Thursday, October 16, 2014

ပျုကို သိချင်….ပြည်ကိုလာပါ… ပြည်ကို ရောက်လျှင် သရေခေတ္တရာ ပန်းချီပြခန်းနှင့် အမှတ်တရပစ္စည်း ဆိုင်ကို အရောက်သာလာပါ… ပြည့်သဲမောင်(ပြည်)

Leave a Comment

















ပျုကို သိချင်….ပြည်ကိုလာပါ… ပြည်ကို ရောက်လျှင်
သရေခေတ္တရာ ပန်းချီပြခန်းနှင့် အမှတ်တရပစ္စည်း
ဆိုင်ကို အရောက်သာလာပါ…
ပြည့်သဲမောင်(ပြည်)

 ရှေးဟောင်း သရေခေတ္တရာဘုရာကြီး (ဖယေကြီး)စေတီနှင့်မျက်နှာချင်း(Opposite)မှာရှိတဲ့ ပျော်ရွင်ရင်ခုန်ဖွယ် အမှတ်
တရတွေ ပြန်လည်ဆောင်ကျည်းပေးမယ့်နေရာ ကိုဝင်ဖြစ်
အောင် ဝင်လာခဲ့ပါလို့ဖိတ်ခေါ်လိုက်ပါတယ်။

သရေခေတ္တရာပျူနှင့်မြန်မာမှုဆိုင်ရာ ပန်းချီ အနုပညာလက်
ရာများအပါအဝင် အမှတ်တရပစ္စည်းမျိုးစုံကို ဈေးနှုန်းချိုသာ
စွာဖြင့်လက်လီ လက်ကား ရောင်းချပေးနေပါပြီခင်ဗျာ။

ထိုဆိုင်လေးတွင် လက်ရာမြောက်ပန်းချီကားများ(paintings)
ပန်းပု၊ရုပ်တု(Sculptures)၊ရုပ်ကြွ(Reliefs)၊ရွှေချည်ထိုး(Gold
Embroideries)၊ငွေမင်ရောင်စုံပုရပိုက်(Scroll Paintings)၊ရှား
ပါးဓာတ်ပုံ(Rare Photos)၊ရောင်စုံအမှတ်တရ တီရှပ်(Colour
T-shirts)၊အမှတ်တရ သော့ချိတ်(Key chains)၊မြန်မာရေးရာ
စာအုပ်များ(Books on Myanmar)နှင့်အခြား အနုပညာရသ
မြောက် အမှတ်တရ ပစ္စမျိုးစုံ ကိုရောင်းချပေးပါသည်။

၎င်းဆိုင်လေးကို ၇.၁၀.၂၀၁၄ ရက်နေ့ နံနက်(၉း၀၀)နာရီတွင်
ဆိုင်ဖွင့်ပွဲ အခမ်းအနားလေးအား ပြည်မြို့ ဓနသိဒ္ဓိသာသနာပြု
(ကုသိုလ်ဖြစ်)မင်္ဂလာရှမ်းအိုးစည်အဖွဲ့မှမင်္ဂလာရှမ်းအိုးစည်တီး
ကာ ပြည်မြို့၏ကျက်သရေဆောင် သရေခေတ္တရာဆိုင်လေးအား
ဖွင့်လှစ်ကာ ကုသိုလ်ယူခဲ့ပါကြောင်းသိရပါသည်။

မှတ်ချက် ။ ။

၎င်းဆိုင်လေးသည်စီးပွားရေးအရဖွင့်လှစ်ခြင်း ဖြစ်သော်လည်း ကျနော်တို့ခေတ္တရာအသေမချို့တဲ့ ပြည်မြို့ကရှေးဟောင်းဘုရား
များအား ပြန်လည်ထွန်းပေါ်စေရန်ရောင်းချသည့်ဆိုင်လေးဖြစ်
သည့်အတွက်ဓနသိဒ္ဓိသာသနာပြု(ကုသိုလ်ဖြစ်)မင်္ဂလာရှမ်းအိုး
စည်အဖွဲ့မှဆိုင်ဖွင့်ပွဲကိုဖွင့်လှစ် ပေးခြင်းဖြစ်ပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page