Tuesday, August 5, 2014

(ဆသမ-ချောင်း)အတွင်းမှ ရေများလျှံတက်ကာ အဆိုပါကျေးရွာအတွင်းသို့ ရေများစီးဝင်ခဲ့ရာ မိန်းမရဲကျေးရွာအတွင်းရှိ နေအိမ် အလုံး(၂၀)ခန့် နှင့် မြွေရိုးအုပ်စုအတွင်းရှိ လယ်မြေများဧကပေါင်း(၂၅၀/၃၀၀)ခန့်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းဒေသခံတောသူ /တောင်သားများမှ ပြည်သတင်းသို့ပြောကြား

Leave a Comment

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ မြွေရိုးအုပ်စုအတွင်း ပြီးခဲ့တဲ့ 1.8.2014 ရက်နေ့ မနက်ပိုင်း
စတင်ရွာသွန်းခဲ့သောမိုးရေကြောင့် မြွေရိုးအုပ်စုအတွင်းရှိ မြွေရိုးရွာ/ယင်းမာကုန်း/ကျောင်းကုန်း/မိန်းမရဲကျေးရွာများအတွင်းသို့
(ဆသမ-ချောင်း)အတွင်းမှ ရေများလျှံတက်ကာ အဆိုပါကျေးရွာအတွင်းသို့ ရေများစီးဝင်ခဲ့ရာ မိန်းမရဲကျေးရွာအတွင်းရှိ နေအိမ်
အလုံး(၂၀)ခန့် နှင့် မြွေရိုးအုပ်စုအတွင်းရှိ လယ်မြေများဧကပေါင်း(၂၅၀/၃၀၀)ခန့်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းဒေသခံတောသူ
/တောင်သားများမှ ပြည်သတင်းသို့ပြောကြားခဲ့သည်။....

"ဒီလထဲမှာတင် ရေကြီးတာ(၄)ကြိမ်ရှိသွားပြီ ဘယ်သူမှလာရောက်ကူညီတာမရှိသေးပါဘူး ကောက်ပင်တွေပျက်စီးတာမနည်း
ဘူး ဘဏ်ချေးငွေဆပ်ဖို့အခက်အခဲတွေကြုံနေရပါတယ်"...ဟု ယင်းမာကုန်းကျေးရွာနေ ကိုအောင်ဆန်းမှပြောကြားခဲ့သည်။...

"စပါးကောက်ပင်က(၂)လသားရှိနေပြီ ခုလိုရေတွေဝင်လာတာကြောင့် ပျက်စီးဆုံးရှုံးတာပေါ့ နှစ်တိုင်ရေကြီးတယ် (ဆသမ-ချောင်း)
ကိုဖော်မပေးလို့အခုလိုတွေဖြစ်နေရတာ နှစ်တိုင်းပါပဲ သွားရေးလာရေးအတွက်လည်း အခက်အခဲရှိတယ် ဘဏ်ချေးငွေမဆပ်နိုင်
တော့ဘူးဖြစ်နေပြီ အာဏာပိုင်တွေထဲကလည်း ဘယ်သူမှလာမကူညီကြသေးပါဘူး"...ဟု မြွေရိုးကျေးရွာနေ ကိုနေမင်းမှပြောကြား
ခဲ့သည်။...

အဆိုပါရေးကြီးရေလျှံဖြစ်လို့ မြွေရိုးအုပ်စုအတွင်းရှိ မိန်းမရဲကျေးရွာတွင် ကလေးများ ကျန်းမာရေးများတနေ့ထက်တနေ့ညံ့ဖျင်းလာ
တာကြောင့်ဒေသခံတွေအတွက်စိုးရိမ်နေရတဲ့အပြင် သွားရေးလာရေးပါခက်ခဲပြိးနောက် အာဏာပိုင်များ အခြားဆိုင်ရာ အရပ်ဖက်
လူမှုအဖွဲ့အစည်းများလာရောက်ကူညီမှုများမရှိသေးကြောင်းသိရသည်။...

"ကလေးတွေကတော့ အိမ်ရောက်ရေ၀င်လာတာတွေကြောင့် ခြင်ကိုက်တဲ့ဒဏ်တွေကို ခံနေရပါတယ် ကလေးတွေခဏခဏဖျားနာ
နေကြပါတယ် တနေ့ကပဲ ရွာထဲကကလေးလေးတစ်ယောက် ဖျားလို့ဆေးဆရာနဲ့ပြခဲ့ရသေးတယ်"...ဟု မိန်းမရဲကျေးရွာနေ ဒေါ်ခင်
အုံးမြင့်မှ ပြောကြားခဲ့သည်။...

"မိန်းမရဲတောင်ပိုင်းက နေအိမ်တွေရေကြီးတဲ့ဒုက္ခအခက်ပိုခံစားနေရတယ် လယ်တွေရေ၀င်တာကြောင့် စပါးတွေပျက်စီးရုံတင်မကဘူး
မွေးမြူရေးပါအခက်အခဲတွေရှိလာတယ် ကြက်ကအစ နွားအဆုံးဘာမှမွေးလို့မရတော့ဘူး ဘယ်သူမှလာကူညီတာမရှိသေးပါဘူး ကူညီ
မဲ့သူတွေမျှော်နေပါတယ်"...ဟု မိန်းမရဲကျေးရွာနေ ဦးအောင်မြင့်မှပြောကြားခဲ့သည်။...

အဆိုပါ ဆသမ ချောင်းသည်ချောင်းဖော်မှုမရှိသေးတာကြောင့် မိုးရေကြီးမှုတွင် ရေကြီးရေလျှံဖြစ်လာသောကြောင့် ဒေသခံများအခက်အခဲ
ပေါင်းစုံဖြစ်နေမှုကို မြင်တွေ့ခဲ့ရပြီး အဆိုပါရေကြီးမှုသည် ရေများတန့်မသွားပဲ ဆက်လက်တိုးနေလျှက်ရှိနေပြီး (၅)ရက်ခန့် မိုးမရွာပါမှ
ရေများပြန်လည်ကျမည်ဖြစ်ကြောင်း ဒေသခံတွေဆီမှသိရသည်။ဆသမချောင်းသည် မြောက်န၀င်းဆည် နှင့် သနပ်ပင်ဆည် တို့နှင့်
ဆက်သွယ်လျှက်ရှိနေကြောင်း ပြီးခဲ့တဲ့နှစ်က ယခုလိုရေကြီးမှု(၂)ကြိမ်ဖြစ်ခဲ့ပေမည့် ယခုနှစ်လောက် ယခုလိုမဆိုးသေးကြောင်း
မြွေရီုးအုပ်စု မိန်းမရဲကျေးရွာတွင် အိမ်ခြေပေါင်း(၄၀၀)ခန့်ရှိနေတာဖြစ်ပြီး ရေကြီးမှုကို နေအိမ်(၂၀)ခန့်ခံစားနေရကြောင်းသတင်းရရှိခဲ့ပါသည်။......

သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)





0 comments:

Post a Comment

Facebook Like Page