အပါ
အ၀င် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ စခန်းမှူးပြုတ်၊ ရဲအုပ်ပြုတ် ဒုရဲအုပ်မြင့်အောင်တို့သည်
ပြည်သူများအပေါ် မတရားပြုလုပ်နေသည်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ကြီးနှင့် ကျွန်မတို့၏ပဲခူးတိုင်းဒေသကြီးကိုအုပ်ချုပ်နေသောရဲတပ်ဖွဲ့မှလူကြီးမင်းများကမသိတာ
လား။ သိလျှက်နှင့် မသိကျိုးနွံပြုနေတာလား။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယူနီဖောင်းနှင့်အ
ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ကာ ပြည်သူများအပေါ်မတရားလုပ်ခိုင်းနေတာလား
ဆိုတာ ကျွန်မစဉ်းစား၍မရဖြစ်ရပါသည်။ စခန်းမှူးပြုတ်၊ ရဲအုပ်ပြုတ်၊ဒုရဲအုပ်မြင့်အောင်
၏ တိုင်စာများကိုလည်း လူကြီးမင်းများအနေဖြင့်အကြိမ်ကြိမ်အလီလီဖတ်ဖူးလိမ့်မယ်
လို့ ကျွန်မထင်ပါသည်။ အဘယ်ကြောင့်ဆို သော် ဒီဒုရဲအုပ်မြင့်အောင်ဆိုသူကို ယခု
ကဲ့သို့တိုင်ကြားစာပို့ခြင်းသည် ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ ခံရသူ၊ နစ်နာသူ
သားသမီးသေဆုံး၍ ယူကျုံးမရဖြစ်ရသူများကလည်း အကြိမ်ကြိမ်တိုင်စာများပေးပို့နေ
သည်ကို သိရပါသည်။

ထို့ကြောင့် ကျွန်မသည် သားတစ်ယောက်လုံးမရှုမလှသူတစ်ပါးသတ်ဖြတ်ခြင်းကိုခ့ရ
သည့်အပြင် ခင်ပွန်းဖြစ်သူက အသက်ကြိးမှ ထောင်တဲတွင်မကျန်းမမာ ဒုက္ခဆင်းရဲနှင့်
ကြုံတွေ့နေရသည့်အတွက် လူကြီးမင်းများအနေဖြင့် ပြည်သူများ၏ နစ်နာဆုံးရှုံမှုများကို
ကိုယ်ချင်းစာသောအနေဖြင့် အမှန်တရားအတိုင်းလူသတ်မှုတရားခံပေါ်ပေါက်ရေးအ
တွက် ကျွန်မတိုင်ကြားခြင်းဖြစ်ပါသည်။ ကျွန်မအနေဖြင့်ကျွန်မ၏သားကိုသတ်သော
သူကို ဖမ်း ဆီးအရေးယူမပေးမချင်း ယခုကဲ့သို့သော တိုင်စာများကို ဆက်လက်တိုင်
ကြားသွားမည်ဖြစ်ပြိးအခြားသောလူ့အခွင့်အရေးအဖွဲ့အစည်းများ၊အရပ်ဖက်အဖွဲ့အ
စည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများကို ဆက်သွယ်ကာဆက်လက်လုပ်ဆောင်သွား
မည်ဖြစ်သည်။

ဒေါ်မြ၀င်း (ဘ) ဦးချစ်လွန်း
၇/သကန (နိုင်) ၀၃၁၇၉၃
အင်ကြင်းပင်ကုန်းရွာ၊ ဂွေးကုန်းအုပ်စု
မှတ်ချက်။ ။ယခုအကြောင်းအရာသည်နစ်နာသူက အမည် မှတ်ပုံတင်မိတ္တူ နေရပ်
လိပ်စာ များအတိအကျဖြင့်တိုင်ကြားထားသောအကြောင်းအရာဖြစ်ပါသည်။ထို့ကြောင့်
လူကြီးမင်းများသိရှိစေရန်အတွက် အွန်လိုင်းမှဖော်ပြရခြင်းဖြစ်ပြီး၎င်းစာနှင့်ပက်သက်
ပြီးအပြည့်အဝတာဝန်ယူပါသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page