Friday, August 15, 2014

အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား တိုက်မိရာ ယာဉ်တိမ်းမှောက်၍ ယာဉ်ပေါ်ပါလာသူ အမျိုးသမီး(၂) ဦးသေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment



အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား တိုက်မိရာ ယာဉ်တိမ်းမှောက်၍ ယာဉ်ပေါ်ပါလာသူ အမျိုးသမီး(၂) ဦးသေဆုံး
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ ၊ အမှတ် (၃ ) နယ်မြေရဲစခန်း
မြောက်ဘက် (၉)မိုင်ခန့် ပြည် -အောင်လံ ကားလမ်း တုံးရေသစ်တောကြိုး
ဝိုင်းအနီး ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသမီး (၂)ဦး သေဆုံးသွား
ခဲ့ပြီး အခြားယာဉ်ပေါ်ပါခရီးသည်များ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့နယ် ပြည်-အောင်လံကားလမ်း မိုင်တိုင်အမှတ် (၁၈၉/၁) နှင့် (၁၈၉/၂) အကြားတုံးရေ သစ်တောကြိုးဝိုင်းအနီးတွင် ယာဉ်တိမ်းမှောက်
မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမှတ် (၁၀) ယာဉ်ထိန်း တပ်ဖွဲ့စု (ပြည်) မှ ရဲအုပ် အေးဇော်ဝမ်း အမှတ် (၃)နယ်မြေရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်
ဇေယျာလင်းတို့အဖွဲ့ သည်သက်သေများနှင့် အတူသွားရောက်
စစ်ဆေးခဲ့ကြသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ အောင်လံဘက်မှ ပြည်ဘက်သို့ယာဉ်မောင်း ကျော်စိုး (၃၀)နှစ် ရွှေတံခါးအပိုင်း (၂)ပြည်မြို့နေသူ မောင်းနှင်လာသော ၆ခ/… လိုက်ထရက်အဖြူရောင် (မာစတာယာဉ်လိုင်း) ယာဉ်ပေါ်တွင်ဒေါ်အေးမြင့်ပါ ကျောင်းဆရာမ
(၇)ဦးတို့သည် အ.ထ.က မြောက်န၀င်းမှ ၄င်းတို့နေအိမ်အသီးသီး သို့ပြန်ရန် စီးနင်းလိုက်ပါလာစဉ် ယာဉ်သည်အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်ရှိသစ်
ပင်အား ၀င်ရောက်တိုက် မိရာတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါသူ ဒေါ်အေးမြင့် (၃၅)နှစ် အထက်တန်းပြ (အ.ထ.က)မြောက်န၀င်း သံဗိုလ်ရပ်ကွက် ၊ ၀က်ထီးကန်မြို့နေသူတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာရရှိရ်ျ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီးဒေါ်အေးသန္တဦး (၁၉)နှစ်
၊စိုက်ပျိုးရေးဘာသာရပ် ၊(အ.ထ.က)မြောက်န၀င်းမိန်းမရဲကျေးရွာ
ပြည်မြို့နေသူတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာရရှိကာ
သေဆုံးခဲ့ကြောင်း သိရပါသည်။
ထို့နောက် ယာဉ်ပေါ်ပါလာသူ ဒေါ်သစ်သစ်လှိုင် (၄၉)နှစ် အလယ်တန်းပြ (အ.ထ.က)မြောက်န၀င်း အမှတ်(၄၄၈) ၊ဆံနန်းဦးလမ်း ၊ပြည်မြို့နေသူတွင် ယာချိုစောင်းနဖူး ၀ဲလက်ဖျန်ပေါ်က်ပြဲဒဏ်ရာ၊ ယားနာပြတ်ရှဒဏ်ရာ၊
ဒေါ်နှင်းသိရိနိုင် (၂၃)နှစ် ၊သိပ္ပံအကူအထက်တန်းပြ (အ.ထ.က) မြောက်န၀င်း အမှတ်(၁၀/၁၁၄)ရွှေတောင်ကြားလမ်း ၊ရတနာမာန်အောင်ကွက်သစ် ၊ပြည်မြို့နေသူတွင်ယာပါးပွန်း၊ ၀ဲဂျိုင်းအောက် ပေါက်ပြဲဒဏ်ရာ ၊ဒေါ်ခင်ညိုညို
(၅၅)နှစ် အထက်တန်းပြ(အ.ထ.က)မြောက်န၀င်း ၊၀ါရုံရပ်၊ပြည်မြို့နေသူတွင် ဦးခေါင်းဝဲဘက်ပေါ်က်ပြဲဒဏ်ရာ ၊၀ဲပါးဖူးရောင်ဒဏ်ရာ ၊၀ဲဒူးနာကျင်ဒဏ်ရာ ၊ဒေါ်မေသရဖီဝင်း (၂၇)နှစ် မူလတန်းပြ (အ.ထ.က.)မြောက်န၀င်း န၀င်းကန်
ပြာရပ် ၊၀က်ထီးကန်မြို့နေ သူတွင်ယာပေါင်နာကျင်ဒဏ်ရာ၊ ဒေါ်ဇွန်နွေးနွေးေ
အာင် (၃၀)နှစ် အထက်တန်းပြ (အ.ထ.က) မြောက်န၀င်း သံဗိုလ်ရွာ၊ ၀က်ထီးကန်မြို့နယ်နေသူတွင် ၀ဲလက်ကောက်ဝတ်၊ယာခြေချင်းဝတ်နာကျင်
ဒဏ်ရာ၊ မမင်းမင်းမိုး (၃၃)နှစ်၊ အထက်တန်းပြ(အ.ထ.က)မြောက်န၀င်း၊
(၅/၁၃)လမ်း ၊မြို့သစ်ရပ်ကွက်၊ ပြည်မြို့နေသူတွင် ဦးခေါင်းဝဲဘက်နာကျင်
ဒဏ်ရာ၊ ဦးကေသရ (၄၆)နှစ် ၀ါတော်(၂၆)၀ါ ကျော်စွာဘုန်းကြီးကျောင်း
အောင်လံမြို့နယ်နေသူတွင် ယာဦးခေါင်းနောက်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
ထို့ကြောင့်ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်မိုးအား အမှတ်(၁၀)ယာဉ်ထိန်းတပ်ဖွဲ့စု
(ပြည်)ရဲအုပ် အေးဇော်ဝမ်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်အမှတ်
(၃)နယ်မြေရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈
ဖြင့်အမှုဖွင့်ဆောင်ရွက်ကာ ဒုရဲအုပ်ဇေယျာလင်းမှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သိရှိရပါသည်။





ဓါတ်ပုံ ပြည်သတင်းလူငယ်
သတင်းစာမူ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page