Wednesday, September 24, 2014

ပြည်မြို့၊ ခရမ်းကုန်းရပ်ကွက်အတွင်းက လူနေအိမ် ၂၀၀ ကျော်အား မြို့နယ်စည်ပင်သာယာအဖွဲ့က မြေအငှားချထားရန် စီစဉ်နေပြီး ဒေသခံတွေကို ခေါ်ယူညှိုနိုင်းခဲ့တာကြောင့် ရပ်ကွက်သားများ စိုးရိမ်နေကြတာပါ။

Leave a Comment

 ပြည်မြို့၊ ခရမ်းကုန်းရပ်ကွက်အတွင်းက လူနေအိမ် ၂၀၀ ကျော်အား မြို့နယ်စည်ပင်သာယာအဖွဲ့က မြေအငှားချထားရန် စီစဉ်နေပြီး ဒေသခံတွေကို ခေါ်ယူညှိုနိုင်းခဲ့တာကြောင့် ရပ်ကွက်သားများ စိုးရိမ်နေကြတာပါ။

စက်တင်ဘာ ၆ ရက်နေ့က ခရမ်းကုန်း၊အမှိုက်ပုံဟောင်းတွင်နေထိုင်သူ ၃၀ ခန့်ကို မြို့နယ်စည်ပင်သာယာရုံးကခေါ်ယူ ခဲ့ပြီး အထက်ပါအတိုင်းမြေနေရာငှမ်းမည်အကြောင်းကို ပြောဆိုခဲ့ပါတယ် စတုရန်းတစ်ပေပတ်လည်ကို တစ်နှစ်စာ ကျပ်ငွေ ၅၀ ကောက်ခံရန်လျားထားပြီး လမ်းမတန်းနှင့်အတွင်းပိုင်းခွဲခြားကောက်ခံမည်ဖြစ်ကြောင်း ပေးဆောင်နိုင်ခြင်းမရှိက အရေးယူဖယ်ရှားရန်ဆက်လက်လုပ်ဆောင်သွားမည်လို့ မြို့နယ် စည်ပင်သာယာရေးက အဲဒီနေ့ကပြောဆိုခဲ့ပါတယ်။
“ စည်ပင်အဖွဲပိုင်မြေမှာနေထိုင်တယ်ဆိုပြီး စာရောက်လာလို့စနေနေ့ကရုံးကိုသွားကြရတယ်။

အဖွင့်စကားမှာကို သူတို့ကဘာပြောလည်းဆိုတော့ အဖွဲပိုင်မြေမို့ငှားမယ်တဲ့ ဒီရပ်ကွက်တစ်ခုလုံးက ပေးဆောင်ရမယ်တဲ့ ဒီနေရာ ကစည်ပိုင်ပိုင်မြေဆိုတာ သိပ်တော့သဘာဝမကျဘူး။ အရင်ကတည်းက ချင်းတိုင်းရင်းသားတွေအများစု နေထိုင်ခဲ့လို့ ချင်းစုဆိုပြီးအရင်ဖြစ်လာတယ်။ တစ်ချို့ဆိုဂရမ်တွေလည်း ရှိကြတယ်။ ဦးလေးဆိုရင်လည်း ၁၉၈၅ ခုနှစ် တပ်ကအငြိမ်းစားယူပြီးတော့ ဒီနေရာလေးကိုဝယ်နေခဲ့တာ။ အခုကကျမှ ငွေနဲ့ငှားရမ်းနေထိုင်ရမယ် ဆိုရင်လုံးဝမဖြစ်နိုင်ဘူး။ လို့ ဒေသခံတယောက်ကပြောပြပါတယ်
အငြိမ်းစားဆိုတာပြေလည်တဲ့ လူတန်းစားတစ်ရပ်မဟုတ်ဘူး။ ကွမ်းရောင်းပြီး စားနေရတာပါ” ဟုအမှတ်(၃၁၃) ဆက်သွယ်ရေးတပ်(တောင်ငူ) မှ အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးဖြစ်သည့် ဦးမြင့်ဌေးကပြောသည်။
အင်တာဗျူး။ ။ဦးမြင့်ဌေး(ဆက်သွယ်ရေးတပ်(တောင်ငူ) မှ အငြိမ်းစားတပ်ကြပ်ကြီး)
တနေ့လုပ်တနေ့စားတွေ နေလာတာလဲကြာပြီ အခွန်အခတွေ လဲဆောင်ပြီးနေ နေကြတာ အခုမှ ငွေပေးပြီးနေရမယ်ဆိုရင် ဘယ်သူမှ ပေးနိုင်မှာမဟုတ်ဘူး။လို့ဒေသခံတယောက်ကလဲ အခုလိုရှင်းပြပါတယ်။
နေထိုင်သူအများစုမှာလက်လုပ်လက်စား ကာယအလုပ်သမားများဖြစ်ပြီး ရပ်ကွက်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်ကတည်း စည်ပင်သာယာ ကအငြိမ်းစားဝန်ထမ်းတွေ အများစု ဖြစ်ကြပြီး သူတို့ အလုပ်နဲ့နီးတဲ့ အမှိုက်ပုံ ပတ်ဝန်းကျင် တ၀ှိုက် တွင် နေထိုင်လာခဲ့ကြပြီး တချို့ကလဲ ခေတ်အဆက်ဆက် တဆင့်ဆင့် ၀ယ်ယူပြီးနေထိုင်လာခဲ့ကြတာဖြစ်ပြီး သူတို့တတွေနဲ့အတူ ချင်း တိုင်းရင်းသားတွေ အများစုနေထိုင်ခဲ့ကြသော ချင်းစု ရပ်ကွပ်လို့လဲ ခေါ်ပြီး အခု စည်ပင်အဖွဲ့၏ ကောက်ခံမည့်နှုန်းထားမှာ ပေ ၄၀- ၆၀ တစ်ကွက်လျှင် တစ်နှစ် တစ်သိန်းနှစ်သောင်းပေးဆောင် သွားရမည် ဖြစ်ပြီး အချို့ဂရမ်ရှိနေအိမ်များကိုလည်း ဂရမ်သက်တမ်းတိုး ခွင့်ကိုလဲ ပိတ်ထားပါတယ်။


ပုံမှန်ဆိုရင်ကျူးကျော်နေတဲ့သူတွေကို တရားစွဲဖယ်ရှားတာမျိုးနဲ့သွားတာ။ အခုပွင့်လင်းမြင်သာတဲ့ခေတ်မှာ ပြည်သူလူထုနဲ့လည်း သူတို့နေထိုင်လာမှုပေါ်ကြည့်ပြီး နေစရာမရှိလို့နေတာကို ဒီလိုမလုပ်ချင်ဘူး။ ဒီနေရာ သည် သူနေထိုင်နေပြီး ထင်သူသလိုလက်လွှဲရောင်းနေရင် ပိုင်ဆိုင်မှုလို့ထင်ပြီးကြာလာရင် ပိုလို့ရှုပ်ထွေး လာမယ်။ ဒါကြောင့်နေထိုင်သူတွေကိုစာရင်းပြုစုထားတယ်။ ၂၀၀ ကျော်လောက်ရှိတယ်။ အချို့ဂရမ်ရှိသူ တွေလည်း လာတင်ပြပါ။ စည်ပင်သာယာကစည်းနဲ့ဘောင်နဲ့လုပ်တယ်၊ ကျူးကျော်တွေ ကိုဖယ်ခိုင်းတာမဟုတ်။

သူတို့ကျေနပ်မှုရှိရင်တိုင်းဒေသကြီးကိုတင်ပြသွားမှာပါ။” လို့ စည်ပင်သာယာက ဒုညွှန်မှူးသူရဦးမြင့်သူ (စည်ပင်သာယာအဖွဲ့)က ရှင်းပြပါတယ်
အဆိုပါမြေနေရာမှာ စည်ပင်အဖွဲ့က လန-၃၉ ပေါက်ထားပြီးဖြစ်ကာ ပြည်မြို့အတွင်းစည်ပင်သာယာအဖွဲ့ ပိုင်မြေနေရာများတွင်ကျူးကျော်နေထိုင်နေသည့် အခြားနေရာများလည်း ရှိသေးကြောင်း ယခုနေရာကလည်း မြို့တွင်းရှိနေ၍
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့၊ ခရမ်းကုန်းရပ်ကွက်အတွင်းက လူနေအိမ် ၂၀၀ ကျော်အား မြို့နယ်စည်ပင်သာယာအဖွဲ့က မြေအငှားချထားရန် စီစဉ်နေပြီး ဒေသခံတွေကို ခေါ်ယူညှိုနိုင်းခဲ့တာကြောင့် ရပ်ကွက်သားများ စိုးရိမ်နေကြတာပါ။
စက်တင်ဘာ ၆ ရက်နေ့က ခရမ်းကုန်း၊အမှိုက်ပုံဟောင်းတွင်နေထိုင်သူ ၃၀ ခန့်ကို မြို့နယ်စည်ပင်သာယာရုံးကခေါ်ယူ ခဲ့ပြီး အထက်ပါအတိုင်းမြေနေရာငှမ်းမည်အကြောင်းကို ပြောဆိုခဲ့ပါတယ် စတုရန်းတစ်ပေပတ်လည်ကို တစ်နှစ်စာ ကျပ်ငွေ ၅၀ ကောက်ခံရန်လျားထားပြီး လမ်းမတန်းနှင့်အတွင်းပိုင်းခွဲခြားကောက်ခံမည်ဖြစ်ကြောင်း ပေးဆောင်နိုင်ခြင်းမရှိက အရေးယူဖယ်ရှားရန်ဆက်လက်လုပ်ဆောင်သွားမည်လို့ မြို့နယ် စည်ပင်သာယာရေးက အဲဒီနေ့ကပြောဆိုခဲ့ပါတယ်။


“ စည်ပင်အဖွဲပိုင်မြေမှာနေထိုင်တယ်ဆိုပြီး စာရောက်လာလို့စနေနေ့ကရုံးကိုသွားကြရတယ်။ အဖွင့်စကားမှာကို သူတို့ကဘာပြောလည်းဆိုတော့ အဖွဲပိုင်မြေမို့ငှားမယ်တဲ့ ဒီရပ်ကွက်တစ်ခုလုံးက ပေးဆောင်ရမယ်တဲ့ ဒီနေရာ ကစည်ပိုင်ပိုင်မြေဆိုတာ သိပ်တော့သဘာဝမကျဘူး။ အရင်ကတည်းက ချင်းတိုင်းရင်းသားတွေအများစု နေထိုင်ခဲ့လို့ ချင်းစုဆိုပြီးအရင်ဖြစ်လာတယ်။ တစ်ချို့ဆိုဂရမ်တွေလည်း ရှိကြတယ်။ ဦးလေးဆိုရင်လည်း ၁၉၈၅ ခုနှစ် တပ်ကအငြိမ်းစားယူပြီးတော့ ဒီနေရာလေးကိုဝယ်နေခဲ့တာ။ အခုကကျမှ ငွေနဲ့ငှားရမ်းနေထိုင်ရမယ် ဆိုရင်လုံးဝမဖြစ်နိုင်ဘူး။ လို့ ဒေသခံတယောက်ကပြောပြပါတယ်
အငြိမ်းစားဆိုတာပြေလည်တဲ့ လူတန်းစားတစ်ရပ်မဟုတ်ဘူး။ ကွမ်းရောင်းပြီး စားနေရတာပါ” ဟုအမှတ်(၃၁၃) ဆက်သွယ်ရေးတပ်(တောင်ငူ) မှ အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးဖြစ်သည့် ဦးမြင့်ဌေးကပြောသည်။
အင်တာဗျူး။ ။ဦးမြင့်ဌေး(ဆက်သွယ်ရေးတပ်(တောင်ငူ) မှ အငြိမ်းစားတပ်ကြပ်ကြီး)
တနေ့လုပ်တနေ့စားတွေ နေလာတာလဲကြာပြီ အခွန်အခတွေ လဲဆောင်ပြီးနေ နေကြတာ အခုမှ ငွေပေးပြီးနေရမယ်ဆိုရင် ဘယ်သူမှ ပေးနိုင်မှာမဟုတ်ဘူး။
လို့ဒေသခံတယောက်ကလဲ အခုလိုရှင်းပြပါတယ်။

နေထိုင်သူအများစုမှာလက်လုပ်လက်စား ကာယအလုပ်သမားများဖြစ်ပြီး ရပ်ကွက်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်ကတည်း စည်ပင်သာယာ ကအငြိမ်းစားဝန်ထမ်းတွေ အများစု ဖြစ်ကြပြီး သူတို့ အလုပ်နဲ့နီးတဲ့ အမှိုက်ပုံ ပတ်ဝန်းကျင် တ၀ှိုက် တွင် နေထိုင်လာခဲ့ကြပြီး တချို့ကလဲ ခေတ်အဆက်ဆက် တဆင့်ဆင့် ၀ယ်ယူပြီးနေထိုင်လာခဲ့ကြတာဖြစ်ပြီး သူတို့တတွေနဲ့အတူ ချင်း တိုင်းရင်းသားတွေ အများစုနေထိုင်ခဲ့ကြသော ချင်းစု ရပ်ကွပ်လို့လဲ ခေါ်ပြီး အခု စည်ပင်အဖွဲ့၏ ကောက်ခံမည့်နှုန်းထားမှာ ပေ ၄၀- ၆၀ တစ်ကွက်လျှင် တစ်နှစ် တစ်သိန်းနှစ်သောင်းပေးဆောင် သွားရမည် ဖြစ်ပြီး အချို့ဂရမ်ရှိနေအိမ်များကိုလည်း ဂရမ်သက်တမ်းတိုး ခွင့်ကိုလဲ ပိတ်ထားပါတယ်။
ပုံမှန်ဆိုရင်ကျူးကျော်နေတဲ့သူတွေကို တရားစွဲဖယ်ရှားတာမျိုးနဲ့သွားတာ။

အခုပွင့်လင်းမြင်သာတဲ့ခေတ်မှာ ပြည်သူလူထုနဲ့လည်း သူတို့နေထိုင်လာမှုပေါ်ကြည့်ပြီး နေစရာမရှိလို့နေတာကို ဒီလိုမလုပ်ချင်ဘူး။ ဒီနေရာ သည် သူနေထိုင်နေပြီး ထင်သူသလိုလက်လွှဲရောင်းနေရင် ပိုင်ဆိုင်မှုလို့ထင်ပြီးကြာလာရင် ပိုလို့ရှုပ်ထွေး လာမယ်။ ဒါကြောင့်နေထိုင်သူတွေကိုစာရင်းပြုစုထားတယ်။ ၂၀၀ ကျော်လောက်ရှိတယ်။ အချို့ဂရမ်ရှိသူ တွေလည်း လာတင်ပြပါ။ စည်ပင်သာယာကစည်းနဲ့ဘောင်နဲ့လုပ်တယ်၊ ကျူးကျော်တွေ ကိုဖယ်ခိုင်းတာမဟုတ်။

သူတို့ကျေနပ်မှုရှိရင်တိုင်းဒေသကြီးကိုတင်ပြသွားမှာပါ။” လို့ စည်ပင်သာယာက ။ ဒုညွှန်မှူးသူရဦးမြင့်သူ က ရှင်းပြပါတယ် အဆိုပါမြေနေရာမှာ စည်ပင်အဖွဲ့က လန-၃၉ ပေါက်ထားပြီးဖြစ်ကာ ပြည်မြို့အတွင်းစည်ပင်သာယာအဖွဲ့ ပိုင်မြေနေရာများတွင်ကျူးကျော်နေထိုင်နေသည့် အခြားနေရာများလည်း ရှိသေးကြောင်း ယခုနေရာကလည်း မြို့တွင်းရှိနေ၍ အမှိုက်ပုံရန်မသင့်တော်သောကြောင်း မြေနေရာငှားရမ်း ရခြင်းဖြစ်ကြောင်း စည်ပင်အနေဖြင့်အမှိုက်ပုံရန်နေရာများကို သိန်းရာချီပေးဝယ်ယူနေရကြောင်း သိရပါတယ်။

သတင်းနှင့်ဓါတ်ပုံ...ကိုမင်းညို(DVB)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



0 comments:

Post a Comment

Facebook Like Page