Tuesday, October 7, 2014

မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းဖြင့် ပြည်သူတွေအသက်ကယ်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ် ကိုင်ကူညီဆောင်ရွက်နေသော ပြည်မြို့မှ ဒေါ်နီနီမိုး ဒုတိယအ ကြိမ် ဂုဏ်ပြုလွှာပေးအပ်ခြင်းခံရ ပြည့်သဲမောင်(ပြည်)

Leave a Comment


မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းဖြင့်
ပြည်သူတွေအသက်ကယ်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်
ကိုင်ကူညီဆောင်ရွက်နေသော ပြည်မြို့မှ ဒေါ်နီနီမိုး ဒုတိယအ
ကြိမ် ဂုဏ်ပြုလွှာပေးအပ်ခြင်းခံရ

ပြည့်သဲမောင်(ပြည်)
အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့
နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံရဲ
တပ်ဖွဲ့၊ရဲချုပ်ဇော်ဝင်းက အမြန်လမ်းမကြီးပေါ်တွင် အရေးပေါ်ရှေးဦးပြုစု
ခြင်းဖြင့် ထူးချွန်စွာ ကူညီခဲ့ကြသော မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေး
ဦးပြုစုသူများကိုလည်း ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပါသည်။ထိုသို့ ဂုဏ်ပြုမှတ်
တမ်းလွှာပေးအပ်ခြင်းခံရသူထဲတွင် ဒုတိယအကြိမ် ဂုဏ်ပြုမှတ်တမ်းတင်
လွှာယူခဲ့သူကတော့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မှာနေတဲ့ ဒေါ်
နီနီမိုးဖြစ်ပါသည်။

ဒေါ်နီနီမိုးသည်၂၀၁၃ခုနှစ်မေလ၂ရက်မှစတင်ကာမြန်မာနိုင်ငံကြက်ခြေနီအ
သင်းဌာနချုပ်နေပြည်တော်တွင်Ambulance Service Managerဖြင့်စတင်




တာ
ဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ခုနှစ်အတွင်းယာဉ်မတော်တဆဖြစ်မူ့များဆိုင်ကယ်
ထိခိုက်ဒဏ်ရာရသူ၁၁၅ဦးအားကူညီနိုင်ခဲ့ခြင်းအထွေထွေလူနာ ၄၆၉ဦးအားဆေး
ရုံပို့ဆောင်နိုင်ခဲ့ခြင်းနှင့်၂၀၁၄ခုနှစ်အတွင်းယခုစက်တင်ဘာလကုန်ထိ၂၄၇ဦးထိ
ခိုက်ဒဏ်ရာရသူနှင့်အထွေထွေလူနာ၉၆၈ဦးဆေးရုံပို့နိုင်ခဲ့အမြန်လမ်းပေါ်တွင်
၁၈၅မိုင်/၁၉၉မိုင်/၁၈၈မိုင်/၁၈၄မိုင်/၂၂၃မိုင်/၂၂၁မိုင်/တို့တွင် ယာဉ်မတော်တဆ
မှု့တွင်ပါ ၀င်ကူညီဆောင်ရွက်ခဲ့သည့်အပြင်နေပြည်တော်ကောင်စီနယ်မြေအတွင်း
ယာဉ်မတော်တဆမှု့ဆိုင်ကယ်တိုက်မှု့တို့တွင်အသက်ပေါင်းများစွာအားကူညီနိုင်ခဲ့
သူဖြစ်ပါသည်။

ဒေါ်နီနီမိုးသည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်(၃)ရက်နေ့ မြန်မာအမျိုးသမီးများနေ့
နေပြည်တော်တွင် ပထမအကြိမ် ဂုဏ်ပြုမှတ်တမ်းတင်ခံခဲ့ရပြီး ယခုအခါထပ်
မံ၍ ၂၀၁၄ အောက်တိုဘာ(၁)ရက်နေ့တွင် ဒုတိယအကြိမ်မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရဲချုပ်ဇော်ဝင်းမှ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံရသူဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူ့အသက်ပေါင်းများစွာကယ်တင်ပေးခြင်းလုပ်ငန်းဖြင့်ပြည်သူ့
အကျိုးသယ်နေသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့က ဒေါ်နီနီမိုး အား
ပြည်သူ ပြည်သားအပေါင်းဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူနိုင်ရန်တင်ပြလိုပါသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page