Wednesday, September 24, 2014

မိသားစုနှင့်အတူတူထပ်တူကြေကွဲဝမ်းနည်းခြင်း

Leave a Comment

မိသားစုနှင့်အတူတူထပ်တူကြေကွဲဝမ်းနည်းခြင်း
******************************
ချစ်ရပါသော လေးစားရပါသော လေးလေး ဦးမြင့်ဇော်(ခ) Zoo King(ပြည်) ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်.....ပြည်သတင်းလူငယ်(ပြည်သတင်း)
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ မြို့သစ်(၅)လမ်းနေထိုင်သူ ရှုထောင့်မီဒီယာ
တိုင်းတွဲဘက်တာဝန်ခံ ဦးမြင့်ဇော် အသက်(၄၆)နှစ် သည်စက်တင်ဘာ(၂၁)
ရက်နေ့တွင် သွေးတိုးရောဂါဖြင့် အောင်ဇော်ဦးဆေးရုံတွင်ဆေးကုသမှုခံယူနေ
ရာမှစက်တင်ဘာ(၂၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ကွယ်လွန်အနိစ္စ
ရောက်ခဲ့ပါသည်။
ထိုကွယ်လွန်သူ ဦးမြင့်ဇော်သည် ကျွန်တော်တို့ ပြည်သတင်း တွင်သတင်းဖတ်သူမိဘများအတွက် ဗဟုသုတတိုးပွားစေရန်အတွက် ပြည်သတင်း ရဲ့ ပထမဦးဆုံး(ပုံပြင်)ဗဟုသုတ ရစေမည့် ပုံပြင်လေးတွေကိုတင်ပြပေးဖို့ အကြံ/ဥာဏ် များပေးရုံတွင်မဟုတ်ပဲ မိမိကိုယ်တိုင် ရေးထားသော ပုံပြင်များ/ဟာသ များကို Zoo King(ပြည်) ကလောင်အမည်ဖြင့် အိန္ဒိယမှာ မျောက်ကိုဘယ်လိုဖမ်းသလည်း....စသည့်အမည်များဖြင့် သုတ/ရသ များကို ပြည်သတင်းဖတ်မိတ်ဆွေများအားသူကိုယ်တိုင် ( Zoo King(ပြည်)..)အမည်ဖြင့် ရေးသားတင်ဆက်ပေးခဲ့သည်ကို စာဖတ်သူများ မှတ်မိကြပေအုံးမည် ထို့အပြင် ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း)နှင့်ဆုံကြချိန်တိုင်း သတင်းနှင့်ပတ်သက်သော ဥပဒေအမျိုးမျိုးကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ သင်ကြားပေးခဲ့သူလည်းဖြစ်သည်...သူသည် ပြည်သူတချို့အတွက်တော့ အသုံးဝင်ခဲ့သည် အခု သူရေးပေးနေတဲ့ Zoo King(ပြည်) ကလောင်အမည်လေးနဲ့ ပုံပြင်တွေ တင်ပြဖို့တောင်းဆိုနေကြချိန် သူလောကကြီးထဲက အပြီးပိုင်ထွက်ခွာသွားခဲ့လေပြီ သူနောင်ဘ၀မှာ အေးချမ်းပျော်ရွှင်စွာနဲ့ ကောင်းရာမွန်ရာ လမ်းခရီးကို ရောက်နိုင်ပါစေ(သို့မဟုတ်) သူသည် ပြည်သတင်းဖတ်ရှု့သူများအပေါ် သုတ/ရသ များကိုရင်ထဲကအမှန်ပေးသွားခဲ့တာဖြစ်လို့ ဒီသစ္စာစကားမှန်ကန်ခဲ့ပါက နောင်ဘ၀တွင် အထစ်အငေါ့မရှိ ကောင်းရာမွန်ရာ လမ်းခရီးကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်...အမှတ်တရအနေနဲ့ သူ၏ Face Book (အင်တာနက်စာမျက်နှာ)သူ၏အကောင့်ထဲတွင် သူနောက်ဆုံး ရေးသားတင်ပြခဲ့သော စာပိုဒ်လေးကတော့.....
ပြည်မြို့နယ်လုံးဆိုင် ရာ
လာဘ်စားသူများဆန့်ကျင်
ရေးနေ့အခမ်းအနား ကိုစည်
ကားသိုက်မြိုက်စွာကျင်းပမည်။
အစီအစဉ်နှင့်ပတ်သက်သည့်
အကြံဥာဏ်များရယူလိုပါသည်။
အောက်ပါအချက်များကိုအကြံ
ပြုပေးကြပါရန်
၁။နေ့ရက်
၂။နေရာ
၃။ဟောပြောမည့်သူ
၎။ဖိတ်ကြားသင့်သူများ
၅။ကြွေးကြော်သံများ
၆။ဆောင် ပုဒ်များ............
ဆိုတဲ့ စာပိုဒ်လေးကို သူ၏ ဖေ့ဘုတ်အကောင့်မှာတင်ပြသွားပါတယ်...သူဖြစ်ချင်တာတွေဖြစ်နိုင်ပါစေ....လို့ဆုတောင်းရင်း...
ကွယ်လွန်သွားသော ဦးမြင့်ဇော် (ခ) Zoo King(ပြည်) အသက်(၄၆)နှစ်၏ နောက်ဆုံးခရီးအား
စက်တင်ဘာ(၂၆)ရက်နေ့ နေ့လည်(၂)နာရီတွင် အေးငြိမ်းရာသုသန်သို့
ပို့ဆောင်သဂြိင်္ုလ်မည်ဖြစ်ကြောင်း သူ၏နောက်ဆုံးခရီးအား သူ၏မိသားစုကိုယ်စား သူ၏
ပေါင်းအသင်းများအားလုံးအား အသိပေးအကြောင်းကြား အပ်ပါတယ်ခင်ဗျာ.....
ချစ်ရပါသော လေးစားရပါသော လေးလေး Zoo King(ပြည်) ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်...
ပြည်သတင်းလူငယ်(ပြည်သတင်း)


0 comments:

Post a Comment

Facebook Like Page