Monday, October 27, 2014

စစ်တပ်ကဖမ်းဆီးပြီးသေဆုံးသွားပြီလို့သတင်းထုတ်ပြန်ခဲ့တဲ့အလွတ်တန်းသတင်းထောက် ကိုပါကြီးသေးဆုံးမှူနှင့်ပတ်သတ်ပြီးပြည်မြို့တွင်ဆန္ဒထုတ်ဖော်သူနှစ်ဦးအရေးယူခံရ ပြည့်သဲမောင်(ပြည်)

Leave a Comment




စစ်တပ်ကဖမ်းဆီးပြီးသေဆုံးသွားပြီလို့သတင်းထုတ်ပြန်ခဲ့တဲ့အလွတ်တန်းသတင်းထောက် ကိုပါကြီးသေးဆုံးမှူနှင့်ပတ်သတ်ပြီးပြည်မြို့တွင်ဖယောင်းတိုင်ကိုင်ကာမီးထွန်းညှိဆန္ဒထုတ်ဖော်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်မွန်ပြည်နယ်အတွင်းမှစစ်တပ်မှဖမ်းဆီး
ပြီးသေဆုံးသွားပြီးလို့ သတင်းထုပ်ပြန်ခဲ့တဲ့တက်ကြွလူပ်ရှားသူတစ်ဦးလည်းဖြစ်၊ အ
လွတ်တန်းသတင်းထောက်လည်း ဖြစ်တဲ့ကိုပါကြီး (ခ)အောင်ကျော်နိုင်နှင့်ပတ်သတ်၍
မကျေနပ်သဖြင့် ခွင့်ပြုချက်မတောင်းဘဲ ဖယောင်းတိုင်ကိုင်ကာ မီးထွန်းညှိပြီးဆန္ဒထုတ်ေ
ဖ်ာမှူကို ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အောက်တိုဘာ(၂၆)ရက်နေ့ ည(၉း၃၀)အ
ချိန်နာရီခန့်တွင် ပြည်မြို့၊ဆံတော်ရပ်ကွက်၊ဗိုလ်ချူပ် ကျောက်ရုပ်အနီးတွင်ဦးမြင့်အေး(ခ)
ပဏ္ဍိတ၊ရှေ့နေတစ်ဦးနှင့်ပွင့်လင်းလူငယ်တစ်ဦးမှသန့်ဇင်ထက်၊နတ်တလင်းမြို့နေသူတို
့နှစ်ဦးသည်အလွတ်တန်းသတင်းထောက်ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် နှင့် ပတ်သတ်၍ မကျေနပ်သဖြင့်ပြည်မြို့ဗိုလ်ချူပ်ကျောက်ရုပ်တွင်ဖယောင်းတိုင်နှစ်တိုင်စီကိုင် ကာမီးထွန်းညှိပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသည်။


“သတင်းမီဒီယာဆိုတာ ပထမ မဏ္ဍိုင်ပါဘဲ သတင်းမီဒီယာမရှိရင်စစ်အာဏာရှင်လက်ေ
အာက်မှာ ဘယ်လိုမှအလုပ်လုပ်လို့အဆင်မပြေဘူး။ အဲဒါကြောင့်သတင်းမီဒီယာဟာစတု
တ္တမဏ္ဍိုင်လို့ပြောပေမယ့် စတုတ္တမဏ္ဍိုင်မဟုတ်ပါဘူး။ပထမ မဏ္ဍိုင်သာဖြစ်တယ်။ ပထမ
မဏ္ဍိုင်ဖြစ်တဲ့အတွက်သတင်းမီဒီယာကိုဖြိုဖျက်ခြင်းဟာ တိုင်းပြည်ကို ဖြိုဖျက်ရာရောက်
တယ်လို့ပြောချင်တယ်။”ဟု ပွင့်လင်းလူငယ်များအဖွဲ့မှသန့်ဇင်ထက်ကပြောသည်။
ထိုသို့ဆန္ဒထုတ်ဖော်မှူနှင့် ပတ်သတ်ပြီးပြည်မြို့ ရဲစခန်းမှစခန်းမှူး ရဲအုပ်မျိုးမြင့်က “ကျွန်ေ
တ်ာတို့ကတော့ ဥပဒေအတိုင်းဘဲ အရေးယူသွားမှာပါ။တစ်ယောက်တည်း ဘဲဖြစ်စေ၊
နှစ်ယောက်ဘဲဖြစ်ပါစေ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်
ရာ ဥပဒေအရအရေးယူသွားမှာပါ။ ကိုဝင်းလှိုင်တုန်းကလည်းဒီလိုဘဲအရေးယူခဲ့တဲ့သာဓ
ကတွေ ရှိပါတယ်။”ဟုစခန်းမှူး မျိုးမြင့်ကပြောသည်။
“သတင်းထောက် တစ်ယောက်ကို စစ်သားတစ်ယောက်က သတ်ဖြစ်သည့်ကိစ္စနှင့်ပတ်
သတ်ပြီး ဖွဲစည်းပုံ အခြေခံဥပဒေကိုလည်းချိုးဖောက်လိုက်တယ်။ ပြစ်မှူဆိုင်ရာ ဥပဒေကို
လည်း ချိုးဖောက် လိုက်တယ်။ ကိုပါကြီးအလောင်းကို ဖျောက်ဖျက်ပစ်တာနဲ့ပတ်သတ်ပြီး
ပုဒ်မ၂၀၁အရလည်း အလောင်းဖျောက်ဖျက်တဲ့အတွက်ငြိစွန်းတယ်။ အဲဒါတွေကို မကျေ
နပ်လွန်းလို့ အခုလိုဆန္ဒထုတ် ဖော်တာ။ကိုပါကြီးမိန်းမ မသန္တာခမျာမျက်ရည်နဲ့ မျက်ခွက်
ဖြစ်နေတယ်။ ဒို့ပြည်မြို့မှာဖြစ်သွားတဲ့ တံတားအောက်က လူသတ်မှူကမှအလောင်းပြန်
ရတဲ့အတွက် အသုဘပို့နိုင်သေးတယ်။အခုဟာက အလောင်းကိုတောင်ပြန်မရတဲ့အတွက်
လုံးဝမတရားဘူး။ ခုကိစ္စကိုအပြည်ပြည်ဆိုင်ရာခုံရုံးအထိ တက်ရမယ့်ကိစ္စ ငါမတက်နိုင်လို့
ရှေ့နေအသင်းအဖွဲ့တွေကို တက်ကြပါလို့ပြောချင်တယ်။” ဟုရှေ့ နေဦးမြင့်အေးက ပြော
သည်။


ထို့ကြောင့်ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သူ ဦးမြင့်အေးနှင့် သန့်ဇင်ထက်တို့အား
ပြည်မြို့မ ရဲစခန်း စခန်းမှူးမျိုးမြင့်မှ တရားလိုပြုလုပ်၍ ပြည် မြို့မရဲစခန်း(ပ)၉၀၂/ ၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှူဖွင့်အရေးယူထားပြီး အမှူကိုဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးသွားမည် ဖြစ်ကြောင်း
သိရှိရပါသည်။


မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။


သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
စံတော်ချိန်နေ့စဉ်သတင်းစာ

0 comments:

Post a Comment

Facebook Like Page