Wednesday, October 22, 2014

ပေါင်းတလည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဝက်ထီးကန်မြို့မှ” ဓနမရှိ” ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာကျောင်းတွင်း ၊ ကျောင်းပြင် ပေါင်းမြက်ရှင်းလင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ပြည့်သဲမောင်(ပြည်)

Leave a Comment


ပေါင်းတလည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဝက်ထီးကန်မြို့မှ” ဓနမရှိ”
ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာကျောင်းတွင်း ၊ ကျောင်းပြင် ပေါင်းမြက်ရှင်းလင်း
လုပ်ငန်းများ ဆောင်ရွက်ခဲ့
ပြည့်သဲမောင်(ပြည်)
အောက်တိုဘာ(၁၈)ရက်နေ့ စနေနေ့ နံနက် ( ၈း၀၀ )မှ ညနေ ( ၄း၀၀ )ထိ
ပေါင်းတလည်မြို့ မြို့မ ( အ.မ.က )မူလတန်း ကျောင်းတွင် အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် ပြည်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့က ဦးဆောင်၍"အရင်အတိတ်
ဆိုးက အမှိုက်ဟောင်းတွေကို ဒို့တတွေဝိုင်းဝန်းကြိုးစားရှင်းလင်းကြစို့''ဟူသော
ခေါင်းစဉ်ဖြင့် ပေါင်းတလည်တိုက်နယ်အတွင်းရှိ NLD ပါတီဝင်များ ၊ ၀က်ထီးက
န်မြို့မှ” ဓနမရှိ” ပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ကျောင်းတွင်း၊ ကျောင်းပြင်ပေါင်း
မြက်ရှင်းလင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

လုပ်အားပေး သန့်ရှင်းရေးလုပ်ငန်းတွင် NLD ပါတီအတွင်းမှ ပါတီဝင်( ၈၀ )ဦးခန့်
ပါဝင်ဆောင် ရွက်ခဲ့ကြပြီး ကျောင်းအနီးတ၀ိုက်ရှိ ပြည်သူများက လက်ဖက်သုပ် ၊
ဂျင်းသုပ် ၊ ရေနွေးစသည်တို့ဖြင့် ဧည့် ခံခဲ့ကျသည်။ ပေါင်းတလည်မြို့ NLD မိသား
စုမှလည်း နေ့လည်စာ၊ အအေးတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ထိုလုပ်အားပေးခြင်းကိုပညာသင်ကြားလျှက်ရှိသော ကျောင်းသားအချို့နှင့် ကျောင်း
အုပ်ဆရာကြီး အပါအ၀င် ဆရာမများ ကလည်းပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကျကြောင်း
သိရသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ ပေါင်းတလည်မြို့ခံတစ်ဦး

0 comments:

Post a Comment

Facebook Like Page