Thursday, September 25, 2014

ဝက်ထီးကန်ကျေးရွာအုပ်စု ရပ်ကျေး အုပ်ချုပ်ရေးမှူး ဖြုတ်ချပေးရေး ဆန္ဒပြတောင်းဆို

Leave a Comment


ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ် ဝက်ထီးကန်ကျေးရွာ အုပ်စုရှိ သမိုင်းဝင် ဝက်ထီးကန် ရေကန်ကြီး ပြန်လည် တူးဖော်ရာတွင် ကုန်ကျငွေ ပွင့်လင်း မြင်သာမှု ရှိစေရန်နှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ဖြုတ်ချပေးရေးဒေသခံများမှ ယနေ့ 25.9.2014 ရက်နေ့ နံနက် 8:30 မှ 9:30 အထိ တစ်နာရီကြာ လူအင်အား ၁၅၀ခန့် ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်ပြုလုပ်သူများမှာ ကန်တူးဖော်ရေး ပွင့်လင်းမြင်သာမှု ရှိစေလိုသူ ဦးမျိုးချစ်နှင့် ဦးသန်းစိုးတို့ က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ကန်တူးဖော်ရန် အစိုးရ ဘတ်ဂျက်မှ ကျပ်သိန်း ၁၁၀၀ ကို သိန်း၅၀၀/၁၀၀/၅၀၀ သုံးရစ်ခွဲ ချထားပေးခဲ့ရာ ကန်တူးဖော်ရေးကို ၄၂ရက်ကြာ ဆောင်ရွက်ခဲ့ပါသည်။ ၄၂ရက်ကြာ ကန်တူးဖော်ရေး လုပ်ငန်းကုန်ကျစရိတ်မှာ ကျပ်သိန်း၃၀၀ ခန့် သာ အသုံးပြုခဲ့ပြီး ကျန်ငွေသိန်း၈၀၀ မှာကွာဟလျှက်ရှိနေသည်ဟု ရပ်ကျေး အထောက်အကူပြုဥက္ကဌ / ကန်တူးဖော်ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးငွေထွန်းက ဆိုပါသည်။

ယနေ့ ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ကန်တူးဖော်ရေး လုပ်ငန်းတွင် အများနှင့်ဆိုင်သည့် ငွေကြေးများ အလွဲသုံးစား ပြုလုပ်နေခြင်းအား သမ္မတကြီးနှင့်တကွ တာဝန်ရှိ လူကြီးမင်းများသိရှိစေရန် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါသည်။

BY THIT HTOO LWIN

0 comments:

Post a Comment

Facebook Like Page