Wednesday, January 1, 2014

Great White IT Training Center (အခမဲ့ ကွန်ပျူတာသင်တန်းကျောင်း) ဖွင့်ပွဲ

Leave a Comment





























Great White IT Training Center (အခမဲ့ ကွန်ပျူတာသင်တန်းကျောင်း) ဖွင့်ပွဲ

1.1.2014 နံနက် 9 နာရီ မဟာဇေယျုံကျောင်းတိုက် ရွှေတစ်ချောင်းလမ်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်မှ တတ်ကျွမ်းသည့် ကွန်ပျူတာ သင်တန်းဆရာများခေါ်ယူကာ Great White IT Training Center (အခမဲ့ ကွန်ပျူတာသင်တန်းကျောင်း) ကို ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရပါသည်။ သင်တန်းဖွင့်ပွဲတွင် ကွန်ပျူတာပညာရှင်များအသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း၊ IT Development Pyay ၊ သာရေးနာရေးပရဟိတအသင်းများ၊ ပညာရေးကူညီမှု ပရဟိတအသင်းများနှင့် သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။ ထို့နောက် သင်တန်းအတွက် လိုအပ်သည်များကို ဆွေးနွေးတိုင်ပင်ခြင်း၊ သင်တန်းသားများအတွက် သင်တန်းချိန်များ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းချိန် (3) ချိန်ခွဲကာ တစ်ချိန်လျှင် (2) နာရီဖြင့် (7) ရက်တပတ်တွင် (3) ရက်မှ (4) ရက်ခေါ်ယူကာ သင်တန်းကာလမှာ တစ်လခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရပါသည်။ သင်တန်းတက်လိုသူ (47) ဦးရှိပြီး ဖွင့်ပွဲသို့လာရောက်သူ (34) ဦးကို ယခုသင်တန်းစဉ်တွင် စတင်သင်ကြားပေးမည်ဖြစ်ပြီး ကျန်သူများမှာ ဒုတိယအကြိမ် သင်တန်းစဉ်တွင် ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ပြီး အမြဲတမ်းသင်တန်းတစ်ခုပြီး တစ်ခုဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။ ယခုသင်ကြားရေးတွင် ဆရာနှစ်ယောက်ဦးစီးကာသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆရာများ ထပ်မံခေါ်ယူကာ သင်တန်းချိန်များတိုးမြှင့်သင်ကြားသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း သိရပါသည်။

သင်တန်းဖွင့်ပွဲတွင် PREMIER COFFEE CO.,LTD မှ ကော်ဖီဧည့်ခံခဲ့ပြီး IT Development Pyay မှ မုန့်များဖြင့် ကျွေးမွေးကာ ကုသလိုလ်ယူ အားဖြည့်ပေးခဲ့ပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက
- မဟာဇေယျုံကျောင်းတိုက်၊ ရွှေတစ်ချောင်းလမ်း၊ ပြည်တက္ကသိုလ်အနီး။
- Future Life Computer Center ၊ ရွှေတစ်ချောင်းလမ်း၊ ပြည်မြို့။
- 09-5311132, 09-428003527, 09-423683863

0 comments:

Post a Comment

Facebook Like Page