Thursday, October 16, 2014

အင်ငါးခွသကြားစက်မှတီအီးကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ပြည့်သဲမောင်(ပြည်)

Leave a Comment


အင်ငါးခွသကြားစက်တီအီးကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်
ပြည့်သဲမောင်(ပြည်)
၂၀၁၄ခုနှစ် ယမာန်နေ့ ည (၇း၂၅ )အချိန်၊ ပြည် မြို့နယ်၊ ပေါင်းတလည်
ရဲစခန်းအနောက်(၈)မိုင်ခန့် ကုန်းရိုးရွှာအနီး ပေါက်ခေါင်း-ပြည် ကားလမ်း
မိုင်တိုင်(၂/၁)နှင့် (၂/၂)ကြားတွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအ
ရတာဝန်မှူးဒုရဲအုပ်ထွန်းထွန်းဦး နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးရာ ရဲထွန်း(၄၂)နှစ်(ဘ)ဦးသောင်း ဗမာ/ဗုဒ္ဓ၊ ယာဉ်ေ
မာင်း၊အင်ငါးခွသကြားစက်၊ပေါက်ခေါင်းမြို့နယ် နေသူမောင်းနှင်းလာသော
၅ခ/ အစိမ်းရောင်(တီးအီး-၁၁)သည်ပြည်မှပေါက်ခေါင်းသို့မောင်းနှင်လာစဉ်
မျက်နှာချင်းဆိုင်မှပေါက်ခေါင်းမှပြည်သို့ကျော်မျိုဝင်း၊ (၃၅)နှစ်၊သရေခေတ္တရာ
အဝေးပြေးဝန်း နေသူမောင်းနှင်းပြီး နောက်မှနေလင်းအောင်(၃၀)နှစ်ဧကရာဇ်
လမ်း၊ ဂေါက်ကွင်းရပ်၊ ခေတ္တရာမြို့သစ်နေသူလိုက်ပါလာသော ၃၇ယ/၂၇၂၆၈ေ
လ်ာဂျား-၁၁၀(အနက်ရောင်)ဆိုင်ကယ်တို့မျက်နှာချင်းဆိုင်တိုက်မိသဖြင့်ကျော်
မျိုးဝင်းတွင် ၀ဲဒူးပေါက်ပြဲဒဏ်ရာ၊ ၀ဲပေါင်ဖူးရောင်ဒဏ်ရာ၊ယာလည်ပင်း/မျက်ခုံး 


အထက်ပွန်းဒဏ်ရာ၊ ရင်ဘတ်အောင့်ဒဏ်ရာ၊နေလင်းအောင်တွင်၊နဖူးဝဲဘက်ကွဲ
ဒဏ်ရာ၊ ၀ဲပေါင်ဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာများအသီးသီးရရှိ
ခဲ့ပါသည်။

ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲထွန်းနှင့်ကျော်မျိုးဝင်းတို့အားအရေးယူပေး
ပါရန် ဒုရဲအုပ်ထွန်းထွန်းဦးမှတရားလိုပြုလုပ် တိုင်းတန်းချက်အရ ပေါင်းတလည်
နယ်မြေရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ပြစ်မှုပုဒ်မ၃၃၈ ဖြင့်အမှုရေးဖွင့်ထားရှိကာ
အမှုအားဒုရဲအုပ် ထွန်းထွန်းဦးမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page